Saturday, July 18, 2015

ဆန်းသစ်ပြောင်းလဲရမည့်သမ၀ါယမဏ္ဍ



                                         သမ၀ါယမလုပ်ငန်းများနှင့်ပတ်သက်ပြီးတည်ဆောက်မှုပြုပြင်မှုအမျိုးမျိုးကိုခေတ်က အလိုက်သမ၀ါယမလောကသားများကဆောင်ရွက်ခဲ့ကြသည့် မှာ ၁၉၀၅ ခုမြင်မှုငွေစုငွေချေး သမ၀ါယမ အသင်းမှစတင်ကာ လုပ်ဆောင်လာကြရပြီး ယနေ့အထိသမ၀ါယမ ဆိုသည့် လုပ်ငန်း သည်ပြည်သူအကြား ပျောက်ကွယ်သွားခြင်းမရှိသံမဏီဘိုးသက်ရှည်အဖြစ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင်ရှင်သန် နေဆဲဖြစ် ပါသည်။အချို့ခိုင်မာပါသည်ဆိုသောအဖွဲအစည်းများသည်ပင်လျှင်ခေတ်ကာလအခြေအနေအရအမည် ပြောင်း ပုံသဏ္ဍာန်းပြောင်းကာ လူမှုနယ်ပယ် စီးပွါးရေးနယ်ပယ်များမှထွက်ခွာပြောင်းလည်း ရှင်သန် ကြရသော် လည်း ဒီမိုကရက်တစ်နည်းလမ်းအရ ထူထောင်ခဲ့ရသောသမ၀ါယမများမှာမှု အနည်းငယ်မှေးမှိန် ယုံမှတပါး လုံးလုံးပျောက်ကွယ်မသွားဘဲ လောကဓံတရားအား သမ၀ါယမဘက်တော်သားအချင်းချင်း လက်ဆင့်ကမ်း သယ်ဆောင်ကာ လူထုအကြား လူမှုစီးပွါးရေးနယ်ပယ်အကြားရှင်သန်နေဆဲဖြစ်ပါ သည် ။
ရှေ့အဆက်ဆက် သမ၀ါယမပညာ သမ၀ါယမစိတ်ဓါတ် သမ၀ါယမအတွေးအခေါ်များအားပျောက်ပျက် မသွားစေရန် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသော သမ၀ါယမ၀ါဒီစစ်စစ် ခေါင်းဆောင်ကြီးများကိုလည်း အလွန်ပင်ကျေးဇူးတင်နေမိပါသည်။

စွမ်းဆောင်ရည်မြှင့်ရေး
                          ၁၉၀၁ ခုနှစ်အိန္ဒိယနိုင်ငံငတ်မွတ်ခေါင်းပါးမှုစုံစမ်းရေးကော်မရှင်မှအစတည်ပြီး၁၉၀၄ ခုနှစ်မတ်လ(၂၇) ရက်နေ့အိန္ဒိယနိုင်ငံတွင် ရဖိုက်ဆင်နည်းနှင့် လူ့ဇတ္တိမှုအရလယ်သမားများရင်ဆိုင်ရသော ပြဿနာများကိုဖြေရှင်ရန်ပြဌာန်းလိုက်သောသမ၀ါယမအက်ဥပဒေအရ၁၉၀၅ခုနျစ်တွင်သမ၀ါယမငွေစုငွေ
ချေးအသင်းများပေါ်ပေါက်လာရာမှမြန်မာတို့သည်သမ၀ါယမနည်းလမ်းများကိုမိမိတို့လူမှုဘ၀ဖွံဖြိုးဖို့အ တွက် အသုံးပြုလာကြရာမှသမ၀ါယမမျိုးစေ့ကျခဲ့ခြင်းဖြစ်ပေသည်။ ငွေစုငွေချေးဖြင့်စတင်သန္ဓေတည်ခဲ့ သောသမ၀ါယမများသည် ကုန်သွယ် ထုတ်လုပ်မှု ၀န်ဆောင်မှုများအထိ တိုးချဲ့လုပ်ကိုင်လာခဲ့ ကြသည်မှာ ၁၉၉၃-၉၄တွင် သမ၀ါယမအသင်းပေါင်း ၂၇၁၀၇ သင်းတွင်းအသင်းသားပေါင်း ၈.၇၆ သန်း အထိ အမြင့်ဆုံးတိုးတက်လာခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင်းသမ၀ါယမလုပ်ငန်းများသည်လူထုအကြားတွင်ရေ ပန်းစားခြင်သိပ်မရှိတော့သော်လည်း ကိန်ဂဏာန်းများအရ ၁၉၉၃-၉၄အထိသမ၀ါယမအသင်းများအပေါ် မှိခိုအားထားသူအသင်းသာများမှာ မြင့်တက်ဆဲဖြစ်ပါသည်။၂၀၁၂-၂၀၁၃ တွင်အသင်းအရေအတွက် ၁၄၁၃၉ သင်းသာတည်ရှိပြီး ၂၀၁၃ ဒီဇင်ဘာလတွင် အသင်းအရည်အတွက် ၂၃၆၃၉ သင်းအထိပြန်လည် ဖွဲ့စည်းနိုင်သည်များကိုလည်းလေ့လာရခြင်းအားဖြင့် ခေတ်ကာလအခြေအနေအရ အသင်များ အတိုးအ လျှော့ ဖြစ်နေရခြင်းမှာ ဒါရိုက်တာအဖွဲ့ဝင်များ အသင်းသားများ၏ စွမ်ဆောင်ရည်အပြောင်အလည်းနှင့် ဖန်တည်နိုင်မှုပြောင်းလဲနိုင်မှု အပေါ်ဖြစ်ပေါ်နေသည်ဟုသုံးသပ်မိပါသည်။

                          ခေတ်အခြေအနေများအရ သမ၀ါယမအသင်းများဖွဲ့စည်းမှုလုပ်ဆောင်မှုများသည် အသင်းသားနှင့်အသင်းအရည်အတွက်တိုးတက်လာလိုက် ကျဆင်းသွားလိုက်ဖြစ်ပေါ်နေခြင်းများသည် အ ခြေခံပြည်သူလူထု(အသင်းသားအဖြစ်ပါဝင်လာမည့်သူများ)နှင့် ဦးစီးဦးဆောင်ပြု အကောင်အထည်လက် တွေ့ဖေါ်ဆောင်ကြရမည့်အမှုဆောင်ဒါရိုက်တာများ(Co-operative leaders)အနေဖြင့်သမ၀ါယမအနှစ်သာ
ရသမ၀ါယမရည်မှန်ချက်နှင့် သမ၀ါယမ အသိပညာ အားနည်းမှုရှိပြီးခေတ်ကာလတောင်းဆိုမှု မှုဝါဒများအရ သာ တာဝန်တရပ်သို့မဟုတ်အကျိုးရလဒ်တစုံတရာအတွက် အထူးအခွင့်အရေးဆွဲဆောင်မှု များအပေါ်အ ခြေတည်ခဲ့ကြသဖြင့် ပြင်ပအထောက်အပံ(ဆိုရှယ်လစ်စနစ်အတွင်း အစိုးရ၏အထူးဦးစားပေး လူသုံးကုန်  ၀ယ်ယူခွင့်များ၊ချေးငွေများ)များလျှော့နည်းလာခြင်းသီးခြားရပ်တည်ရန်မှုဝါဒပြောင်းလဲသွားသည့်အခါ လုပ် ငန်းများအာနည်းလာပြီးအသင်းဝင်များ၏ ကိုယ်ပိုင်တိထွင်စွမ်းဆောင်မှုအားနည်းသလောက် အသင်းအရေ အတွက်အသင်းသားအရေအတွက်ကျဆင်းသလို အသင်းသားများအတွက် အကျိုးပြုထောက်ပံမှုနည်းပါး သွားရာမှ သမ၀ါယမအပေါ် အသင်းသားများအထင်အမြင်လွှဲမှား သလို လူထုအတွင်းမှာပါသမ၀ါယမသည်
ပုံရိပ်ဆိုး မှုဝါဒအဆိုးအဖြစ် ထင်မြင်ယူဆကျန်ရစ်ခဲ့ရသည်ဖြစ်သည်မှာ ၀မ်နည်းဖွယ်ဖြစ်ခဲ့ရပါသည်။ သမ၀ါယမဆိုသည်မှာနိုင်ငံရေး လူမှုရေး အဖွဲအစည်းထက် စီးပွါးရေးငွေးရေးကြေးရေး အလေးသာသော အဖွဲ့အစည်းသော် Business သက်သက်ဟုလည်းဆိုရန်ခက်ခဲပြီး Social Business Organization ဖြစ်သည် ကို အသင်းသားနှင့် BOD ပါ ယုံကြည်သက်ဝင်နေရေးသည် အရေးပါဆုံးဖြစ်ပေသည်။သင့်တင့်မျှ သောအမြတ်နှုန်းမရရှိဘဲ အသင်းသားအကျိုးကို ဖြည့်ဆည်းနိုင်မည်မဟုတ်သလို အသင်းသားသက်သာ ချောင်ချည်ရေးအမြင်ဖြင့် Operatioal Cost ကို တောင်မကာမိပါက BOD နှင့် ၀န်ထမ်းများကလည်း ကြိုးပမ်း စွမ်းဆောင်လိုစိတ်နည်းပါးလာမည်ဖြစ်ကာ အရည်အသွေးပိုင်းကျဆင်းလာမည်ဖြစ်သည်။ အသင်း သားများအနေဖြင့်နှစ်စဉ်ကျေနပ်လောက်သောအမြတ်ခွဲဝေခံစားရခြင်း စီးပွါးရေးအတွက်လိုအပ်ချက် လူမှု ရေး ပညာရေးအတွက်လိုအပ်ချက်များကို အမှန်တကယ်ခံစားလာရသည်ဆိုပါက သမ၀ါယမလုပ်ငန်းများ အပေါ် အားထားကာ ပါဝင်လာကြမည်မှာမလွဲပေ။ သို့သော်သမ၀ါယမစိးပွါးရေးစနစ်သည် ပါဝင်သူအသင်း များအနေဖြင့် အစုလုံလောက်စွာထည့် ၀င်ခြင်း ငွေကြေးအရင်းအနှီးများကို အသင်းတွင်ထဲ့ဝင်စုဆောင်းခြင်း အသင်းမှဆောင်ရွက်သောစီးပွါးရေးလုပ်ငန်များတွင်ပါဝင်ဆောင်ရွက်ခြင်း အားပေးခြင်းစသည့် စုပေါင်း ပါဝင်သော စိတ်ဓါတ် ယုံကြည်ချက်များရှိနေရေးသည်သမ၀ါယမလုပ်ငန်းများအောင်မြင်ကြီးထွားရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ပေသည်။ လက်ရှိဈေးကွက်စီးပွါးရေးစနစ်အတွင်းတွင် သမ၀ါယမများသည် လည်းပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းများနည်းတူ အစိုရဘဏ္ဍာ ရန်ပုံငွေခွဲရသည်  အခြေအနေတွင်မရှိဘဲ မိမိအသင်းသားများ၏ အစုထည့်ဝင်ငွေများဖြင့် သာလူမှုဘ၀မြင်မားရေးကို ဖန်တီးနေရပြီး ယခင် ယခင် ခေတ်အဆက် မိမိတို့ဘိုးဘွားသ၀ါယမသင်းသားကြီးများ၏ စုဆောင်ထားရှိခဲ့သည့် ဘဏ္ဍာငွေများ အဆောက်အဦးရင်းနှီးပစ္စည်းများအားခေတ်အဆက်ဆက် သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟိုသမ၀ါယမအ သင်း တိုင်းနှင့်ပြည်နယ်အသင်းစုချုပ်ကြီးများကထိမ်သိမ်းစီမံပေးသဖြင့် ယနေ့အထိရှင်သန်နေခြင်းအား ယနေ့ ခေတ်သမ၀ါယမလုပ်ငန်းအပေါ် အမြင်ဆိုးဖြစ်ပေါ်နေသူများ သိရှိရန်လည်းအလွန်လိုအပ်ပါသည်။ သို့မှသာ သမ၀ါယမလုပ်ငန်းများသည်စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဥပဒေစည်း ကမ်းများနှင့်အညီ လုပ်ဆောင်နေသောစီးပွါးရေးအင်အားစုဖြစ်သည်ဆိုသည်ကိုနာလည်လက်ခံလာကြပါ မည်။

လူတိုင်းအကျိုးရှိစေမည့်သမ၀ါယမ

                    သမသါယမလုပ်ငန်းများကဆောင်ကျဉ်းပေးနေသောစီးပွါးရေးလုပ်ငန်းအမြောက်အများရှိပါ သည်။သို့သော်လူတိုင်းအကျိုးခံစားခွင့်မရရှိသေးဘဲတိုင်းပြည်လူဦးရေ၏၁၀% ၀န်ကျင်သာခံစာကြရသည် အတွက် အားမလိုအားမရဖြစ်ရပေသည်။ သမ၀ါယမလုပ်ငန်းများ၏၀န်ဆောင်မှု ထုတ်လုပ်မှု ကုန်သွယ်မှု အသီးအပွင့်များအားပြည်သူပြည်သားတိုင်းခံစားစေလိုသော်လည်း အသင်းသားအဖြစ်ပါဝင်မလာကြပါက မည်မျှပင် ပေးခြင်းသော်လည်းခံစားကြရမည်မဟုတ်ပါ။သမ၀ါယမအသင်းများထူထောင်ရေး သမ၀ါယမအ သင်းများတွင်အသင်းသားအဖြစ်ပါဝင်လာရေးအတွက် အခြေခံသမ၀ါယမ အသိပညာမှာအလွန်နည်းပါလှပါ သည် သမ၀ါယမအသင်းများမည်သို့လုပ်ဆောင်သည်မည်သို့အသင်းသားများအတွက်အထောက်အပံဖြစ် သည်ကို ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့်နားလည်မှုမရှိကြဘဲ လုပ်ငန်းရပ်တန့်ကာ အုပ်မှိုင်းမှိုင်း ခြောက်ကပ်ကပ်ဖြစ်နေသည့် ယခင်ကသမ၀ါယမအသင်းများကိုကြည့်မြင်တွေ့မြင်ပြီးအဆိုးမြင်သမားများ၏ ဝေဖန်မှုအကြား ဂဃဏန ဘာမှမသိကြလောက်အောင် သမ၀ါယမ အသိတရားပျောက်ကွယ်မှုများကို ထင်ရှားသိသာသော သမ၀ါယမစီးပွါးရေးအဆောက်အအုံများဖြင့် ပြန်လည်မြှင့်တင်ရန်လိုအပ် လျှက်ရှိပါ သည်။အမှန်တကယ်တွင်သမ၀ါယမလုပ်ငန်းတခုသည်တနည်းအသင်းတသင်းသည်မိမိမြို့မိမိကျေးလက်ဒေ သအတွက် အလုံစုံသော လူမှုစီးပွါးရေးလိုအပ်ချက်မှန်သမျှကိုစီမံဖန်တည်းပေးနိုင်သည်အထိ အားကောင် ရန် လိုအပ်ပါသည်။ စိုက်ပျိုးရေး မွေးမြူးရေး ကုန်ထုတ်လုပ်မှု သယ်ယူပို့ ဆောင်ရေး ငွေကြေးဝန်ဆောင်မှု စ သည့် တခုခြင်း ကွဲပြားတသင်းခြင်း BOD တစ်ခုခြင်း အသင်းသားသီးခြားဆိုသည် ထက် အသင်းသား အဖြစ်ပါဝင်သူတိုင်းအား ဘတ်စုံလိုအပ်ချက် အားစီမံဆောင်ရွက်ပေးသည့် အသင်းများအဖြစ် နေရာတိုင်း ဒေသတိုင်း ကျေးရွာတိုင်းတွင် တည်ရှိနေဖို့ လိုအပ်ပါသည်။ စွမ်းဆောင်ရည်မြင့်သော ဒါရိုက်တာအဖွဲ့များ ၀န်ထမ်းများဖြင့် Professional ကျကျရပ်တည်ဖြည့်ဆည်းပေးမည်ဆိုပါက လူတစ်ဦးအိမ်ထောင်စုတစ်ခု ၏ လိုအပ်ချက်များအား အလစ်အဟာမရှိဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်သူအများအကြားယုံကြည်မှုတိုး ပွါးလာကာ သမ၀ါယမအသင်းများပိုမိုအားကောင်းလာမည်ဟုယုံကြည်မိသည်။လက်ရှိအနေအထားတွင် အသင်းများသည် တာဝန်အရတာဝန်ပေးသည့် လုပ်ငန်းကလွဲကာ အသင်းသား၏ စားဝတ်နေမှု စီးပွါးရေး အခြေအနေအတွက် ဘက်စုံဖြည့်ဆည်းစီမံပေးနိုင်ခြင်းမရှိဘဲ ကန့်သတ်လုပ်ငန်းအတွင်သာဆောင်ရွက်နေ  ကြပြီး BOD အများစုသည်စေတနာဝန်ထမ်းအနေဖြင့် ၄င်း အသင်းကြီးများမှလွဲကာအသင်းဝန်ထမ်းဆိုသည် မှာ မရှိသလောက်ဖြစ်ကာ Professional မဖြစ်သည့် အတွက် အင်အားကောင်းသောလုပ်ဆောင်မှု များအားနည်းခြင်းနှင့် ဆန်သစ်တီထွင်ပြီးပုဂ္ဂလိစီးပွါးရေးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းသလိုဖြစ်လျှက်ရှိ ပါသည်။ ယင်းအကျိုးဆက်အနေဖြင့် ပါဝင်သူသမ၀ါယမအသင်းသားများကို အကျိုးအမြတ် သိသိသာခွဲဝေ နိုင်ခြင်းမရှိဖြစ်ရကာသမ၀ါယမ၏အကျိုးကျေးဇူးကိုပြည်သူများကောင်းစွာမသိခြင်း စိတ်ဝင်စားမှု အားနည်း ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။

                   သမ၀ါယမလုပ်ငန်းသညှ်Social Businessဆို သည့် အလျှောက်Social ဆိုသော လူမှု ဘ၀ တခုတည်း အလေးသာဆောင်ရွက်ခြင်း Business အတွက်အကျိုးအမြတ်တခုတည်းအလေးသာဆောင် ရွက်ခြင်းဆိုသည်အစွန်နှစ်ဘက်ကိုရှောင်းရှားပြီးအသင်းသားများလက်ဝယ်သို့ စီးပွါးရေးအကျိုးအမြတ်သိသိ သာသာ ပေးအပ်နိုင်ရေးအတွက် စီးပွါးရေးဆန်ဆန်စီမံခန့်ခွဲနိုင်သူ BOD နှင့် ၀န်ထမ်းများလိုအပ်ပါသည်။ သမ၀ါယမပညာနှင့် စီးပွါးရေးပညာများပြည့်ဝနေစေရန်နှင့်Professional ဖြစ်လာစေရန် အခြားပုဂ္ဂလိက အစိုးရ စီးပွါးရေးအဖွဲအစည်းကြီးများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် အခြေခံအသင်းများကအစ တည်ဆောက် ထားကြမှသာ အရည်အသွေးပြည်ဝပြီး အသင်းသားများ(ပြည်သူများ) အားကိုးသထက်အားကိုးသောအဖွဲ အစည်းအဖြစ် ရေရှည် ရပ်တည်နိုင်ကြမည်ဖြစ်သည့် အပြင် မြန်မာ့သမ၀ါယမသမိုင်းသစ်ပါပေါ်ထွက်လာ မည်ဖြစ်ပါသည်။ အမှန်တကယ်စွမ်းဆောင်ရည်ပြည့် စွမ်းဆောင်နိုင်သော လူသားအရင်းအမြစ် ပြည့်စုံပါက သမ၀ါယမလုပ်ငန်းများက ဖန်းတီးပေးနိုင်းသောစီးပွါးရေးလုပ်ငန်းများမှာ ကြီးမားကျယ်ပြန်သောအတိုင်း အတာကြီးသထက်ကြီး လာမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အကျိုးခံစားခွင့် အရပ်ရပ်သည်လည်း မိသားစု တစ်စု လူနည်းစုတစုအတွက်မဟုတ်ဘဲအသင်းသား( ပြည်သူအားလုံးနီး ) ခွဲဝေခံစားရမည်ဖြစ်သည်။ အနာဂါတ်သမ၀ါယမမျိုးဆက်အသစ်အတွက် ပါ အုတ်မြစ်ကောင်းကို ပေးအပ်နိုင်ပေမည်။
                       အချုပ်ဆိုရသော် ခေတ်စနစ်များ၏ပြောင်းလည်းသက်ရောက်မှုအမျိုးမျိုးကြောင့် ၁၉၀၅ ခုနှစ်မှစတင်ခဲ့မြန်မာနိုင်ငံသမ၀ါယမ လောကသည် နှစ်ပေါင်း ၁၁၀ ကြာမြင့် သည့်တိုင် မြန်မာမြေပေါ်တွင် မျိုးဆက်အသီးသီးသို့ လက်ဆင့်ကမ်းပေးနိုင်ခဲ့သဖြင့် ယနေ့အထိရပ်တည်နေပါသည်။ အမျိုးမျိုးသော လော ကဓံအကြောင်းတရားများကြောင့် နိမ့်တုန်မြင့်တုန်ဘ၀ကိုလည်းဖြတ်သန်းခဲ့ကြရပါသည်။သို့သော် ယနေ အထိ ရှေ့ရှေ့ကအကောင်အထည်ဖေါ်ဆောင်ရွက်ခဲကြသူ သမ၀ါယမ ဘက်တော်သားကြီးများ ကစုဆောင်းသိုမှီထားသည်များကို ယနေ့ သမ၀ါယမလောကသားများ အသင်းသားများ အကျိုးခံစားနေကြ ရပေသည်။ အနာဂါတ် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွါးရေးစနစ်အတွင်း စီးပွါးရေးပြိုင်ဆိုင်မှုများအကြား အခြေခံလူတန်းစားနှင့် လူလတ်တန်စားလူတန်းစားများအနေဖြင့် စီးပွါးရေးအကျိုးကျေးဇူးများ အားလက်ဝါး ကြီးအုပ် လူတစုစီးပွါးရေးအင်အားစုကြီးများက ရယူခံစားကြ သည့်အခါ စီးပွါးရေးလူမှုရေးလိုအပ်ချက်များ ဘ၀ အတွက် လိုအပ်ချက်များပိုမိုနက်ရှိုင်းမသွားစေဖို့ကိုစုပေါင်း ဖွဲ့စည်းခုခံကာ ဘ၀တူလူတန်စားများ အတွက် အကျိုးကျေးဇူးရယူပေးသည့် စွမ်ဆောင်ရည်ပြည့် ၀သည့် လူမှုစီးပွါးရေးအဖွဲ့အစည်းကြီးအဖြစ် အသင်းသား(ပြည်သူပြည်သား)အားဖြင့် ဆန်းသစ်တီထွင်ပြောင်းလည်းသောသမ၀ါယမအဖြစ်ပေါ် ထွက် လာသင့်ပြီးဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

No comments:

Post a Comment