Saturday, July 18, 2015
ဆန်းသစ်ပြောင်းလဲရမည့်သမ၀ါယမဏ္ဍ
                                         သမ၀ါယမလုပ်ငန်းများနှင့်ပတ်သက်ပြီးတည်ဆောက်မှုပြုပြင်မှုအမျိုးမျိုးကိုခေတ်က အလိုက်သမ၀ါယမလောကသားများကဆောင်ရွက်ခဲ့ကြသည့် မှာ ၁၉၀၅ ခုမြင်မှုငွေစုငွေချေး သမ၀ါယမ အသင်းမှစတင်ကာ လုပ်ဆောင်လာကြရပြီး ယနေ့အထိသမ၀ါယမ ဆိုသည့် လုပ်ငန်း သည်ပြည်သူအကြား ပျောက်ကွယ်သွားခြင်းမရှိသံမဏီဘိုးသက်ရှည်အဖြစ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင်ရှင်သန် နေဆဲဖြစ် ပါသည်။အချို့ခိုင်မာပါသည်ဆိုသောအဖွဲအစည်းများသည်ပင်လျှင်ခေတ်ကာလအခြေအနေအရအမည် ပြောင်း ပုံသဏ္ဍာန်းပြောင်းကာ လူမှုနယ်ပယ် စီးပွါးရေးနယ်ပယ်များမှထွက်ခွာပြောင်းလည်း ရှင်သန် ကြရသော် လည်း ဒီမိုကရက်တစ်နည်းလမ်းအရ ထူထောင်ခဲ့ရသောသမ၀ါယမများမှာမှု အနည်းငယ်မှေးမှိန် ယုံမှတပါး လုံးလုံးပျောက်ကွယ်မသွားဘဲ လောကဓံတရားအား သမ၀ါယမဘက်တော်သားအချင်းချင်း လက်ဆင့်ကမ်း သယ်ဆောင်ကာ လူထုအကြား လူမှုစီးပွါးရေးနယ်ပယ်အကြားရှင်သန်နေဆဲဖြစ်ပါ သည် ။
ရှေ့အဆက်ဆက် သမ၀ါယမပညာ သမ၀ါယမစိတ်ဓါတ် သမ၀ါယမအတွေးအခေါ်များအားပျောက်ပျက် မသွားစေရန် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသော သမ၀ါယမ၀ါဒီစစ်စစ် ခေါင်းဆောင်ကြီးများကိုလည်း အလွန်ပင်ကျေးဇူးတင်နေမိပါသည်။
စွမ်းဆောင်ရည်မြှင့်ရေး
                          ၁၉၀၁ ခုနှစ်အိန္ဒိယနိုင်ငံငတ်မွတ်ခေါင်းပါးမှုစုံစမ်းရေးကော်မရှင်မှအစတည်ပြီး၁၉၀၄ ခုနှစ်မတ်လ(၂၇) ရက်နေ့အိန္ဒိယနိုင်ငံတွင် ရဖိုက်ဆင်နည်းနှင့် လူ့ဇတ္တိမှုအရလယ်သမားများရင်ဆိုင်ရသော ပြဿနာများကိုဖြေရှင်ရန်ပြဌာန်းလိုက်သောသမ၀ါယမအက်ဥပဒေအရ၁၉၀၅ခုနျစ်တွင်သမ၀ါယမငွေစုငွေ
ချေးအသင်းများပေါ်ပေါက်လာရာမှမြန်မာတို့သည်သမ၀ါယမနည်းလမ်းများကိုမိမိတို့လူမှုဘ၀ဖွံဖြိုးဖို့အ တွက် အသုံးပြုလာကြရာမှသမ၀ါယမမျိုးစေ့ကျခဲ့ခြင်းဖြစ်ပေသည်။ ငွေစုငွေချေးဖြင့်စတင်သန္ဓေတည်ခဲ့ သောသမ၀ါယမများသည် ကုန်သွယ် ထုတ်လုပ်မှု ၀န်ဆောင်မှုများအထိ တိုးချဲ့လုပ်ကိုင်လာခဲ့ ကြသည်မှာ ၁၉၉၃-၉၄တွင် သမ၀ါယမအသင်းပေါင်း ၂၇၁၀၇ သင်းတွင်းအသင်းသားပေါင်း ၈.၇၆ သန်း အထိ အမြင့်ဆုံးတိုးတက်လာခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင်းသမ၀ါယမလုပ်ငန်းများသည်လူထုအကြားတွင်ရေ ပန်းစားခြင်သိပ်မရှိတော့သော်လည်း ကိန်ဂဏာန်းများအရ ၁၉၉၃-၉၄အထိသမ၀ါယမအသင်းများအပေါ် မှိခိုအားထားသူအသင်းသာများမှာ မြင့်တက်ဆဲဖြစ်ပါသည်။၂၀၁၂-၂၀၁၃ တွင်အသင်းအရေအတွက် ၁၄၁၃၉ သင်းသာတည်ရှိပြီး ၂၀၁၃ ဒီဇင်ဘာလတွင် အသင်းအရည်အတွက် ၂၃၆၃၉ သင်းအထိပြန်လည် ဖွဲ့စည်းနိုင်သည်များကိုလည်းလေ့လာရခြင်းအားဖြင့် ခေတ်ကာလအခြေအနေအရ အသင်များ အတိုးအ လျှော့ ဖြစ်နေရခြင်းမှာ ဒါရိုက်တာအဖွဲ့ဝင်များ အသင်းသားများ၏ စွမ်ဆောင်ရည်အပြောင်အလည်းနှင့် ဖန်တည်နိုင်မှုပြောင်းလဲနိုင်မှု အပေါ်ဖြစ်ပေါ်နေသည်ဟုသုံးသပ်မိပါသည်။
                          ခေတ်အခြေအနေများအရ သမ၀ါယမအသင်းများဖွဲ့စည်းမှုလုပ်ဆောင်မှုများသည် အသင်းသားနှင့်အသင်းအရည်အတွက်တိုးတက်လာလိုက် ကျဆင်းသွားလိုက်ဖြစ်ပေါ်နေခြင်းများသည် အ ခြေခံပြည်သူလူထု(အသင်းသားအဖြစ်ပါဝင်လာမည့်သူများ)နှင့် ဦးစီးဦးဆောင်ပြု အကောင်အထည်လက် တွေ့ဖေါ်ဆောင်ကြရမည့်အမှုဆောင်ဒါရိုက်တာများ(Co-operative leaders)အနေဖြင့်သမ၀ါယမအနှစ်သာ
ရသမ၀ါယမရည်မှန်ချက်နှင့် သမ၀ါယမ အသိပညာ အားနည်းမှုရှိပြီးခေတ်ကာလတောင်းဆိုမှု မှုဝါဒများအရ သာ တာဝန်တရပ်သို့မဟုတ်အကျိုးရလဒ်တစုံတရာအတွက် အထူးအခွင့်အရေးဆွဲဆောင်မှု များအပေါ်အ ခြေတည်ခဲ့ကြသဖြင့် ပြင်ပအထောက်အပံ(ဆိုရှယ်လစ်စနစ်အတွင်း အစိုးရ၏အထူးဦးစားပေး လူသုံးကုန်  ၀ယ်ယူခွင့်များ၊ချေးငွေများ)များလျှော့နည်းလာခြင်းသီးခြားရပ်တည်ရန်မှုဝါဒပြောင်းလဲသွားသည့်အခါ လုပ် ငန်းများအာနည်းလာပြီးအသင်းဝင်များ၏ ကိုယ်ပိုင်တိထွင်စွမ်းဆောင်မှုအားနည်းသလောက် အသင်းအရေ အတွက်အသင်းသားအရေအတွက်ကျဆင်းသလို အသင်းသားများအတွက် အကျိုးပြုထောက်ပံမှုနည်းပါး သွားရာမှ သမ၀ါယမအပေါ် အသင်းသားများအထင်အမြင်လွှဲမှား သလို လူထုအတွင်းမှာပါသမ၀ါယမသည်
ပုံရိပ်ဆိုး မှုဝါဒအဆိုးအဖြစ် ထင်မြင်ယူဆကျန်ရစ်ခဲ့ရသည်ဖြစ်သည်မှာ ၀မ်နည်းဖွယ်ဖြစ်ခဲ့ရပါသည်။ သမ၀ါယမဆိုသည်မှာနိုင်ငံရေး လူမှုရေး အဖွဲအစည်းထက် စီးပွါးရေးငွေးရေးကြေးရေး အလေးသာသော အဖွဲ့အစည်းသော် Business သက်သက်ဟုလည်းဆိုရန်ခက်ခဲပြီး Social Business Organization ဖြစ်သည် ကို အသင်းသားနှင့် BOD ပါ ယုံကြည်သက်ဝင်နေရေးသည် အရေးပါဆုံးဖြစ်ပေသည်။သင့်တင့်မျှ သောအမြတ်နှုန်းမရရှိဘဲ အသင်းသားအကျိုးကို ဖြည့်ဆည်းနိုင်မည်မဟုတ်သလို အသင်းသားသက်သာ ချောင်ချည်ရေးအမြင်ဖြင့် Operatioal Cost ကို တောင်မကာမိပါက BOD နှင့် ၀န်ထမ်းများကလည်း ကြိုးပမ်း စွမ်းဆောင်လိုစိတ်နည်းပါးလာမည်ဖြစ်ကာ အရည်အသွေးပိုင်းကျဆင်းလာမည်ဖြစ်သည်။ အသင်း သားများအနေဖြင့်နှစ်စဉ်ကျေနပ်လောက်သောအမြတ်ခွဲဝေခံစားရခြင်း စီးပွါးရေးအတွက်လိုအပ်ချက် လူမှု ရေး ပညာရေးအတွက်လိုအပ်ချက်များကို အမှန်တကယ်ခံစားလာရသည်ဆိုပါက သမ၀ါယမလုပ်ငန်းများ အပေါ် အားထားကာ ပါဝင်လာကြမည်မှာမလွဲပေ။ သို့သော်သမ၀ါယမစိးပွါးရေးစနစ်သည် ပါဝင်သူအသင်း များအနေဖြင့် အစုလုံလောက်စွာထည့် ၀င်ခြင်း ငွေကြေးအရင်းအနှီးများကို အသင်းတွင်ထဲ့ဝင်စုဆောင်းခြင်း အသင်းမှဆောင်ရွက်သောစီးပွါးရေးလုပ်ငန်များတွင်ပါဝင်ဆောင်ရွက်ခြင်း အားပေးခြင်းစသည့် စုပေါင်း ပါဝင်သော စိတ်ဓါတ် ယုံကြည်ချက်များရှိနေရေးသည်သမ၀ါယမလုပ်ငန်းများအောင်မြင်ကြီးထွားရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ပေသည်။ လက်ရှိဈေးကွက်စီးပွါးရေးစနစ်အတွင်းတွင် သမ၀ါယမများသည် လည်းပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းများနည်းတူ အစိုရဘဏ္ဍာ ရန်ပုံငွေခွဲရသည်  အခြေအနေတွင်မရှိဘဲ မိမိအသင်းသားများ၏ အစုထည့်ဝင်ငွေများဖြင့် သာလူမှုဘ၀မြင်မားရေးကို ဖန်တီးနေရပြီး ယခင် ယခင် ခေတ်အဆက် မိမိတို့ဘိုးဘွားသ၀ါယမသင်းသားကြီးများ၏ စုဆောင်ထားရှိခဲ့သည့် ဘဏ္ဍာငွေများ အဆောက်အဦးရင်းနှီးပစ္စည်းများအားခေတ်အဆက်ဆက် သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟိုသမ၀ါယမအ သင်း တိုင်းနှင့်ပြည်နယ်အသင်းစုချုပ်ကြီးများကထိမ်သိမ်းစီမံပေးသဖြင့် ယနေ့အထိရှင်သန်နေခြင်းအား ယနေ့ ခေတ်သမ၀ါယမလုပ်ငန်းအပေါ် အမြင်ဆိုးဖြစ်ပေါ်နေသူများ သိရှိရန်လည်းအလွန်လိုအပ်ပါသည်။ သို့မှသာ သမ၀ါယမလုပ်ငန်းများသည်စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဥပဒေစည်း ကမ်းများနှင့်အညီ လုပ်ဆောင်နေသောစီးပွါးရေးအင်အားစုဖြစ်သည်ဆိုသည်ကိုနာလည်လက်ခံလာကြပါ မည်။
လူတိုင်းအကျိုးရှိစေမည့်သမ၀ါယမ
                    သမသါယမလုပ်ငန်းများကဆောင်ကျဉ်းပေးနေသောစီးပွါးရေးလုပ်ငန်းအမြောက်အများရှိပါ သည်။သို့သော်လူတိုင်းအကျိုးခံစားခွင့်မရရှိသေးဘဲတိုင်းပြည်လူဦးရေ၏၁၀% ၀န်ကျင်သာခံစာကြရသည် အတွက် အားမလိုအားမရဖြစ်ရပေသည်။ သမ၀ါယမလုပ်ငန်းများ၏၀န်ဆောင်မှု ထုတ်လုပ်မှု ကုန်သွယ်မှု အသီးအပွင့်များအားပြည်သူပြည်သားတိုင်းခံစားစေလိုသော်လည်း အသင်းသားအဖြစ်ပါဝင်မလာကြပါက မည်မျှပင် ပေးခြင်းသော်လည်းခံစားကြရမည်မဟုတ်ပါ။သမ၀ါယမအသင်းများထူထောင်ရေး သမ၀ါယမအ သင်းများတွင်အသင်းသားအဖြစ်ပါဝင်လာရေးအတွက် အခြေခံသမ၀ါယမ အသိပညာမှာအလွန်နည်းပါလှပါ သည် သမ၀ါယမအသင်းများမည်သို့လုပ်ဆောင်သည်မည်သို့အသင်းသားများအတွက်အထောက်အပံဖြစ် သည်ကို ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့်နားလည်မှုမရှိကြဘဲ လုပ်ငန်းရပ်တန့်ကာ အုပ်မှိုင်းမှိုင်း ခြောက်ကပ်ကပ်ဖြစ်နေသည့် ယခင်ကသမ၀ါယမအသင်းများကိုကြည့်မြင်တွေ့မြင်ပြီးအဆိုးမြင်သမားများ၏ ဝေဖန်မှုအကြား ဂဃဏန ဘာမှမသိကြလောက်အောင် သမ၀ါယမ အသိတရားပျောက်ကွယ်မှုများကို ထင်ရှားသိသာသော သမ၀ါယမစီးပွါးရေးအဆောက်အအုံများဖြင့် ပြန်လည်မြှင့်တင်ရန်လိုအပ် လျှက်ရှိပါ သည်။အမှန်တကယ်တွင်သမ၀ါယမလုပ်ငန်းတခုသည်တနည်းအသင်းတသင်းသည်မိမိမြို့မိမိကျေးလက်ဒေ သအတွက် အလုံစုံသော လူမှုစီးပွါးရေးလိုအပ်ချက်မှန်သမျှကိုစီမံဖန်တည်းပေးနိုင်သည်အထိ အားကောင် ရန် လိုအပ်ပါသည်။ စိုက်ပျိုးရေး မွေးမြူးရေး ကုန်ထုတ်လုပ်မှု သယ်ယူပို့ ဆောင်ရေး ငွေကြေးဝန်ဆောင်မှု စ သည့် တခုခြင်း ကွဲပြားတသင်းခြင်း BOD တစ်ခုခြင်း အသင်းသားသီးခြားဆိုသည် ထက် အသင်းသား အဖြစ်ပါဝင်သူတိုင်းအား ဘတ်စုံလိုအပ်ချက် အားစီမံဆောင်ရွက်ပေးသည့် အသင်းများအဖြစ် နေရာတိုင်း ဒေသတိုင်း ကျေးရွာတိုင်းတွင် တည်ရှိနေဖို့ လိုအပ်ပါသည်။ စွမ်းဆောင်ရည်မြင့်သော ဒါရိုက်တာအဖွဲ့များ ၀န်ထမ်းများဖြင့် Professional ကျကျရပ်တည်ဖြည့်ဆည်းပေးမည်ဆိုပါက လူတစ်ဦးအိမ်ထောင်စုတစ်ခု ၏ လိုအပ်ချက်များအား အလစ်အဟာမရှိဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်သူအများအကြားယုံကြည်မှုတိုး ပွါးလာကာ သမ၀ါယမအသင်းများပိုမိုအားကောင်းလာမည်ဟုယုံကြည်မိသည်။လက်ရှိအနေအထားတွင် အသင်းများသည် တာဝန်အရတာဝန်ပေးသည့် လုပ်ငန်းကလွဲကာ အသင်းသား၏ စားဝတ်နေမှု စီးပွါးရေး အခြေအနေအတွက် ဘက်စုံဖြည့်ဆည်းစီမံပေးနိုင်ခြင်းမရှိဘဲ ကန့်သတ်လုပ်ငန်းအတွင်သာဆောင်ရွက်နေ  ကြပြီး BOD အများစုသည်စေတနာဝန်ထမ်းအနေဖြင့် ၄င်း အသင်းကြီးများမှလွဲကာအသင်းဝန်ထမ်းဆိုသည် မှာ မရှိသလောက်ဖြစ်ကာ Professional မဖြစ်သည့် အတွက် အင်အားကောင်းသောလုပ်ဆောင်မှု များအားနည်းခြင်းနှင့် ဆန်သစ်တီထွင်ပြီးပုဂ္ဂလိစီးပွါးရေးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းသလိုဖြစ်လျှက်ရှိ ပါသည်။ ယင်းအကျိုးဆက်အနေဖြင့် ပါဝင်သူသမ၀ါယမအသင်းသားများကို အကျိုးအမြတ် သိသိသာခွဲဝေ နိုင်ခြင်းမရှိဖြစ်ရကာသမ၀ါယမ၏အကျိုးကျေးဇူးကိုပြည်သူများကောင်းစွာမသိခြင်း စိတ်ဝင်စားမှု အားနည်း ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။
                   သမ၀ါယမလုပ်ငန်းသညှ်Social Businessဆို သည့် အလျှောက်Social ဆိုသော လူမှု ဘ၀ တခုတည်း အလေးသာဆောင်ရွက်ခြင်း Business အတွက်အကျိုးအမြတ်တခုတည်းအလေးသာဆောင် ရွက်ခြင်းဆိုသည်အစွန်နှစ်ဘက်ကိုရှောင်းရှားပြီးအသင်းသားများလက်ဝယ်သို့ စီးပွါးရေးအကျိုးအမြတ်သိသိ သာသာ ပေးအပ်နိုင်ရေးအတွက် စီးပွါးရေးဆန်ဆန်စီမံခန့်ခွဲနိုင်သူ BOD နှင့် ၀န်ထမ်းများလိုအပ်ပါသည်။ သမ၀ါယမပညာနှင့် စီးပွါးရေးပညာများပြည့်ဝနေစေရန်နှင့်Professional ဖြစ်လာစေရန် အခြားပုဂ္ဂလိက အစိုးရ စီးပွါးရေးအဖွဲအစည်းကြီးများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် အခြေခံအသင်းများကအစ တည်ဆောက် ထားကြမှသာ အရည်အသွေးပြည်ဝပြီး အသင်းသားများ(ပြည်သူများ) အားကိုးသထက်အားကိုးသောအဖွဲ အစည်းအဖြစ် ရေရှည် ရပ်တည်နိုင်ကြမည်ဖြစ်သည့် အပြင် မြန်မာ့သမ၀ါယမသမိုင်းသစ်ပါပေါ်ထွက်လာ မည်ဖြစ်ပါသည်။ အမှန်တကယ်စွမ်းဆောင်ရည်ပြည့် စွမ်းဆောင်နိုင်သော လူသားအရင်းအမြစ် ပြည့်စုံပါက သမ၀ါယမလုပ်ငန်းများက ဖန်းတီးပေးနိုင်းသောစီးပွါးရေးလုပ်ငန်းများမှာ ကြီးမားကျယ်ပြန်သောအတိုင်း အတာကြီးသထက်ကြီး လာမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အကျိုးခံစားခွင့် အရပ်ရပ်သည်လည်း မိသားစု တစ်စု လူနည်းစုတစုအတွက်မဟုတ်ဘဲအသင်းသား( ပြည်သူအားလုံးနီး ) ခွဲဝေခံစားရမည်ဖြစ်သည်။ အနာဂါတ်သမ၀ါယမမျိုးဆက်အသစ်အတွက် ပါ အုတ်မြစ်ကောင်းကို ပေးအပ်နိုင်ပေမည်။
                       အချုပ်ဆိုရသော် ခေတ်စနစ်များ၏ပြောင်းလည်းသက်ရောက်မှုအမျိုးမျိုးကြောင့် ၁၉၀၅ ခုနှစ်မှစတင်ခဲ့မြန်မာနိုင်ငံသမ၀ါယမ လောကသည် နှစ်ပေါင်း ၁၁၀ ကြာမြင့် သည့်တိုင် မြန်မာမြေပေါ်တွင် မျိုးဆက်အသီးသီးသို့ လက်ဆင့်ကမ်းပေးနိုင်ခဲ့သဖြင့် ယနေ့အထိရပ်တည်နေပါသည်။ အမျိုးမျိုးသော လော ကဓံအကြောင်းတရားများကြောင့် နိမ့်တုန်မြင့်တုန်ဘ၀ကိုလည်းဖြတ်သန်းခဲ့ကြရပါသည်။သို့သော် ယနေ အထိ ရှေ့ရှေ့ကအကောင်အထည်ဖေါ်ဆောင်ရွက်ခဲကြသူ သမ၀ါယမ ဘက်တော်သားကြီးများ ကစုဆောင်းသိုမှီထားသည်များကို ယနေ့ သမ၀ါယမလောကသားများ အသင်းသားများ အကျိုးခံစားနေကြ ရပေသည်။ အနာဂါတ် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွါးရေးစနစ်အတွင်း စီးပွါးရေးပြိုင်ဆိုင်မှုများအကြား အခြေခံလူတန်းစားနှင့် လူလတ်တန်စားလူတန်းစားများအနေဖြင့် စီးပွါးရေးအကျိုးကျေးဇူးများ အားလက်ဝါး ကြီးအုပ် လူတစုစီးပွါးရေးအင်အားစုကြီးများက ရယူခံစားကြ သည့်အခါ စီးပွါးရေးလူမှုရေးလိုအပ်ချက်များ ဘ၀ အတွက် လိုအပ်ချက်များပိုမိုနက်ရှိုင်းမသွားစေဖို့ကိုစုပေါင်း ဖွဲ့စည်းခုခံကာ ဘ၀တူလူတန်စားများ အတွက် အကျိုးကျေးဇူးရယူပေးသည့် စွမ်ဆောင်ရည်ပြည့် ၀သည့် လူမှုစီးပွါးရေးအဖွဲ့အစည်းကြီးအဖြစ် အသင်းသား(ပြည်သူပြည်သား)အားဖြင့် ဆန်းသစ်တီထွင်ပြောင်းလည်းသောသမ၀ါယမအဖြစ်ပေါ် ထွက် လာသင့်ပြီးဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။
ခေတ်သစ်စီးပွါးရေးစနစ်အတွင်းမှသမ၀ါယမ
                   ၂၀ရာစုမှ၂၁ရာစုအကူးအပြောင်းကာလတွင် Globalization ကမ္ဘာမှုဖြစ်စဉ်၏ရိုက်
ခတ်လာမှုကြောင့်နိုင်ငံအတော်များများ၏မှုလချမှတ်လုပ်ဆောင်နေသောစီးပွါးရေးစနစ်များအတွင်း Macroeconomic အမြင်များနှင့် Microeconomic အမြင်များ အကြီးအကျယ်ပြောင်လဲ လာကာ ခေတ်သစ်စီးပွါးရေးအမြင်များဖြင့် နိုင်ငံတို့၏စီးပွါးရေးအခြေခံမှုများ၊ လုပ်ငန်းတစ်ခုခြင်းအလိုက် ကဏ္ဍတစ်ခုခြင်းအလိုက် စီးပွါးရေးရည်မှန်ချက်များပြောင်လဲလာခြင်းဖြင့် ဈေးကွက်ကိုအခြေခံ သော ဈေးကွက်စီးပွါးစနစ် တရပ်အား နိုင်ငံ အများစုမှ လက်ခံကျင့်သုံး လာကြပြီး   ဗဟို  ချုပ်ကိုင်
သော စီပွါးရေးစနစ်များမှသွေဖယ်လာကြပါသည်။
ဗဟိုချုပ်ကိုင်စီးပွါရေးနှင့်ဈေးကွက်စီးပွါးရေး
                       ဈေးကွက်စီးပွါးရေးစနစ်တွင် ဈေးနူန်း Price ကို ရောင်းလိုအား supply နှင့် ၀ယ်လိုအား demand တို့ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေအလိုက်သာ ဆုံးဖြတ် သတ်မှတ်သောသဘောရှိ၍မည်သူမှဆုံးဖြတ်နိုင်စွမ်းမရှိသည်အခြေအနေဟုဆိုရပေမည်။ဗဟိုချုပ်ကိုင်မှုစ
နစ်ဖြစ်သောစီမံကိန်းစီးပွါးရေးစနစ်များတွင်ထုတ်လုပ်မှု၊ကုန်သွယ်မှုများဝန်ဆောင်မှုများကိုဗဟိုအစိုးရများမှ
ဆုံးဖြတ်လေ့ရှိကာပြည်သူပိုင်စီးပွါးရေးလုပ်ငန်းများသမ၀ါယမပိုင်စီးပွါးရေးလုပ်ငန်းများအဖြစ်ထူထောင်
လုပ်ဆောင်ကြသဖြင့်ရောင်းလိုအားရှိသလောက်ဝယ်ယူစားသုံးလိုမှုမရှိတတ်သလိုဝယ်ယူစားသုံးလို
သလောက်(၀ယ်လိုအားရှိသလောက်)ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောအခြေအနေအားဈေးကွက်စီးပွါး
စနစ်ကဲသို့သွက်လက်စွာချိန်ညိုနိုင်မှုမရှိဘဲကုန်စည်များရှာပါးခြင်းအသုံးမလိုအရည်အသွေးမပြည့်ဝသော
ကုန်စည်များများပြာနေခြင်းစသည့်အကျိုးဆက်များဖြစ်ပေါ်လေ့ရှိ
ပြီးအရှုံးပေါ်လေ့ရှိတတ်ပါသည်။ဆုံးရှုံးမှုများအတွက်အစိုးရပိုင်ဟုဆိုနိုင်သောပြည်သူဘဏ္ဍာငွေများ၊သမ၀ါယမအ သင်းသားများ၏ ရှယ်ယာထည့်ဝင်ငွေများ ဆုံးရှုံးကြ ရလေသည်။စားသုံးသူ၏အလို ဆန္ဒကိုအခြေပြုသောစနစ်မဟုတ်သည့်အတွက်ကုန်စည်ရှားပါးပြတ်လတ်သောအနေအထားမျိုး တွင်စားသုံးသူမှရွေးချယ်ခွင့်မရှိသည့် ရောင်းသူ၏ဈေးကွက်ဖြစ်နေသဖြင့် နိုင်ငံပိုင်နှင့်သမ၀ါယမပိုင် လုပ်ငန်းများအနေဖြင့် အဆင်ပြေချောမွေ့သည့်အနေအထားဖြစ်ပေါ်နေသည်ဟုအထင်ရောက်စရာ ရှိသော်လည်းကာလ ကြာရှည်လာသည့်အခါ ပြည်သူ့အခွန်ဘဏ္ဍာ မှပံပိုးမှုများနှင့်ကျားကန်မှုများ ဖြင့်ရပ်တည်ခဲ့ရသောအချိန်ကာလများရှိခဲ့ရပေသည်။စီးပွါးရေးဆိုင်ရာလုပ်ငန်းများ
သည်လည်းပြိုင်ဆိုင်မှုပြုရခြင်းမရှိဘဲစီမံကိန်း သတ်မှတ်ချက်အတိုင်းသာ ဆောင်ရွက်ကြရသည် ဖြစ်သဖြင့်ရည် အသွေးအပိုင်းမှာတဖြည်ဖြည်ကျဆင်းသထက်ကျဆင်းလာပြီစားသုံးသူများ လက်ခံမှုကျဆင်းလာ လျှက် ဗဟိုချုပ်ကိုင်မှုစီးပွါးရေးစနစ်အား နိုင်ငံများပြည်သူများမှလက်ခံလိုခြင်းမရှိတော့ဘဲ စီးပွါးရေး အခြေခံမှုများကိုပြောင်လဲကျင့်သုံးလာကြလေတော့သည်။ဗဟိုချုပ်ကိုင်မှုစီမံကိန်းစီးပွါးရေးစနစ်မှ ဈေးကွက် စီးပွါးရေးစနစ်အဖြစ် နိုင်ငံပိုင် သမ၀ါယမပိုင်ကဏ္ဍများကိုလျှော့ချကာ ပုဂ္ဂလိကပိုင်ကဏ္ဍ များတိုးချဲ့လာရေးအတွက်လမ်းဖွင့်ပေးလာသည့်အခါဈေးကွက်အတွင်းအပြည့်ပြိုင်ဆိုင်မှုကိုအားပေး လာသည့်အပြင်နိုင်ငံတကာရင်းနှီးပြုပ်နှံမှုကိုပါဖွင့်လှစ်ပေးလာသည့်အတွက်းကုန်စည်များ၊၀န်
ဆောင်မှုများသည်ပေါများလာကာခေတ်သစ်စီးပွါးရေးစနစ်တရပ်ဖြစ်သည့်ဈေးကွက်စီးပွါးရေးစနစ် အသက်ဝင်လှုပ်ရှားနေပြီဟုဆိုရပေမည်။
စားသုံးသူသာရှင်ဘုရင်
             ဈေးကွက်စီးပွါးစနစ်သည်Customer is always right ဆိုသည်အတိုင်း စားသုံးသူက
သာအမြဲမှန်သည်ဆိုသည့်မှုကိုလက်ကိုင်ထား၍ကုန်စည်နှင့်ဝန်ဆောင်မှုများကိုထုတ်လုပ်သူများ၊
ကုန်သွယ်မှုပြုသူများသည်စားသုံးသူအကြိုက်နှင့်လိုအပ်ချက်များကိုအစွမ်းကုန်ဖြည့်ဆည်းရန်နှင့်
ဝန်ဆောင်မှုပေးရန်၊အရည်အသွေးအရည်အတွက်ကိုမြှင့်တင်နိုင်ရန်နည်းလမ်းပေါင်းစုံဖြင့်တီထွင်
ကြံဆလျှက်ဈေးကွက်အတွင်းရှင်သန်တိုးတက်စေရန်အပြိုင်အဆိုင်ဆောင်ရွက်နေသောစနစ်ဖြစ်
သည်။ဈေးကွက်စီးပွါးရေးစနစ်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာလေနိုင်ငံပိုင်ကဏ္ဍနှင့်သမ၀ါယမပိုင်
ကဏ္ဍများအနေဖြင့်လည်းပုဂ္ဂလိကကဏ္ဍများဖြင့်ပြိုင်ဆိုင်လုပ်ကိုင်နိုင်မှသာရည်ရှည်တည်တန့်
နိုင်တော့မည်ဖြစ်သည်။နိုင်ငံပိုင်ကော်ပိုရေးရှင်ကြိးများအနေဖြင့်နိုင်ငံအတွက်အဓိကလိုအပ်သောအခြေခံ
အဆောက်အအုံမျာအတွက်ဆောင်ရွက်သော်လည်းသမ၀ါယမဏ္ဍအနေနှင့်ကုန်သွယ်မှု၊
ထုတ်လုပ်မှုဝန်ဆောင်မှုမျာကိုပုဂ္ဂလိကကုမ္ပဏီများလုပ်ငန်းများဖြင့် ပြိုင်ဆိုင်ရမှု မြင့်မားပြင်ထန်လာ မည်ဖြစ်သည်။သမ၀ါယမစီးပွါးရေးလုပ်ငန်းများသည်လည်းဈေးကွက်စီ်းပွါးရေးစနစ်နှင့်အညီပြောင်း
လွယ်ပြင်လွယ်လပ်စွာစီမံခန့်ခွဲနိုင်ရန်လိုအပ်သလိုအရည်အသွေးမြင့်သောစီမံခန့်ခွဲမှုအပြင်ဈေးကွက်စီးပွါးရေး
စနစ်နှင့်အညီဖွဲ့စည်းမှုလည်းလိုအပ်မည်ဖြစ်သည်။သမါယမကဏ္ဍသည်လူမှုစီးပွါးရေးကို အဓိကထားလုပ်ဆောင်သည်ဖြစ်သဖြင့် Social capital လူမှုစီးပွါးရေးလုပ်ငန်းများဖြစ်သည့် ပညာရေးကျန်မာရေးကဏ္ဍမျာအပြင်နေထိုင်ရေးလိုအပ်ချက်ဖြစ်သည့်စုပေါင်းအိမ်ယာစနစ်များ သက်ကြီးနိုင်ငံသားမျာနှင့်အလုပ်သမားများသက်သာချောင်ချီရေးစသည့်လုပ်ငန်းများတွင် စည်းရုံး
ရင်နှီးမြှပ်နှံမှုပြု ခြင်းများပိုမိုလုပ်ဆောင်သွားရန်သင့်လျှော်ပေသည်။
တစ်ဦးချင်းပုဂ္ဂလိကပေါင်းစပ်မှုက သမ၀ါယမ
            စီးပွါးရေးစနစ်တခုအတွင်းအရင်းရှင်လူတစ်စု၊မိသားစုတစ်စု စသည်းပုဂ္ဂလိက ချမ်းသာသူ
များကသာစီးပွါးရေးလုပ်ငန်းကြီးများပိုင်ဆိုင်ခံစားသည့်အရင်းရှင်စီးပွါးရေးစနစ်ပုံစံအတွင်မှာပင် ပြိုင်
ဆိုင်မှုကြီးမာလာကာဈေးကွက်ချဲ့ထွင်လာကြသည့်အခါချမ်းသာသူမိသားစုများဖြင့်သာမကအလယ်
အလတ်လူတန်းစားများ၏ရင်းနှီးမြှပ်နှံမှုကိုပါပါဝင်လာစေရေးအတွက်အများပိုင်ကုမ္ပစီများကိုတည်ထောင်
လုပ်ဆောင်လာသည့်နည်းတူဆင်းရဲနွမ်းပါးသူအလုပ်သမားလယ်သမားများကုန်သည်ငယ်များ၊ ဆန္ဒတူရာများကလည်းသမ၀ါယမအသင်းများကိုတဦးချင်းပုဂ္ဂလိကများပေါင်းစပ်ကာဖွဲ့
စည်းပြီးမိမိအသင်းအကျိုးစီးပွါးကိုအရင်းရှင်ကုမ္ပဏီးများကဲသို့အပြိုင်လုပ်ဆောင်ရန်ဘ၀တူလူတန်း
စားအကျိုးကိုဖြည့်ဆည်းကြခြင်းဖြစ်သည်။အလုပ်သမားလယ်သမားများနှင့်သာမာန်စားသုံးသူများသည်
လည်းသက်ဆိုင်ရာလူတန်းစားအကျိုးစီးပွါးအတွက်သမ၀ါယမအသင်းများဖွဲ့စည်းကာခေတ်အ
လိုက်ပေါ်ပေါက်နေသောစီးပွါးရေးစနစ်နဲ့အညီဈေးကွက်အတွင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ကုမ္ပဏီများထက်စာလျှင်သမ၀ါယမများသည်အခြေခံလူတန်းစားအထိပါဝင်နိုင်သဖြင့် လူထု(သို့)
စားသုံးသူနှင့်အနီးစပ်ဆုံးဖြစ်ကာကိုယ်တိုင်လည်းတဖက်ကပိုင်ရှင်ဖြစ်နေသည့်အတွက်အကျိုးအ
မြတ်များကိုယ်တိုင်ရရှိစေသောစီးပွါးရေးအဖွဲ့အစည်းဖြစ်သည်ဟုနားလည်းသဘောပေါက်စေပါက
 ဈေးကွှက်စီးပွါးရေးစနစ်အတွင်း မည်သည်ပြိုင်ဆိုင်မှုကိုမှစိုးရိမ်ဖွယ်ရာမရှိပေ။
သဘောတရားနှင့်လက်တွေ့
                အထက်ပါအမြင်များမှာသဘောတရားဆန်သည်ဟုဆိုမည်ဆိုကဆိုနိုင်ပါါသည်။လက် တွေ့အခြေအနေတွင်
သမ၀ါယမကဏ္ဍ၏အရေးပါမှုမှာမေးခွန်ထုတ်ခံနေရသောအနေအထားမှာပင်ရှိနေပါသေးသည်။အတိတ်ကာလ
စီးပွါးရေးစနစ်များနှင့်အညီမှုလသမ၀ါယမစည်းမျဉ်းစည်းကမ်း
များမှသွေဖယ်ဆောင်၇ွက်မှုများကြာင့်ကျဆုံးသွားသည့် စီးပွါးရေးစနစ်ဟောင်နဲ့အတူ ဆုတ်ယုတ်မှု များနှင့်ကြုံတွေကြရကာ ယနေ့တိုင် ဒဏ်ရာမပျောက်ကင်းသေးပဲမှုလသမ၀ါယမတရားကိုယ်
သဘောအတိုင်းကျင့်ကြံဆောင်ရွက်နိုင်ရေးအတွက်အခြေခံမှုဝါဒမျာကိုတည်ဆောက်နေရဆဲဟုနားလည်မိပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးကဲသို့သောလုပ်ငန်းများ
တွင်အောင်မြင်မှုအရှိန်ရရှိလာမှုအပေါ်တွင်အခြေတည်ကာသမ၀ါယမသဘောတရားအားပြည်သူအတွင်းပြန့်နှံစေပြီး
ကုန်သွယ်မှုဝန်ဆောင်မှုထုတ်လုပ်မှုများကိုပါဈေးကွက်လိုအပ်ချက်နှင့်အညီတ နည်းအားဖြင့်စာသုံးသူလိုအပ်ချက်ဟုခေါ်သောအသင်းသားများလိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်
သည့်ခေတ်သစ်သမ၀ါယမကဏ္ဍတရပ်အားတက်လှမ်းဆောင်ရွက်ခြင်းဖြင့်ဖွံဖြိုးရေးလမ်းကြောင်းပေါ်တက်လှမ်းနိုင်မည်
ဟုယုံကြည်ပါသည်။ဆိုရှယ်လစ်စီးပွါးရေးစနစ်အတွင်းတိုင်ပြည်စိးပွါးရေး၏ဒုတိယမဏ္ဍိုင်အဖြစ်ဆောင်ရွက်ခဲ့ချိန်အတွင်းမှာပင်အားနည်းချက်များရှိခဲ့မှုများအားသင်္ခန်စာအဖြစ်ရယူကာနိုင်ငံစီးပွါးရေးအတွင်းဒုတိယအရေးပါဆုံးလုပ်ငန်းများအဖြစ်ပြုပြင်ပြောင်လဲကာဆောင်ရွက်နိုင်ရန်ကြိုးစားကြလျှက်ရှိပါသည်။
အလျှင်အမြန်တုန့်ပြန်မှုယန္တယားလိုအပ်
             ဈေးကွက်စီးပွါးရေးတွင်အရေးပါသောအချက်မှာဈေးကွက်သတင်း market
Informationပင်ဖြစ်ရာInformation အပေါ်အလျှင်အမြန်တုံ့ပြန်နိုင်မှုယန္တယားသည် ဈေးကွက်ဝေ
စုကိုဆုံးဖြတ်ပေမည်။နောက်အရေးပါသောအချက်တစ်ခုမှာန်ဆောင်မှုserviceသည်။စားသုံးသူ(သို့) ဖေါက်သည်(သို့) အသင်းသားသည် အရှင်သခင် ဘုရင်ဖြစ်သည်ဆိုသော အချက်ကို ရင်းထဲအတွေးထဲတွင်ပါစွဲမြဲထားရေးဖြစ်သည်။စာသုံးသူလိုအပ်ချက်ဖြည့်ဆည်းရန်အတွက်တုန့်
ဆိုင်းနေစေသောအချက်မျာကိုကျော်လွှားဆောင်၇ွက်ကာလျှင်မြန်သောဝန်ဆောင်မှုကိုတည်ထွင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။ဗျူရိုကရေစီလုပ်နည်းလုပ်ဟန်များလျှော့ကာတာဝန်ယူမှုတာဝန်ခံမှုစနစ်ကိုအပြည့်အဝ
အသုံးချရန်လိုအပ်ပေသည်။အောက်ခြေအရောင်းဝန်ထမ်းအထိလွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်အထိလျှော့
ချဆောင်ရွက်ကြရန်လိုအပ်သည်။သမ၀ါယမများအနေဖြင့်ခေတ်သစ်စီးပွါးရေးစနစ်အတွင်းပြည်တွင်းပုဂ္ဂလိကများအပြင်နိုင်
ငံတကာရင်းနီုးမြှပ်နှံသည့်အဖွဲအစည်း
များနှင့်တဖြည်ဖြည်ယှဉ်ပြိုင်မှုများပြားလာတော့မည်ဖြစ်သည်။ယခုလောလောဆယ်လယ်ယာကဏ္ဍအတွင်းစိုက်းပျိုးရေးချေးငွေနှင့်
လယ်ယာသုံးစက်ကရိယာများရောင်းချပေးသည့်အတွက်တောင်သူလယ်သမားများ အဆင်ပြေ ချောမွေ့နေသည့်အပြင် လယ်ယာကုန်ထုတ်သမ၀ါယမကြီးအတွင်း hole sale marketများအထိထူထောင်ရန်ကျိုးပန်းမှုများသည်သမ၀ါယမဖွံဖြိုးရေးအတွက်အရေး
ပါသလိုလယ်ယာကုန်ထုတ်သမ၀ါမအသင်းသူအသင်းသားများ၏လယ်ယာမြေအမျိုးအစားနှင့်စိုက်ပျိုးသင့်သည့်သီနုံ
အမျိုးအစားပိုးသတ်ဆေးသုံးစွဲမှုများအတွက်စမ်းသတ်ဓါတ်ခွဲပေးနိုင်ရန်သုတေသနစင်တာများ(Agro-research center)များထူထောင်ကာဆောင်ရွက်ပေးနိုင်ပါကသမ၀ါယမလယ်
ယာကဏ္ဍသည်ပိုမိုတိုးတက်လာမည်ဖြစ်သည်။
                ဈေးကွက်စီးပွါးရေးစနစ်ကို နိုင်ငံတော်၏စီးပွါးရေးစနစ်အဖြစ်ကျင့်သုံးမည်ဟုချမျတ်
ထားသည့် အတွက် ဈေးကွက်စီးပွါးရေးစနစ်သည်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာနေသည်
ဖြစ်ရာပြည်သူလူထုအားသမ၀ါယမအသိပညာများတိုးပွါးလာရေးအတွက်စည်းရုံးပညာပေးကာဖွဲ့
စည်းပေလျှက်ပြည်သူလိုအပ်ချက်များဖြစ်သော socio-economic အဖြစ်ပုဂ္ဂလိက စီးပွါးရေး
လုပ်ငန်းများ မလုပ်လိုသော လုပ်ရန် ဆန္ဒနည်းပါးသည့ှ် social capital ကိုရင်နှီးမျြပ်နှံမှုမှတဆင့် စီးပွါးရေးဈေးကွက်အတွင်းပြည်သူအများကိုယ်တိုင်ပါဝင်သည့်သမ၀ါယမစီးပွါးရေးတစ်ရပ်စီးပွါးရေး
လုပ်ငန်းနယ်ပယ်အတွင်းထွန်းလင်းထောက်ပလာရေးအတွက်အလေးထားရေးသားလိုက်ရပါသည်
အကောင်းဆုံးဘ၀ကို တည်ဆောက်ကြပါစို့
၂၀၀၀နှစ်တွင်ကုလသမဂ္ဂအဖွဲကြီးကထောင်စုနှစ်ရည်မှန်ချက်အဖြစ် အမျိုးသား
အဆင့်ရည်မှန်ချက်(ဂ)ချက်ကိုချမှတ်က၂၀၁၅ခုနှစ်တွင်အောင်မြင်စွာအကောင်အထည်ဖေါ်နိုင်
ကြဖို့ နိုင်ငံပေါင်း၁၈၉နိုင်ငံ INGO အဖွဲ့အစည်းပေါင်း၂၃ ဖွဲ့တို့ ကသဘောတူ ချမှတ်ခဲ့ကြပါသည်။ 
ရည် မှန်းချက်များမှာ
  (၁) အလွန်အမင်းဆင်းရဲနွမ်းပါးမှု နှင့် ငတ်မှုခေါင်းပါးမှုကိုတိုက်ဖျက်ရေး
  (၂) တကမ္ဘာလုံး မှုလတန်းပညာကို တတ်မြောက်စေရေး
  (၃) ကျား/မ တန်တူညီမျှ အခွင့်အရေးတိုးတက်ရရှိရေး
  (၄) ကလေးသူငယ်သေဆုံးမှုလျှော့ချရေး
  (၅) သားဖွားမိခင်ကျန်မာရေးစောင့်ရှောက်မှုတိုးတက်လာရေး
  (၆) HIV/AIDS / ငှက်ဖျားရောဂါ နှင့်အခြားရောဂါများတိုက်ဖျက်ရေး
  (ရ)ပတ်ဝန်ကျင်ထိမ်သိမ်းစောင့်ရှောက်မှုရေရှည်တည်တန့်ခိုင်မြဲရေး
  (၈) ဖွံဖြိုးတိုးတက်မှုအတွက်တကမ္ဘာလုံးလက်တွဲပူးပေါင်းဆောင်ရွက်မှုဖွံဖြိုးရေး တို့ကိုချမှတ်ခဲ့ ပါသည်။
နိုင်ငံကာတကာသမ၀ါယမနှစ်
                ထောင်စုနှစ်ရည်မှန်ချက်များကိုအောင်မြင်စွာဆောင်ရွက်ရာတွင် ကုလသမဂ္ဂ အနဖြင့် ၂၀၁၂ခုနှစ်အား နိုင်ငံတကာ သမ ၀ါယမနှစ်အဖြစ် သတ်မှတ်ကာ တကမ္ဘာလုံး သမ၀ါမယမ လှုပ်ရှားမှုအနေဖြင့်ကမ္ဘာ့စီးပွါးရေးဖွံဖြိုးတိုးတက်စေရန် နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင် ရေးအတွက် သမ၀ါယမလုပ်ငန်းများစဉ် ဆက်မပြတ်တိုးရေးစေရန်ရည်မှန်းချက်(၃)ရပ်အားချမှတ်ထားပါသည်။
(၁)လူမှုစီးပွါးရေးဖွံဖြိုးတိုးတက်စေရန် Socio-economic Developmentနှင့် ထောင်စုနှစ်ရည်မှန်း
     ချက်များ Millennium Development Goals အောင်မြင်စေရန်အတွက် ပြည်သူများအား သမ  
 (၂) သမ၀ါယမ များကြီးထွားလာရေးနှင့်ဖွဲ့စည်းမှုများ တိုးမြင့်လုပ်ဆောင်ရန်။
 (၃)သမ၀ါယမများဖွဲ့စည်းမှု၊တည်ဆောက်မှုနှင့်ရေရှည်တည်တန့်ခိုင်မြဲစေရန်အတွက် မှုဝါဒများ၊
      ဥပဒေများ၊စည်းမျဉ်း စဉ်းကမ်များ ချမှတ်နိုင်ရေးအတွက် အစိုးရများကိုတိုက်တွန်းနိုးဆော်ရန်။
                  နိုင်ငံတကာတကာသမ၀ါယမအသင်းကြီး(International  Co-preative Alliance –ICA)ကလည်းသမ၀ါယမနည်းလမ်းများဖြင့်လူမှုစီးပွါး ရေးဖွံဖြိုးတက်စေရန်အတွက် ၂၀၁၁ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်းသမ၀ါယမလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သမ၀ါယမစု လုပ်ငန်းစဉ်းလမ်းညွှန်များ( The Blueprint for Co-operative Decade -2020 vision) ရည်မှန်ဆောင်ရွက်နေပါသည်။
လက်ရှိစိန်ခေါ်ချက်များ
                    ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်အထိပင် များစွာသော နိုင်ငံများအစိုးရများသည်စီးပွါးရေး အကြပ်အတည်များအကြားဖွံဖြိုးမှုနိမ့်ကျလျှက်ထွက်ပေါက်ပိတ်သည့်အနေအထားတွင်မှာပင်လွတ် မြောက်မှု
မရှိသေးပဲ ရှိနေရာ ထောင်စုနှစ်ရည်မှန်း ချက်မှာလည်းပြည့်မှိရန် ပိတ်ဆို့နေလျှက်ရှိပေ သည် ။ လူမှုရေးနှင့် ပြည်သူ့အသုံးစရိတ်ဖြတ်တောက်မှုများ ပြည်သူများနိုင်ငံကျော် ထွက်ခွာ ရွှေ့ ပြောင်းနေထိုင်မှုများ ၊အနောက်မှအရှေ့သို့ စီးပွါးရေးအင်အားများပြောင်ရွေလာခြင်းနှင့်အတူ နိုင်ငံရေး ရာများပြောင်းလည်းလာမှု စသည့် လူမှုရေးမငြိမ်းမသက်ဖြစ်မှုများး၊ စီးပွါးရေးရပ်တန့်နေ မှု နှင့် လုံခြုံမှုမရှိသောအခြေအနေများအတွက် အမြန်ဆုံးပြောင်လည်းမှု Reform ကို နိုင်ငံရေး အင်အားစုများအနေဖြင့်လုပ်ဆောင်ရန်တိုက်တွန်းလျှက်ရှိပါသည်။ဤ မသေခြာမရေရာသောအခြေ အနေများအတွင်းမှာပင် သမ၀ါယမလုပ်ငန်းများသည် ကမ္ဘာပြည်သူများအတွက် စီးပွါးရေးနှင့် လူမှု ရေးလိုအပ်ချက်များကိုရှင်းလင်းလွယ်ကူစွာဖြင့်ဆောင်ရွက်ပေးနိုင်ပါသည်။ကမ္ဘာအနှံကျယ်ပြန့်စွာပါဝင်သူ
အားလုံးအတွက်လူသားများ၏လိုအပ်ချက်မှန်သမျှကိုအချိန်နေရာမ ရွေးဖြည့်ဆည်းပေးသည့် သမ၀ါယမလုပ်ငန်းစီးပွါးရေးပုံစံသည်ဒီမိုကရက်တစ်နည်းလမ်းအပေါ်အခြေခံထားသဖြင့်မြောက် များစွာသောစီးပွါးရေးပုံစံများစွာထက်ပြိုင်းဖက်ကင်းလောက်အောင်အကျိုးရလာဘ်အကျိုးဖြစ်ထွန်းစေသော စီးပွါးရေးလုပ်ငန်းများအဖြစ်ရပ်တည်နေလျှက်ရှိပါသည်။လုပ်ငန်းပမာဏသေးသည်ဖြစ် စေ ကြီးသည်ဖြစ်စေ ကမ္ဘာအနှံ့ကျယ်ပြန်စွာပါဝင်လုပ်ကိုင်နေကြပြီးကမ္ဘာအနှံတွင် အလုပ်အကိုင် ပေါင် သန်းနှင့်ချီကာဖြည့်ဆည်းနေသည်လည်ဖြစ်သည်။ သမ၀ါယမများသည်တစ်ဦးခြင်းပါဝင်မှု မိမိကိုယ်ကိုကိုယ်ယ်ယုံကြည်မှုတုံပြန်ရှင်သန်းအောင်ဆောင်ရွက်နိင်မှုများအားစုပေါင်းကာ လူမှုရေး ရင်းနှီးမြှပ်နှံမှုကိုဖန်တီခြင်း(create social capital) အပြင် စီပွါးရေးအရ လုံခြုံမှု အာမခံနိုင်များကို ပေးအပ်နိုင် ပြီးရေရှည်တည်တန့်ခိုင်မြဲရေးကို အောင်မြင်စွားဆောင်ရွက်သော အဖွဲ့အစည်း (institution)များ ဖြစ်သည်။သမိုင်းအစဉ်အလာအရကမ္ဘာလူအဖွဲ့အစည်းအတွင်းလူမှုပါတ်ဝန်ကျင်း နှင့်စီးပွါးရေး
နိုင်ရေးရာပြောင်းလဲစိန်ခေါ်မှုများနှင် နိုင်ငံအများကြုံတွေ့နေရသည့်ကာလများအတွင်း သမ၀ါယမလှုပ်ရှားမှုများဖြင့် အခွင့်အလန်းအဖြစ်ပြောင်းလဲကာ ကျော်ဖြစ်လေ့ရှိပါသည်။ သို့သော်လည်းကြုံတောင့်ကြုခဲရရှိထားသော၂၀၁၂ခုနှစ်သဘောတူညီချက်များသည်နောက်နှစ်အ နည်းအငယ်အတွင် ပျောက်ဆုံး ရတော့မည့် အနေအထားများက လည်းစိန်ခေါ်လျှက်ရှိပါသည်။ ၂၀၂၀ ခုနှစ်ရောက်ရှိလာပါက ကမ္ဘာကြီးပူနွေးလာမှုသည် နေ့စဉ်လူနေမှုဘ၀အပေါ်အကျိုးသက် ရောက်မှုရှိလာပြီးလူငယ်မျိုးဆက်သစ်များ
အတွက်အပိတ်အဆို့အတားအဆီးများဖြစ်လာနိုင်ပြီးဆင်းရဲမှုသည်လည်းမြင့်တက်လာနိုင်ချေရှိနေသည်ဖြစ်ရာ ၂၀၁၂ ခုနှစ်တွင် ချမှတ်ထားသည် လူအများ ဘ၀လုံခြုံရေး၊ဘ၀ရှင်သန်းပျော်ရွှင်နိုင်ရေးတနည်းဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်ကိုပြန်လည်ပြီးသုံးသပ်ကာ
 အောင်မြင်အောင်စွမ်းဆောင်ကြဖို့လိုအပ်လျှက်ရှိပါသည်။
                လက်ရှိအနေအထားတွင် ကမ္ဘာ့သမ၀ါယမကဏ္ဍသည် တကမ္ဘာလုံးအသင်းသားပေါင်း ၁ ဘီလျှံကျော်၊အိန္ဒီယနိုင်ငံကျေးလက်အိမ်ထောင်စု ၆၇% အာဖရီကဒေသ အိမ်ထောင်စု ၄၀% အတွက် သမ၀ါယမကဏ္ဍမှ ဖြည့်ဆည်းပေးလျှက်ရှိပြီး အကြီးဆုံးသမ၀ါယမလုပ်ငန်းကြီးပေါင်း ၃၀၀ ကျော်အနေဖြင့် နှစ်စဉ် အမေရီကန်ဒေါ်လာ ၂ ထရီလီယံ ဖြင့် စီးပွါးရေးကဏ္ဍတွင်ပါဝင် ဆောင်ရွက်နေပါသည်။
၂၀၂၀ အထိရည်မှန်ဆောင်ရွက်
                       ၂၀၁၂ ခုနှစ် မန်ချက်စတာတွင်ကျင်းပသော ( ICA )၏ အထွေထွေညီလာခံမှ ၂၀၂၀ရည်မှန်ချက် ( 2020 vision) ကို ရှင်းလင်းဆွေးနွေးကာ အတည်ပြုခဲ့ကြပြီး အရေးပါသော လုပ်ငန်းစဉ်(၅)ရပ်ကိုICA–Planning Work  Group မှလမ်းညွှန်မှုပြုခဲ့ပါသည်။
-      အသင်းသားများနှင့်အမှုဆောင်များအတွင်းအဆင့်သစ်တစ်ခုအထိရောက်ရှိစေရေးအတွက်ပူးပေါင်း
ပါဝင်ဆောင်ရွက်ကြစေရန်
-      သမ၀ါယမတည်တန့်ခိုင်မြဲစေရေးအတွက်တည်ဆောက်သူများအဖြစ်နေရာယူလုပ် ဆောင်ကြရန်
-       ခိုင်မာလုံခြုံသောသမ၀ါယမလက္ခဏာများနှင့် သတင်းအချက်အလက်များပြန့်ပွားရေး
 ကိုတည်ဆောက်ကြရန်
-      သမ၀ါယမများကြီးထွားကျယ်မြန့်လာရေးတရားဝင်မှုမှုဘောင်များဖြင့်သေချာစွာ ထောက်ကူပေးရန်
-      အဖွဲ့ဝင်အသင်းသားများ၏ထိမ်ချုပ်အာမခံနိုင်မှုဖြင့်ယုံကြည်စိတ်ချခိုင်လုံသောဘဏ္ဍာ
ရေး လုံခြုံမှုစနစ်တည်ရှိရန် 
            စသည့်ရည်မျန်းန်ချက်များကို ၂၀၁၁ခုနှစ်မှ ၂၀၂၀ အထိ ဆယ်စုနှစ်အတွင် အကောင်အ ထည်ဖေါ်နိုင်ရေးအတွက်ကမ္ဘာဘဏ္ဍာရေးပြိုကျမှုဖြစ်စဉ်အပြီးကတည်းက ရည်မှန်ချက်ထားရှိလုပ် ဆောင်ကြရန်တိုက်တွန်းလျှက်ရှိပါသည်။အဖွဲ့ဝင်များနှင့်အမှုဆောင်များအကြားအဆင့်
သစ်အနေ ဖြင့်တစ်ဦးခြင်းတိုးမြင့်ပါဝင်လုပ်ဆောင်ကြခြင်းဖြင့်ပိုမိုပေါင်းစပ်ခြင်းပိုမိုထုတ်လုပ်ခြင်း အပြင်နှစ်ခု
စလုံးကိုတပြိုင်နက်လုပ်ဆောင်ကာယုံကြည်မှုနက်ရှိုင်းစွာတစ်ဦးခြင်းပါဝင်ပိုင်ခြင်းအတွက်သမ၀ါယမသည်
အကောင်းဆုံးလုပ်ငန်းပင်ဖြစ်သလိုကြီးမားသောစီးပွါးရေးလူမှုရေးနှင့်ပါတ်ဝန်ကျင်ထိမ်းသိမ်းရေလုပ်ငန်းများ
ကိုဖေါ်ဆောင်ဖန်တီးနိုင်ခြင်း၊ပြည်သူအများပါဝင်ဆောင်ရွက်နိုင်ပြီးပြည်သူများ
ကိုယ်တိုင်ဆုံးဖြတ်နိုင်သောမျှတစွာစီးပွါးရေးပါဝင်နိုင်သည့်အကောင်းဆုံးသောစီးပွါးရေးမော်ဒယ်ပုံစံဖြစ် လည်းဖြစ် ပေသည်။
အကောင်းဆုံးပါဝင်နိုင်ဖို့
                သမ၀ါယမလုပ်ငန်းသည် အိမ်ထောင်စုစီးပွါးရေးလုပ်ငန်းနှင့်နိုင်ငံအများဖွံဖြိုးရေးလုပ်
ငန်းအတွက် အကောင်းဆုံးနည်း လမ်းတစ်ခုဖြစ်သော်လည်း ယုံကြည်ချက်မဏ္ဍိုင်း ကိုလျှော့ကျမှု (irreduciable core)မရှိ ဖို့လည်းအရေးကြီးလှပေသည်။ သမ၀ါယမ အနှစ်သာရများနှင့် အဓိပ္ပါယ် များအဓိကလက္ခဏာများကို(Identity) ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက် မှုဝါဒချမှတ်သူများကဖြန့်ချီပေးရန်လိုအပ်မည်ဖြစ်သည်။လူတဦးခြင်းမှအစစုပေါင်းပိုင်ဆိုင်သောလူမှုစီးပွါးရေး
လုပ်ငန်အဖြစ်ပါဝင်ဆောင်ရွက်မှုများ(Particapition) တိုးမြင်စေရန်စည်ရုံးကြရမည်ဖြစ် သည်လက်ရှိတည်ရှိနေသည့်သမ၀ါယမများအနေဖြင့်လူမှုရေး စီးပွါးရေးပါတ်ဝန်ကျင်ထိမ်းသိမ်းရေး လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့်ရေရှည်တည့်တန့်ခိုင်မြဲရေး(Substainablility)ရှိရန်လည်း ဆောင်ရွက်
ကြရပါမည်။သမ၀ါယမလုပ်ငန်းများသည်တရားမျှတသောရှုထောင့်မှနေ၍ခြင့်ချိန်အကဲ
ဖြတ်သောကဏ္ဍကိုတိုးချဲ့ခြင်းအားဖြင့်းဥပဒေအရခိုင်မာမှု( Legal Framework )ဖြစ်ရန်လည်း လိုအပ်ပါသည်။အဖွဲဝင်များကိုယ်တိုင်ထိမ်ကြောင်းအာမခံသောအရင်းနှီးပြန်လည်ရှင်သန်နိုင်သောလုပ်ငန်းစဉ်
ကိုရည်မှန်ချက်ထားကာသမ၀ါယမအရင်းနှီးတိုးတက်ခိုင်မာလာရေး(Capital)အတွက်
ခိုင်မာတောင့်တင်းကြရန်လည်းလိုအပ်ပါသည်။ နိုင်ငံတကာသမ၀ါယမအသင်း( ICA ) သည် သမ၀ါယမကဏ္ဍအနေဖြင့်ဖေါ်ပြပါအချက် ၅ ချက်အား ကဏ္ဍအလိုက် ဒေသအလိုက် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ကြရန် ဆုံးဖြတ်ချက်ချမှတ်ကာ 2020 vision အခြေခံပေါ်တွင်အတူတကွ ပါဝင် ဆောင်ရွက်ကြ ရန် သမ၀ါယမ အသိုင်း အ၀ိုင်း ကို(The co­-operative community) တိုက်တွန်း လျှက်ရှိပါသည်။
မြန်မာ့သမ၀ါယမကဏ္ဍ
                 မြန်မာ့သမ၀ါယမကဏ္ဍ အနေဖြင့်လည်း ICA ဖြင့် နီးနိးကပ်ကပ် ထိတွေဆက်ဆံ လျှက် ထောင်စုနှစ်ရည်မှန်ချက် MDG ကို အောင်မြင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ က ဆင်းရဲ နွမ်းပါး မှုလျှော့ချရေးရည်မှန်ချက်ချမှတ်ကာ အမျိုးသားရေးလှုပ်ရှားမှုအဖြစ်မှုဝါဒချမှတ်လုပ်ဆောင် သည့်အပေါ်တွင် သမ၀ါယမ၀န်ကြီးဌာန လမ်းညွန်မှု ဗဟိုသမ၀ါယမအသင်း၏ဦးဆောင်မှုဖြင့် သမ ၀ါယမအသင်းအဆင့်ဆင့်က အခြေခံလူတန်းစား ဆင်းရဲနွမ်းပါသူများအကြား အရင်းအနှီးမလုံ မှုများကိုဖြည့်ဆည်းပေးသည့်အနေဖြင့်အရင်းအနှီးချေးငွေများကျေးလက်ဒေသပါမကျန်ထုတ်ချေး ခြင်း လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးချေငွေများအပြင် လယ်ယာ သုံးစက်ပစ္စည်းများဖြစ်သည့် ထွန်စက်များ ရိတ်သိမ်းချွေလှေ့စက်များကိုပါ အရစ်ကျရောင်းချဖြည့် ဆည်းပေးခြင်းလက်လုပ်လက်စားနှင့်မြို့ပြ ဆင်ခြေဖုံးဒေသနေ ပြည်သူများအတွက်လည်းလုပ်ငန်း မတည်အရင်းအနှီးအပြင် လုပ်ငန်းသုံး စက်ကရိယာများ TAXI များ ၊မော်တော်ဆိုင်ကယ်များ အနှေးယာဉ်ဆိုက္ကားများ အပ်ချုပ်စက်များကိုပါ အရစ်ကျရောင်းချပေးခြင်းဖြင့် နိုင်ငံကုန်ထုတ်လုပ်မှု ကို တိုးမြှင်စေရန် သွယ်ဝိုက်သောအားဖြင့် ပံပိုးလျှက်ရှိသည့်အပြင်သမ၀ါယမစီးပွါးရေးလုပ်ငန်းများ အပေါ်ပြည်သူများပိုမိုပါဝင်လာစေရေးအတွက် သမ၀ါယမအသင်းအဖွဲများကိုကျေးလက်နှင့်တောင် ပေါ်ဒသများပါမကျန်ရှိစေရန်တိုးမြင့်ဖွဲစည်းခဲကြပေသည်။
သမ၀ါယမ အသိပညာပြန့်ပွါးရေးအတွက် လည်း လေ့ကျင့်ခြင်းပညာပေးခြင်းလုပ်ငန်းများကိုတိုးမြင့်ဆောင်ရွက်လာသည့် အတွက် အရေအ တွက် ရော အရည်အချင်းပါပြည့်ဝသည့် သမ၀ါယမလုပ်ငန်းများ တိုးပွါးလာနေပါသည်။ ဆင်းရဲ နွမ်းပါးမှုလျှော့ချ ရေးရည်မှန်ချက်အပြင် ၂၀၁၅ ခုနှစ် MDG ကို အောင်မြင်စေရန်အတွက် ကြိုးစားဆောင်ရွက်နေရင် ၂၀၂၀ ရည်မှန်းချက်(2020 Vision )ကို ဖြည့်ဆည်းနိုင်ရေး မျှော်မှန်ကာ အခြေခံကောင်းများရရှိစေရန်အတွက်မြန်မာ့သမ၀ါယမအင်အားစုမှလည်းကြိုးပမ်းဆောင်ရွက်နေပါကြောင်းရေး
သားလိုက်ရပါသည်။