Sunday, November 11, 2012

Microfinance ဘာလဲ?


Microfinance  ဘာလဲ?

လူမှုအရင်း (Social capital)
                    အသးစားငွေရေးကြေးရေးလုပ်ငန်းများ၏အဓိကရည်မှန်းချက်မှာဆင်းရနွမ်းပါးမှုလျှော့ချရေး
တနည်းဆိုသော်ကောင်းကျိုးချမ်းသာနှင့်ဖူလုံမှုရှိသောလူမှုအဖွဲ့အစည်းများတည်ဆောက်ရေး(Building up a welfare Society)ပင်ဖြစ်သည်။ဤအထိကျယ်ပြန့်စွာခံယူလုပ် ဆောင်နိုင်မှသာလျှင်ပြည်သူများယုံကြည်
ပူးပေါင်းသောအဖွဲ့အစည်းများအဖြစ်ပြည်သူနှင့်အပြန်အလှန်အကျိုးပြုမှုများရရှိကာရေရှည်အောင်မြင်စွာရပ်
တည်နိုင်ပေမည်။စီးပွါးရေးအထောက်အကူပြုယုံ ငွေကြေးချေးငွေငှားပေးယုံဖြင့် ဆင်းရဲနွမ်းပါးသူများအခြေ
အနေတိုးတက်မှုသည်အနည်းငယ်သာထိရောက်မှုရှိမည်ဖြစ်ပြီး အမျိုးမျိုးသောလူမှုရေးဆောင်ရွက်ချက်များ
နှင့်အတွေးအမြင်တိုးတက်လာရေး အအတွက်ပညာရေးအစီအစဉ်များကို လုပ်ငန်းခွင်အတွင်းထိတွေ့ဆက်
ဆံရင်း တစ်ပါတည် တွေ့ဆုံဆွေးနွေး လမ်းပြဖေါ်ဆောင်ခြင်းဖြင့်   (social responsibility)ရည်မှန်ချက်ကို
လည်းဆောင်ရွက်ကြရမည်ဖြစ်ပေသည်။
                    လက်တွေ့အားဖြင့် ချေးငွေရယူသူများသည်အခြေခံအသိ(ပညာရေး) အားနည်းမှုများရှိနေ
သည့်အတွက် ချေးငွေအားအသုံးပြု၍၀င်ငွေတိုးပွါးရန်လုပ်ဆောင်မှု(commercial micro finance)အားနည်
လျှက်ရှိခြင်းကိုအစုအဖွဲ့တွေ့ဆုံဆွေးနွေးခြင်း (Group disscusion)အားမြေပြင်တွင်လက်တွေ့မပြတ်ဆောင်
ရွက် နေခြင်းဖြင့်ချေးငွေသုံးစွဲမှုမှန်ကန်အကျိုးရှိလာစေပါသည်။တဖန်အစုအဖွဲ့များအတွင်းအပြန်အလှန်ကူ
ညီမှု(Mutual Aid)စိတ်ဓါတ်အားကောင်းလာစေရေးအတွက်အပြန်အလှန်အထောက်အကူပြုမှု
(Reciprocity) အားကောင်းသောလူမှုအသိုက်အ၀န်းကိုခိုင်မာစွာတည်ဆောက်နိုင်လာပေမည်။ ဆင်းရဲနွမ်း
ပါသူများသည် အားငယ်စိတ်အခြေခံ နှင့် အပြစ်ပယ်ခံအမြင်စိတ်ခံစားမှုရှိကြသူများဖြစ်ရာ မည်သည့်အခက်
အခဲမဆို အချိန်မရွှေးလာရောက် အကူအညီရယူနိုင်ကြောင်း အားပေးလမ်းဖွင့်ကူညီဖြေရှင်းပေးခြင်းသည် 
အဖွဲ့အစည်းနှင့် အဖွဲ့ဝင်းများအကြားစည်းကမ်းချက်များရွတ်ဆိုထိမ်းသိမ်းခြင်းထက် အပြန်အလှန်ယုံကြည်
အားကိုးစိတ်ကိုမြှင့်တင်ခြင်းဖြင့်ပိုမိုခိုင်မာတည်မြဲ လာကြောင်းတွေ့ကြရသည်။ဤနေရာတွင်ဗျုရိုကရေစီ ပုံစံ
များသည်ကြီးမားသောအဟန့်အတားဖြစ်နေသည်ကိုတွေ့မြင်ကြရသည်။MFI များသည်အသေးစားချေးငွေ
ထုတ်ချေးပေးမှုသည်စီးပွါးရေးအရရပ်တည်နိုင်ခြေမရှိသူ ဆင်းရဲနွမ်းပါးသူများအား ငွေကြေးဖြင့်တည်ငြိမ်
ရှင်သန်သောဘ၀ အစရရှိစေရန်ဆောင်ရွက်ပေခြင်းမှ တဆင့် လူမှုရေးအရရိုင်းပင်းပေါင်းစပ်နိုင်သည့်လူမှု
အဖွဲ့အစည်းဖြစ်ပေါ်လာရန်အတွက် လူမှုရေးအရင်းတည်ဆောက်ခြင်း (Building Social capital)ကိုမ
လွဲမသွေးဆောင်ရွက်ရန်ရည်မှန်ဆောင်ရွက်ရပေသည်။

ထွန်းကားမှုအားနည်း
                   MFI လုပ်ငန်းများအားလုပ်ဆောင်ကြရာ၌ financial အမြင် economic အမြင်များဖြင့်သာအ
လေးထားလုပ်ဆောင်မှုများအားတွေ့ရပြီး လူမှုအရင်း(Social capital) အမြင်ဖြစ်သော လူမှုရေးခိုင်မာမှုမှတ
ဆင့်လူမှုစီးပွါးရေးတိုးမြင့် လာကာဆင်းရဲနွမ်းပါးမှုလျှော့ကျစေမည်ဟုသောအမြင်များထွန်းကားမှုအားနည်း
လျှက်ရှိပေသည်။ဖြတ်သန်းလာရသောကာလတလျှောက်တွင်မြန်မာ့လူအဖွဲ့အစည်းအတွင်းအလှူပေးခြင်း
ထောက်ပံခြင်းများကိုသာအားသန်းလျှက်ရှိပြီး MFI အဖွဲ့အစည်းများအတွင်းရင်နှီးမြုပ်နှံခြင်း(Iုnvestment)
ပြုလုပ်သော Social capital အလေ့အထမှာအလွန်နည်းပါးကြောင်းတွေ့ရရပြီး ယုံကြည်သက်ဝင်မှုအား
နည်းနေဆဲပင်ဖြစ်ကြောင်းတွေ့ရပေသည်။INGO များမှလွဲ၍ ပြည်တွင်းMFI များတည်ထောင်ရာ၌အခက်ခဲ
ဆုံးအပိုင်းမှာ စတင်အရင်း Seed Money ပင်ဖြစ်ရာ ကိုယ်အားကိုယ်ကိုးသမ၀ါယမနည်းလမ်းဖြင့်အစုထည့်
ဝင်ငွေထည့်ဝင်ကြ ရန်စည်းရုံးလုပ်ဆောင်ရာတွင် စိတ်ဝင်စားမှုလက္ခဏာပြသမှုနည်းလျှက်ရှိပြီး နောက်ခံ
အဖွဲ့ အစည်းတရပ်၏  Seed Money ထောက်ပံမှုဖြင့်လုပ်ဆောင်မှသာ အောင်မြင်သည့်အချက်သည် မိမိ
တို့လူအဖွဲ့အစည်းအတွင်း Good corporate citizens များအားမကောင်းသေးသောလက္ခဏာပင်ဖြစ်ပေ
သည်။အလားတူပင် ဘဏ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ပြည်တွင်းMFI များအပေါ်ရင်းနှီးမြှပ်နှံမှု
မှာ နည်းပါးလှသည်ဟုထင်မြင်မိသည်။Credit Unions များသည် microfinance ကိုလုပ် ဆောင်သော်
လည်း လူလုပ်ပြန်ချုပ်စနစ်(စုဆောင်ငွေနှင့် အခြားရန်ပုံငွေထိမ်းသိမ်းခြင်း)လိုသည်ထက်ပိုမိုအဓိကထား
လွန်းသဖြင့်ဆင်းရဲနွမ်းပါးသူ(ငွေချေးငှားသူအဖွဲ့ဝင်များ)အပေါ်အကျုါးသက်ရောက်မှု ကိုဆန်းစစ်သင့်ပေ
သည်။လူတစ်ဦး(အဖွဲ့ဝင်)ခြင်းစီအကြားလူမှုရေးယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက်ပညာပေးအစီအစဉ်
များပညာရေးအစီအစဉ်များကိုMFIအနေဖြင့်ပြည်သူအကြားဆောင်ရွက်ပေးခြင်းဖြင့်ပြည်သူများ(အဖွဲ့ဝင်များ)၏ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေကာ  တည်ငြိမ်ဖွံဖြိုးတိုးတက်စေခြင်းသည်ရေရှည်တည်တန့်
ရေးနည်းလမ်းကောင်း ဖြစ်ပေမည်။
တဖြည်ဖြည်ခြင်းလုပ်ဆောင်
                MFI တည်ထောင်ရာ၌နယ်မြေတစ်ခုအတွင်းလူများ၏ဓလေ့စရိုက်ကိုလက်တွေ့လေ့လာ၍
လူဦးရေအနည်ငယ်ဖြင့်စတင်စမ်းသတ်လုပ်ဆောင်ပြီး အကဲဖြတ်ကာ တဖြည်းဖြည်းခြင်း စုစည်းဆောင်
ရွက်သင့်ပေသည် ပထမ စုစည်းလုပ်ဆောင်သော လူများအိမ်ထောင်စုများတိုးတက်တည်ငြိမ်လာမှ သာ
ဆက်လက်တိုးချဲ့လုပ်ဆောင်ခြင်းသည် လူအများအားကျယုံကြည်လာစေသည့်အပြင် အဖွဲအစည်း၏တည်
ငြိမ်မှုကိုလည်းအထောက်အကူဖြစ်ပေသည်။ပေါ်ပင် ပေါ်လစီ သဘောအရ အရေးအတွက်ဦးစားပေးလိုက်ပါ
က မလိုလာအပ်သောအချောင်ချေးငွေရယူလိုသူများပါဝင်လာကာ ရည်မှန်းချက်ဦးတည်ချက်များအလေး
ထားမှုအားနည်းကာ MFI ၏တည်ငြိမ်မှုကိုပါအန္တရယ်ဖြစ်လာမည်ဖြစ်သည်။နယ်မြေတစ်ခုအတွင်း MFI
အဖွဲ့ပေါင်းများပြားပါကလည်း Muliti borrowing ချေးငွေအမျိုးမျိုးနေရာအနှံချေးယူခြင်းများဖြစ်ပေါ်လာ၍ ဆင်းရဲနွမ်းပါးသူဘ၀မှ ကြွေးဝန်ပိသောဒုက္ခသို့ကြရောက်သွားကြရမည်ဖြစ်ကာပိုမိုဆင်းရဲသွားကြမည်ဖြစ်
သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ပြည်နယ်အဖြစ်များသည် MFI များအတွက်နာမည်ဆိုး
တစ်ခုပင်ဖြစ်ပေသည်။ယုံကြည်မှုပျက်ပြားနေသောလူမှုအသိုင်းအ၀ိုင်းအတွင်းခြေနိုင်လက်နိုင်ရင်းနှီးသူခြင်း
ဆန္ဒတူသူခြင်းများအားစုပေါင်းဆောင်ရွက်ခြင်းမှတဆင့်အောင်မြင်မှုများမြင်တွေ့လာမှသာတဖြည်းဖြည်းခြင်း
တိုးတက်လာသည်မှာလက်တွေ့ပင်ဖြစ်သည်။ဤသို့မဟုတ်ဘဲတာဝန်အရ၄င်း အထက်အဖွဲ့အစည်းများမှဖိ
အားပေး၍၄င်းယုံကြည်သက်ဝင်မှုမရှိသူများ၏ အသက်မပါအလုပ်သဘောလုပ်ဆောင်မှုများသည် MFI များ
ဖွံဖြိုးမှုကိုနှောင့်နေးစေသောအကြောင်းတစ်ရားတစ်ခုပင်ဖြစ်ပေသည်။ပြည်သူများ၏နွေးထွေးယုံကြည်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုကိုမရသည့်အပြင်အဆိုးမြင် အကျိုးသက်ရောက်မှုများပါတွေ့ကြုံရပေသည်။အမှန်တစ်
ကယ်အားဖြင့် MF ဆိုသည်မှာအရပ်ထဲရွာထဲ အိမ်ရှင်မအမျိုးသ္မီးများ နေ့ပြန်တိုး၊ငွေတိုးအခြင်းခြင်းချေးငှား
ကြသည့်ဈေးကွက်အား ငွေချေးသူဆင်းရဲနွမ်းပါးသူအိမ်ထောင်စုများငွေတိုးဈေးကြီးကြီးမပေးရစေရန်စနစ်
တစ်ကျလုပ်ကိုင်ဖြည့်ဆည်းပေးခြင်းဖြစ်သည်။တင်းကျပ်သောဌာနာဆိုင်ရာဗျူရိုကရေစီလုပ်ထုံးများ များပြား
ပါက(သို့)အမှန်တကယ်ငွေလိုအပ်နေသူများချည်းကပ်ရန်မလွယ်ကူသောမလိုအပ်သည့်လုပ်ထုံးလုပ်နည်း
စနစ်များရှိနေပါကလည်းMFI လုပ်ငန်းများသည်မျှော်မှန်သလောက်အောင်မြင်ရန်ခက်ခဲနေမည်ဖြစ်သည်။
လွယ်ကူရိုးရှင်း၍အိမ်ရှင်မအရပ်သူများပေါ့ပါးစွာဆောင်ရွက်နိုင်သည့်ပုဂ္ဂလိကသဘောသက်ရောက်သည့်
လုပ်ငန်းစနစ်အခင်းအကြင်းများဖြင့်တဖြည်းဖြည်းခြင်စည်းရုံးလုပ်ဆောင်ခြင်းသာလျှင်အောင်မြင်မှုပိုမိုရရှိ
စေမည်ဖြစ်သည်။
ချေးငွေသုံးဆလူနေမှုသုံးဆ
                      MFI လုပ်ငန်းများအားလေ့လာအကဲဖြတ်ကြရာတစ်ဥိးခြင်းချေးငွေထုတ်ချေးပေးနိုင်မှုနှင့်
လူဦးရေ မည်မျှ များများထုတ်ချေးပေးနိုင်သည်၊စုဆောင်ငွေများစွာစုဆောင်နိုင်သည်ဟုသောအရေအတွက်
အလေးထားအကဲဖြတ်မှုမျာကိုတွေ့ရပေသည်။ယင်းအချက်များသည်အဖွဲ့အစည်းတစ်ခု၏အကျိုးအတွက်မှန်ကန်နိုင်သော်လည်းအဖွဲ့ဝင်(ချေးငွေရယူသူ) အိမ်ထောင်စုများအပေါ် အကျိုးသက်ရောက်ချက်အားအလေး
ထားရန်လိုအပ်နေပေသည်။အရင်းမဲ့ ဆင်းရဲနွမ်းပါးသူများသည် ပထမ ချေးငွေရယူသည်မှစ၍တဖြည်းဖြည်း
ခြင်းချေငွေတိုးမြှင့်ရယူလာကြရာ ချေးငွေတိုးမြှင့်လာသလို ပြန်ဆပ်ငွေ၊အတိုး၊စုဆောင်ငွေများပါတိုးမြင့်ပြန်
လည်ထည်သွင်းကြရပေသည်။သို့ဖြစ်၍အိမ်ထောင်စုများ၏၀င်ငွေသည်လည်းတိုးမြင့်လာသည်ဟုမှတ်ယူရ
မည်ဖြစ်ပေသည်။လက်တွေ့တွင် အဖွဲ့ဝင်ဖြစ်ပြီးမှစ၍၁၂လ(တစ်နှစ်ကာလ)အတွင်းတွင်ချေးငွေ ၃ဆ အထိ
တိုးမြှင့်ချေးယူနေကြပြီဖြစ်သည်။ပထမ၁၂လအားအဖွဲ့ဝင်အိမ်ထောင်စုများစီးပွါးရေးတည်ငြိမ်ရေးကာလဟုသတ် မှတ်ယူဆနိုင်သော်လည်း၂နှစ်ခန့်ရောက်ရှိလာသောအဖွဲ့ဝင်၏ချေးငွေထုတ်ယူမှုသည် ၅ဆမှ ၆ဆအ
ထိတိုးမြှင့်လာလျှက် လူနေမှုအခြေအနေနှင့် တစ်နေ့ တစ်လ၀င်ငွေသည် မှုလအခြေထက်မည်မျှတိုးမြှင့်
ရောက်ရှိနေသည်ကို ဆန်းစစ်ကြည့်ရန်လိုအပ်ပေသည်။သို့မှသာအဓိပ္မါယ်ပြည့်ဝသေသော MFI ၏ရည်မှန်း
ချက်ရည်ရွယ်ချက်ဖြင့်နီးစပ်ပေမည်။သို့မဟုတ်ပါက အဖွဲ့ဝင်အိမ်ထောင်စုတစ်စုခြင်းစီသည်မှုလအခြေအနေ
မှ အကြွေး ၃ဆမှ၆ဆအထိ တိုးမြှင့်လာသလိုလစဉ်ဝင်ငွေတိုးမြှင့်လာခြင်းသိသိသာသာမရှိဘဲချေးငွေအရင်း
ပြန်လည်ပေဆပ်ရန်နှင့်မလွဲမသွေစုဆောင်းငွေ(compulsory saving)၀န်တာအပြင် အတိုးစရိတ်လည်း
ပိုမိုထမ်းဆောင်ရပြီး ကာလရှည်အကြွေးသံသရာထောင်ခြောက်အတွင်းသက်ဆင်းမိသလိုဖြစ်သွားမည်ကို
ဆင်ခြင်ကြရန်လိုပေသည်။
အလုပ်အကိုင်အခွင့်အလမ်း
                ဆင်းရဲနွမ်းပါမှုလျှော့ချရေးဟုဆိုလိုက်တိုင်းအလုပ်အကိုင်းဖန်းတီးပေးရေးဆိုသောဆွေးနွေး
ချက်များ အမျာအပြားကြားသိနေရာယခုအထိသိသာသောအလုပ်အကိုင်ဖန်တီးပေးရေးကိုမတွေ့ရသေးပေ။
အမှန်အားဖြင့်MFI များအနေဖြင့်ခံယူထားသည်မှာအလုပ်အကိုင်ဖန်တီးနိုင်ရေးမှာအစိုးရ နှင့် အခြားရင်းနှီး
မြှပ်နှံသူများကလုပ်ဆောင်ပေးမှုအပေါ်မှုတည်နေရာသေခြာရေရာမှုအားနည်းလျှက်မျှော်တစ်လင့်လင့်အစား
လူတို့၏အထူးသဖြင့်အခြေခံလူတန်းစား၏ ပင်ကိုယ်စွမ်းရည်ဖြစ်သောမိမိဘ၀ အသက်မွေးဝမ်းကြောင်းမှုကို
မိမိဘာသာရှာဖွေထုတ် နိုင်သည့် ဘ၀ပေးအရည်အသွေးအားအသိအမှတ်ပြုလျှက် လိုအပ်သောအရင်းအနှီး
အနည်းငယ်ထုတ်ပေးခြင်းဖြင့်ကိုယ်တိုင်အလုပ်အကိုင်ဖန်တီးနိုင်ရေး(Self-employment) ဖြစ်စဉ်ကိုအား
ဖြည့်ပေးခြင်းဖြစ်ရာ အကြွေးများတင်သထက်တင်ရှိ၍ အဖွဲ့ဝင်မိသာစုများ၏လုပ်ငန်းနှင့်လူနေမှုမတိုးတက်
လာခြင်းသည် MFI များအတွက်အလွန်အန္တရာယ်များသောစိန်ခေါ်မှုပင်ဖြစ်ပေသည်။
                    မြန်မာနိုင်ငံတွင် MFI ငန်းများသည် ၂၀၀ရ ခုနှစ်မှစတင်၍ သိသိသာသာ ပေါ်ထွက်လာခဲ့
ပြီး အထိုက်အလျှောက်အောင်မြင်မှုရရှိခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချရေးရည်မှန်ချက်ကို တဆင့် ခြင်းအ
ကောင်းအထည်ဖေါ်လာခဲ့သည်မှာအားရဖွယ်ရာတွေ့ရပေသည်။ဘင်္ဂါလားဒေ့ရှ်နိုင်ငံတွင် MFI လုပ်ငန်းများ
နည်းလမ်းမှန်စွာလုပ်ဆောင်နိုင်ရေးအတွက်မှုလဓလေ့ထုံစံငွေချေးငှားခြင်းစနစ်မှခေတ်သစ် MF စနစ်သို့
အဆင့်ဆင့်ပြောင်းလဲမှုအား ပါမောက္ခဒေါက်တာယူနွတ်၏ Grammen foundation သည်အနှစ် ပေါင်း၃၀
ခန့်ကြိုးစားခဲရပေသည်။မြန်မာနိုင်ငံအတွင်းလက်ရှိလုပ်ကိုင်နေသော MFI များအနေဖြင့် လက်ရှိအောင်မြင်
မှုများနှင့်အားနည်းချက်များကိုပြန်လည်သုံးသပ်လျှက် ဆင်းရဲနွမ်းပါးသူအိမ်ထောင်စုများ၏ စီးပွါးရေး
လူမှုရေး ပညာရေးအဖက်ဖက်လိုအပ်ချက်များအာဖြည့်ဆည်းဆောင်းရွက်ပေးခြင်း(Social Responsibility)
လူမှုတာဝန်များကိုထမ်းဆောင်ပေးခြင်းဖြင့်(A welfare society) ကောင်းမြတ်ပြည့်စုံသောလူမှုအဖွဲ့အစည်း
ကိုတည်ဆောက်နိုင်မည်ဟုယုံကြည်မိပါသည်။