အနာဂါတ်ဘ၀စဉ်ဆက်မပြတ်ဖွံဖြိုးဖို့
စွမ်းဆောင်ကြပါစို့
ယနေ့လူသားတို့သည် မိမိအိမ်တွင်ထိုင်နေရင်းမှပင်ကမ္ဘာတ၀ှမ်းလှမ်းမြင်နေကြရပြီဟုဆို
လျှင်လွန်အံမထင်ပါ။နံက်မိုးလင်းသည်နှင့် ရေဒီယို တီဗွီ အင်တာနက် တယ်လီဖုန်း သတင်းစာ
ဂျာနယ်စ သည့်ဆက်သွယ်ရေးသတင်းပြန်ကြားရေးကရိယာတို့သည်နားမျက်စေ့အမြင်းအကြားအတွင်းသို့တိုးဝင်လာ
လျှက်ရှိရာ ခေတ်မှိတိုးတက်မှုဖွံဖြိုးမှုတို့နှင့်အတူ ထိတ်လန်ဖွယ် စိုးရိမ်ဖွယ်ယာ ဆုတ်ယုတ်မူများကိုလည်း
ကြားသိမြင်တွေ့နေကြရပြီဆိုနိုင်ပါသည်။နိုင်ငံရေး စစ်ရေး စီးပွါးရေး လူမှုရေး ပညာရေး
သဘာဝပတ်ဝန် ကျင်အရေး ရာသီဥတု စသည့် လူတို့ဆက်စပ်ပတ်သက်နေသောအရေးအရာအ၀၀ သည် နယ်စည်းမခြား
လူမျိုးကျားမ အသက်အရွယ်မရွေး လူသားတို့အပေါ်အလျှင်အမြန်ရိုက်ခတ်ကာ ကောင်းကျိုးဆိုးကျိုးများကို
သက်ရောက်စေလျှက်ရှိနေပါသည်။ အထူးသဖြင့်သဘာတရား၏ရာသီဥတုဖြစ်စဉ်သည် အကြီးအကျယ် ပြောင်းလဲသည်နှင့်အမျှလူသားအပါအ၀င်သက်ရှိသတ္တာဝါများသစ်ပင်သစ်တောများနှင့်သဘာဝပထ၀ီဝင်အ
နေအထားများအပေါ်ပါအကျိုးသက်ရောက်မူပြင်းထန်လာရာစီးပွါးရေးလူမူရေးအပေါ်ထိရိုက်ခတ်လျှက်ရှိ
နေ ပါသည်။ သို့သော် ကမ္ဘာကုလသမဂ္ဂအပါအ၀င် နိုင်ငံခေါင်ဆောင်များပညာရှင်များနိုင်ငံတကာအဖွဲ့အစည်း
များကလူသာတို့အနာဂါတ်ကာလတွင်တွေ့ကြုံရမည့်စိန်ခေါ်ချက်များကို အဖွဲ့အစည်းအလိုက်ဒေသ အလိုက်
နိုင်ငံအလိုက် စုစည်းကာ ဖြေရှင်းကျော်လွှားရန်အတွက်ကြိုးပမ်းနေရာတွင် နိုင်ငံတကာသမ၀ါမ
အဖွဲ့ချုပ် (International Co-operation Alliance–ICA) ကကုလသမဂ္ဂအဖွဲ့ကြီးနှင့်အတူရှေ့တန်မှပါဝင်နေပါ
သည်။
စားနပ်ရိက္ခာဖူလုံရေး
ကမ္ဘာလူဦးရေသည်နှစ်စဉ်တိုးတက်နေသည်မှာ၂၀၅၀ခုတွင်
၉ဘီလီယံအထိရှိလာမည်ဖြစ် သလို သဘာဝပါတ်ဝန်ကျင်ပျက်စီးမှုသည်လည်းနှစ်စဉ် လူ့ပယောဂအပါအ၀င်အကြောင်း
အမျိုးမျိုးကြောင့် ပျက်စီးလာမူသည်လည်းကျယ်ပြန့်လျှက်ရှိရာရာသီဥတုဖေါက်ပြန်ပြောင်းလဲမူကြောင့်သီးနှံအထွက်နူန်းများကျဆင်းလာလျှက်စားနပ်ရိက္ခာလုံခြုံမူ
အတွက်စိုးရီမ်ဖွယ်ရာများရှိလာသဖြင့်အထွက်နှုန်း ကောင်မျိုးကောင်း မျိုးကောင်းမျိုးကောင်းမျိုးသန့်များ
ခေတ်မှီစိုက်ပျိုးရေးနည်းစနစ်များဖြင့်ဆောင်ရွက်ရန်ကြိုးပမ်း နေကြရပေ သည်။ပုဂ္ဂလိကတစ်ဦးချင်းကျိုးပမ်းဆောင်ရွက်ကြသည်ထက်သမ၀ါယမအသင်းများအဖြစ်
အစုအဖွဲ့ဖြင့် ဖွဲ့ စည်းကာဆောင်ရွက်ကြသည်ကပိုမိုတိုးတက်အောင် မြင်ကြောင်းကိုအမေရီကန်
ကနေဒါ ပြင်သစ် ယူကရိန် နယူဇီလန် ဂျပန်နိုင်ငံ အိန္ဒိယနိုင် သိရိလင်္ကာစသည့် နိုင်ငံလယ်ယာကဏ္ဍများတွင်
ထင်ထင်ရှားရှားမြင်တွေ ရပေသည်။ စားနပ်ရိက္ခာဖူလုံမှု အတွက်ပင်မကပါဝင်သူ လယ်သမားများစီးပွားတိုးတက်လာရေးအတွက် လယ်ယာထုတ်ရောင်းဝယ်ရေးသမ၀ါယမအသင်းများလယ်ယာထွက်ကုန်၊ထုတ်လုပ်ရေးသမ၀ါမအသင်းများအဖြစ်ဖွဲ့စည်းကာစားနပ်ရိက္ခာဏ္ဍတွင်ပါဝင်ကြရာအိန္ဒီယနိုင်ငံ၏နို့ထွက်ပစ္စည်းနှင့်သကြားထုတ်လုပ်မူကဏ္ဍတွင်သမ၀ါယမအသင်းများကဦးဆောင်လျှက်ရှိကြောင်းလေ့လာမှတ်သာခဲ့ရပါသည်။နိုင်ငံတကာသမ၀ါယမအဖွဲ့ချုပ်(ICA)သည်သမ၀ါယမအသင်းများဖွံဖြိုးတိုးတက်ရေးကိုအားပေးလျှက်ရှိပြီးအနာဂါတ်စာနပ်ရိက္ခာဖူလုံ
ရေးအတွက် သမ၀ါယမအသင်းများ ကိုလှုံဆော်တိုက်တွန်းအားပေးလျှက်ရှိနေပါသည်။
စီးပွါးရေးကြီးထွားစေခြင်းနှင့်
အလုပ်အကိုင်အခွင့် အလမ်းဖွံဖြိုးရေး
ကမ္ဘာ့စီးပွားရေးကဏ္ဍအတွင်းသမ၀ါယမများသည်
အရေးပါသော နေရာမှပါဝင်လျှက်ရှိပါသည် တကမ္ဘာလုံးလှည်လည်နေသောစီးပွါးပမာဏအတွင်း အကြီးမားဆုံး
သမ၀ါယမအသင်းကြီး ၃၀၀ ၏ ၂၀၁၅ ခုနှစ်ဘဏ္ဍာနှစ်စာရင်းအရပါဝင်လှည့်လည်မူသည် ၂.၄ ထရီလီယံမျှရှိနေပြီးလုပ်သားပေါင်း
သန်၂၅၀ မျှအ လုပ်အကိုင်ဖန်တည်းပေးထားနိုင်ပေသည်။အနာဂါတ်တွင် စီးပွားရေးကဏ္ဍပေါင်းစုံမှ
သမ၀ါယမများပါဝင် ဆောင်ရွက်ခြင်းဖြင့်ကမ္ဘာစီးပွါးရေးကြီးထွားလာမူနှင့်အတူလူအများအတွက်အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တည်းပေးနိုင်မည်ဆိုသောမျှော်မှန်ချက်အဖြစ် ICA သည် ၂၀၂၀ ဆယ်စုနှစ်ရည်မှန်ချက်ကိုချမှတ်ကာ
နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော G 20 G8 UN တို့ပေါင်းစပ်တွေ့ဆုံလှုပ်ရှားဆောင်ရွက်နေပါသည်။
အမှန်တကယ်အားဖြင့်လည်းသမ၀ါယမအသင်းများဆိုသည်မှာ လူထုအတွင်းမှ အနီးကပ်ဆုံးလူအသိုင်းအ
ဝိုင်းရှိ ဆန္ဒတူရာ အသင်းသားများဖြင့်ဖွဲ့စည်းကြခြင်းဖြစ်ရာ ထုတ်လုပ်မှုဝန်ဆောင်မှု ရောင်းဝယ်မူ
လုပ်ငန်းများကို မိမိတိုကိုယ်တိုင် ထုတ်လုပ်သူ ၀န်ဆောင်မှုပေးသူ ရောင်းချသူများအဖြစ်လည်းကောင်း
တဖက်မှ ပိုင်ရှင်သဘော သက်ရောက်နေလျှက်တဖက်မှလည်း စားသုံးများအဖြစ်ပြန်လည်တည်ရှိနေသည့်
လူမူအသိုက်အမြုံ (community) ဖြစ်ရာသမ၀ါယမစီးပွားရေးကဏ္ဍကြီးထွားလာခြင်းသည် လူအသိုင်းအ
ဝိုင်းအတွင် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ထွက်လာပြီးအနာဂါတ်မျိုးဆက်သစ်များအတွက် အလုပ်
အကိုင်အခွင်အလမ်းသည် ထိုအသိုင်းအ၀ိုင်းအတွက်ပင်ဖြစ်ပေသည်။တနည်းအာဖြင့် ကမ္ဘာစီးပွါးရေး
၊ နိုင်ငံစီးပွါးရေးကြီးထွားစေပြီး နိုင်ငံသားများအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေမည်ဖြစ်သည်။ကွဲပြားခြား
နားသောစီးပွါးရေးလုပ်ငန်း အများစုဖြစ်သော်လည်းရှင်းလင်းပြတ်သားသည့် သမ၀ါယမ ၏ရည်ရွယ်ချက်နှင့်
တာဝန်များကြောင့် ဓနဥစ္စာခွဲဝေမှုတွင်လည်းမျှတမူရှိပြီးလူအများကို အကျိုးအမြတ်အချိုးခံစားစေသလို အ ရည်အချင်းပြည်ဝသောအလုပ်သမားကောင်း များပေါ်ပေါက်စေရန်အတွက်လည်း
ပညာရေးကဏ္ဍပါဖြည့် ဆည်း ဆောင်ရွက်သည့်တာဝန်ကိုလည်းချမှတ်လုပ်ဆောင်သဖြင့် အရည်အချင်းပြည့်ဝသောလုပ်သားများ
ဖြည့် ဆည်းပေးလျှက်လည်းရှိပါသည်။ လုပ်သားများအတွက် အလုပ်သမားများရပိုင်ခွင့်နှင့် လူအခွင်အရေး
ကိုလည်းအလေးထားသော အဖွဲအစည်းများဖြစ်သဖြင့် သမ၀ါယမအဖွဲ့အစည်းများသည်အနာဂါတ်ဘ၀ဖွံဖြိုး
မှုအတွက် အကောင်းဆုံးဖြည့်ဆည်းနိုင်သည်အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂလိုအဖွဲ့ကြီးကပင် အလေးထား
အသိအမှတ်ပြုလက်တွဲဆောင်ရွက်လျှက်ရှိပါသည်။
ဆယ်စုနှစ် ရည်မှန်ချက်
၂၀၁၂ ခုနှစ်အောက်တိုဘာလတွင် မန်ချက်စတာ၌ကျင်းပသော ICA အထွေထွညီလာခံမှ
Blueprint for a Co-operative Decade ဆယ်စုနှစ် (၂၀၁၁-၂၀၂၀)သမ၀ါယမရည်မှန်ချက်တခုကိုချမှတ်လုပ်ဆောင်
ရန်ရည်ရွယ်ခဲ့ကြပါသည်။၂၀၁၂ခု နှစ်တွင် သမ၀ါယမဖြင့် အကောင်ဆုံးကမ္ဘာကိုတည်ဆောက်စို့ဆိုသည့်
ဆောင်ပုဒ်နှင့်အညီ ထိုနှစ်တစ်နှစ်လုံးအားသမ၀ါယမနှစ် အဖြစ်ကုလသမဂ္ဂကြီးကသမ၀ါယမနှစ်အမှတ်တံ
ဆိပ်ကိုချမှတ်ပေးကာကမ္ဘာနှင့် အ၀ှမ်းသမ၀ါယမလှူပ်ရှားမူများ ဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါသည်။
ကမ္ဘာ ခေါင်းဆောင်များနှင့် လူမှုစီးပွါးရေးအဖွဲ့ အစည်များမှထင်ရှားသူများပညာရှင်များက
သမ၀ါယမစနစ်သည် ကမ္ဘာကြီး၏လူမှုစီးပွါးရေးကိုရေရှည်တည်တန့်အောင်အတွက် ဆောင်ရွက်နိုင်စွမ်းကို
အထူးအသိအမှတ်ပြု လက်ခံကာသမ၀ါယမလုပ်ငန်းများဖွံဖြိုးရေးကိုအဖွဲ့တခုချင်းနိုင်ငံတစ်ခုချင်းသာမကတစ်ဦးချင်းတစ်ယောက်ချင်းပါဝင်ဆောင်ရွက်ကြရန်အထူလိုအပ်ကြောင်းBlueprint
for a co-operative decade ချမှတ်ခဲ့ကြခြင်း ပင်ဖြစ်သည်။အကြောင်းရင်းမှာကမ္ဘာလုံးဆိုင်ရာသယံဇာတနှင့်သဘာဝပါတ်ဝန်ကျင်ဆိုးယုတ်ပျက်စီးလာခြင်း၊ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်များမတည်မငြိမ်ဖြစ်ခြင်း၊တရားမျှတမှုမရှိသောအခြေအနေများမြင့်မားလာခြင်း၊လူငယ်မျိုးဆက်များနှင့်ကျားမနိုင်ငံသားအခွင့်အရေးလူအခွင့်အရေးယုတ်သိမ်းခံရမှုများ
ပိုမိုကျယ်ပြန့် လာ ခြင်းနိုင်ငံရေးစီးပွါးရေးအဖွဲအစည်းများအပေါ်ယုံကြည်မှုပျောက်ဆုံးလာခြင်နှင့်
ကမ္ဘာ့မှုလွှမ်းခြုံကာအုပ်ချုပ်မှု အစိုးရများအကြားကွာဟချက်ကြီးများလာခြင်းများအားပြုပြင်ရန်အတွက်သမ၀ါယမအသိုင်းအ၀ိုင်းဖွံဖြိုး
အား ကောင်းစေရန် ဆယ်စုနှစ်ရည်မှန်ချက်ကိုချမှတ်ရခြင်းပင်ဖြစ်သည်။
သမ၀ါယမများအနေဖြင့်ကမ္ဘာနှင့်အ၀ှမ်းဖိအားအဖြစ်ကြကျရောက်နေသောထိုပြဿနာများ
အားဖြန့်ကျက်ပါဝင် ဖြေရှင်ကြရန်အသင့်ဖြစ်နေသော အဖွဲ့အစည်းများပင်ဖြစ်ကြောင်းကမ္ဘာကြီးကပိုမိုမျှော်
လင့်နာလည်းလာပြီး အသိမှတ်ပြုနေကြပြီးလည်းဖြစ်ပေသည်။ လူအများသည်လည်းပိုမိုနာလည်သဘော
ပေါက်လာပြီးသမ၀ါယမလုပ်ငန်းများထူထောင်ရေးသည်အဓိကဦးစားပေးအလုပ်အဖြစ်ခံယူနေကြပါသည်။သမ၀ါယမများသည်
ဘဏ္ဍာရေးဖွံဖြိုးမှုနှင့်ရန်ပုံငွေတည်ရှိနေသောတည်ထောင်ပြီးလုပ်ငန်းများဖြစ်သည့်အ လျှောက်ပြည်သူ
လူထုလိုအပ်ချက်ကိုဖြည့်ဆည်းရန်ကြော ထောက်နောက်ခံရှိပြီးသားအနေ အထားဖြစ်နေ
သည့်အတွက်ဆယ်စုနှစ်ရည်မှန်းချက်ကိုအကောင်ဆုံးဖေါ်ဆောင်နိုင်ရန်အတွက်တစ်ဦးချင်းအဖွဲ့ဝင်များကအစအ
ပြည့်အ၀အကောင်အထည်ဖေါ်ကြရန်တိုက်တွန်းကြရမည်ဖြစ်သည်။
မိမိအကျိုးစိးပွား-အများအကျိုးစီးပွါး
အထက်တွင်ဖေါ်ပြခဲ့သောကမ္ဘာလူသားများအပေါ်ကျရောက်နေသော
သဘာဝဖြစ်စဉ်များ နိုင်ငံရေးဖြစ်စဉ်များ စီးပွါးရေးလူမူရေး ဖြစ်စဉ်များသည် လူသားတို့၏လောဘဆန္ဒများအရ
အမျိုးသားအကျိုး စီးပွါး တစ်ဦးချင်းအကျိုးစီးပွါးများ အဖြစ်အလွန်အကျူးပြိုင်ဆိုင်ရယူကြရမှာ
ထွက်ပေါ်လာသောအနှုတ် လက္ခာဏာဆောင်မှုများသာဖြစ်ပြီး အမှန်တကယ်ချမ်သာကြွယ်ဝမှုနှင် ဓနဥစ္စာပိုင်ဆိုင်မှုတွင်
ကမ္ဘာလူဦးရေ ၏၁၀ရာခိုင်နှုန်းကသာချမ်းသာကြွယ်ဝမှုကိုအလွန်အမင်းရယူပိုင်ဆိုင်ကြကာ၎င်းတို့၏ပိုင်မှုအစုစုသည်
ကျန် ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုနှင့်ပင်ညီမျှသည်ဟုမှတ်သားရပြီးဆင်ရဲမှု အစာရေစာငတ်မှုမှုနှင့်ကျန်မာရေးပညာ
ရေးနိမ်ကြသည့်အဆင်းရဲဆုံးလူတန်းစာများအတွက်နိုင်ငံအစိုးရများနှင့် ကမ္ဘာအဖွဲ့အစည်းများအတွက်စိန်
ခေါ်မှုများအဖြစ်ရှိနေပေသည်။ သမ၀ါယမများသည် ထိုဆင်းရဲသားလူတန်စားများအတွက် ပုဂ္ဂလိကများနှင့်
အပြိုင်းအရင်းအမြစ်နှင့်လုပ်အားများစုစည်းကာအကျိုးအမြတ်များ၇ရှိလာစေရန်ဆောင်ရွက်ပြီး
ပါဝင်သူများ ကိုခွဲဝေခံစားစေရန် လုပ်ဆောင်ပေးသည့်အကျိုးအမြတ်အားတစ်ဦးတယောက်တစ်မိသားစု
တည်းခံစားစေ သော စနစ်မဟုတ်ဘဲပါဝင်သူအဖွဲ့ဝင် အသင်းသားများကို အချိုးခွဲဝေခံစားစေရန်လုပ်
ဆောင်သောအဖွဲ့ အစည်းများဖြစ်ပေသည်၊ထိုရည်ရွယ်ချက်လုပ်ဆောင်ချက်များသည်ပုဂ္ဂလိကစီးပွါရေးအဖွဲ့အစည်းများနှင့်အဓိက
ခြားနားချက်ဖြစ်ပေသည်။ ဆန္ဒတူရာ ရည်ရွယ်ချက်တူရာလူများစုပေါင်းဖွဲ့စည်းဆောင်ရွက်သဖြင့်
အဖွဲ့ဝင်အသင်းသားများ၏စီးပွးရေးတစ်ခုတွင်သာမကလူမှုရေးကျန်မာရေးပညာရေးစသည့် လူမှုဘ၀တွင်
တွေ့ကြုံတွေနေကြရသောလိုအပ်ချက်များကိုဖြည့်ဆည်းပေးသည့်လူမှုစီးပွါးရေးအဖွဲ့အစည်းအဖြစ်
ကမ္ဘာ ပေါ်တွင်အထင်အရှားရပ်တည်လာခဲ့သည်မှာ ၁၈ ရာစုမှယနေ့အထိဟုဆိုကြရပေမည်။ သမ၀ါယမများသည်
Social Responsibility and Accountability လူမှုရေးတာဝန်ခံမှုတာဝန်ယူမှုနှင့် ပွင့််လင်းမြင်သာမှု
အ ပြည့်အ၀ရှိသောလူမှုရေးဦးတည်သည့်စီးပွါးရေးအဖွဲအစည်းဖြစ်သည့်နှင့်အညီလူမျိုးအသားရောင်ကျားမမခွဲစုပေါင်ပိုင်ဆိုင်စုပေါင်းလုပ်ဆောင်သောအဖွဲ့အစည်းများဖြစ်ရာဒီမိုကရေစီစနစ်အခြေခံ
ထိမ်းကြောင်းလုပ် ဆောင်မှုများ ကြောင့်သဘာဝပတ်ဝန်ကျင်အပါအ၀င်သယံဇတအရင်းအမြစ်များကိုစနစ်တကျအသုံးချခြင်း
နှင့်တရားမျှတမှုမရှိသောအမြတ်ဦးစားပေးစီးပွားရေးလုပ်ငန်းများမဟုတ်သည့်အတွက် ဆင်းရဲချမ်းသာ
ကွာ ဟမှုကိုလည်းလျှော့ချလာ နိုင်မည်ဖြစ်သည်။ သမ၀ါယမစနစ်အတွင်းပါဝင်လုပ်ဆောင်ကြသူအားလုံးသည်
ပုဂ္ဂလိက စီးပွါးရေးစနစ်ကလိုမိမိအကျိုးးစီးပွါးတစ်ခုတည်းအတွက် လုပ်ဆောင်ခြင်းမပြုနိုင်သလိုအများကျိုး
တနည်းကျွန်ုပ်တို့အားလုံးအကျိုးအတွက်လုပ်ဆောင်ဦးဆောင်လုပ်ဆောင်ကြရသည့်အနှစ်သာရသည်အလွန်မွန်မြတ်ပေသည်။
ကမ္ဘာကြီးတွင်လူသားမျိုးဆက်သစ်များအတွက်စိန်ခေါ်မှုပေါင်းမြောက်များစွာကစောင့်
ကြိုနေလျှက် ရှိရာစီးပွားရေးလူမှုရေးပညာရေးအပါအ၀င် သဘာဝသယံဇတများထိမ်းသိမ်းရေး၊ဥစ္စာဓနပိုင်မှုမျှတရေးအ
လုပ်အကိုင်အခွင်အလမ်းများပေါ်ပေါက်လာရေးကျားမတန်တူအခွင့်အရေးညီမျှရေးတို့ထွန်းကား
လာစေရန် အတွက်သမ၀ါယမအဖွဲ့အစည်းများပိုမိုပါဝင်ထူထောင်ခြင်းကြရန်နှင့်ကျယ်ကျယ်ပြန့်လှူပ်ရှားဆောင်ရွက်ရန်
နိုင်ငံတကာသမ၀ါယမအဖွဲ့ချုပ်ကြီးကတိုက်တွန်းနှိုးဆော်လျှက်ရှိသည့်
အနာဂါတ်ဘ၀စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ စွမ်းဆောင်ကြပါစို့ ‘Co-operatives: The
power to act for a sustainable future’ ဆိုသော၂၁၀၆ ခုနှစ်နိုင်ငံတကာသမ၀ါယမနေ့ ဆောင်ပုဒ်အားကြိုဆိုသောအားဖြင့်တိုက်တွန်းရေးသားလိုက်ရပါသည်။