Saturday, May 23, 2020
စိုက်ပျိုးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရေး
စိုက်ပျိုးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရေး
=================================
မြန်မာနိုင်အတွင်း၇၀%ခန့်ရှိသောကျေးလက်နေပြည်သူမစိုက်ပျိုး မွေးမြူရေးကဏ္ဍ အပေါ်အဓိကအခြေပြုနေကြသူများဖြစ်ကြလျှက်အထူးသဖြင့်အများစုမှာတောင်သူလယ်သမားများဖြစ်ကြပါသည်။တောင်သူလယ်သမားအများစုမှာဆင်းရဲနွမ်းပါးသူများအဖြစ်ယနေ့ထက်တိုင်ရှိနေကြရကာထိုတောင်သူလယ်သမားများ၏၀င်ငွေတိုးတက်လာမှသာတိုင်းပြည်သည်လည်းဆင်းရဲချမ်းသာကွာဟမူကျဉ်းမြောင်းစေပြီးဖွံဖြိုးတိုးတက်မူမြင့်မားလာမည်ဖြစ်ပါသည်။တောင်သူလယ်သမားများ၀င်ငွေတိုးမြင့်လာစေရေးအတွက်အဓိကအဟန့်အတားများကိုသိရှိမှသာထိုအဟန့်အတားများကိုကျော်လွှားနိုင်ရေအတွက်ဆောင်ရွက်နိုင်မည်ဖြစ်ရာတောင်းသူလယ်သမားများကြုံတွေ့နေရသည့်အခက်အခဲမျာကိုအစီအမံကောင်များရချမှတ်ဖြေရှင်းပေးနိုင်ရေးအတွက်သမဝါယမကဏ္ဍအနေဖြင့်ဆောင်ရွက်ပါကပိုမိုထိရောက်မည်ဟုယူဆသဖြင့်တင်ပြရခြင်းဖြစ်သည်။
လက်ရှိတောင်သူလယ်သမားများအခြေအနေကဘာလဲ?
( က ) စိုက်ပျိုးစရိတ်စိတ်ချေးငွေများ
( ခ ) ရိတ်သိမ်းသိုလှောင်ထိမ်းသိမ်းစနစ်
(ဂ)စျေးကွက်ဖေါ်ဆောင်ရေးများသည်အဓိကအခက်အခဲများပင်ဖြစ်သည်။ထိုအခက် အခဲများသည်တခုနှင့်တခုဆက်စပ်နေပတ်သက်နေသောအကြောင်းများဖြစ်သလိုတောင်သူလယ်သမားများဆင်းရဲနေရသော အကြောင်းအချက်ကြီးများပင်ဖြစ်သည်။
(က ) စိုက်ပျိုးစရိတ်ချေးငွေ
စိုက်ပျိုးစရိတ်ချေးငွေဟုဆိုရာတွင်လယ်ယာစိုက်ပျိုးရေးဘဏ်အပြင်သမဝါယအသင်း များ၊အသေးစားချေးငွေလုပ်ငန်းများကုမ္ပဏီအသင်းအဖွဲ့များနှင့်ပြင်ပငွေတိုးစပါးတိုးပေးသူများအထိပါ၀င်ပါသည်။သမိုင်းစဉ်တလျှောက်အကြောင်းအမျိုးမျိုးကြောင့်လယ်ပိုင်ရှင်ကြီးများမှလွဲ၍
လုပ်ကွက်ငယ်လယ်သမားများမှာအမတော်ကြေးဟုလူသိများသောဘဏ်ချေးငွေတနည်းအစိုးရစိုက်ပျိုးစရိတ်ချေးငွေများဖြင့်မလုံလောက်သောကြောင့်စပါးပေး(ရာသီတခုလျှင်စပါးတတတင်းဖို့ပေါက်စျေးကိုတခွဲစျေးတန်ဖိုးထုတ်ချေးကာတတင်းပြန်ပေးရသောစနစ်၄လအတွင်းအတိုး၅၀%တိုးပေးသောစနစ်)ချေးငွေများဖြင့်ကြွေးနွံနစ်လာရာ၁၉၇၀ခုလောက်ကစကာအစိုးရစိုက်စရိတ်ချေးငွေများသည်အမှန်တကယ်လယ်ယာသွင်းအားစုအတွင်းသို့ရောက်ရှိကြသည်မှာ၅၀%သည်အများဆုံးဟုဆိုရပေမည်။သို့အတွက်ပြင်ပကဏ္ဍများအထူးသဖြင့်ပုဂ္ဂလိကငွေတိုးချေးသူနှင့်စပါးပေးသူတို့ထံကြီးမားသောအတိုးနှုန့်ဖြင်းချေးယူကာကြွေးတင်ကြရပေသည်။လယ်ယာသွင်းအားစုအပြည့်အ၀မထည့်နှိုင်ခြင်းမျိုးကောင်မျိုးသန့်မသုံးစွဲနှိုင်ခြင်းစသည့်အကြောင်းတရားများကြောင့်ကုန်ထွက်များနည်းပါးကာအကြွေးအပြေအကြေမဆပ်နိုင်ဖြစ်လာပြီးထပ်ပြန်တိုးများဖြင့်အကြွေးနွံနစ်နေကြသည်မှာယနေ့အထိဖြစ်ပေသည်။သမဝါယမများအခြားအဖွဲ့အစည်းများမှ၂၀၁၁ခုနှစ်နောက်ပိုင်းလယ်သမားများအတွက်ပံပိုးချေးငွေများထုတ်ချေးပေးသော်လည်းဘဏ်တိုးနှုန်းထက်မြင့်မားနေသလိုကြွေဟောင်းဆပ်ခြင်းတွင်သံသရာလည်ကာထုတ်ချေးငွေမှာလည်းအပြည့်အ၀မပေးနိုင်ကြသဖြင့်လယ်သမားအများအနေဖြင့်စိုက်စပျိုးစရိတ်ချေးငွေများအတိုးနည်းနည်းဖြင့်ရရှိရေးရရှိချေးငွေများအားစနစ်တကျသွင်းအားစုများအဖြစ်အသုံးချနိုင်ရေးအတွက်ပညာပေးခြင်းနှင်စီမံကြီးကြပ်ပေးရန်အစီအစဉ်မျာလိုအပ်ပါသည်။
( ခ) ရိတ်သိမ်းသိုလှောင်ထိမ်းသိမ်းစနစ်
တောင်သူလယ်သမားအနေဖြင့်ယခင်ကာလများအတွင်းရိတ်သိမ်းသိုလှောင်ထိမ်းခြင်း
အတွက်သိပ်အခက်အခဲမရှိလှသော်လည်းလွန်ခဲ့သောအနှစ်၂၀ကျော်ခန်ကတည်းကဖြည်း
ဖြည်းသဘာ၀ရာသီဥပြောင်းလဲလသဖြင့်လည်းခြင်းနှင့်လယ်ယာလုပ်သားရှားပါးမူများအရ
ရိတ်သိမ်းချိန်တွင်အထူသဖြင့်မိုးနောင်ကာလအတွင်း၀င်ရောက်တိုက်ခတ်သောလာသောမုန်တိုင်းမိုးများကြောင့််သီနှံများအလေအလွင်းဖြစ်ရပြီမိုးမိစပါးများကြောင့်ဆန်အရည်အသွေးနိမ့်ပါးသွားရပြီးသဖြင့်စျေးကောင်းမရဖြစ်ကာပြီးယခုအခါဒေသများအတော်များတွင်ရိပ်သိမ်းချွေလှေ့
စက်များဖြင်ရိတ်သိမ်းနေကြသော်လည်းနေရောင်မရသည့်အတွက်စားပါးများကိုရောင်းချရာတွင်အစိုးဓါတ်အဖြစ်ဖြတ်တောက်မူများအလွန်းများကြရာလယ်သမားများနစ်နာစေရသည်။စပါးအခြောက်ခံစက်များအလျှင်းအမြန်အခြောက်ခံနိုင်မည်းဆိုပါကသိုလှောင်သိမ်းဆည်ကာစျေးကောင်းရမည်ဖြစ်ပေသည်။စပါးများကိုလည်းခေတ်မီသောသိုလှောင်ရုံများနှင့်ထိမ်းသိမ်းထားမည်ဆိုကအရည်အသွေးပြည့်ဆန်များပြည်ပသို့ ဈေးနှုန်းကောင်စွာရောင်းချနိုင်မည်ဖြစ်သဖြင့်
လယ်သမားများ၀င်ငွေတိုးစေမည်ဖြစ်ပေသည်။ထိုအတူလယ်ယာသုံးစက်ကရိယာများနှင်သိုလှောင်ရုံများကိုတဦးတည်ဖြင့်ထူထောင်နိုင်ရန်မှာအခက်အခဲရှိကြမည်ဖြစ်သဖြင့်သမဝါယမအသင်းများဖွဲ့စည်းပေးကာအစုအဖွဲပိုင်တည်ထောင်နိုင်ရန်ဆောင်ရွက်ပြီးသမဝါယမမှထိမ်းကြောင်းပေးခြင်းဖြင့်ဆောင်ရွက်ပေးလျှင်အသင့်တော်ဆုံးဖြစ်ပေသည်။
( ဂ )စျေးကွက်အခက်အခဲ
အထက်ပါအခက်အခဲနှစ်ခုအပြင်စျေးကွက်အခက်အခဲဖြင့်ပါပေါင်းစပ်လိုက်ပါက တောင်သူလယ်သမားများ ထုတ်လုပ်စရိတ်အရင်းကြေ၀င်ငွေကိုမရရှိယုံသာမကအကြွေးတင်ကျွန် ဖြစ်သည့်ဘ၀အခြေအနေသို့ကျဆင်းကြရတော့သည့်ဦးရေမှာတိုးပွါးစေပါသည်။ဆိုရှယ်လစ်စီး ပွါးရေးစနစ်အောက်တွင်မြို့နေလူတန်းစားများနှင့်အလုပ်သမားလူတန်းစားများစားနပ်ရိက္ခာကိုပံပိုးနိုင်ရေး အတွက်လယ်ယာထွက်ဆန်စပါးအားကန့်သတ်စျေးဖြင့်နိုင်ငံတော်မှ၀ယ်ယူခဲ့ရာလယ်လုပ်သူတောင်လယ်သမားများအနေဖြင့်စျေးကွက်ပေါက်စျေးကိုမရတော့ဘဲတဖြည်းဖြည်းဆင်းရဲလာသည့်အနေအထားသိုရောက်ရှိခဲ့ရသည်လက်ရှိအနေအထားတွင်လည်းလွတ်လပ်စွာရောင်း၀ယ်ခွင်ရှိပြီဟုဆိုနိုင်သော်လည်းစျေးကွက်မာယာအောက်တွင်ကုန်သည်ပွဲစားတို့၏စျေးကွက်ကစားမူကိုခံစားနေရပြီးစာသုံးသူသို့တိုက်ရှိက်သို့မဟုတ်နောက်ဆုံးပို့ကုန်တင်ပို့သူအားတိုက်ရိုက်ရောင်းချနိုင်သောစနစ်အားနည်းချက်ကြောင့်အဆင့်ဆင့်သောကုန်သည်ပွဲစားတို့၏ကြားတွင်စျေးနှုန်အကုန်မရဘဲစျေးနိမ်ခံရသလိုဖြစ်နေရသည်။စျေးကွက်အတွင်းထုိအချက်များပေါင်းဆုံကာစျေးနှုန်အမှန်မရှိသောအကြောင်းအချက်တွင်တောင်သူလယ်သမားများချေးယူအသုံးပြုထားသောစိတ်ပျိုးစရိတ်များကိုသီးနှံပေါ်ချိန်ကာလတွင်ပြန်လည်ပေးဆပ်ရန်အတွက်အချိန်စေ့ရောက်နေလေ့ရှိပြီး ချေး ငွေအဖွဲအစည်းများကအတင်းအကြပ်ပြန်လည်ကောက်ခံကြခြင်းဖြစ်ရာ ကုန်သည်များမှလည်း အကုန်၀ယ်ယူရန်ငွေကြေးအခက်အခဲသော်ကြောင့်လည်း‌ ကောင်းအခြားအကြောင်းအချက်များအရလည်းကောင်းအ၀ယ်ရပ်ဆိုင်းလုနီးပါး ရပ်တန့်နေလေ့ရှိကြသည်ကို အတွေ့အကြုံများအရတွေ့ ခဲ့ ရပြီးချေးငွေများပေးဆပ်နိုင်ရန်အတွက်ရရာစျေးဖြင့်(၀ယ်သူစျေးကွက်သဘောတရား အရပ်အ ခေါ်ဗိုက်နာစျေး)ဖြင့် ထိုးရောင်းကြရင်းမှစျေးနှုန်ကျဆင်းခြင်းဒဏ်ကိုခံစားကြရပေတော့သည်။ ထိုကွက်လပ်အား စုပေါင်းဖြည်ရှင်းနိုင်ရေးအတွက်သမဝါယမနည်းအသင်းများဖွဲစည်းကာနည်း စနစ်ကျကျ လေလံစျေးများနှင့်ဖွင့်စီမံပေးပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
သီးနှံသိုလှောင်ရုံအာမခံလက်မှတ်အပေါင်ထားငွေချေးစနစ်
=====================≠==============
Grain Warehouse Certificated Collateral
===≠==============================
တောင်သူလယ်သမားများအနေဖြင့်သီးနှံပေါ်ချိန်စိုက်ပျိုးစရိတ်ချေးငွေများ‌ ပေးဆပ်ရန်ထွက်ကုန်ကိုမဖြစ်မနေ ပြန်လည်ရောင်းရသည့်အတွက်ကုန်သည်ပွဲစားများအနေဖြင့်ထိုအခြေအနေဖြစ်ပေါ်နေမူအပေါ်အခွင့်အရေးတရပ်အနေဖြင့်အသုံးချနေမူအာဘဏ်များနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ကြောထောက်နောက်ခံပေးကာကာလတို ၂လမှ၆လအတွင်းကာလာလတိုချေးငွေအဖြစ်သီနှံသိုလှောင်ရုံအသိအမှတ်ပြု့လက်မှတ်ထုတ်ပေးကာအာမခံအဖြစ်တင်သွင်းလာသည့်အပေါ်ချေး
ငွေထုတ်ချေးသောဘဏ္ဍာရေးအထောက်အကူပြုစနစ်သမဝါယမအသင်းများဖြင့်လုပ်ဆောင်ရန်ဖြစ်ပါသည်။ကျေးရွာသမဝါယမအသင်းများကကျေးရွာတရွာသိုလှောင်ရုံတခုတည်ဆောက်ကာအသင်းသားများ၏သီးနှံကိုထိမ်းသိမ်းပေးလျှက်သီုလှောင်ရုံအာမခံလက်မှတ်ထုတ်ပေးပြီးထိုလက်မှတ်အားအပေါင်အထောက်အထားအဖြစ်ရယူလျှက်သီးနှံကာလပေါက်စျေးတန်ဖိုး၏ ၅၀%အားသမဝါယမအသင်းချေးငွေကော်မတီ၏ဆုံးဖြတ်ချက်ဖြင့်ထုတ်ချေးပေးရန်ဖြစ်ပါသည် (သို့မဟုတ်)ဘဏ်များ ဘဏ္ဍာရေးအဖွဲ့အစည်းများမှထုတ်ချေးပေးရန်ဖြစ်သည်။သို့သော်သမဝါယမအသင်းများတွင်းဘဏ္ဍာရေးအရသိုလှောင်ရုံတည်ဆောက်ရန်နှင့်
ချေးငွေထုတ်ချေးရန်ဘဏ္ဍာငွေအာနည်းချက်ရှိသည်အပေါ်ဘဏ်များအစိုးရအသိအမှတ်ပြုအဖွဲ့အစည်းများမှသီးနှံအာမခံလက်မှတ်များအားအာမခံအဖြစ်ထိမ်းသိမ်းကာချေးငွေများစီမံချက်ဖြင့်အထောက်အကူပြုရန်ဖြစ်ပါသည်။သိုလှောင်ရုံများအားမိရိုးဖလာထက်ခေတ်မှိသိုလှောင်ရုံ
များဒေသရာသီဥတုနှင့်ညီညွတ်သောအနေအထားကိုကျွမ်းကျင်သူများနှင့်တွက်ချက်ကာတည်ဆောက်ရန်ဖြစ်ပြီးတောင်သူလူသမားများ၏အလျှင်အမြန်ရိတ်သိမ်းခံရသော စပါးများကိုလည်း ၀န်ဆောင်ခရယူကာသီးနှံအခြောက်ခံစက်များပါတွဲဖက်တပ်ဆင်သိုလှောင်ပေးခြင်းအားဖြင်အရည်အသွေးမြင့် ဆန်စပါးများကိုထုတ်ကုန်အဖြစ်ထုတ်လုပ်လာနိုင်မည်ဖြစ်ပါသည်။
ထုတ်ချေးငွေရပြန်လည်ကောက်ခံခြင်းနှင့်ရောင်ချရန်စျေး
ကွက်ဖေါ်ဆောင်ရေး
သိးနှံပေါ်ချိန်တွင်မဖြစ်မနေပေးဆပ်ရမည့်စိုက်ပျိုးစရိတ်ချေးငွေအဖွဲ့အစည်းအသီးသို့ပေးဆပ်ချိန်စေ့ရောက်သည့်ကိစ္စများအတွက်သိလှောင်ရုံအာမခံစနစ်အရထုတ်ချေးထားသော ချေးငွေဖြင့်သီးနှံစိတ်ကြိုက်စျေးမရခင်ပေးဆပ်ထားခြင်းဖြင့်ချေးငွေမပေးဆမ်နိုင်သောအခြေအနေအခက်အခဲများကိုကျော်လွှာနိုင်မည်ဖြစ်ပါသည်။သိုလှောင်ရုံချေးငွေအတွက်ပြန်ဆပ်ရန်နှင့် သီးနှံစျေးနှုန်းအမှန်ရရှိစေရန်လည်းသမဝါယမအသင်းများအနေဖြင့်စုပေါင်းရောင်းချစေ သောWholesale Marketကိုအသင်းအလိုက်ဖြစ်စေအုပ်စုအတွင်းကျေးရွာကြီးအသင်းကြီးများ မှာဖြစ်စေတည်ထောင်
ဖွင့်လှစ်ကာသီးနှံနမူနာများသိုလှောင်ရုံအာမခံလက်မှတ်များကိုတင်ပြကာမှတ်ပုံတင်ထားသောကုန်သည်ပွဲစားစားသုံးသူများကိုဖီတ်ခေါ်လျှက်မျိုးတူရာစုစည်းကာလေလံ Optionဆွဲစနစ်အဖြစ်အရေးအတွက်များများကိုစျေးကွက်‌ ပေါက်စျေးနှင့်အညီရောင်းချသောစနစ်ကိုအစပျိုးပေးခြင်းဖြင်တောင်သူလယ်သမားများအတွက်စျေးကွက်အတွင်းနစ်နာချက်ကိုဖြေရှင်းနိုင်မည်ဖြစ်သည်။သမဝါယမအသင်းမှာလေလံစျေးကွက်တွင်ဖြစ်စေအခြားသီးခြားရောင်းချထားပြီးသည့်အခါဖြစ်စေချေးငွေများပြန်လည်ပေးဆပ်ပြီးကြောင်အထောက်အထားဖြင့်သိုလှောင်ရုံမှပစ္စည်းများကိုပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ချေငွေထုတ်ပေးသည်အဖွဲအစည်းအနေဖြင့်လည်းချေးငွေဆုံးရှုံးရန်အခွင့်အရေးအလွန်နည်းပါးမည်ဖြစ်ပါသည်။
မှတ်ချက်။ ။မိမိစိတ်ကူးအရသာ ရေးသားထားခြင်း ဖြစ်သည်
Wednesday, October 2, 2019
စိုက်ပျိုးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သမ၀ါယမနည်းလမ်းဖြင့် ဆောင်ရွက်ရေး စီမံချက်
စိုက်ပျိုးကဏ္ဍတိုးတက်ရေးအတွက်  သမ၀ါယမနည်းလမ်းဖြင့် ဆောင်ရွက်ရေး စီမံချက်
                         မြန်မာနိုင်အတွင်း၇၀%ခန့်ရှိသောကျေးလက်နေပြည်သူများသည် စိုက်ပျိုး မွေးမြူရေးကဏ္ဍ အပေါ်အဓိကအခြေပြုနေကြသူများဖြစ်ကြလျှက်အထူးသဖြင့်အများစုစိုက်ပျိုးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်  သမ၀ါယမနည်းလမ်းဖြင့် ဆောင်ရွက်ရေး စီမံချက်မှာတောင်သူလယ်သမားများဖြစ်ကြပါသည်။တောင်သူလယ်သမားအများစုမှာဆင်းရဲနွမ်းပါသူများအဖြစ်ယနေ့ထက်တိုင်ရှိနေကြရကာထိုတောင်သူလယ်သမားများ၏၀င်ငွေတိုးတက်လာမှသာတိုင်းပြည်သည်လည်းဆင်းရဲချမ်းသာကွာဟမူကျဉ်းမြောင်းစေပြီးဖွံဖြိုးတိုးတက်မူမြင့်မာလာမည်ဖြစ်ပါသည်။တောင်သူလယ်သမားများဝင်ငွေတိုးမြင့်လာစေရေးအတွက်အဓိကအဟန့်အတားများကိုသိရှိမှသာထိုအဟန့်အတားများကိုကျော်လွှားနိုင်ရေအတွက်ဆောင်ရွက်နိုင်မည်ဖြစ်ရာတောင်းသူလယ်သမားများကြုံတွေ့နေရသည့်အခက်အခဲမျာကိုအစီအမံကောင်များချမှတ်ဖြေရှင်းပေးနိုင်ရေးအတွက်သမ၀ါယမကဏ္ဍအနေဖြင့်ဆောင်ရွက်ပါကပိုမိုထိရောက်မည်ဟုယူဆသဖြင့်ဤစီမံချက်ကိုရေးဆွဲတင်ပြရခြင်းဖြစ်သည်။
လုပ်ကွက်ငယ်လယ်သမားများမှာအမတော်ကြေးဟုလူသိများသောဘဏ်ချေးငွေတနည်းအစိုးရစိုက်ပျိုးစရိတ်ချေးငွေများဖြင့်မလုံလောက်သောကြောင့်စပါးပေး(ရာသီတခုလျှင်စပါးတင်းဖို့
ပေါက်ဈေးကိုတခွဲဈေးတန်ဖိုးထုတ်ချေးကာတတင်းပြန်ပေးရသောစနစ်၎လအတွင်းအတိုး၅၀%တိုးပေးသောစနစ်)ချေးငွေများဖြင့်ကြွေးနွံနစ်လာရာ၁၉၇၀ခုလောက်ကစကာအစိုးရစိုက်စ
တိုင်းမိုးများကြောင့်သီနှံများအလေအလွင်းဖြစ်ရပြီမိုးမိစပါးများကြောင့်ဆန်အရည်အသွေးနိမ့်ပါးသွားရပြီးသဖြင့်ဈေးကောင်းမရဖြစ်ကာပြီးယခုအခါဒေသများအတော်များတွင်ရိပ်သိမ်းချွေလှေ့
လယ်သမားများဝင်ငွေတိုးစေမညဖြစ်ပေသည်။ထိုလယ်ယာသုံးစက်များနှင်သိုလှောင်ရုံများကိုတဦးတည်ဖြင့်ထူထောင်နိုင်ရန်မှာအခက်အခဲရှိကြမည်ဖြစ်သဖြင့်သမ၀ါယမအသင်းများဖွဲ့စည်းပေးကာအစုအဖွဲပိုင်တည်ထောင်နိုင်ရန်ဆောင်ရွက်ပြီးသမ၀ါယမမှထိမ်းကြောင်းပေးခြင်းဖြင့်ဆောင်ရွက်ပေးလျှင်အသင့်တော်ဆုံးဖြစ်ပေသည်။
          ( ဂ )ဈေးကွက်အခက်အခဲ
                အထက်ပါအခက်အခဲနှစ်ခုအပြင်ပ်ဈေးကွက်အခက်အခဲဖြင့်ပါပေါင်းစပ်လိုက်ပါက တောင်သူလယ်သမားထုတ်လုပ်စရိတ်အရင်းကြေ၀င်ငွေကိုမရရှိယုံသာမကအကြွေးတင်ကျွန် ဖြစ်သည့်ဘ၀အခြေအနေသို့ကျဆင်းကြရတော့သည့်ဦးရေမှာတိုးပွါးစေပါသည်။ဆိုရှယ်လစ်စီး ပွါးရေးစနစ်အောက်တွင်မြို့နေလူတန်းစားများနှင့်အလုပ်သမားများစားနပ်ရိက္ခာကိုပံပိုးနိုင်ရေး အတွက်လယ်ယာထွက်ဆန်စပါးအားကန့်သတ်ဈေးဖြင့်နိုင်ငံတော်မှဝယ်ယူခဲ့ရာလယ်တောင်လယ်သမားများအနေဖြင့်ဈေးကွက်ပေါက်ဈေးကိုမရတော့ဘဲတဖြည်းဖြည်းဆင်းရဲလာသည့်အနေအထားသိုရောက်ရှိခဲ့ရသည်လက်ရှိအနေအထားတွင်လည်းလွတ်လပ်စွာရောင်းဝယ်ခွင်ရှိပြီဟုဆိုနိုင်သော်လည်းဈေးကွက်မာယာအောက်တွင်ကုန်သည်ပွဲစားတို့၏ဈေးကွက်ကစားမူကိုခံစားနေရပြီးစာသုံးသူသို့တိုက်ရှိက်သို့မဟုတ်နောက်ဆုံးပို့ကုန်တင်ပို့သူအားတိုက်ရိုက်ရောင်းချနိုင်သောစနစ်အားနည်းချက်ကြောင့်အဆင့်သောကုန်သည်သည်ပွဲစားတို့၏ကြားတွင်ဈေးနှုန်အကုန်မရဘဲဈေးနိမ်ခံရသလိုဖြစ်နေရသည်။ဈေးကွက်အတွင်းပေါင်းဆုံကာဈေးနှုန်အမှန်မရှိသောအကြောင်းအချက်တွင်တောင်သူလယ်သမားများချေးယူအသုံးပြုထားသောစိတ်ပျိုးစရိတ်
များကိုသီးနှံပေါ်ချိန်ကာလတွင်ပြန်လည်ပေးဆပ်ရန်အတွက်အချိန်စေ့ရောက်နေလေ့ရှိပြီး ချေး ငွေအဖွဲအစည်းများကအတင်းအကြပ်ပြန်လည်ကောက်ခံကြခြင်းဖြစ်ရာ ကုန်သည်များမှလည်း အကုန်ဝယ်ယူရန်ငွေကြေးအခက်အခဲသော်ကြောင့်လည်းအခြားအကြောင်းအချက်များအရလည်းကောင်းအ၀ယ်ရပ်ဆိုင်းလုနီးပါး ရပ်တန့်နေလေ့ရှိကြသည်ကို အတွေ့အကြုံများအရတွေ့ခဲ့ ရပြီးချေးငွေများပေးဆပ်နိုင်ရန်အတွက်ရရာဈေးဖြင့်(၀ယ်သူဈေးကွက်သဘောတရား အရပ်အ ခေါ်ဗိုက်နာဈေး)ဖြင့် ထိုးရောင်းကြရင်းမှဈေးနှုန်ကျဆင်းခြင်းဒဏ်ကိုခံစားကြရပေတော့သည်။ ထိုကွက်လပ်အား စုပေါင်းဖြည်ရှင်းနိုင်ရေးအတွက်သမ၀ါယမနည်းအသင်းများဖွဲစည်းကာနည်း စနစ်ကျကျ လေလံဈေးများနှင့်ဖွင့်စီမံပေးပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
             တောင်သူလယ်သမားများအနေဖြင့်သီးနှံပေါ်ချိန်စိုက်ပျိုးစရိတ်ချေးငွေများမဖြစ်မနေ ပြန်လည်ရောင်းရသည့်အတွက်ကုန်သည်ပွဲစားများအနေဖြင့်ထိုအခြေအနေဖြစ်ပေါ်နေမူအ
ပေါ်အခွင်းအရေးတရပ်အနေဖြင့်အသုံးချနေမူအာဘဏ်များနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ကြောထောက်နောက်ခံပေးကာကာလတို၂လမှ၆လအတွင်းကာလာလတိုချေးငွေအဖြစ်သီနှံသိုလှောင်ရုံအသိအမှတ်ပြု့လက်မှတ်ထုတ်ပေးကာအာမခံအဖြစ်တင်သွင်းလာသည့်အပေါ်ချေး
ငွေထုတ်ချေသောဘဏ္ဍာရေးအထောက်အကူပြုစနစ်သမ၀ါယမအသင်းများဖြင့်လုပ်ဆောင်ရန်ဖြစ်ပါသည်။ကျေးရွာသမ၀ါယမအသင်းများကကျေးရွာတရွာသိုလှောင်ရုံတခုတည်ဆောက်ကာအသင်းသားများ၏သီးနှံကိုထိမ်းသိမ်းပေးလျှက်သီုလှောင်ရုံအာမခံလက်မှတ်ထုတ်ပေးပြီးထိုလက်မှတ်အားအပေါင်အထောက်အထားအဖြစ်ရယူလျှက်သီးနှံကာလပေါက်ဈေးတန်ဖိုး၏၏
များဒေသရာသီဥတုနှင့်ညီညွတ်သောအနေအထားကိုကျွမ်းကျင်သူများနှင့်တွက်ချက်ကာတည်ဆောက်ရန်ဖြစ်ပြီးတောင်သူလူသမားများ၏အလျှင်အမြန်ရိတ်သိမ်းခံရသော စပါးများကိုလည်း ၀န်ဆောင်ခရယူကာသီးနှံအခြောက်ခံစက်များပါတွဲဖက်တပ်ဆင်သိုလှောင်ပေးခြင်းအားဖြင်အရည်အသွေူးမြင့် ဆန်စပါးများကိုထုတ်ကုန်အဖြစ်ထုတ်လုပ်လာနိုင်မည်ဖြစ်ပါသည်။
ထုတ်ချေးငွေရပြန်လည်ကောကခံခြင်းနှင့်ရောင်ချရန်ဈေးကွက်ဖေါ်ဆောင်ရေး
ပေးဆပ်ချိန်စေ့ရောက်သည့်ကိစ္စများအတွက်သိလှောင်ရုံအာမခံစနစ်အရထုတ်ချေးထားသော ချေးငွေဖြင့်သီးနှံစိတ်ကြိုက်ဈေးမရခင်ပေးဆပ်ခြင်ထားဖြင့်ချေးငွေမပေးဆမ်နိုင်သောအခြေအနေအခက်အခဲများကိုကျော်လွှာနိုင်မည်ဖြစ်ပါသည်။သိုလှောင်ရုံချေးငွေအတွက်ပြန်ဆပ်ရန်နှင့် သီးနှံဈေးနှုန်းအမှန်ရရှိစေရန်လည်းသမ၀ါယမအသင်းများအနေဖြင့်စုပေါင်းရောင်းချစေ သောWholesale Marketကိုအသင်းအလိုက်ဖြစ်စေအုပ်စုအတွင်းကျေးရွာကြီးအသင်းကြီးများ မဖြစ်စေတည်ထောင်ဖွင့်လှစ်ကာသီးနှံနမူနာများသိုလှောင်ရုံအာမခံလက်မှတ်များကိုတင်ပြကာ
မှတ်ပုံတင်ထားသောကုန်သည်ပွဲစားစားသုံးသူများကိုဖီတ်ခေါ်လျှက်မျိုးတူရာစုစည်းကာလေလံ  Optionဆွဲစနစ်အဖြစ်အရေးအတွက်များများကိုဈေးကွက်ပါက်ဈေးနှင့်အညီရောင်းချသောစနစ်
           ကျေးရွာအဆင့်အသင်းတသင်းစတင်မတည်ရမည်ဘဏ္ဍာရေးခန့်မှန်းချက်
            ( က) သိုလ်လှောင်ရုံတည်ဆောက်ရန်အတွက်                ကျပ်
             ( ခ)  အခြောက်ခံစက်အတွက်  တန် (၁၀၀)စပါးခွံမိဖိုသုံး  ကျပ်
             ( ဃ ) ချေးငွေအတွက် စပါတန်ချိန် (            )               ကျပ်
            စုစုပေါင်း    
သမ၀ါယမကဏ္ဍမှလုပ်ဆောင်ရန်အတွက်ဘာကြောင့်အကြံပြုရသလဲ?
           သမ၀ါယမကဏ္ဍသည်၁၉၀၅ ခုနှစ်အိန္ဒိယားပြည်တောင်သူလယ်သမားများဆင်းရဲနွမ်း ပါမူကြီးထွားလာရာမှဥပဒေအရပေါ်ထွက်လာသောလုပ်ငန်းတရပ်အဖြစ်စခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်ရာမြန်မာပြည်တွင်လည်းခေတ်စနစ်အမျိုးအကြားဖြတ်သန်းလာခဲရပြီးမည်သိုပင်ဆိုစေကာမူနှစ်ပေါင်း၁၁၄နှစ်တိုင်ယနေအခြေခံလူတန်းစားအများစုပါဝင်နေသောကျေးလက်နေပြည်သူတောင်သူလယ်သများပါဝင်သည့်ကြီးမားသောလူမူစီးပွါးရေးအဖွဲပအစည်းအဖြစ်ရပ်တည်နေဆဲဖြစ်ပါသည်။ဥပဒေအရလည်းအခိုင်အမာရှိပြီးအောက်ခြေအထိအဆင့်ဆင့်အစိုးရထိမ်းကြောင်းကြီးကြပ်နိုင်သောအဖွဲ့အစည်းလည်းဖြစ်သလိုဒီမိုကရေစီးနည်းလမ်းအရအသင်းသားများကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသောစီးပွါးရေးယန္တယားတခုဖြစ်သလိုအသင်းသားအခြေခံပြည်သူများအားသက်သာချောင်ချီရေးစီးပွါးရေးဖွံဖြိုးလာရေးလူမူရေးကျန်မာရေးအတွက်အကျိုးအမြတ်များကိုခွဲဝေစီမံပေးနိုင်သောအဖွဲ့အစည်းတစ်ရပ်အဖြစ်ကျယ်ပြန့်စွာတည်ရှိနေဆဲဖြစ်ပါသည်။
ရှင်ကြီးဝမ်းလည်းဝင်ဖူးရှင်ငယ်ဝမ်းလည်းဝင်ဖူးသလိုအခြားအဖွဲ့အစည်းများထက်များစွာသောအတွေ့အကြုံများလည်းရှိပြီးကျွမ်းကျင်သူများလည်အထိုက်အလျှောက်ပြည့်စုံသည်အတွက်တတိုင်းပြည်လုံးကျယ်ပြန့်စွာဆောင်ရွက်နိုင်မည်ဟုယုံကြည်ရကာအချိန်တိုအတွင်းတောင်းသူလယ်သမားများအားအထောက်အပံပြုနိုင်မည်ဖြစ်သည်။ဤစီမံချက်သည်ဆန်စပါးကိုအဓိကထား
သော်လည်းပြောင်းနှံမြေပဲစသည့်သီးနှံစိုက်ဒေသများတွင်ပါအသုံးပြုနိုင်လိမ့်မည်ဟုယုံကြည်
လျှက်ရေးသားတင်ပြအကြံပြုခြင်းသာဖြစ်ပါသည်။                                                                                                          
Thursday, June 13, 2019
စိုက်ပျိုးရေးကုန်ထုတ်သမ၀ါယမအသင်းများပေါ်ထွန်းလာရေးအတွက် စိတ်ကူးစိတ်သန်းများ
စိုက်ပျိုးရေးကုန်ထုတ်သမ၀ါယမအသင်းများပေါ်ထွန်းလာရေးအတွက်
 စိတ်ကူးစိတ်သန်းများ
၁။       စက်မူနိုင်ငံအတွက်မထွန်းကားသေးသောအခြအနေတွင် တောင်သူလယ်သမား ၇၀% ခန့် ရှိသောနိုင်ငံတွင်း ပြည်တွင်းဖူးလုံရေး သာမက ပြည်ပပို့ကုန်များအဖြစ်တင်ပို့နိုင်ရေးအတွက်လည်း ကောင်းကျေးလက်ဒေသနေပြည်သူများစီပွါးဖွံဖြိုးရန်အတွက် ခေတ်မှီစိုက်ပျိုးရေးစနစ်များဖြင့် စိုက် ပျိုးရေးထုတ်ကုန်များစနစ်တကျအထွက်တိုးလာရေးအတွက် တောင်သူလယ်သမားများအားစုစည်း စည်းရုံးဆောင်ရွက်သင့်ကြောင်းအတွေးများသည် IRMA နှင့် IDCA လေ့လာသင်ယူပြီးနောက်ပိုမိုယုံ ကြည်လာခဲ့ပါသည်။သို့သော် မြန်မာ့တို့၏သဘောသဘာဝနှင့် တည်ရှိဆဲအဖွဲ့အစည်းများ၏ အနေ အထာအရမိမိအဆင့်ဖြင့်အကောင်အအထည်ဖေါ်ရန်ခက်ခဲနေသဖြင့်လက်လျှော့နေခဲ့ရပါသည်။အမှန်
တကယ်တော့ India နှင့် Japan နိုင်ငံတို့တွင်ထိုလုပ်ငန်းများအားသမ၀ါယမ အဖွဲ့အစည်းများက အစိုးရ နှင့် ပူပေါင်းလုပ်ဆောင်ကြသဖြင့်ထိုနိုင်ငံများ၏ စိုက်ပျိုးရေးသမ၀ါယမများမှာ နှစ်ပေါင်း ၅၀ ကျော် အထိခိုင်မာအားကောင်းလျှက်ရှိပါသည်။
၂။        India နိုင်ငံတွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကိုသမ၀ါယမများက လွမ်းခြုံထားပြီး သမ၀ါယမ ခေါင်ဆောင်များအား Institute of Rural Development Anand  က အခြေခံ တပါတ်သင်းတန်းမှအစ PhD ဘွဲအထိလေ့ကျင်းသင်ကြားပေးနေပြီး Japan နိုင်ငံတွင် The Institute for the Development of Agricultural Cooperation in Asia သင်တန်းကျောင်းကလည်းနို်င်ငံတ ကာမှသင်တန်းသားများကို လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ထိုသင်တန်းများတွင်လေ့လာခဲ့မူ များအပေါ်အခြေခံ၍ မြန်မာနိုင်ငံတွင်အောင်မြင်သော စိုက်ပျိုးရေးသမ၀ါယမအသင်းတခု (Model) တခုပေါ်ပေါက်လာစေရန်ဆန္ဒဖြစ်ခဲ့သည့်အလျှောက်အတွေ့အကြုံစိုက်ကူးများအားမျှဝေပါသည်။လိုအပ် လာပါကလည်းကူညီဆောင်ရွက်ပေးရန်အသင့်ရှိပါသည်။
လက်ရှိမြန်မာနိုင်ငံစိုက်ပျိုးရေးသမ၀ါယမများအခြေအနေ
၃။           လက်ရှိမြန်မာနိုင်ငံစိုက်ပျိုးရေးသမ၀ါယမအသင်း ရာဂဏာန်မျှရှိမည်ဟုယူဆပါသည်။သို့ သော်စနစ်တကျအထိုက်အလျှောက်အောင်မြင်သည့်အသင်းဟု၍ ဆယ်ဂဏာန်မပြည့်ပါ ဖြူးမြို့နယ်ရှိ လူငယ်အားမာန်းစိုက်ပျိုးရေးကုန်ထုတ် သမ၀ါယမအသင်း၏ မျိုးစပါးထုတ်လုပ်လုပ်မူမှာအောင်မြင် သည်ဟုကြားသိရပြီးအခြားအသင်းများမှာတောင်သူလယ်သမားများအားငွေချေးပေးသည့်အဆင့်
သာရှိပြီးစိုက်ပျိုးရေးနည်းပညာ နှင့်ခေတ်မှိလယ်ယာစနစ်သို့တက်လှမ်းခြင်း ဈေးကွက်ဖေါ်ဆောင်ပေးနိုင်း ခြင်းမရှိသေးသလိုထုတ်ကုန်တိုးမြင့်ရန်အောင်မြင်ရန်အတွက်မည်သည့်အထောက်အပံအစီအမံများမှာ လိုအပ်ချက်များရှိနေသေးကြောင်းလေ့လာသိရှိနေရသည်။လယ်သမားများဖက်မှလည်းခေတ်အဆက်ဆက်
ဆင်းရဲမူကြောင့်အကြွေးပေါင်းစုံဖြင့်အကြွေးဝန်ပိနေပြီးချေးငွေကိုသာလုံးကနဲငွေသားအတိုင်းလက်ခံရယူ
လိုပြီးသွင်းအားစုများအတွက်စံချိန်ပြည့်အသုံးမပြုလိုကြောင်းဆွေးနွေးသိရှိခဲ့ရကာစံချိန်မှိ စိုက်ပျိုးရေးသမ၀ါယမအသင်းဖွဲ့စည်းရန်ပင်စည်းရုံရသည်မှာအခက်အခဲနှင့်ရင်ဆိုင်ခဲ့ရကြောင်း၂၀၁၄ခုနှစ်တွင်မိမိကြုံ တွေခဲ့ ရပြီးလက်လျှော့ထားခဲ့ရပါသည်။
အိန္ဓိယ နိုင်ငံ စိုက်ပျိုးရေးအသင်များ၏ ယျေဘူယျအခြေအနေ
၎။             ၁၉၀၄ ခုနှစ် အိန္ဒိယ နိုင်ငံ၏သမ၀ါယမဥပဒေအရ စိုက်ပျိုးရေးသမ၀ါယမအသင်းများပေါ် လာကြပါသည်။လယ်ယာမြေများပြန်လည်နေရာချထားခြင်းကအစသမ၀ါယမဌာနကဦးဆောင်ပါဝင်ခဲ့ပြီး
သမ၀ါယမအသင်းများကိုဖွဲ့စည်းခဲ့ပေသည်။လယ်သမားများသည်သမ၀ါယမအသင်းသားအဖြစ်ပါ
ဝင်ကြပြီးအသင်းမှ လယ်သမားများသီးနှံရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် မြေယာစမ်းသပ်ခြင်း ( soil test )လုပ်ငန်းအားအခမဲ့ပြုလုပ်ပေးပြီး မြေယာပြုပြင်ရန်အကြံပေးခြင်း သီးနှံရွေးချယ်ရန်အကြံ ပြုခြင်း စိုက်ပျိုးပြီးသီနှံများစိုက်ပျိုးပင်များအာအမြဲတမ်းကွင်းဆင်းလေ့လာခြင်းရောဂါပိုးကျရောက်ပါ ကကုသ ပေးခြင်းရေသွင်းစိုက်ပျိုးရန်အတွကင်အသင်းပိုင်ရေပေးရေးစနစ်ထားရှိကာရေဖြန့်ဝေပေးခြင်း သီးနှံ ရိတ်သိမ်းခူးဆွတ်ပြီးပါကလေ့လန်ဈေးကွက်ကိုအသင်းမှဦးဆောင်ဖန်တီးတည်ဆောက်ထားပြီးကုန်သည်များ
ပွဲစားများကုန်တိုက်များမှအ၀ယ်တော်များကနေ့စဉ်Wholesale Marketလာရောက်လေလန်ဆွဲ
ဝယ်ယူစေခြင်းဖြင့်ကာလပေါက်ဈေးရရှိရန်စီမံဆောင်ရွက်ထားသည်ကိုလေ့လာခဲ့ရပါသည်။လယ်ယာမြေများ
တွင်၁၂လလုံးသီးနှံမျိုးစုံကိုစဉ်ဆက်မပြတ်စိုက်ပျိုးနေစေရန်အတွက်အသင်းမှဦးဆောင်ကာလုပ် ဆောင်ပေးပါသည်။လယ်ယာသုံးစက်ကရိယာများပိုးသတ်ဆေးများ ဓါတ်မြေ သြဇာများ စသည့် လယ် ယာသွင်းအားစုများကိုစာရင်းမှတ်စနစ်ဖြင့်အသင်းသားတိုင်းလိုအပ်ချက်အလိုက်အသင်းဆိုင်တွင်
ဝယ်ယူနိုင်ရန်စီမံထားသလိုသမ၀ါယမအသင်းပိုင်ဓါတ်မြေသြဇာသဘာဝမြေသြဇာစက်ရုံကြီးများ
ကိုလေ့လာခဲ့ရပါသည်။အသင်းများ၏ သက်တမ်းသည်အနှစ်၅၀ ကျော်  အသင်းများအများစုဖြစ်ကြပေသည်။
ဂျပန်နိုင်ငံ စိုက်ပျိုးရေးသမ၀ါယမအသင်းများ၏ ယျေဘူယျ အအြေနေ
၅။                  ဂျပန်နိုင်ငံ၏ လယ်သားများအားလုံးသည်သမ၀ါယမအသင်းသားများဖြစ်ပြီး (MAFF- Ministry of Agriculture, Forestry and Fisheriers) လက်အောက်တွင်ရှိပြီး စိုက်ပျိုးရေးသမ၀ါယမ အသင်စုချုပ်အောက်တွင်JAအမှတ်တံဆိပ်ဖြင့်အသင်းပေါင်းမြောက်များစွာပါဝင်ပါသည်။ထွက်ကုန်သီးနှံများ
အားနီးစပ်ရာJAကုန်တိုက်များတွင်ထုတ်လုပ်သူကိုယ်တိုင်မှအပ်ကုန်စနစ်ဖြင့်တွင်သွင်းရောင်းချနိုင်သလို Wholesale Market (သမ၀ါယမအသင်းပိုင်) တွင်လည်း လက္ကား ရောင်းချနိုင်ရေးစီမံထားပေသည်။အသင်းတိုင်းတွင်Agri–Advisorခန့်ထားဆောင်ရွက်သလို တစ်သျှု သုတေသနမျိုးစေ့သုတေသနမြေအမျိုးအစားစမ်းသပ်ခြင်းစသည်တို့ဆောင်ရွက်ပေးကြပါသည်။ သွင်း အားစုများ ဖြစ်သောစက်ကရိယာများကရိယာတံဆာပလာများမျိုးစေ့များဓါတ်မြေသြဇာ သဘာ ၀မြေသြဇာများကိုစာရင်းမှတ်စနစ်ဖြင့်ရောင်းချပေးသလိုပြုလုပ်ပုံးသုံးစွဲပုံများကိုအသင်းသား များသို့ အချိန်ပိုင်သင်တန်းတက်စေခြင်းအခါမလပ်AgriAdvisorများကနယ်မြေအလိုက်စိုက်ကွင်းအလိုက်စစ်
ဆေးအကြံပေးကာပြုပြင်နေခြင်းစသည့်လုပ်ငန်းများကိုလေ့လာခဲ့ရပါသည်။Wholesale Mraket များ တွင်Customer ၏ နေရာအရောက်ပို့ဆောင်ပေးသည့် Delivery or Logistic များစီ မံပေး ထားပါသည်အသင်းသားများအနေဖြင့်နေ့စဉ်ဈေးကွက်ပေါက်ဈေးအမှန်ကိုရရှိကြပါသည်။အသင်းအ နေဖြင့်ဆောက်ရွက်ခကော်မရှင်ရာခိုင်းနှုန်းကိုသာရယူခြင်းတွေရသည်။ပျက်စီးလျှော့ပျောက်ရောင်း
ဈေး  ၀ယ်ဈေးကွာခြားချက်မရှိသဖြင့် အရှူံးမရှိကြောင်းတွေ့ရသည်။
           မြန်မာနိုင်ငံတွင်ဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးသမ၀ယမအသင်းပုံစ
၆။               အထူးသဖြင့်ခေတ်အမျိုးမျိုးစနစ်အမျိုးကိုဖြတ်သန်းခဲ့ရသောမြန်မာနိုင်ငံ လယ်သမား များအနေဖြင့်မဆလစနစ်အောက်တွင်မြို့ပြနှင့်အလုပ်သမားလူတန်းစားနိုင်ငံဝန်ထမ်းများ သက်သာစွာ စာနပ်ရိက္ခာဖြန့်ဖြူးနိုင်ရေးဆိုသည့်မူဝါဒအောက်တွင်အဓိကဆန်စပါးထုတ်ကုန်အပေါ်ဈေးကွက်ပေါက် ဈေးမဟုတ်ဘဲကန့်သတ်ဈေးနှုန်းဖြင့်ဈေးနှိမ်ရောင်းချပေးရသည့် ဒဏ်ရာ    ဒဏ်ချက်အရဆင်းရဲတွင်း
နက်ခဲ့ရသည်။ထိုအထဲတွင်သမ၀ါယမသည်လည်းခေတ်စနစ်အရပါဝင်ခဲ့ကြရာသမ၀ါယမအသင်းဖွဲ့စည်းရန်ဆို
သည်နှင့်သံသယများကရိုက်ခတ်လာတော့သည်။ သို့အတွက်အထက် ပါနိုင်ငံများကဲသို့ ဆောင်ရွက်ရန်မှာအချိန်အတော်ယူရမည်ဖြစ်သည်။ယခုအခါတွင် ယ်မင်းသား (သို့)လယ်လုပ်ငန်းနှင့် အခြားလုပ်ငန်းများတွဲဖက်လုပ်သူများသာအကြွေးကင်းကင်းနှင့်ရှိကြမည်ဖြစ်ပြီးလုပ်ကွက်ငယ်လယ်သမားများ
သည်အမျိုးမျိုးသောချေးငွေဖြင့်ရုံးကန်နေကြရမည်ဖြစ်သည်။ခိုင်မာသော လယ်ယာ စိုက်ပျိုး ရေးအသင်းတစ်သင်းစံပြ (Model )အဖြစ်ဖွဲစည်းလိုပါက ပညာ အမျှော်အမြင်၊ယုံကြည်ချက်နှင့် စီးပွါး တိုးတက်စေရန်စုပေါင်းလုပ်ကိုင်လိုသူများဖြင့်ဖွဲစည်းသင့်ပေသည်အမည်ခံငွေတိုးချေးယူ အခြားနေ ရာ တွင်ပြန်အသုံးချလိုသူများနှင့်ဆိုလျှင်အောင်မြင်နိုင်ချေနည်းမည်ဖြစ်ပေသည်။စိုက်ပျိုးရေးကုန်ထုတ်
သမ၀ါယမအသင်း( Model )တခု အတွက် အောက်ပါအချက်တွေလိုအပ်မည်ဟုယူဆပါသည်။
(က)အသင်းဦးရေထက် ၅ဧက ၁၀ ဧကပိုင်လယ်သမားစုပေါင်၍တဆက်တစပ်တည်း အနည်းဆုံး    
      ဧက ၁၀၀ မှ ၅၀၀ အထိ အတွင်းရှိလယ်သမားများကိုစည်ရုံးပါဝင်လာစေရန်။
(ခ) အသင်းဖွဲ့စည်းသည့်နေရာအတွင်းအစုထည်ဝင်ငွေလိုလိုလားလားထည့်ဝင်လိုသူများဖြစ်ရန်
(ဂ) မြေအမျိုးအစားအလိုက် သီးနှံရွေးချယ်စိုက်ပျိုးရန်အတွက် မြေယာ ဓါတ်ခွဲခြင်းကို မြေယာ ပြုပြင်
     ခြင်းကိုမဖြစ်မနေလုပ်ရန်
(ဃ) သီးနှံအမျိုးအစားရွေးချယ်ခြင်းကို မြေအမျိုးအစားအလိုက် ကျွမ်းကျင်သူများ နှင့်မြေပိုင် ရှင်လယ်
       သမားအသင်းသားအကြေအလည်ဆွေးနွေးစေရန်
(င)အချိန်ကာလလိုက် (မြေပြုင်သောအချိန်၊ ထွန်ယက်ချိန်၊ စိုက်ပျိုးချိန်၊ရိတ်သိမ်းခူးဆွတ်ချိန်း)လိုအပ်
    သောသွင်းအားစုများအတွကိလိုအပ်သောစရိတ်ဖြည့် ဆည်းရန်အတွက် အရစ်အပိုင်းအခြားဖြင့် 
    ပံပိုးပေးရန်အတွက် ဘဏ္ဍာရေးအစီအမံချမှတ်ထားရန်
(စ) လုပ်ငန်းစဉ်တခုခြင်းအမှန်တကယ်အသင်းသားလယ်သမားကလုပ်ဆောင်ခြင်းလိုက်နာခြင်းရှိမရှိ၊
    လယ်သမား၏လက်တွေ့ဆောင်ရွက်ရာတွင်တွေ့ကြုံနေရသည့်အခက်အခဲ(ဥပမာပိုးကျခြင်း၊ရေ  
    မြှပ်ခြင်း၊စိုက်ပျိုရေမရခြင်း)ရှိမရှိအသင်း၏၀န်ထမ်း၊တာဝန်ခံဒါရိုက်တာ၊ဦးစီးဌာနတာဝန်ခံများက   
    သတ်မှတ်ချိန်အလိုက်လက်တွေ့ကွင်းဆင်းညှိနှိုင်းချက်ခြင်းဖြည့်ဆည်းရန်းနည်းလမ်းများချမှတ်
     ထားရန်
           (ဆ) ထွက်ရှိလာသောသီးနှံများအား ဈေးကွက်တင်ရေးအတွက် အသင်းမှစုပေါင်းရောင်းချမည့်နည်း    
       လမ်းများ (ကုန်သည်၊ ကုမ္မဏီများ၊အ၀ယ်တော်နှင့် အခြား customers တစ်ဦးမက)    ဖြင့်ဈေး 
       ကွက်ပေါက်ဈေးအမှန်ရောင်းချနိုင်ရေးအတွက်လေလံစနစ်ဖြင့်ရောင်းချနိုင်ရေးစီမံထားရန် 
       (ဖြစ်နိုင်ပါက ကျေးရွာ အုပ်စုအလိုက် Wholesale Market များဖွင့်လျှစ်ထားရန်)
 (ဈ) သီးနှံပေါ်ချိန်ရာသီ ဈေးနှုန်းနှိမ်ချသည်ကိုရှောင်းရှားနိုင်ရန်အတွက် အသင်းမှ ကြာခံ အဖြစ်
      သီးနှံအာမခံစနစ်ဖြင့် ခေတ္တချေးငွေစနစ် ဆောင်ရွက်ပြီးကြောထောက်နောက်ခံ ဘဏ် (သို့)    
      ဘဏ္ဍာရေးအဖွဲ့အစည်းကသီးနှံကိုအာမခံအဖြစ်ရယူထားသေသီးနှံယာယီချေးငွေထုတ်ပေးနိုင်
       ရေးစီမံရန်။  
(ည)အသင်းတိုင်းတွင်သီနှံအာမခံချေးငွေအတွက်သီးနှံများအာမခံအဖြစ်ထိမ်းသိမ်းသိုလ်လှောင်ရန်အ
      အခကြေးငွေဖြင့် ခေတ္တသိုလ်လှောင်းထားရေး ခေတ်မှီသိုလှောင်ရုံများတည်ဆောက်ရန်
(ဋ)စိုက်ပျိုးရေးကုန်ထုတ်သမအသင်း(Model) လိုအပ်သောဘဏ္ဍာရေးလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်
    မည့် ကြောထောက်နောက်ခံဘဏ်ချေးငွေ(သို့)ဘဏ္ဍာရေးအဖွဲ့ တစ်ခုအခိုင်အမာရပ်တည်ပေးရန်
    အတွက်စီမံထားရန်တို့ဖြစ်ပါသည်။
                                 အထက်ဖေါ်ပြချက်များသည်မိမိ၏ယျေဘူယျ စိတ်ကူမျှသာဖြစ်ပြီး လိုအပ်ချက်များ အမြောက်အများရှိမည်ဖြစ်ပါသည်၊သို့သော်သမ၀ါယမအနေဖြင့်လယ်ယာကဏ္ဍာမှာလက်တွေ့ကျကျနှင့်ပြည်သူ
အကြားတကယ်လုပ်နိုင်မည်ဟုယုံကြည်ပါသည်။ထိုကဲသို့ဆောင်ရွက်မည်ဆိုက လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။ 
                                                                                လှမိုး၊အောင်နိုင်တိုး