၂၀၀၀နှစ်တွင်ကုလသမဂ္ဂအဖွဲကြီးကထောင်စုနှစ်ရည်မှန်ချက်အဖြစ်
အမျိုးသား
အဆင့်ရည်မှန်ချက်(ဂ)ချက်ကိုချမှတ်က၂၀၁၅ခုနှစ်တွင်အောင်မြင်စွာအကောင်အထည်ဖေါ်နိုင်
ကြဖို့
နိုင်ငံပေါင်း၁၈၉နိုင်ငံ INGO အဖွဲ့အစည်းပေါင်း၂၃ ဖွဲ့တို့ ကသဘောတူ ချမှတ်ခဲ့ကြပါသည်။
ရည် မှန်းချက်များမှာ
(၁) အလွန်အမင်းဆင်းရဲနွမ်းပါးမှု နှင့် ငတ်မှုခေါင်းပါးမှုကိုတိုက်ဖျက်ရေး
(၂) တကမ္ဘာလုံး မှုလတန်းပညာကို တတ်မြောက်စေရေး
(၃) ကျား/မ တန်တူညီမျှ အခွင့်အရေးတိုးတက်ရရှိရေး
(၄) ကလေးသူငယ်သေဆုံးမှုလျှော့ချရေး
(၅) သားဖွားမိခင်ကျန်မာရေးစောင့်ရှောက်မှုတိုးတက်လာရေး
(၆) HIV/AIDS / ငှက်ဖျားရောဂါ နှင့်အခြားရောဂါများတိုက်ဖျက်ရေး
(ရ)ပတ်ဝန်ကျင်ထိမ်သိမ်းစောင့်ရှောက်မှုရေရှည်တည်တန့်ခိုင်မြဲရေး
(၈) ဖွံဖြိုးတိုးတက်မှုအတွက်တကမ္ဘာလုံးလက်တွဲပူးပေါင်းဆောင်ရွက်မှုဖွံဖြိုးရေး
တို့ကိုချမှတ်ခဲ့ ပါသည်။
နိုင်ငံကာတကာသမ၀ါယမနှစ်
ထောင်စုနှစ်ရည်မှန်ချက်များကိုအောင်မြင်စွာဆောင်ရွက်ရာတွင်
ကုလသမဂ္ဂ အနဖြင့် ၂၀၁၂ခုနှစ်အား နိုင်ငံတကာ သမ ၀ါယမနှစ်အဖြစ် သတ်မှတ်ကာ တကမ္ဘာလုံး သမ၀ါမယမ
လှုပ်ရှားမှုအနေဖြင့်ကမ္ဘာ့စီးပွါးရေးဖွံဖြိုးတိုးတက်စေရန် နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်
ရေးအတွက် သမ၀ါယမလုပ်ငန်းများစဉ် ဆက်မပြတ်တိုးရေးစေရန်ရည်မှန်းချက်(၃)ရပ်အားချမှတ်ထားပါသည်။
(၁)လူမှုစီးပွါးရေးဖွံဖြိုးတိုးတက်စေရန်
Socio-economic Developmentနှင့် ထောင်စုနှစ်ရည်မှန်း
ချက်များ Millennium Development Goals အောင်မြင်စေရန်အတွက်
ပြည်သူများအား သမ
ဝါယမအသိပညာများတိုးပွါးစေ၍ပါဝင်ဆောင်ရွက်လာမှုများကိုမြှင့်တင်ရန်။
(၂) သမ၀ါယမ များကြီးထွားလာရေးနှင့်ဖွဲ့စည်းမှုများ
တိုးမြင့်လုပ်ဆောင်ရန်။
(၃)သမ၀ါယမများဖွဲ့စည်းမှု၊တည်ဆောက်မှုနှင့်ရေရှည်တည်တန့်ခိုင်မြဲစေရန်အတွက်
မှုဝါဒများ၊
ဥပဒေများ၊စည်းမျဉ်း စဉ်းကမ်များ ချမှတ်နိုင်ရေးအတွက်
အစိုးရများကိုတိုက်တွန်းနိုးဆော်ရန်။
နိုင်ငံတကာတကာသမ၀ါယမအသင်းကြီး(International Co-preative Alliance –ICA)ကလည်းသမ၀ါယမနည်းလမ်းများဖြင့်လူမှုစီးပွါး
ရေးဖွံဖြိုးတက်စေရန်အတွက် ၂၀၁၁ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်းသမ၀ါယမလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်
သမ၀ါယမစု လုပ်ငန်းစဉ်းလမ်းညွှန်များ( The Blueprint for Co-operative Decade -2020
vision) ရည်မှန်ဆောင်ရွက်နေပါသည်။
လက်ရှိစိန်ခေါ်ချက်များ
၂၀၁၂ ခုနှစ် နှစ်လည်ပိုင်အထိပင်
များစွာသော နိုင်ငံများအစိုးရများသည်စီးပွါးရေး အကြပ်အတည်များအကြားဖွံဖြိုးမှုနိမ့်ကျလျှက်ထွက်ပေါက်ပိတ်သည့်အနေအထားတွင်မှာပင်လွတ်
မြောက်မှု
မရှိသေးပဲ ရှိနေရာ ထောင်စုနှစ်ရည်မှန်း ချက်မှာလည်းပြည့်မှိရန် ပိတ်ဆို့နေလျှက်ရှိပေ
သည် ။ လူမှုရေးနှင့် ပြည်သူ့အသုံးစရိတ်ဖြတ်တောက်မှုများ ပြည်သူများနိုင်ငံကျော် ထွက်ခွာ
ရွှေ့ ပြောင်းနေထိုင်မှုများ ၊အနောက်မှအရှေ့သို့ စီးပွါးရေးအင်အားများပြောင်ရွေလာခြင်းနှင့်အတူ
နိုင်ငံရေး ရာများပြောင်းလည်းလာမှု စသည့် လူမှုရေးမငြိမ်းမသက်ဖြစ်မှုများး၊ စီးပွါးရေးရပ်တန့်နေ
မှု နှင့် လုံခြုံမှုမရှိသောအခြေအနေများအတွက် အမြန်ဆုံးပြောင်လည်းမှု Reform ကို နိုင်ငံရေး
အင်အားစုများအနေဖြင့်လုပ်ဆောင်ရန်တိုက်တွန်းလျှက်ရှိပါသည်။ဤ မသေခြာမရေရာသောအခြေ အနေများအတွင်းမှာပင်
သမ၀ါယမလုပ်ငန်းများသည် ကမ္ဘာပြည်သူများအတွက် စီးပွါးရေးနှင့် လူမှု ရေးလိုအပ်ချက်များကိုရှင်းလင်းလွယ်ကူစွာဖြင့်ဆောင်ရွက်ပေးနိုင်ပါသည်။ကမ္ဘာအနှံကျယ်ပြန့်စွာပါဝင်သူ
အားလုံးအတွက်လူသားများ၏လိုအပ်ချက်မှန်သမျှကိုအချိန်နေရာမ
ရွေးဖြည့်ဆည်းပေးသည့် သမ၀ါယမလုပ်ငန်းစီးပွါးရေးပုံစံသည်ဒီမိုကရက်တစ်နည်းလမ်းအပေါ်အခြေခံထားသဖြင့်မြောက်
များစွာသောစီးပွါးရေးပုံစံများစွာထက်ပြိုင်းဖက်ကင်းလောက်အောင်အကျိုးရလာဘ်အကျိုးဖြစ်ထွန်းစေသော
စီးပွါးရေးလုပ်ငန်းများအဖြစ်ရပ်တည်နေလျှက်ရှိပါသည်။လုပ်ငန်းပမာဏသေးသည်ဖြစ် စေ ကြီးသည်ဖြစ်စေ
ကမ္ဘာအနှံ့ကျယ်ပြန်စွာပါဝင်လုပ်ကိုင်နေကြပြီးကမ္ဘာအနှံတွင် အလုပ်အကိုင် ပေါင် သန်းနှင့်ချီကာဖြည့်ဆည်းနေသည်လည်ဖြစ်သည်။
သမ၀ါယမများသည်တစ်ဦးခြင်းပါဝင်မှု မိမိကိုယ်ကိုကိုယ်ယ်ယုံကြည်မှုတုံပြန်ရှင်သန်းအောင်ဆောင်ရွက်နိင်မှုများအားစုပေါင်းကာ
လူမှုရေး ရင်းနှီးမြှပ်နှံမှုကိုဖန်တီခြင်း(create social capital) အပြင် စီပွါးရေးအရ
လုံခြုံမှု အာမခံနိုင်များကို ပေးအပ်နိုင် ပြီးရေရှည်တည်တန့်ခိုင်မြဲရေးကို အောင်မြင်စွားဆောင်ရွက်သော
အဖွဲ့အစည်း (institution)များ ဖြစ်သည်။သမိုင်းအစဉ်အလာအရကမ္ဘာလူအဖွဲ့အစည်းအတွင်းလူမှုပါတ်ဝန်ကျင်း
နှင့်စီးပွါးရေး
နိုင်ရေးရာပြောင်းလဲစိန်ခေါ်မှုများနှင် နိုင်ငံအများကြုံတွေ့နေရသည့်ကာလများအတွင်း
သမ၀ါယမလှုပ်ရှားမှုများဖြင့် အခွင့်အလန်းအဖြစ်ပြောင်းလဲကာ ကျော်ဖြစ်လေ့ရှိပါသည်။ သို့သော်လည်းကြုံတောင့်ကြုခဲရရှိထားသော၂၀၁၂ခုနှစ်သဘောတူညီချက်များသည်နောက်နှစ်အ
နည်းအငယ်အတွင် ပျောက်ဆုံး ရတော့မည့် အနေအထားများက လည်းစိန်ခေါ်လျှက်ရှိပါသည်။ ၂၀၂၀ ခုနှစ်ရောက်ရှိလာပါက
ကမ္ဘာကြီးပူနွေးလာမှုသည် နေ့စဉ်လူနေမှုဘ၀အပေါ်အကျိုးသက် ရောက်မှုရှိလာပြီးလူငယ်မျိုးဆက်သစ်များ
အတွက်အပိတ်အဆို့အတားအဆီးများဖြစ်လာနိုင်ပြီးဆင်းရဲမှုသည်လည်းမြင့်တက်လာနိုင်ချေရှိနေသည်ဖြစ်ရာ
၂၀၁၂ ခုနှစ်တွင် ချမှတ်ထားသည် လူအများ ဘ၀လုံခြုံရေး၊ဘ၀ရှင်သန်းပျော်ရွှင်နိုင်ရေးတနည်းဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်ကိုပြန်လည်ပြီးသုံးသပ်ကာ
အောင်မြင်အောင်စွမ်းဆောင်ကြဖို့လိုအပ်လျှက်ရှိပါသည်။
လက်ရှိအနေအထားတွင် ကမ္ဘာ့သမ၀ါယမကဏ္ဍသည်
တကမ္ဘာလုံးအသင်းသားပေါင်း ၁ ဘီလျှံကျော်၊အိန္ဒီယနိုင်ငံကျေးလက်အိမ်ထောင်စု ၆၇% အာဖရီကဒေသ
အိမ်ထောင်စု ၄၀% အတွက် သမ၀ါယမကဏ္ဍမှ ဖြည့်ဆည်းပေးလျှက်ရှိပြီး အကြီးဆုံးသမ၀ါယမလုပ်ငန်းကြီးပေါင်း
၃၀၀ ကျော်အနေဖြင့် နှစ်စဉ် အမေရီကန်ဒေါ်လာ ၂ ထရီလီယံ ဖြင့် စီးပွါးရေးကဏ္ဍတွင်ပါဝင် ဆောင်ရွက်နေပါသည်။
၂၀၂၀ အထိရည်မှန်ဆောင်ရွက်
၂၀၁၂ ခုနှစ် မန်ချက်စတာတွင်ကျင်းပသော ( ICA
)၏ အထွေထွေညီလာခံမှ ၂၀၂၀ရည်မှန်ချက် ( 2020 vision) ကို ရှင်းလင်းဆွေးနွေးကာ အတည်ပြုခဲ့ကြပြီး
အရေးပါသော လုပ်ငန်းစဉ်(၅)ရပ်ကိုICA–Planning Work Group မှလမ်းညွှန်မှုပြုခဲ့ပါသည်။
- အသင်းသားများနှင့်အမှုဆောင်များအတွင်းအဆင့်သစ်တစ်ခုအထိရောက်ရှိစေရေးအတွက်ပူးပေါင်း
ပါဝင်ဆောင်ရွက်ကြစေရန်
- သမ၀ါယမတည်တန့်ခိုင်မြဲစေရေးအတွက်တည်ဆောက်သူများအဖြစ်နေရာယူလုပ်
ဆောင်ကြရန်
- ခိုင်မာလုံခြုံသောသမ၀ါယမလက္ခဏာများနှင့် သတင်းအချက်အလက်များပြန့်ပွားရေး
ကိုတည်ဆောက်ကြရန်
- သမ၀ါယမများကြီးထွားကျယ်မြန့်လာရေးတရားဝင်မှုမှုဘောင်များဖြင့်သေချာစွာ
ထောက်ကူပေးရန်
- အဖွဲ့ဝင်အသင်းသားများ၏ထိမ်ချုပ်အာမခံနိုင်မှုဖြင့်ယုံကြည်စိတ်ချခိုင်လုံသောဘဏ္ဍာ
ရေး လုံခြုံမှုစနစ်တည်ရှိရန်
စသည့်ရည်မျန်းန်ချက်များကို ၂၀၁၁ခုနှစ်မှ
၂၀၂၀ အထိ ဆယ်စုနှစ်အတွင် အကောင်အ ထည်ဖေါ်နိုင်ရေးအတွက်ကမ္ဘာဘဏ္ဍာရေးပြိုကျမှုဖြစ်စဉ်အပြီးကတည်းက
ရည်မှန်ချက်ထားရှိလုပ် ဆောင်ကြရန်တိုက်တွန်းလျှက်ရှိပါသည်။အဖွဲ့ဝင်များနှင့်အမှုဆောင်များအကြားအဆင့်
သစ်အနေ
ဖြင့်တစ်ဦးခြင်းတိုးမြင့်ပါဝင်လုပ်ဆောင်ကြခြင်းဖြင့်ပိုမိုပေါင်းစပ်ခြင်းပိုမိုထုတ်လုပ်ခြင်း
အပြင်နှစ်ခု
စလုံးကိုတပြိုင်နက်လုပ်ဆောင်ကာယုံကြည်မှုနက်ရှိုင်းစွာတစ်ဦးခြင်းပါဝင်ပိုင်ခြင်းအတွက်သမ၀ါယမသည်
အကောင်းဆုံးလုပ်ငန်းပင်ဖြစ်သလိုကြီးမားသောစီးပွါးရေးလူမှုရေးနှင့်ပါတ်ဝန်ကျင်ထိမ်းသိမ်းရေလုပ်ငန်းများ
ကိုဖေါ်ဆောင်ဖန်တီးနိုင်ခြင်း၊ပြည်သူအများပါဝင်ဆောင်ရွက်နိုင်ပြီးပြည်သူများ
ကိုယ်တိုင်ဆုံးဖြတ်နိုင်သောမျှတစွာစီးပွါးရေး၌ပါဝင်နိုင်သည့်အကောင်းဆုံးသောစီးပွါးရေးမော်ဒယ်ပုံစံဖြစ်
လည်းဖြစ် ပေသည်။
အကောင်းဆုံးပါဝင်နိုင်ဖို့
သမ၀ါယမလုပ်ငန်းသည် အိမ်ထောင်စုစီးပွါးရေးလုပ်ငန်းနှင့်နိုင်ငံအများဖွံဖြိုးရေးလုပ်
ငန်းအတွက်
အကောင်းဆုံးနည်း လမ်းတစ်ခုဖြစ်သော်လည်း ယုံကြည်ချက်မဏ္ဍိုင်း ကိုလျှော့ကျမှု
(irreduciable core)မရှိ ဖို့လည်းအရေးကြီးလှပေသည်။ သမ၀ါယမ အနှစ်သာရများနှင့် အဓိပ္ပါယ်
များအဓိကလက္ခဏာများကို(Identity) ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် သိရှိရေးအတွက်
မှုဝါဒချမှတ်သူများကဖြန့်ချီပေးရန်လိုအပ်မည်ဖြစ်သည်။လူတဦးခြင်းမှအစစုပေါင်းပိုင်ဆိုင်သောလူမှုစီးပွါးရေး
လုပ်ငန်အဖြစ်ပါဝင်ဆောင်ရွက်မှုများ(Particapition)
တိုးမြင်စေရန်စည်ရုံးကြရမည်ဖြစ် သည်လက်ရှိတည်ရှိနေသည့်သမ၀ါယမများအနေဖြင့်လူမှုရေး စီးပွါးရေးပါတ်ဝန်ကျင်ထိမ်းသိမ်းရေး
လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့်ရေရှည်တည့်တန့်ခိုင်မြဲရေး(Substainablility)ရှိရန်လည်း
ဆောင်ရွက်
ကြရပါမည်။သမ၀ါယမလုပ်ငန်းများသည်တရားမျှတသောရှုထောင့်မှနေ၍ခြင့်ချိန်အကဲ
ဖြတ်သောကဏ္ဍကိုတိုးချဲ့ခြင်းအားဖြင့်းဥပဒေအရခိုင်မာမှု(
Legal Framework )ဖြစ်ရန်လည်း လိုအပ်ပါသည်။အဖွဲဝင်များကိုယ်တိုင်ထိမ်ကြောင်းအာမခံသောအရင်းနှီးပြန်လည်ရှင်သန်နိုင်သောလုပ်ငန်းစဉ်
ကိုရည်မှန်ချက်ထားကာသမ၀ါယမအရင်းနှီးတိုးတက်ခိုင်မာလာရေး(Capital)အတွက်
ခိုင်မာတောင့်တင်းကြရန်လည်းလိုအပ်ပါသည်။
နိုင်ငံတကာသမ၀ါယမအသင်း( ICA ) သည် သမ၀ါယမကဏ္ဍအနေဖြင့်ဖေါ်ပြပါအချက် ၅ ချက်အား ကဏ္ဍအလိုက်
ဒေသအလိုက် ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ကြရန် ဆုံးဖြတ်ချက်ချမှတ်ကာ 2020 vision အခြေခံပေါ်တွင်အတူတကွ
ပါဝင် ဆောင်ရွက်ကြ ရန် သမ၀ါယမ အသိုင်း အ၀ိုင်း ကို(The co-operative
community) တိုက်တွန်း လျှက်ရှိပါသည်။
မြန်မာ့သမ၀ါယမကဏ္ဍ
မြန်မာ့သမ၀ါယမကဏ္ဍ အနေဖြင့်လည်း ICA ဖြင့်
နီးနိးကပ်ကပ် ထိတွေဆက်ဆံ လျှက် ထောင်စုနှစ်ရည်မှန်ချက် MDG ကို အောင်မြင်နိုင်ရန်အတွက်
နိုင်ငံတော်အစိုးရ က ဆင်းရဲ နွမ်းပါး မှုလျှော့ချရေးရည်မှန်ချက်ချမှတ်ကာ အမျိုးသားရေးလှုပ်ရှားမှုအဖြစ်မှုဝါဒချမှတ်လုပ်ဆောင်
သည့်အပေါ်တွင် သမ၀ါယမ၀န်ကြီးဌာန လမ်းညွန်မှု ဗဟိုသမ၀ါယမအသင်း၏ဦးဆောင်မှုဖြင့် သမ ၀ါယမအသင်းအဆင့်ဆင့်က
အခြေခံလူတန်းစား ဆင်းရဲနွမ်းပါသူများအကြား အရင်းအနှီးမလုံ မှုများကိုဖြည့်ဆည်းပေးသည့်အနေဖြင့်အရင်းအနှီးချေးငွေများကျေးလက်ဒေသပါမကျန်ထုတ်ချေး
ခြင်း လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးချေငွေများအပြင် လယ်ယာ
သုံးစက်ပစ္စည်းများဖြစ်သည့် ထွန်စက်များ ရိတ်သိမ်းချွေလှေ့စက်များကိုပါ အရစ်ကျရောင်းချဖြည့်
ဆည်းပေးခြင်းလက်လုပ်လက်စားနှင့်မြို့ပြ ဆင်ခြေဖုံးဒေသနေ ပြည်သူများအတွက်လည်းလုပ်ငန်း
မတည်အရင်းအနှီးအပြင် လုပ်ငန်းသုံး စက်ကရိယာများ TAXI များ ၊မော်တော်ဆိုင်ကယ်များ အနှေးယာဉ်ဆိုက္ကားများ
အပ်ချုပ်စက်များကိုပါ အရစ်ကျရောင်းချပေးခြင်းဖြင့် နိုင်ငံကုန်ထုတ်လုပ်မှု ကို တိုးမြှင်စေရန်
သွယ်ဝိုက်သောအားဖြင့် ပံပိုးလျှက်ရှိသည့်အပြင်သမ၀ါယမစီးပွါးရေးလုပ်ငန်းများ အပေါ်ပြည်သူများပိုမိုပါဝင်လာစေရေးအတွက်
သမ၀ါယမအသင်းအဖွဲများကိုကျေးလက်နှင့်တောင် ပေါ်ဒသများပါမကျန်ရှိစေရန်တိုးမြင့်ဖွဲစည်းခဲကြပေသည်။
သမ၀ါယမ
အသိပညာပြန့်ပွါးရေးအတွက် လည်း လေ့ကျင့်ခြင်းပညာပေးခြင်းလုပ်ငန်းများကိုတိုးမြင့်ဆောင်ရွက်လာသည့်
အတွက် အရေအ တွက် ရော အရည်အချင်းပါပြည့်ဝသည့် သမ၀ါယမလုပ်ငန်းများ တိုးပွါးလာနေပါသည်။
ဆင်းရဲ နွမ်းပါးမှုလျှော့ချ ရေးရည်မှန်ချက်အပြင် ၂၀၁၅ ခုနှစ် MDG ကို အောင်မြင်စေရန်အတွက်
ကြိုးစားဆောင်ရွက်နေရင် ၂၀၂၀ ရည်မှန်းချက်(2020 Vision )ကို ဖြည့်ဆည်းနိုင်ရေး မျှော်မှန်ကာ
အခြေခံကောင်းများရရှိစေရန်အတွက်မြန်မာ့သမ၀ါယမအင်အားစုမှလည်းကြိုးပမ်းဆောင်ရွက်နေပါကြောင်းရေး
သားလိုက်ရပါသည်။
No comments:
Post a Comment