Wednesday, January 1, 2014

ငွေချေးပေးရုံမျှနဲ့ ဆင်ရဲနွမ်းပါမှုက လျှော့ကျမှာတဲ့လား?




              ၂၀၀၇ ခုနှစ် Microfinance Institution ရဲ့ရပ်ကွက်အတွင်းစည်းရုံးရေးမှုးအနေဖြင့်စပြီး
လုပ်တော့ ရင်းနှီးသူမိတ်ဆွေများကရော အဲဒီအချိန်က အုပ်ချုပ်ရေးတာဝန်ရှိသူများကပါ ဒီအခြေမဲ့ အနေမဲ့ ဘာအာမခံချက်မှမရှိသူများကို ငွေချေးပေးရင် ဆုံ့းရှုံးလိမ့်မယ်ဒီငွေတွေကို(တာဝန်ခံထား
တဲ့ငွေ)ပြန်မပေးနိုင်ရင်အရေးယူခံရလိမ့်မယ်။သိပ်စွန်စားရာကြတယ် မလုပ်ပါနဲလိုပြောကြတယ်။
သူတို့(အုပ်ချုပ်သူများ)အနေနလည်းပြန်ရပါမယ်လို့အာမမခံနိုင်ပါဘူးလို့ပြောတယ်။နောက်တော့ သူတို့ဆီလည်းမသွားတော့ဘူး ငွေချေးလိုသူတစ်ယောက်ရပ်ကွက်အတွင်းအမှန်တကယ်နေ
ကြောင်းကိုလည်း ဘယ်သူဆီကမှထောက်ခံချက်မတောင်းတော့ဘဲကိုယ်တိုင်ဘဲ တစ်အိမ်ချင်း
လိုက်ကြည့်တော့တယ် နောက်ပိုင်းယနေ့အထိ မိမိဝန်ထမ်တွေကိုတာဝန်ပေးလိုက်ကြည့်ခိုင်
ရတယ် ထောက်ခံစာကိစ္စ အတွက် ငွေချေးသူတွေမှာတာဝန်ကင်းသွားတယ်။လက်တွေ့မှာက သန်းခေါင်းစာရင်း ယာယိအိမ်ထောင်စုစာရင်းတွေဆိုတာက စာရွက်ပေါ်က နေရာနဲ့ ငွေချေးတဲ့
သူနေတဲ့နေရာ တထပ်ထဲကျခြင်မှကျတာပါ။မြေပြင် field မှာသာ အမှန်ရတာဖြစ်တဲ့အတွက် ပိုတောင်မှ အဆင်ပြေသွားပါတယ်။ ၂၀၁၀ ရောက်လာတော့ Microfinance လုပ်ငန်းဟာ အတော် ကျယ်ပြန်လာတယ် အားနည်းချက်အချို့ကလွဲပြီးလူထုအတွင်း လူသိများလာတယ် လွှတ်တော်က တောင် အသေးစားငွေးရေးကြေးရေးဥပဒေ ထုတ်ပြန်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်လုပ်
ငန်းစဉ်တစ်ခုအဖြစ် အစိုးရကအသိအမှတ်ပြုယုံတင်မက သမ္မတကြီးကပါ လမ်းညွှန်မိန့်ခွန်းပြောပြီး တိုးမြှင့်လုပ်ဆောင်ဖို့အားပေးလာခဲ့တယ်၊။ သို့သော်လည်း အချို့ပညာရှင်များနဲ့ နိုင်ငံရေးသမားများ
ကတော့ ဝေဖန်နေဆဲဖြစ်သလို အရပ်ထဲ၇ွာထဲ အသိမိတ်ဆွေ အတော်များများလူလတ်တန်းစား တွေက တော့ “ငွေချေးပေးရုံးနဲ့ဆင်းရဲနွမ်းပါးမှုက လျှော့ကျမှာတဲ့လား”ဆိုတဲ့ အမေးကတော့ ခဏ ခဏ ကြုံရသလို တခါတရံ “ဆင်ရဲသားလူကြီးလာပြီ” ဆိုတဲ့ ချီးကြူးသလို ခနဲ့သလို စကားများက ကြားရ ပါများတော့ရိုးသလိုတောင်ဖြစ်နေ ပါပြီ။

အလုပ်ဖြင့်သက်သေပြ

           သူမှာလည်းဘာမှချမ်းသာတာမဟုတ်ဖူးအစိုးရငွေတွေ(ဗဟိုသမ၀ါယမ ကငွေ)နဲ့ ဆိုက္ကား
သမား လမ်းဘေးဈေးသည်တွေကိုချေးပေးနေတာဘယ်တော့ဒုက္ခ ရောက်မယ်မသိဘူး” ဆိုသူများ က မသိမသာအကဲခတ်နေလာခဲ့ သည့်တစ်နှစ်ခန့်ရှိလာ သောအခါ ချေးငွေပျက်ကွက်သူကမရှိ
သလောက်ဖြစ်ပြီး နောက်ထပ်နောက်ထပ်တိုးတိုး ချေးပေးလာနိုင်သည့်အပြင် ငွေချေးသူအဖွဲ့ဝင် များလည်းတဖြည်းတိုးပွါးလာသည်မှာ လူ၅၀ ဖြင့်စခဲ သော အလုပ်သည် လူ၄၀၀ နီးပါးဖြစ်လာခဲ့
သည် ၂နှစ်သက်တမ်းရောက်သည့်အခါလူဦးရေ ၇၀၀ ထိဖြစ်လာပြီး လူတစ်ဦး ၃လ တစ်ကြိမ်းချေး ငွေသည် ၉၀၀၀၀ကျပ် အထိပင်တိုးမြင့်ချေးပေးနိုင်သည့်အပြင် ကလေးများကျောင်းအပ်ချိန် မိသာစု
များမကျန်မာ၍ ဆေးရုံသို့ တက်ရောက်ချိန်များတွင်လည်းအထူးချေးငွေများထုတ်ပေးလာနိုင်သည့် အခါ  အချို့လူရည်လည် ကြေးရေတက်များက အတိုးဘယ်လောက်ယူလဲံ? ကိုယ်ပိုင်လုပ်တာလား?
ဒီလုပ်ငန်းထဲငွေထည့်ပြီးအမြတ်ဘယ်လိုပေးမလဲဆိုလာကြသည်။ Microfinance ကိုစီးပွါးရေးအ
မြတ်ရှာလိုသူများမျက်ကဲကြလာကြပြန်ပါသည်။ လမ်းဘေးဈေးရောင်းသူများ ဆိုက္ကားသမားများ ကုန်စုံဆိုင်ပိုင်ရှင်များ ဖိနပ်ချုပ်သူများ ကျောက်ပန်ချီ လုပ်သူများ ၊Taxi အငှားမောင်းသူများ၊ထီးပြင် လျှပ်စ်စစ်စ္စည်းပြင်သူများ အထည်လက်ခစားချုပ်သူများ ဟင်းသီးဟင်ရွက်စိုက်ခင်းစိုက်သူများ
ဝက်မွေးမြူသူများ စသည့်ဖြင့် ဆင်းရဲနွမ်းပါးသူအသီးသီးသည်မိမိတို့ အရင်းအနှီးအတွက်MFI သို့ စုစည်းချဉ်းကပ်လာကြပြီး အဖွဲ့ဝင်များအဖြစ် ပါဝင်လာကြကာ ၂၀၁၀ ဇန္န၀ါရီလတွင် သမ၀ါယမ
အသင်းအဖြစ် ၂နှစ်ခွဲကျော်ကာလ စုဆောင်းငွေများ စရိတ်ထက်ပိုသော ၀င်ငွေများဖြင့် သမ၀ါယမ
အသင်းတစ်သင်းအဖြစ်အများအံသြသွားစေရန်ချေးငွေတွေပြန်ပေးဆပ်ပါမလားဆိုသည့်ဆင်ရဲနွမ်း
ပါသူများပိုင်ဆိုင်သည့်လုပ်ငန်းတစ်ခုကို ထူထောင်ပြခြင်းအလုပ်ဖြင် လက်တွေပြသနိုင်ခဲ့ ပါသည်။
ယခုတော့ လူဦးရေ(အိမ်ထောင်စု)၁၀၀၀ ကျော် ကို ၃လတစ်ကြိမ်ချေးငွေ ၁၂၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ ကျပ် အထိ အပြင်စုဆောင်းငွေများ အရေးပေါ်ချေးငွေများ လူမှုရေးထောက်ပံငွေများ
ပေးနိုင်တဲ့အထိ တိုးတက်ခဲ့ပါပြီ။

သမ၀ါယမဆိုတာ အစိုးရပိုင်လုပ်ငန်းလား?

              သမ၀ါယမအသင်းအဖြစ် ဆင်းရဲသားများ၏(MFI အဖွဲ့ဝင်များ)စုဆောင်းငွေများနှင့် စု
ဆောင် ငွေများထဲမှ စာရင်းရွှေ့ပြောင်း အစုရှယ်ယာပိုင်ဆိုင်ပေးဖွဲ့စည်းခြင်းဖြင့် စုဆောင်းငွေအပေါ်
အတိုးနှင့် လုပ်ငန်းအမြတ်များပါခွဲဝေခံစားစေခြင်းသည် ပုဂ္ဂလိက အသေးစားချေးငွေလုပ်ငန်းများ
ကုမ္မဏီများ ထက်အားသာချက်ရှိပြီး မိမိတို့ကိုယ်တိုင်ပိုင်ဆိုသောလုပ်ငန်းဖြစ်သည်ဆိုသည်ကို အဖွဲ့
ဝင်အများစုက နားလည်သဘောပေါက်မှုအားနည်းလှပေသည်။ တဖန် သမ၀ါယမဆိုသည်မှာမိမိ
တို့အသင်းသားများဝိုင်းဝန်ပါဝင်ဆောင်ရွက် ပါဝင်ဆုံးဖြတ် အကျိုးအမြတ်မျှဝေခံစားရသော မိမိတို့
အသင်းသားများပိုင်ဆိုင်သောလုပ်ငန်းဖြစ်သည်ဆိုကို သိရှိခြင်းမရှိဘဲ အစိုးရပိုင်လုပ်ငန်းအဖြစ်သ
ဘောထားမှုများကိုလည်း အစုအဖွဲ့များနှင့် ချေးငွေတပါတ် (one cycle) ပြည့်ပြန်လည်းချေးငွေသုံး
သပ်ဆွေနွေးမှုများပြုသည့်အခါ ရှင်းလင်းဆွေးနွေးပြပြီး ဆင်းရဲနွမ်းပါးမှု သံသရာမှ လွတ်မြောက်ရန်
မိမိတို့အသင်းသားများကိုယ်တိုင် ၀ိုင်းဝန်းကြိုးစား အားထုတ်ခြင်းပြုကြရန်အသင်းအဖွဲ့၏တောင်း
တင်းခိုင်မာသောဘဏ္ဍာရေးအနေအထားဖြစ်ပေါ်လာမှုအပေါ် အသင်းသားများသာလက်တွေ့အ
ကျီုးခံစားကြရသည်မှာလက်တွေမြင်ရသည့်ချေးငွေများတိုးမြင့်ရရှိခြင်း၊စုဆောင်းငွေများတိုးမြင့်ရ
ခြင်း အမြတ်ခွဲဝေခံစားရခြင်းများက လက်တွေ့ပင်ဖြစ်ကြောင်း အသိပညာပေးခြင်းဖြင့်အသင်းအဖွဲ့
ခိုင်မာမှု၊ ယုံကြည်မှုကို ရယူနိုင်ခဲ့ပေသည်။မိမိတို့အသင်းသားများပိုင်ဆိုင်သောငွေကြေးကိုမိမိတို့အ
သင်းသားများ ပင် မျှဝေအလှည့်ကျချေးယူသုံးစွဲစေ သောလုပ်ငန်းဖြစ်ပြီး ဒါရိုက်တာအဖွဲ့နှင့်အသင်း
ဝန်ထမ်းများကစီမံခန့်ခွဲပေးခြင်း ၊အစိုးရမှကြီးကြပ်ပေးခြင်းသာဖြစ်ပြီး ချေးငွေများပြန်မဆပ်၍ ဆုံးရှုံး
ပါက မိမိတို့အသင်းသားများ၏ပိုင်ဆိုင်မှုများသာဆုံးရှုံ့းမည်ဖြစ်ပြီး ဆင်းရဲတွင်မှလွတ်မြောက်ရ အထောက်အပံဖြစ်သည့် ချေးငွေအရင်းအမြစ်ဆုံးရှုံးမှုမရှိစေရန်အသင်းသားတိုင်းတာဝန်ရှိကြောင်း
ရှင်းပြရပြီး MFCo-op လုပ်ငန်းသည် အစိုးရပိုင်လုပ်ငန်းမဟုတ်ပဲအသင်းသာများသာပိုင်ရှင်ဖြစ်
ကြောင်းတဖြည်ဖြည်နာလည်စေခဲသည်။အကြွေးတင်ရှင်ဘုရင်ဆပ်မှာမဟုတ်ဘဲမိမိတို့သာဆပ်ရ
မည်ဖြစ်ပြီးမိမိတို့တာဝန်သာဖြစ်နေ ကြောင်းပိုမိုသိမြင်လာသဖြင့် ၀င်ငွေရလုပ်ငန်းများကိုကြိုး
စားလုပ်ကိုင်လာကြခြင်းသည် ဆင်းရဲနွမ်းပါးမှု နွံအတွင်းမှရုန်းကန်နေမှုများဖြစ်ပြီး တဖြည်ဖြည်
တိုးထွက် လွတ်ထွက်လာနေသည်မှာ  Microfinance Co-operatives များ၏အသင်းသားများက ပြသနိုင်ပြီးလည်းဖြစ်သည်။

ဆွမ်းဆန်ထဲကြွက်ချေးရော

             စာဖတ်သူအနေအဖြင့် ဤ စာစုသည်တယ်ဆိုတဲ့စာပါလားဟုထင်ကောင်းထင်နေနိုင်ပါ
သည်။ အဆိုးတော့မဆိုပါ ဆွမ်းဆန်ထဲတွင်အချို့ကြွက်ချေးများသည်ရှိနိုင်ပါသည်။ သို့သော် တယောက်ထဲ အားနှင့်ယူရန်မတတ်နိုင်သောဝန်ကိုအများနှင့်ယူသော်ရ၏ဆိုသောသဘောတရားအခြေခံသမ၀ါယမစနစ်နှင့်
 ချွေးတာစုဆောင်းသဌေးလောင်းဆိုသောMicrofinanceအခြေခံမှုများကိုပေါင်းစပ်ထားသော Microfinance Co-operative system သည် မြန်မာ့သမ၀ါယမသမိုင်းထဲမှ ငွေစုငွေချေးလုပ်ငန်း၏
 New version ပုံစံသစ် အတွေးသစ် အလုပ်သစ်ဖြစ်သည်ကိုတော့သတိထား မြင်ကြည့်ဖို့တော့
လိုမည်ဖြစ်သည်။ ပါမောက္ခယူနွတ်ကတော့ “နိုင်ငံတကာအဆင့်ကျေးလက်ဒေသဖွံဖြိုးရေးအစီ
အစဉ်များသည်လယ်ပိုင်ရှင်နှင့်မြေပိုင်ရှင်တို့ကိုသာလျှင်ဇောင်းပေးလေ့ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်စုစုပေါင်းလူဦးရေ၏ထက်ဝက်၏ဘ၀သည်မည်ကာမတ္တလယ်သမားဘဝ
ထက်ဆိုးသည်။ကျွန်တော်လေ့လာမှုပြုနေသည့်ကာလ၌ အစိုးရဗျူရိုကရက်နှင့် လူမှုရေးသိပ္မံပညာ
ရှင်တို့သည်”ဆင်းရဲမှု”ကိုတိတိကျကျအနက်ဖွင့်ဆိုအမျိုးအစားခွဲ ခြားမှု မပြုခဲ့ကြရသေးချေ။…...
…….မဆင်းရဲသူများပါ ပါဝင်သောဆင်းရဲချို့တဲ့သူများ ဘ၀မြှင့်တင်ရေးအစီအစဉ်တိုင်းတွင် ဆင်းရဲ
သူများသည် မဆင်းရဲသူများတွန်းမှုကြောင့် ဘေးသို့ရောက်သွားလေ့ရှိသည်ဟု ကျွန်တော်
ထောက်ပြလာခဲ့သည်။ ဖွံဖြိုးရေးစီမံကိန်းလောက၏ ဆင်းရဲသား နှင့်မဆင်းရဲသားရောနှောပါဝင်
သည့် စီမံကိန်းတိုင်းတွင် မဆင်းရဲသူများသည် ဆင်းရဲသူများကို ပထုတ်မည် အနည်ငယ်ဆင်းရဲ
သူတို့သည်များစွာဆင်းရဲသူတို့ကို ပထုတ်မည်။ကနဦးအစကတည်းကပင် စည်းမျဉ်းစနစ်ဖြင့်ကာ
ကွယ်မှုမပြုခဲ့ပါလျှင်ထိုသို့ ပထုတ်မှုများမလွှဲမသွေဖြစ်မည်။ထိုသို့သောကိစ္စရပ်များတွင် မဆင်းရဲ
သူတို့သည် ဆင်းရဲသူတို့အတွက်လျှာထားသတ်မှတ်သမျှ ခံစားခွင့်တို ကိုဆင်းရဲသားအမည်ခံ၍
ရိတ်ယူသွားကြပေသည်”-ဟုဆိုထားခဲ့သည်။(ဘ၀အိမ်မက်များကိုလှပစေသူမိုဟာမက်ယူနွတ် ၊ဘာသာပြန်သူမောင်မောင်မြင့်သိန်းစက်မှုတက္ကသိုလ် စာအုပ်မှ) စည်းကမ်းစနစ်တစ်ကျဖွဲ့စည်း
ထားသောMFCo-opများအနေဖြင့်Microfinace ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်းဖြင့်ဆင်းရဲသား 
များဘ၀ အခြေမြင့်စေရန်တဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေသော်လည်း MFI အမည်ခံ အချို့အကျိုး
အမြတ်ရှာ အဖွဲများ ကတော့ဆွမ်းဆန်ထဲကြွက်ချေး ရောနေသလိုပင်ဖြစ်ရုံမက ကြွက်ချေးထဲဆွမ်း
ဆန်ရောမိသလိုဖြစ်ကာ ဆင်းရဲသားများအနေဖြင့် ဘ၀တိုးတက်မလာသည့်အပြင် အကြွေးနွံပါနစ်
ကာ ဆင်းရဲတွင်းပိုနက်စေမည်ဖြစ်သည်။ Microfinance ၏ကောင်းမြတ်သော ပုံရိပ်ပါ ပျက်စီးသွား
နိုင်သည်ကိုသတိမှုကြရမည်ဖြစ်သည်။
ကိုယ့်အားကိုယ် ကိုးအဖွဲ့ (Self-help Group)

                တကယ်တော့ Microfinance Institution  အဖွဲ့အစည်းဆိုသည်မှာ ကိုယ့်အားကိုယ်
ကိုးအဖွဲ့များ Self-help Groups (SHG) ဖြစ်လာစေရန်အတွက် Initial investement အရင်းအနှီး
အနယ်ငယ်သာ Bank သို့ Partner person or organization သို့ donator များထံမှခေတ္တ


 ရယူ၍ အဖွဲ့ဝင်များ၏စုဆောင်းငွေများထိုနောက်တဖန်အဖွဲ့ဝင်များအစုရှယ်ယာပိုင်ဆိုင်သောလုပ်ငန်းအ
ဖြစ်ရပ်တည်ပြီး ဘ၀တူဆင်းရဲသားများတဖြည်ဖြည်စုဆောင်းထားငွေမျာဖြင့်မိမိတို့ဘ၀မိမိတို့ကြမ္မာ
အား မိမိတို့ကိုယ်တိုင်ဖန်တိးခြင်းဖြစ်ပေရာ သမ၀ါယမစနစ်မှုလဘူတ အခြေခံမှုများနှင့်ထပ်တူကြ
လျှက်ရှိရာ Microfinance Co-op များအဖြစ်ရပ်တည်ခြင်းသည် အမြတ်ထုတ်လိုသည့် ကြေးရေး
တက်များ ကိုဟန့်တားပြီးလည်းဖြစ်လေသည်။MF Co-op အောင်မြင်ရေးသည် ဆင်းရဲသားပြည်သူ
တနည်း ဆင်းရဲနွမ်းပါးသူအဖွဲ့ဝင်များကိုယုံကြည်စိတ်စာနာစိတ် အပြည့်ထားရန်လိုအပ်သလို အဖွဲ့
ဝင်များမှလည်းအသင်းအဖွဲ့ အပေါ်၊ဘ၀တူအဖွဲ့ဝင်မျာနှင့်စီမံအုပ်ချုပ်သူများအပေါ်အားကိုးယုံကြည်
စိတ်အပြည်အ၀ရှိရန်အထူးလိုအပ်ပေသည်။ယုံကြည်မှုပျက်စေသောအပြုအမှုမျာနှင့် ဆောင်ရွက်
မှုများသည် MF Co-op များအတွက်ပျက်စီးစေရန် လမ်းစများပင်ဖြစ်လိမ့်မည်။MF Co-op များရှိ
အသင်းသားများသည်အချိန်ကာလ၃နှစ်၎နှစ်ခန့်စနစ်တကျစုစုစည်းစည်းလုပ်ဆောင်လာပါက မည်သည့်အဖွဲအစည်းမည်သည့်ပုဂ္ဂိုလ်မျာ၏ အကူအညီကိုမလိုအပ်ပဲ အဖွဲဝင်များ၏စုဆောင်ငွေအ
ရင်းအမြစ် များဖြင့်ပင် ဆင်းရဲနွမ်းပါးသောမိမိတို့၏ဘ၀များ၏အခက်အခဲဖြစ်သည့် စီးပွါးရေးကျန်မာ
ရေး သားသမီးများပညာရေးအတွက် အပူအပင်မရှိဖြတ်သန်းနိုင်ခဲ့ပြီလည်းဖြစ်သည်။
ဤ သည်ပင်လျှင်ပြည်သူ၏(အသင်းသာ၏)ဆင်းရဲမှုကို လျှော့ပြီးလည်းဖြစ်နေသည်ကို
ခံစားရသောသူ(အဖွဲ့ဝင်အသင်းသား)မှလွဲ၍မည်သူမှမသိနိုင် ။ Microfinance Co-op 
များဆိုသည်မှာ မည်သည့် နိုင်ငံတကာအဖွဲ့အစည်းမည့်သည့် Bank များ၏ထောက်ပံမှုကိုမျှမရဘဲ 
သမ၀ါယမအသင်းအချင်းချင်းနှင့်ဆင်းရဲသားအသင်းသားများ၏စုဆောင်ငွေ မတည်အစုထည့်
ဝင်ငွေများဖြင်ရပ်တည့် သော ကိုယ့်အားကိုယ်ကိုး  Self-help Groups များပင်ဖြစ်ပြီး
 ချေးငွေထုတ်ချေးပေးရုံမက ပြည်သူ(အသင်းသား)များ၏လူမှုရေး၊စီးပွါးရေး၊ပညာရေး၊
ကျန်မာရေး၊စားဝတ်နေရေး များဖြစ်သည့်လူမှုဘ၀လိုအပ်မှုမှန်သမျှကိုဖြေရှင်းပေနေသည့်အတွက်
 ဆင်းရဲမှုအားလုံးမှလွတ်ကင်အောင်လုပ်ဆောင်ပေးနေသည်အဖွဲ့အစည်များပင်ဖြစ်ကြောင်း
ရေးသားလိုက်ရပါသည်။