၂၀ရာစုမှ၂၁ရာစုအကူးအပြောင်းကာလတွင် Globalization
ကမ္ဘာမှုဖြစ်စဉ်၏ရိုက်
ခတ်လာမှုကြောင့်နိုင်ငံအတော်များများ၏မှုလချမှတ်လုပ်ဆောင်နေသောစီးပွါးရေးစနစ်များအတွင်း
Macroeconomic အမြင်များနှင့် Microeconomic အမြင်များ အကြီးအကျယ်ပြောင်လဲ လာကာ ခေတ်သစ်စီးပွါးရေးအမြင်များဖြင့်
နိုင်ငံတို့၏စီးပွါးရေးအခြေခံမှုများ၊ လုပ်ငန်းတစ်ခုခြင်းအလိုက် ကဏ္ဍတစ်ခုခြင်းအလိုက်
စီးပွါးရေးရည်မှန်ချက်များပြောင်လဲလာခြင်းဖြင့် ဈေးကွက်ကိုအခြေခံ သော ဈေးကွက်စီးပွါးစနစ်
တရပ်အား နိုင်ငံ အများစုမှ လက်ခံကျင့်သုံး လာကြပြီး ဗဟို ချုပ်ကိုင်
သော
စီပွါးရေးစနစ်များမှသွေဖယ်လာကြပါသည်။
ဗဟိုချုပ်ကိုင်စီးပွါရေးနှင့်ဈေးကွက်စီးပွါးရေး
ဈေးကွက်စီးပွါးရေးစနစ်တွင်
ဈေးနူန်း Price ကို ရောင်းလိုအား supply နှင့် ၀ယ်လိုအား demand တို့ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေအလိုက်သာ
ဆုံးဖြတ် သတ်မှတ်သောသဘောရှိ၍မည်သူမှဆုံးဖြတ်နိုင်စွမ်းမရှိသည်အခြေအနေဟုဆိုရပေမည်။ဗဟိုချုပ်ကိုင်မှုစ
နစ်ဖြစ်သောစီမံကိန်းစီးပွါးရေးစနစ်များတွင်ထုတ်လုပ်မှု၊ကုန်သွယ်မှုများဝန်ဆောင်မှုများကိုဗဟိုအစိုးရများမှ
ဆုံးဖြတ်လေ့ရှိကာပြည်သူပိုင်စီးပွါးရေးလုပ်ငန်းများသမ၀ါယမပိုင်စီးပွါးရေးလုပ်ငန်းများအဖြစ်ထူထောင်
လုပ်ဆောင်ကြသဖြင့်ရောင်းလိုအားရှိသလောက်ဝယ်ယူစားသုံးလိုမှုမရှိတတ်သလိုဝယ်ယူစားသုံးလို
သလောက်(၀ယ်လိုအားရှိသလောက်)ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောအခြေအနေအားဈေးကွက်စီးပွါး
စနစ်ကဲသို့သွက်လက်စွာချိန်ညိုနိုင်မှုမရှိဘဲကုန်စည်များရှာပါးခြင်းအသုံးမလိုအရည်အသွေးမပြည့်ဝသော
ကုန်စည်များများပြာနေခြင်းစသည့်အကျိုးဆက်များဖြစ်ပေါ်လေ့ရှိ
ပြီးအရှုံးပေါ်လေ့ရှိတတ်ပါသည်။ဆုံးရှုံးမှုများအတွက်အစိုးရပိုင်ဟုဆိုနိုင်သောပြည်သူဘဏ္ဍာငွေများ၊သမ၀ါယမအ
သင်းသားများ၏ ရှယ်ယာထည့်ဝင်ငွေများ ဆုံးရှုံးကြ ရလေသည်။စားသုံးသူ၏အလို ဆန္ဒကိုအခြေပြုသောစနစ်မဟုတ်သည့်အတွက်ကုန်စည်ရှားပါးပြတ်လတ်သောအနေအထားမျိုး
တွင်စားသုံးသူမှရွေးချယ်ခွင့်မရှိသည့် ရောင်းသူ၏ဈေးကွက်ဖြစ်နေသဖြင့် နိုင်ငံပိုင်နှင့်သမ၀ါယမပိုင်
လုပ်ငန်းများအနေဖြင့် အဆင်ပြေချောမွေ့သည့်အနေအထားဖြစ်ပေါ်နေသည်ဟုအထင်ရောက်စရာ ရှိသော်လည်းကာလ
ကြာရှည်လာသည့်အခါ ပြည်သူ့အခွန်ဘဏ္ဍာ မှပံပိုးမှုများနှင့်ကျားကန်မှုများ ဖြင့်ရပ်တည်ခဲ့ရသောအချိန်ကာလများရှိခဲ့ရပေသည်။စီးပွါးရေးဆိုင်ရာလုပ်ငန်းများ
သည်လည်းပြိုင်ဆိုင်မှုပြုရခြင်းမရှိဘဲစီမံကိန်း
သတ်မှတ်ချက်အတိုင်းသာ ဆောင်ရွက်ကြရသည် ဖြစ်သဖြင့်ရည် အသွေးအပိုင်းမှာတဖြည်ဖြည်ကျဆင်းသထက်ကျဆင်းလာပြီစားသုံးသူများ
လက်ခံမှုကျဆင်းလာ လျှက် ဗဟိုချုပ်ကိုင်မှုစီးပွါးရေးစနစ်အား နိုင်ငံများပြည်သူများမှလက်ခံလိုခြင်းမရှိတော့ဘဲ
စီးပွါးရေး အခြေခံမှုများကိုပြောင်လဲကျင့်သုံးလာကြလေတော့သည်။ဗဟိုချုပ်ကိုင်မှုစီမံကိန်းစီးပွါးရေးစနစ်မှ
ဈေးကွက် စီးပွါးရေးစနစ်အဖြစ် နိုင်ငံပိုင် သမ၀ါယမပိုင်ကဏ္ဍများကိုလျှော့ချကာ ပုဂ္ဂလိကပိုင်ကဏ္ဍ
များတိုးချဲ့လာရေးအတွက်လမ်းဖွင့်ပေးလာသည့်အခါဈေးကွက်အတွင်းအပြည့်ပြိုင်ဆိုင်မှုကိုအားပေး
လာသည့်အပြင်နိုင်ငံတကာရင်းနှီးပြုပ်နှံမှုကိုပါဖွင့်လှစ်ပေးလာသည့်အတွက်းကုန်စည်များ၊၀န်
ဆောင်မှုများသည်ပေါများလာကာခေတ်သစ်စီးပွါးရေးစနစ်တရပ်ဖြစ်သည့်ဈေးကွက်စီးပွါးရေးစနစ်
အသက်ဝင်လှုပ်ရှားနေပြီဟုဆိုရပေမည်။
စားသုံးသူသာရှင်ဘုရင်
ဈေးကွက်စီးပွါးစနစ်သည်Customer is always
right ဆိုသည်အတိုင်း စားသုံးသူက
သာအမြဲမှန်သည်ဆိုသည့်မှုကိုလက်ကိုင်ထား၍ကုန်စည်နှင့်ဝန်ဆောင်မှုများကိုထုတ်လုပ်သူများ၊
ကုန်သွယ်မှုပြုသူများသည်စားသုံးသူအကြိုက်နှင့်လိုအပ်ချက်များကိုအစွမ်းကုန်ဖြည့်ဆည်းရန်နှင့်
ဝန်ဆောင်မှုပေးရန်၊အရည်အသွေးအရည်အတွက်ကိုမြှင့်တင်နိုင်ရန်နည်းလမ်းပေါင်းစုံဖြင့်တီထွင်
ကြံဆလျှက်ဈေးကွက်အတွင်းရှင်သန်တိုးတက်စေရန်အပြိုင်အဆိုင်ဆောင်ရွက်နေသောစနစ်ဖြစ်
သည်။ဈေးကွက်စီးပွါးရေးစနစ်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာလေနိုင်ငံပိုင်ကဏ္ဍနှင့်သမ၀ါယမပိုင်
ကဏ္ဍများအနေဖြင့်လည်းပုဂ္ဂလိကကဏ္ဍများဖြင့်ပြိုင်ဆိုင်လုပ်ကိုင်နိုင်မှသာရည်ရှည်တည်တန့်
နိုင်တော့မည်ဖြစ်သည်။နိုင်ငံပိုင်ကော်ပိုရေးရှင်ကြိးများအနေဖြင့်နိုင်ငံအတွက်အဓိကလိုအပ်သောအခြေခံ
အဆောက်အအုံမျာအတွက်ဆောင်ရွက်သော်လည်းသမ၀ါယမဏ္ဍအနေနှင့်ကုန်သွယ်မှု၊
ထုတ်လုပ်မှုဝန်ဆောင်မှုမျာကိုပုဂ္ဂလိကကုမ္ပဏီများလုပ်ငန်းများဖြင့်
ပြိုင်ဆိုင်ရမှု မြင့်မားပြင်ထန်လာ မည်ဖြစ်သည်။သမ၀ါယမစီးပွါးရေးလုပ်ငန်းများသည်လည်းဈေးကွက်စီ်းပွါးရေးစနစ်နှင့်အညီပြောင်း
လွယ်ပြင်လွယ်လပ်စွာစီမံခန့်ခွဲနိုင်ရန်လိုအပ်သလိုအရည်အသွေးမြင့်သောစီမံခန့်ခွဲမှုအပြင်ဈေးကွက်စီးပွါးရေး
စနစ်နှင့်အညီဖွဲ့စည်းမှုလည်းလိုအပ်မည်ဖြစ်သည်။သမါယမကဏ္ဍသည်လူမှုစီးပွါးရေးကို
အဓိကထားလုပ်ဆောင်သည်ဖြစ်သဖြင့် Social capital လူမှုစီးပွါးရေးလုပ်ငန်းများဖြစ်သည့်
ပညာရေးကျန်မာရေးကဏ္ဍမျာအပြင်နေထိုင်ရေးလိုအပ်ချက်ဖြစ်သည့်စုပေါင်းအိမ်ယာစနစ်များ သက်ကြီးနိုင်ငံသားမျာနှင့်အလုပ်သမားများသက်သာချောင်ချီရေးစသည့်လုပ်ငန်းများတွင်
စည်းရုံး
ရင်နှီးမြှပ်နှံမှုပြု
ခြင်းများပိုမိုလုပ်ဆောင်သွားရန်သင့်လျှော်ပေသည်။
တစ်ဦးချင်းပုဂ္ဂလိကပေါင်းစပ်မှုက
သမ၀ါယမ
စီးပွါးရေးစနစ်တခုအတွင်းအရင်းရှင်လူတစ်စု၊မိသားစုတစ်စု
စသည်းပုဂ္ဂလိက ချမ်းသာသူ
များကသာစီးပွါးရေးလုပ်ငန်းကြီးများပိုင်ဆိုင်ခံစားသည့်အရင်းရှင်စီးပွါးရေးစနစ်ပုံစံအတွင်မှာပင်
ပြိုင်
ဆိုင်မှုကြီးမာလာကာဈေးကွက်ချဲ့ထွင်လာကြသည့်အခါချမ်းသာသူမိသားစုများဖြင့်သာမကအလယ်
အလတ်လူတန်းစားများ၏ရင်းနှီးမြှပ်နှံမှုကိုပါပါဝင်လာစေရေးအတွက်အများပိုင်ကုမ္ပစီများကိုတည်ထောင်
လုပ်ဆောင်လာသည့်နည်းတူဆင်းရဲနွမ်းပါးသူအလုပ်သမားလယ်သမားများကုန်သည်ငယ်များ၊
ဆန္ဒတူရာများကလည်းသမ၀ါယမအသင်းများကိုတဦးချင်းပုဂ္ဂလိကများပေါင်းစပ်ကာဖွဲ့
စည်းပြီးမိမိအသင်းအကျိုးစီးပွါးကိုအရင်းရှင်ကုမ္ပဏီးများကဲသို့အပြိုင်လုပ်ဆောင်ရန်ဘ၀တူလူတန်း
စားအကျိုးကိုဖြည့်ဆည်းကြခြင်းဖြစ်သည်။အလုပ်သမားလယ်သမားများနှင့်သာမာန်စားသုံးသူများသည်
လည်းသက်ဆိုင်ရာလူတန်းစားအကျိုးစီးပွါးအတွက်သမ၀ါယမအသင်းများဖွဲ့စည်းကာခေတ်အ
လိုက်ပေါ်ပေါက်နေသောစီးပွါးရေးစနစ်နဲ့အညီဈေးကွက်အတွင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ကုမ္ပဏီများထက်စာလျှင်သမ၀ါယမများသည်အခြေခံလူတန်းစားအထိပါဝင်နိုင်သဖြင့်
လူထု(သို့)
စားသုံးသူနှင့်အနီးစပ်ဆုံးဖြစ်ကာကိုယ်တိုင်လည်းတဖက်ကပိုင်ရှင်ဖြစ်နေသည့်အတွက်အကျိုးအ
မြတ်များကိုယ်တိုင်ရရှိစေသောစီးပွါးရေးအဖွဲ့အစည်းဖြစ်သည်ဟုနားလည်းသဘောပေါက်စေပါက
ဈေးကွှက်စီးပွါးရေးစနစ်အတွင်း မည်သည်ပြိုင်ဆိုင်မှုကိုမှစိုးရိမ်ဖွယ်ရာမရှိပေ။
သဘောတရားနှင့်လက်တွေ့
အထက်ပါအမြင်များမှာသဘောတရားဆန်သည်ဟုဆိုမည်ဆိုကဆိုနိုင်ပါါသည်။လက်
တွေ့အခြေအနေတွင်
သမ၀ါယမကဏ္ဍ၏အရေးပါမှုမှာမေးခွန်ထုတ်ခံနေရသောအနေအထားမှာပင်ရှိနေပါသေးသည်။အတိတ်ကာလ
စီးပွါးရေးစနစ်များနှင့်အညီမှုလသမ၀ါယမစည်းမျဉ်းစည်းကမ်း
များမှသွေဖယ်ဆောင်၇ွက်မှုများကြာင့်ကျဆုံးသွားသည့်
စီးပွါးရေးစနစ်ဟောင်နဲ့အတူ ဆုတ်ယုတ်မှု များနှင့်ကြုံတွေကြရကာ ယနေ့တိုင် ဒဏ်ရာမပျောက်ကင်းသေးပဲမှုလသမ၀ါယမတရားကိုယ်
သဘောအတိုင်းကျင့်ကြံဆောင်ရွက်နိုင်ရေးအတွက်အခြေခံမှုဝါဒမျာကိုတည်ဆောက်နေရဆဲဟုနားလည်မိပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးကဲသို့သောလုပ်ငန်းများ
တွင်အောင်မြင်မှုအရှိန်ရရှိလာမှုအပေါ်တွင်အခြေတည်ကာသမ၀ါယမသဘောတရားအားပြည်သူအတွင်းပြန့်နှံစေပြီး
ကုန်သွယ်မှုဝန်ဆောင်မှုထုတ်လုပ်မှုများကိုပါဈေးကွက်လိုအပ်ချက်နှင့်အညီတ
နည်းအားဖြင့်စာသုံးသူလိုအပ်ချက်ဟုခေါ်သောအသင်းသားများလိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်
သည့်ခေတ်သစ်သမ၀ါယမကဏ္ဍတရပ်အားတက်လှမ်းဆောင်ရွက်ခြင်းဖြင့်ဖွံဖြိုးရေးလမ်းကြောင်းပေါ်တက်လှမ်းနိုင်မည်
ဟုယုံကြည်ပါသည်။ဆိုရှယ်လစ်စီးပွါးရေးစနစ်အတွင်းတိုင်ပြည်စိးပွါးရေး၏ဒုတိယမဏ္ဍိုင်အဖြစ်ဆောင်ရွက်ခဲ့ချိန်အတွင်းမှာပင်အားနည်းချက်များရှိခဲ့မှုများအားသင်္ခန်စာအဖြစ်ရယူကာနိုင်ငံစီးပွါးရေးအတွင်းဒုတိယအရေးပါဆုံးလုပ်ငန်းများအဖြစ်ပြုပြင်ပြောင်လဲကာဆောင်ရွက်နိုင်ရန်ကြိုးစားကြလျှက်ရှိပါသည်။
အလျှင်အမြန်တုန့်ပြန်မှုယန္တယားလိုအပ်
ဈေးကွက်စီးပွါးရေးတွင်အရေးပါသောအချက်မှာဈေးကွက်သတင်း
market
Informationပင်ဖြစ်ရာInformation
အပေါ်အလျှင်အမြန်တုံ့ပြန်နိုင်မှုယန္တယားသည် ဈေးကွက်ဝေ
စုကိုဆုံးဖြတ်ပေမည်။နောက်အရေးပါသောအချက်တစ်ခုမှာန်ဆောင်မှုserviceသည်။စားသုံးသူ(သို့)
ဖေါက်သည်(သို့) အသင်းသားသည် အရှင်သခင် ဘုရင်ဖြစ်သည်ဆိုသော အချက်ကို ရင်းထဲအတွေးထဲတွင်ပါစွဲမြဲထားရေးဖြစ်သည်။စာသုံးသူလိုအပ်ချက်ဖြည့်ဆည်းရန်အတွက်တုန့်
ဆိုင်းနေစေသောအချက်မျာကိုကျော်လွှားဆောင်၇ွက်ကာလျှင်မြန်သောဝန်ဆောင်မှုကိုတည်ထွင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။ဗျူရိုကရေစီလုပ်နည်းလုပ်ဟန်များလျှော့ကာတာဝန်ယူမှုတာဝန်ခံမှုစနစ်ကိုအပြည့်အဝ
အသုံးချရန်လိုအပ်ပေသည်။အောက်ခြေအရောင်းဝန်ထမ်းအထိလွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်အထိလျှော့
ချဆောင်ရွက်ကြရန်လိုအပ်သည်။သမ၀ါယမများအနေဖြင့်ခေတ်သစ်စီးပွါးရေးစနစ်အတွင်းပြည်တွင်းပုဂ္ဂလိကများအပြင်နိုင်
ငံတကာရင်းနီုးမြှပ်နှံသည့်အဖွဲအစည်း
များနှင့်တဖြည်ဖြည်ယှဉ်ပြိုင်မှုများပြားလာတော့မည်ဖြစ်သည်။ယခုလောလောဆယ်လယ်ယာကဏ္ဍအတွင်းစိုက်းပျိုးရေးချေးငွေနှင့်
လယ်ယာသုံးစက်ကရိယာများရောင်းချပေးသည့်အတွက်တောင်သူလယ်သမားများ
အဆင်ပြေ ချောမွေ့နေသည့်အပြင် လယ်ယာကုန်ထုတ်သမ၀ါယမကြီးအတွင်း hole sale marketများအထိထူထောင်ရန်ကျိုးပန်းမှုများသည်သမ၀ါယမဖွံဖြိုးရေးအတွက်အရေး
ပါသလိုလယ်ယာကုန်ထုတ်သမ၀ါမအသင်းသူအသင်းသားများ၏လယ်ယာမြေအမျိုးအစားနှင့်စိုက်ပျိုးသင့်သည့်သီနုံ
အမျိုးအစားပိုးသတ်ဆေးသုံးစွဲမှုများအတွက်စမ်းသတ်ဓါတ်ခွဲပေးနိုင်ရန်သုတေသနစင်တာများ(Agro-research
center)များထူထောင်ကာဆောင်ရွက်ပေးနိုင်ပါကသမ၀ါယမလယ်
ယာကဏ္ဍသည်ပိုမိုတိုးတက်လာမည်ဖြစ်သည်။
ဈေးကွက်စီးပွါးရေးစနစ်ကို နိုင်ငံတော်၏စီးပွါးရေးစနစ်အဖြစ်ကျင့်သုံးမည်ဟုချမျတ်
ထားသည့်
အတွက် ဈေးကွက်စီးပွါးရေးစနစ်သည်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာနေသည်
ဖြစ်ရာပြည်သူလူထုအားသမ၀ါယမအသိပညာများတိုးပွါးလာရေးအတွက်စည်းရုံးပညာပေးကာဖွဲ့
စည်းပေလျှက်ပြည်သူလိုအပ်ချက်များဖြစ်သော
socio-economic အဖြစ်ပုဂ္ဂလိက စီးပွါးရေး
လုပ်ငန်းများ
မလုပ်လိုသော လုပ်ရန် ဆန္ဒနည်းပါးသည့ှ် social capital ကိုရင်နှီးမျြပ်နှံမှုမှတဆင့် စီးပွါးရေးဈေးကွက်အတွင်းပြည်သူအများကိုယ်တိုင်ပါဝင်သည့်သမ၀ါယမစီးပွါးရေးတစ်ရပ်စီးပွါးရေး
လုပ်ငန်းနယ်ပယ်အတွင်းထွန်းလင်းထောက်ပလာရေးအတွက်အလေးထားရေးသားလိုက်ရပါသည်
No comments:
Post a Comment