Wednesday, December 9, 2015

ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းသည့်သမ၀ါယမ



                မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်မှစတင်ကာသမ၀ါယမလုပ်ငန်းများ စတင်အခြေပြု   လုပ်ဆောင်
လာခဲသည်မှ နှစ်ပေါင်း ၁၁၀ တိုင်ရောက်ရှိခဲ့ပြီဖြစ်သော်လည်းခေတ်ကာလနိုင်ငံရေးစနစ်များပြောင်းလဲလာ
မှုများကြားတွင်နိုင်ငံရေးကြောထောက်နောက်ခံအကြောင်းရင်းများကြောင့်အသွင်းသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်
တည်ခဲ့ရပြီးယနေ့ထက်တိုင်ပင်သမ၀ါယမဖွံဖြိုးရေး ရေရှည်တည်တန့်ခိုင်မြဲရေးဟုသောရည်ရွယ်  များ ဖြင့်ပုံဖေါ်လျှက်ရှိပါသည်။သို့သော်ပြည်သူလူထုအကြားသမ၀ါယမ၏လူမှုစီးပွါးရေးအရအကောင် အထည်ဖေါ်လုပ်ဆောင်းမှုများသည်ကျယ်ပြန့်ထိရောက်မှုမှာအားရလောက်ဖွယ်မဖြစ်သေးဟုဆိုရမည်ပင်
 ဖြစ်ပါသည်။

မြန်မာ့ဝါယမသမိုင်းအစ
                         မြန်မာ့သမ၀ါယမခေတ်ဦးအစတွင်တာင်သူလယ်သမားမျာနှင့်ကုန်သည် ငယ်များမှ ငွေကြေးအရင်းအနှီးစုပေါင်းထည့်ဝင်ကာမိမိတို့ကိုယ်တိုင်စုပေါင်းစီမံခန့်ခွဲစုပေါင်းအမြတ် ခွဲဝေခံ စားကြ သောလွတ်လပ်ပြီးကိုယ်ပိုင်ဖန်တည်းခွင့်ရှိသောသမ၀ါယမအသင်းများအထက်မြန်မာနိုင်ငံနှင့်အလယ် ပိုင်းဒေသများတွင်ထွန်းကာလာရာမှယင်းအသင်းများကိုနမှုနာထားကာအာက်မြန်မာနိုင်ငံဒေသများရှိ ခရိုင်မြို့ကြီးများတွင် ငွေစုငွေချေးသမ၀ါယမအသင်းကြီးများပေါ် ပေါက်လာသလို ပြည်ထောင်စုသမ၀ါယမ 
ဘဏ်များလည်းပေါ်ထွက်လာခဲ့ပေသည်။၁၉၀၈ခုနှစ်တွင် ကျေးလက်သမ၀ါယမအသင်း၄၅သင်းမှရင်းနှီး ငွေ ၂၀၀၀၀ ဖြင့် စတင်တည်ထောင်သော ပခုက္ကူခ ရိုင် သမ၀ါယမဗဟိုဘဏ်သည်ထင်ရှားပါသည်။၁၉၀၄ ခု နှစ်မှ၁၉၂၄ခုနှစ်အထိသမ၀ါယမအသင်း များတိုးပွါးလာသဖြင့်မြန်မာနိုင်ငံတ၀ှမ်းလုံးရှိသမ၀ါယမအသင်း များမှကိုယ်စားလှယ်များတက်ရောက်ရသောနိုင်ငံလုံးဆိုင်ရာသမ၀ါယမအစည်းအဝေးကြိးကိုနှစ်နှစ်လျှင် တစ်ကြိမ်းကျင်ပပြီးသမ၀ါယမမင်းကြီးထံမှတာဝန်များလွှဲယူ၍အသင်းများတာဝန်ကိုအမြဲတန်းဆောင်ရွက် ပေးနိုင်မည့်
 မြန်မာနိုင်ငံသမ၀ါယမကောင်စီတစ်ခုလိုအပ်လာသဖြင့်သမ၀ါယမအသင်း များပူးပေါင်းကာ 
သမ၀ါယမကောင်စီ ကိုဖွဲ့စည်းခဲ့ ရပေသည်။
လွှတ်လပ်ရေး အလွန်
                                              တိုင်းပြည်စီးပွါးရေးတိုးမြင့်လာရန်နှင့် ပြည်သူလူထု သက်သာချောင်  ချီရေးအတွက်ပည် တော်သာစီမံကိန်းရေးဆွဲရာတွင် မြန်မာနိုင်ငံသမ၀ါယမငါးနှစ်စီမံကိန်းကိုထည့်သွင်းရေး ဆွဲပြီးအကောင်အထည်ဖေါ်ခဲ့ပေသည်။အခြေခ့သမ၀ါယမအသင်းများကိုအခြေခံ၍ မြို့နယ် သမ၀ါယမအ    သင်းများ၊ခရိုင်သမ၀ါယမအသင်းများ၊ဇုံသမ၀ါယမကောင်စီများနှင့်နိုင်ငံတော်သမ၀ါယမကောင်စီဟူ၍အဆင့် ငါးဆင့်ခွဲကာ ပြန်လည်ဖွဲ့စည်းခဲ့သည်။စီမံကိန်းအရသမ၀ါယမပညာရေးလုပ်ငန်းဆာင်ရွက်ရန်အတွက် နိုင်ငံတော်သမ၀ါယမသင်တန်းကျောင်းကို ၁၉၅၁ ခုနှစ်အောက်တို ဘာလတွင်စတင်ဖွင့်လှစ်ခဲ့သလို သမ၀ါ ယမပညာရပ်ကိုမှုလတန်းလွန်ကျောင်းများတွင်သင်ကြား နိုင်ရေးအတွက် ကျောင်းဆရာများကိုရွေးချယ် ကာ ရန်ကုန်၊မန္တလေး နှင့်ရေနံချောင်း မြို့များတွင် နှစ်လသင်တန်းပေးခဲ့သည်။၁၉၅၂ ခုနှစ်တွင် စီးပွါးရေး သမ၀ါ ယမပညာကို(၉)တန်း(၁၀)တန်းကျောင်းသုံးစာအုပ်များထုတ်ဝေခဲ့ကာခရိုင်တွင်သမ၀ါယမသင်တန်း ကျောင်းများ
ဖွင့်လှစ်ခဲ့သည်။၁၉၅၁ခုနှစ်တွင်သမ၀ါယမလုပ်ငန်းများသည်လူထုတွေ့ကြုံနေရသောစီးပွါးရေးစားဝတ်နေရေးနှင့် လယ်ယာလုပ်ငန်းအရင်းအနှီးအတွက်လက်တွေ့ဖြေရှင်းပေးနိုင်သည်ဟုပညာရှင်များ က ယူဆသောကြောင့် သမ၀ါယမအသင်းများတိုးချဲ့ဖွဲ့စည်းလာကြရာမှတ်ပုံတင်ထားသောအသင်းသားဦးရမှာ၎.၂၃၃သန်းအထိပင် ကျယ်ပြန့်လာခဲ့ပါသည်။၁၉၅၁ခုနှစ်တွင်ရန်ကုန်မြို့ရှိဘဏ္ဍာရေးချို့တဲ့သောသမ၀ါယမအသင်းများကို ငွေအားဖြင့်
ကူညီနိုင်ရန်အစိုးရမှသိန်း၅၀မတည်ရင်းနှီးကာ ပြည်ထောင်စုသ၀ါယမဘဏ်ကိုထုထောင်ခဲ့ပါသည်။လွတ်လပ်ရေး
ရပြီးစခေတ်တွင်မြန်မာ နိုင်ငံသမ၀ါယမလုပ်ငန်းကိုအ ကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည့်သမ၀ါယမ မင်းကြီးများမှာဦးအောင်စိုး၊ဦးစိုးတင့် နှင့်ဦးညီညီတို့ ဖြစ်ပြီး ဦးညီညီမှာ နိုင်ငံတကာသမ၀ါယမအသင်းကြီး၏ အန္ဒီယနိုင်ငံ ဒေလီမြို့တွင်ရုံးစိုက်သောအာရှပစ္စဖိတ်ဌာနခွဲ(ICA-AP)၏ပထမဆုံးဒါရိုက်တာ အဖြစ်တာဝန် ထမ်းဆောင်ဖွင့်လှစ်ခဲ့သည် အထိ မြန်မာ နိုင်ငံ သမ၀ါယမကဏ္ဍသည် ထွန်ပြောင်ခဲ့ သည်ဟုဆိုရပေမည်။
                    ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏စီးပွါးရေးစနစ်သည် ဆိုရှယ်လစ်ဗဟိုဦးစီးစနစ်အရစီမံကိန်စီးပွါးရေးစနစ်အဖြစ်ဆောင်ရွက်လာသည့်အခါ၁၉၁၂ခုနှစ်၁၉၂ရ ခုနှစ်၁၉၅၆ခုနှစ်သမ၀ါယမ၀ါယမဥပဒေများကိုပြင်ဆင်၍ ၁၉၇၀ခုနှစ်ဥပဒေကိုအတည်ပြုကာ သမ၀ါယမစီမံ ကိန်းများကိုအကောင်အထည် ဖေါ်ခဲ့ပေသည်။ ၁၉၈၈ ခုနှစ်တွင်ဆိုရှယ်လစ်စီးပွါးရေးစနစ်အားပယ်ဖျက်ပြန် သဖြင့်၁၉၉၀ခုနှစ်သမ၀ါယမအသင်းဥပဒေကိုပြဌာန်းကာဆက်လက်ဆောင်ရွက်ခဲ့ပါသည်။၁၉၅၁ခုနျစ်တွင်
 ပြည်ထောင်စုမြန်မာနိုင်ငံသမ၀ါယမ နှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနဟုလည်းကောင်း၁၉၆၂ခုနှစ်တွင်
 ထောက်ပံရေးနှင့်သမ၀ါယမ၀န်ကြီးဌာနဟု၍လည်းကောင်း၁၉၇၃ခုနှစ်တွင်သမ၀ါယမ၀န်ကြီးဌာနဟု
လည်းကောင်းသီးခြားဖွဲစည်းဆောင်ရွက်ခဲ့ပါသည်။၁၉၉၂ခုနှစ်တွင်လက်ရှိသမ၀ါယမဥပဒေရေးဆွဲအတည်ပြုခဲ့ပြီး သမ၀ါယမလုပ်ငန်းများကိုဆက်လက်ယနေထက်တိုင်ဆက်လက်အကာင်အထည်ဖေါ်ဆောင်ရွက်နေပါသည်။
သမ၀ါယမလုပ်ငန်းပြည်သူအကြားအောင်မြင်ပါပြီလား?
                      ဤအမေးအတွက်အဖြေသည်ယနေ့အချိန်အခါတွင်များစွာ အငြင်းပွါးဖွယ်ကွဲလွှဲချက်များ ဖြင့်ရင်ဆိုင်နေရသောအဖြေမျိုးဖြစ်နေသေးသဖြင့်သမ၀ါယမစနစ်ကို ချစ်မြတ်နိုး သူများအတွက်အားမလိုအားမရဖြစ်စေပါသည်။အမှန်ဆိုရသော် ပြည်သူလူထုအနေဖြင့်ဆိုရှယ်လစ်စီးပွါးရေး စနစ်နှင့်အတူသမ၀ါယမလုပ်ငန်းများကိုအယုံအကြည်ကင်မဲ့ကာစိတ်ဝင်စားမှုမရှိတော့သလောက် မေ့လျှော့နေခဲ့ပြီဖြစ် ပါသည်။သမ၀ါယမနှင့်ပါတ်သက်သည်အသိပညာဗဟုသုတသမ၀ါယမ၏အနှစ်သာရ နှင့်ဖွဲ့စည်းလုပ် ဆောင်မှုများကို မသိရှိတော့သည့်အထိမျိုးဆက်သစ်များ နှစ်ပေါင်း၂၀ ကျော်ကြာကွာလှမ်းခဲ့ကြရပေသည်။၂၀၀ရခုနှစ်အလယ်လောက်မှသာ အသေးစားချေးငွေလုပ်ငန်းများစတင်ပေါ်ပေါက်လာပြီး၂၀၁၀ခုနှစ်ဒီမိုကရေစီစိုးရသစ်လက်ထက်နောက်ပိုင်း တွင်းမှသာသမ၀ါယမလုပ်ငန်းများပြန်လည်နိုးထလာကာ၂၀၁၂ခုနှစ်တွင်ပိုမိုရှင်သန်းလာခဲ့သည်ဟုဆိုနိုင်ပါသည်။ ယခုအခါအသေးစားချေးငွေသမ၀ါယမအသင်းများအပြင်စိုက်ပျိုးမွေးမြူရေးသမ၀ါယမများအရှိန်အဟုန်ဖြင့်ပေါ်ပေါက် လာ သည်ဟုဆိုရပေမည်။
ဘယ်သို့ဖွဲ့စည်း
                     သမ၀ါယမလုပ်ငန်းများမြန်မာပြည်အတွင်းအထက်ပါသမိုင်းကြောင်းအရဖွဲ့စည်းဖြစ်ပေါ် ခဲ့ ပြီးအောင်မြင်မှုရှိခဲသလို မအောင်မြင်သည်များလည်းအမြောက်အများ ရှိခဲ့သည်ကိုလေ့လာတွေ့ရှိရသော် လည်း မည်သို့ဖွဲစည်းဖြစ်ပေါ်ခဲ့သည် မည်သို့ဖွဲ့စည်းသည်ကို သိရှိနိုင်ဖို့ လေ့လာထားချက်များမှာနည်းပါးလှ
ပါသည်။ ခေတ်ကာလအစိုးရများ၏အလိုကြဖွဲ့စည်းမှုများသာများမည်ထင်ပါသည်သမ၀ါယမသဘောတ ရားများအပေါ်နားလည်လက်ခံယုံကြည်မှုဖြင့်မိမိတို့ဆန္ဒအရပါင်းစပ်ဖွဲကာစည်းမှုယုံကြည်စွာပူးပေါင်း ဆောင် ရွက်မှု ဖြင့်ဖွဲ့စည်းဖြစ်ပေါ်မှုမှာအနည်းငယ်သာရှိလိမ့်မည်ဟုထင်မှတ်ရပါသည်။၁၉၀၄မှ၁၉၆၀ လောက်အထိဖွဲ့
စည်းဖြစ်ပေါ်မှုများကိုလက်လှမ်းမမှိသော်လည်းပုဂ္ဂလိကကုမ္မဏီလုပ်ငန်းအစုစပ်လုပ်ငန်းများကဲသို့ပင်ဆန္ဒတူရာ သဘောထားတူရာများစုပေါင်းဖွဲ့စည်းကာပုဂ္ဂလိကနှင့်အပြိုင်ဆောင်ရွက်ရန်လုပ်ဆောင်ခြင်းပြုသည်ဟုယူဆစရာ အချက်အလက်အမြောက်အများရှိခဲ့သော်လည်းစီမံကိန်စီးပွါးရေးစနစ် အောက်တွင်ပုဂ္ဂလိကလုပ်ငန်းများကြီးထွားမှု
ကိုကန့်သတ်ထားချက်အရလည်းကောင်အစိုးရချုပ်ကိုင်ကိုင်ကုန်စည်ဖြန့်ဖြူးမှုကုန်သွယ်မှုစနစ်အရလည်းကောင်း ဖွဲ့စည်းမှုပုံသဏ္ဍာန်မှာအစိုးရလွမ်းမိုးသည့်နိုင်ရေးကေဒါများပါဝင်ဦးဆောင်သည့်စနစ်သာအလေးသာခဲ့ပြီး
အသင်းသားများကိုယ်တိုင်ထိမ်းကြောင်းသာဒီမိုကရက်တစ်ကွန်းထိုးပျက်ယွင်းခဲ့ရပေသည်။ရာရှင်းစနစ် ကိုတာစနစ်ဆန်ဆန်ကုန်စည်ဖြန်း ဖြူးမှုစားသုံးကုန်ထောက်ပံရေးစနစ်အရ လူတိုင်းသမ၀ါယမအသင်းဝင် အဖြစ်ယုံကြည်ချက်ရှိသည်ဖြစ်စေယုံကြည်ချက်မရှိသည်ဖြစ်စေမိမိကိုတာ ပျောက်ဆုံးမည်စိုးရိမ်သဖြင့်အသင်ဝင် အဖြစ်အလိုအလျှောက်ပါဝင် သောစနစ်ဖြင့်တည်ဆောက်ခဲ့ပုံရကာ၁၉၈၈ခုနှစ် နိုင်ငံရေးအပြောင်းအလည်းနှင့်အတူ အသင်းသားများ၏ယုံကြည်ချက်ပျက်ယွင်းသွားမှုသည်မှာယနေ့ဒီမိုကရေစီဖွံဖြိုးစအခြေအနေအထိရိုက်ခတ်နေဆဲ ပင်ဖြစ်ပါသည်။သမ၀ါယမအသင်းတစ်သင်းထူထောင်ရန်အတွက်အမှန်တကယ်ပြည်သူများအားစည်းရုံးလမ်းပြကာ မိမိတို့စိတ်ကြိုက်အသင်းအမှုဆောင်နှင့်မိမိတိုစိတ်ကြိုက်မိမိတို့လူမှုစီးပွါးဖေါ် ဆောင်ရန်စည်းရုံးပြောဆိုတိုင်း တုန့်ပြန်မှုများသည်အားရကျေနပ်ဖွယ်အားတက်သရောမရှိကြခြင်းမှာအတိတ်ကပုံ ရိပ်အ ဟောင်းများအပြင် ကိုယ်ကြမ္မာကိုယ်ဖန်တီးသော ကိုယ်တိုင်ပါဝင်ဆုံးဖြတ်နိုင်ခွင့် တနည်းဒီမိုကရက်တစ်ကွန်ထိုးကို အပြည့်အ၀ မရရှိကြခြင်း၊ရွေးချယ်ခံselective နှင့် ရွေးကောက်ခံelectiveပုံသဏ္ဍာန်းရော နှောနေခြင်းအပေါ်သံသယဖြစ်ပေါ်
ကြခြင်းဟုခံစားသိနေမိသည်။သို့သော်ယုံကြည်မှုပျက်နေမှုအပေါ်စေတနာထားလျှက်Byforceဆန်ဆန်သြဇာအာဏာ ရှိသူများအားစည်းရုံးလျှကလုပ်ဆာင်ချက်များဖြင့်မဖြစ်မနေဖွဲ့စည်းမှုများသည်သမ၀ါယမအသင်းများဖွံဖြိုးလာရေး
အတွက်အသင်းသားများမှစိတ်ပါလက်ပါအားကြိုးမာန်တတ်ကြိုးစားရမည့်အစားအဖြစ်သဘောအပြသဘောဆောင် ရွက်ကြ ခြင်းများဖြစ်ပေါ်စေပြီးဒါရိုက်တာအဖွဲ့အမှုဆောင်အဖွဲ့များအနေဖြင့်ရည်မှန်းချက် ကို အောင်မြင်စေ   ရေးကိုတောင် အနိုင်နိုင် ဆောင်ရွက်ရပြီးတိုးတက်ဖွံဖြိုးဖို့စိတ်ကူးများကြာလေကုန်ခန်းလေဖြစ်လာကာ ဖွံဖြိုးမှုသည်နှေးကွေး လေးလံလာရပေသည်။၂၀၁၂ခုနှစ်ဝန်ကျင်တွင်သမ၀ါယမအသင်းများဖွဲ့စည်းဖြစ်ပေါ်ရေး အတွက်ပြည်သူများအားစည်းရုံးဖွဲစည်ရာတွင် ချေးငွေများထုတ်ချေးပေးသည့်ငွေစုငွေချေးပုံသဏ္ဍာန်ဖြင့်ဖွဲစည်း
ရာချေးငွေရယူလိုသူများသည်ချေးငွေရယူရန်သာဆန္ဒရှိကြပြီးအသင်းတစ်သင်းဖြစ်ပေါ်ရေးအတွက်မိမိတို့ကိုယ် တိုင်းမတည်ငွေဖြင့်ထူထောင်းကြရမည်ဟုသောအသိတရားဗဟုသုတမရှိသည့်အပြင်မတည်ငွေကိုပင်ထည့်ဝင်လို
သည့်ဆန္ဒနည်းပါကြောင်းကိုဝမ်းနည်းဖွယ်တွေ့ရှိ နေရပြိးအသင်းအပေါ်မှသာအထောက်အပံကိုရယူလိုစိတ်ရှိနေကြသည်။
မတည်ငွေအလျှင်မရှိဘဲအထက်အသင်းကြီးများကိုသာအာထားမှီခိုရပ်တည်နေရသောသမ၀ါယမအသင်းများသာအမြောက် အများပေါ်ထွက်လာပြီးဆန္ဒတူရာလူအများစုပေါင်းပါဝင်၍မိမိတို့၏စားဝတ်နေရေးနှင့်လူမှုလိုအပ်ချက်များကိုစုပေါင်း လုပ်ဆောင်အကျိုးခံစားရေးဆိုသောသမ၀ါယမအနှစ်သာရအားနည်းကာတဖြည်း ဖြည်းဖြင့်အသင်းလုပ် ငန်း များတိုးချဲလာနိုင်မှုပိုမိုအထောက်အကူပြုမှုစသည်များအတွက်ဆက်လက်ကြိုးပမ်းရန်လိုအပ်လျှက်ရှိနေဆဲပင်ဖြစ်သည်။
                      သမ၀ါယမဆိုသည်မှာ ပါဝင်ကြသူအသင်းသားများကိုယ်တိုင် အစုထည့်ဝင်ငွေများဖြင့် ရပ်တည်ကာပါဝင်သူများသက်ချောင်ချီးမှုရှိရေးအကျိုးစီးပွါးခွဲဝေခံစာနိုင်ရေးအတွက်စုပေါင်းဆုံးဖြတ်စု
 ပေါင်းလုပ်ဆောင်သည့်စီးပွါးရေးလုပ်ငန်းများထူထောင်ကာလူမှုရေးစီးပွါးရေးပညာရေးကျမ္မာရေးလိုအပ်ချက်မှန်သမျှ အတွက်ဝိုင်းဝန်းဖြေရှင်းနိုင်ရေးကိုအလေးထားဆောင်ရွက်ကြခြင်းပင်ဖြစ်သည်ဆိုသည့်သမ၀ါယမအသိပညာများဖြင့် တည်ဆောက်ကာမိမိတို့ကိုယ်တိုင်ပါဝင်ဖန်တီးနိုင်ရေးအားကြိုးမာန်တက်ဆာင်ကြရမည်ဆိုသည်ကို ရင်ထဲစွဲမြဲယုံကြည်လုပ်ဆောင်နိုင်ရန်အတွက်ဒိမိုကရက်တနည်းလမ်းအရ ဖွဲစည်းခြင်း ဖြင့် ကိုယ့်ကြမ္မာကိုယ် ဖန်တည်းနိုင်သည့်သမ၀ါယမများအဖြစ် ပေါ်ထွက်လာရေးအတွက်သမ၀ါယမ စနစ်အားချစ်မြတ်နိုး သူတိုင်း ၀ိုင်းဝန်လုပ်ဆောင်နိုင်ကြစေရန် တိုက်တွန်းရေးသားလိုက်ရပါသည်။


Saturday, July 18, 2015

ဆန်းသစ်ပြောင်းလဲရမည့်သမ၀ါယမဏ္ဍ



                                         သမ၀ါယမလုပ်ငန်းများနှင့်ပတ်သက်ပြီးတည်ဆောက်မှုပြုပြင်မှုအမျိုးမျိုးကိုခေတ်က အလိုက်သမ၀ါယမလောကသားများကဆောင်ရွက်ခဲ့ကြသည့် မှာ ၁၉၀၅ ခုမြင်မှုငွေစုငွေချေး သမ၀ါယမ အသင်းမှစတင်ကာ လုပ်ဆောင်လာကြရပြီး ယနေ့အထိသမ၀ါယမ ဆိုသည့် လုပ်ငန်း သည်ပြည်သူအကြား ပျောက်ကွယ်သွားခြင်းမရှိသံမဏီဘိုးသက်ရှည်အဖြစ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင်ရှင်သန် နေဆဲဖြစ် ပါသည်။အချို့ခိုင်မာပါသည်ဆိုသောအဖွဲအစည်းများသည်ပင်လျှင်ခေတ်ကာလအခြေအနေအရအမည် ပြောင်း ပုံသဏ္ဍာန်းပြောင်းကာ လူမှုနယ်ပယ် စီးပွါးရေးနယ်ပယ်များမှထွက်ခွာပြောင်းလည်း ရှင်သန် ကြရသော် လည်း ဒီမိုကရက်တစ်နည်းလမ်းအရ ထူထောင်ခဲ့ရသောသမ၀ါယမများမှာမှု အနည်းငယ်မှေးမှိန် ယုံမှတပါး လုံးလုံးပျောက်ကွယ်မသွားဘဲ လောကဓံတရားအား သမ၀ါယမဘက်တော်သားအချင်းချင်း လက်ဆင့်ကမ်း သယ်ဆောင်ကာ လူထုအကြား လူမှုစီးပွါးရေးနယ်ပယ်အကြားရှင်သန်နေဆဲဖြစ်ပါ သည် ။
ရှေ့အဆက်ဆက် သမ၀ါယမပညာ သမ၀ါယမစိတ်ဓါတ် သမ၀ါယမအတွေးအခေါ်များအားပျောက်ပျက် မသွားစေရန် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသော သမ၀ါယမ၀ါဒီစစ်စစ် ခေါင်းဆောင်ကြီးများကိုလည်း အလွန်ပင်ကျေးဇူးတင်နေမိပါသည်။

စွမ်းဆောင်ရည်မြှင့်ရေး
                          ၁၉၀၁ ခုနှစ်အိန္ဒိယနိုင်ငံငတ်မွတ်ခေါင်းပါးမှုစုံစမ်းရေးကော်မရှင်မှအစတည်ပြီး၁၉၀၄ ခုနှစ်မတ်လ(၂၇) ရက်နေ့အိန္ဒိယနိုင်ငံတွင် ရဖိုက်ဆင်နည်းနှင့် လူ့ဇတ္တိမှုအရလယ်သမားများရင်ဆိုင်ရသော ပြဿနာများကိုဖြေရှင်ရန်ပြဌာန်းလိုက်သောသမ၀ါယမအက်ဥပဒေအရ၁၉၀၅ခုနျစ်တွင်သမ၀ါယမငွေစုငွေ
ချေးအသင်းများပေါ်ပေါက်လာရာမှမြန်မာတို့သည်သမ၀ါယမနည်းလမ်းများကိုမိမိတို့လူမှုဘ၀ဖွံဖြိုးဖို့အ တွက် အသုံးပြုလာကြရာမှသမ၀ါယမမျိုးစေ့ကျခဲ့ခြင်းဖြစ်ပေသည်။ ငွေစုငွေချေးဖြင့်စတင်သန္ဓေတည်ခဲ့ သောသမ၀ါယမများသည် ကုန်သွယ် ထုတ်လုပ်မှု ၀န်ဆောင်မှုများအထိ တိုးချဲ့လုပ်ကိုင်လာခဲ့ ကြသည်မှာ ၁၉၉၃-၉၄တွင် သမ၀ါယမအသင်းပေါင်း ၂၇၁၀၇ သင်းတွင်းအသင်းသားပေါင်း ၈.၇၆ သန်း အထိ အမြင့်ဆုံးတိုးတက်လာခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင်းသမ၀ါယမလုပ်ငန်းများသည်လူထုအကြားတွင်ရေ ပန်းစားခြင်သိပ်မရှိတော့သော်လည်း ကိန်ဂဏာန်းများအရ ၁၉၉၃-၉၄အထိသမ၀ါယမအသင်းများအပေါ် မှိခိုအားထားသူအသင်းသာများမှာ မြင့်တက်ဆဲဖြစ်ပါသည်။၂၀၁၂-၂၀၁၃ တွင်အသင်းအရေအတွက် ၁၄၁၃၉ သင်းသာတည်ရှိပြီး ၂၀၁၃ ဒီဇင်ဘာလတွင် အသင်းအရည်အတွက် ၂၃၆၃၉ သင်းအထိပြန်လည် ဖွဲ့စည်းနိုင်သည်များကိုလည်းလေ့လာရခြင်းအားဖြင့် ခေတ်ကာလအခြေအနေအရ အသင်များ အတိုးအ လျှော့ ဖြစ်နေရခြင်းမှာ ဒါရိုက်တာအဖွဲ့ဝင်များ အသင်းသားများ၏ စွမ်ဆောင်ရည်အပြောင်အလည်းနှင့် ဖန်တည်နိုင်မှုပြောင်းလဲနိုင်မှု အပေါ်ဖြစ်ပေါ်နေသည်ဟုသုံးသပ်မိပါသည်။

                          ခေတ်အခြေအနေများအရ သမ၀ါယမအသင်းများဖွဲ့စည်းမှုလုပ်ဆောင်မှုများသည် အသင်းသားနှင့်အသင်းအရည်အတွက်တိုးတက်လာလိုက် ကျဆင်းသွားလိုက်ဖြစ်ပေါ်နေခြင်းများသည် အ ခြေခံပြည်သူလူထု(အသင်းသားအဖြစ်ပါဝင်လာမည့်သူများ)နှင့် ဦးစီးဦးဆောင်ပြု အကောင်အထည်လက် တွေ့ဖေါ်ဆောင်ကြရမည့်အမှုဆောင်ဒါရိုက်တာများ(Co-operative leaders)အနေဖြင့်သမ၀ါယမအနှစ်သာ
ရသမ၀ါယမရည်မှန်ချက်နှင့် သမ၀ါယမ အသိပညာ အားနည်းမှုရှိပြီးခေတ်ကာလတောင်းဆိုမှု မှုဝါဒများအရ သာ တာဝန်တရပ်သို့မဟုတ်အကျိုးရလဒ်တစုံတရာအတွက် အထူးအခွင့်အရေးဆွဲဆောင်မှု များအပေါ်အ ခြေတည်ခဲ့ကြသဖြင့် ပြင်ပအထောက်အပံ(ဆိုရှယ်လစ်စနစ်အတွင်း အစိုးရ၏အထူးဦးစားပေး လူသုံးကုန်  ၀ယ်ယူခွင့်များ၊ချေးငွေများ)များလျှော့နည်းလာခြင်းသီးခြားရပ်တည်ရန်မှုဝါဒပြောင်းလဲသွားသည့်အခါ လုပ် ငန်းများအာနည်းလာပြီးအသင်းဝင်များ၏ ကိုယ်ပိုင်တိထွင်စွမ်းဆောင်မှုအားနည်းသလောက် အသင်းအရေ အတွက်အသင်းသားအရေအတွက်ကျဆင်းသလို အသင်းသားများအတွက် အကျိုးပြုထောက်ပံမှုနည်းပါး သွားရာမှ သမ၀ါယမအပေါ် အသင်းသားများအထင်အမြင်လွှဲမှား သလို လူထုအတွင်းမှာပါသမ၀ါယမသည်
ပုံရိပ်ဆိုး မှုဝါဒအဆိုးအဖြစ် ထင်မြင်ယူဆကျန်ရစ်ခဲ့ရသည်ဖြစ်သည်မှာ ၀မ်နည်းဖွယ်ဖြစ်ခဲ့ရပါသည်။ သမ၀ါယမဆိုသည်မှာနိုင်ငံရေး လူမှုရေး အဖွဲအစည်းထက် စီးပွါးရေးငွေးရေးကြေးရေး အလေးသာသော အဖွဲ့အစည်းသော် Business သက်သက်ဟုလည်းဆိုရန်ခက်ခဲပြီး Social Business Organization ဖြစ်သည် ကို အသင်းသားနှင့် BOD ပါ ယုံကြည်သက်ဝင်နေရေးသည် အရေးပါဆုံးဖြစ်ပေသည်။သင့်တင့်မျှ သောအမြတ်နှုန်းမရရှိဘဲ အသင်းသားအကျိုးကို ဖြည့်ဆည်းနိုင်မည်မဟုတ်သလို အသင်းသားသက်သာ ချောင်ချည်ရေးအမြင်ဖြင့် Operatioal Cost ကို တောင်မကာမိပါက BOD နှင့် ၀န်ထမ်းများကလည်း ကြိုးပမ်း စွမ်းဆောင်လိုစိတ်နည်းပါးလာမည်ဖြစ်ကာ အရည်အသွေးပိုင်းကျဆင်းလာမည်ဖြစ်သည်။ အသင်း သားများအနေဖြင့်နှစ်စဉ်ကျေနပ်လောက်သောအမြတ်ခွဲဝေခံစားရခြင်း စီးပွါးရေးအတွက်လိုအပ်ချက် လူမှု ရေး ပညာရေးအတွက်လိုအပ်ချက်များကို အမှန်တကယ်ခံစားလာရသည်ဆိုပါက သမ၀ါယမလုပ်ငန်းများ အပေါ် အားထားကာ ပါဝင်လာကြမည်မှာမလွဲပေ။ သို့သော်သမ၀ါယမစိးပွါးရေးစနစ်သည် ပါဝင်သူအသင်း များအနေဖြင့် အစုလုံလောက်စွာထည့် ၀င်ခြင်း ငွေကြေးအရင်းအနှီးများကို အသင်းတွင်ထဲ့ဝင်စုဆောင်းခြင်း အသင်းမှဆောင်ရွက်သောစီးပွါးရေးလုပ်ငန်များတွင်ပါဝင်ဆောင်ရွက်ခြင်း အားပေးခြင်းစသည့် စုပေါင်း ပါဝင်သော စိတ်ဓါတ် ယုံကြည်ချက်များရှိနေရေးသည်သမ၀ါယမလုပ်ငန်းများအောင်မြင်ကြီးထွားရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ပေသည်။ လက်ရှိဈေးကွက်စီးပွါးရေးစနစ်အတွင်းတွင် သမ၀ါယမများသည် လည်းပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းများနည်းတူ အစိုရဘဏ္ဍာ ရန်ပုံငွေခွဲရသည်  အခြေအနေတွင်မရှိဘဲ မိမိအသင်းသားများ၏ အစုထည့်ဝင်ငွေများဖြင့် သာလူမှုဘ၀မြင်မားရေးကို ဖန်တီးနေရပြီး ယခင် ယခင် ခေတ်အဆက် မိမိတို့ဘိုးဘွားသ၀ါယမသင်းသားကြီးများ၏ စုဆောင်ထားရှိခဲ့သည့် ဘဏ္ဍာငွေများ အဆောက်အဦးရင်းနှီးပစ္စည်းများအားခေတ်အဆက်ဆက် သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟိုသမ၀ါယမအ သင်း တိုင်းနှင့်ပြည်နယ်အသင်းစုချုပ်ကြီးများကထိမ်သိမ်းစီမံပေးသဖြင့် ယနေ့အထိရှင်သန်နေခြင်းအား ယနေ့ ခေတ်သမ၀ါယမလုပ်ငန်းအပေါ် အမြင်ဆိုးဖြစ်ပေါ်နေသူများ သိရှိရန်လည်းအလွန်လိုအပ်ပါသည်။ သို့မှသာ သမ၀ါယမလုပ်ငန်းများသည်စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဥပဒေစည်း ကမ်းများနှင့်အညီ လုပ်ဆောင်နေသောစီးပွါးရေးအင်အားစုဖြစ်သည်ဆိုသည်ကိုနာလည်လက်ခံလာကြပါ မည်။

လူတိုင်းအကျိုးရှိစေမည့်သမ၀ါယမ

                    သမသါယမလုပ်ငန်းများကဆောင်ကျဉ်းပေးနေသောစီးပွါးရေးလုပ်ငန်းအမြောက်အများရှိပါ သည်။သို့သော်လူတိုင်းအကျိုးခံစားခွင့်မရရှိသေးဘဲတိုင်းပြည်လူဦးရေ၏၁၀% ၀န်ကျင်သာခံစာကြရသည် အတွက် အားမလိုအားမရဖြစ်ရပေသည်။ သမ၀ါယမလုပ်ငန်းများ၏၀န်ဆောင်မှု ထုတ်လုပ်မှု ကုန်သွယ်မှု အသီးအပွင့်များအားပြည်သူပြည်သားတိုင်းခံစားစေလိုသော်လည်း အသင်းသားအဖြစ်ပါဝင်မလာကြပါက မည်မျှပင် ပေးခြင်းသော်လည်းခံစားကြရမည်မဟုတ်ပါ။သမ၀ါယမအသင်းများထူထောင်ရေး သမ၀ါယမအ သင်းများတွင်အသင်းသားအဖြစ်ပါဝင်လာရေးအတွက် အခြေခံသမ၀ါယမ အသိပညာမှာအလွန်နည်းပါလှပါ သည် သမ၀ါယမအသင်းများမည်သို့လုပ်ဆောင်သည်မည်သို့အသင်းသားများအတွက်အထောက်အပံဖြစ် သည်ကို ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့်နားလည်မှုမရှိကြဘဲ လုပ်ငန်းရပ်တန့်ကာ အုပ်မှိုင်းမှိုင်း ခြောက်ကပ်ကပ်ဖြစ်နေသည့် ယခင်ကသမ၀ါယမအသင်းများကိုကြည့်မြင်တွေ့မြင်ပြီးအဆိုးမြင်သမားများ၏ ဝေဖန်မှုအကြား ဂဃဏန ဘာမှမသိကြလောက်အောင် သမ၀ါယမ အသိတရားပျောက်ကွယ်မှုများကို ထင်ရှားသိသာသော သမ၀ါယမစီးပွါးရေးအဆောက်အအုံများဖြင့် ပြန်လည်မြှင့်တင်ရန်လိုအပ် လျှက်ရှိပါ သည်။အမှန်တကယ်တွင်သမ၀ါယမလုပ်ငန်းတခုသည်တနည်းအသင်းတသင်းသည်မိမိမြို့မိမိကျေးလက်ဒေ သအတွက် အလုံစုံသော လူမှုစီးပွါးရေးလိုအပ်ချက်မှန်သမျှကိုစီမံဖန်တည်းပေးနိုင်သည်အထိ အားကောင် ရန် လိုအပ်ပါသည်။ စိုက်ပျိုးရေး မွေးမြူးရေး ကုန်ထုတ်လုပ်မှု သယ်ယူပို့ ဆောင်ရေး ငွေကြေးဝန်ဆောင်မှု စ သည့် တခုခြင်း ကွဲပြားတသင်းခြင်း BOD တစ်ခုခြင်း အသင်းသားသီးခြားဆိုသည် ထက် အသင်းသား အဖြစ်ပါဝင်သူတိုင်းအား ဘတ်စုံလိုအပ်ချက် အားစီမံဆောင်ရွက်ပေးသည့် အသင်းများအဖြစ် နေရာတိုင်း ဒေသတိုင်း ကျေးရွာတိုင်းတွင် တည်ရှိနေဖို့ လိုအပ်ပါသည်။ စွမ်းဆောင်ရည်မြင့်သော ဒါရိုက်တာအဖွဲ့များ ၀န်ထမ်းများဖြင့် Professional ကျကျရပ်တည်ဖြည့်ဆည်းပေးမည်ဆိုပါက လူတစ်ဦးအိမ်ထောင်စုတစ်ခု ၏ လိုအပ်ချက်များအား အလစ်အဟာမရှိဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်သူအများအကြားယုံကြည်မှုတိုး ပွါးလာကာ သမ၀ါယမအသင်းများပိုမိုအားကောင်းလာမည်ဟုယုံကြည်မိသည်။လက်ရှိအနေအထားတွင် အသင်းများသည် တာဝန်အရတာဝန်ပေးသည့် လုပ်ငန်းကလွဲကာ အသင်းသား၏ စားဝတ်နေမှု စီးပွါးရေး အခြေအနေအတွက် ဘက်စုံဖြည့်ဆည်းစီမံပေးနိုင်ခြင်းမရှိဘဲ ကန့်သတ်လုပ်ငန်းအတွင်သာဆောင်ရွက်နေ  ကြပြီး BOD အများစုသည်စေတနာဝန်ထမ်းအနေဖြင့် ၄င်း အသင်းကြီးများမှလွဲကာအသင်းဝန်ထမ်းဆိုသည် မှာ မရှိသလောက်ဖြစ်ကာ Professional မဖြစ်သည့် အတွက် အင်အားကောင်းသောလုပ်ဆောင်မှု များအားနည်းခြင်းနှင့် ဆန်သစ်တီထွင်ပြီးပုဂ္ဂလိစီးပွါးရေးများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းသလိုဖြစ်လျှက်ရှိ ပါသည်။ ယင်းအကျိုးဆက်အနေဖြင့် ပါဝင်သူသမ၀ါယမအသင်းသားများကို အကျိုးအမြတ် သိသိသာခွဲဝေ နိုင်ခြင်းမရှိဖြစ်ရကာသမ၀ါယမ၏အကျိုးကျေးဇူးကိုပြည်သူများကောင်းစွာမသိခြင်း စိတ်ဝင်စားမှု အားနည်း ဖြစ်ရသည်ဟု ထင်မြင်မိပါသည်။

                   သမ၀ါယမလုပ်ငန်းသညှ်Social Businessဆို သည့် အလျှောက်Social ဆိုသော လူမှု ဘ၀ တခုတည်း အလေးသာဆောင်ရွက်ခြင်း Business အတွက်အကျိုးအမြတ်တခုတည်းအလေးသာဆောင် ရွက်ခြင်းဆိုသည်အစွန်နှစ်ဘက်ကိုရှောင်းရှားပြီးအသင်းသားများလက်ဝယ်သို့ စီးပွါးရေးအကျိုးအမြတ်သိသိ သာသာ ပေးအပ်နိုင်ရေးအတွက် စီးပွါးရေးဆန်ဆန်စီမံခန့်ခွဲနိုင်သူ BOD နှင့် ၀န်ထမ်းများလိုအပ်ပါသည်။ သမ၀ါယမပညာနှင့် စီးပွါးရေးပညာများပြည့်ဝနေစေရန်နှင့်Professional ဖြစ်လာစေရန် အခြားပုဂ္ဂလိက အစိုးရ စီးပွါးရေးအဖွဲအစည်းကြီးများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် အခြေခံအသင်းများကအစ တည်ဆောက် ထားကြမှသာ အရည်အသွေးပြည်ဝပြီး အသင်းသားများ(ပြည်သူများ) အားကိုးသထက်အားကိုးသောအဖွဲ အစည်းအဖြစ် ရေရှည် ရပ်တည်နိုင်ကြမည်ဖြစ်သည့် အပြင် မြန်မာ့သမ၀ါယမသမိုင်းသစ်ပါပေါ်ထွက်လာ မည်ဖြစ်ပါသည်။ အမှန်တကယ်စွမ်းဆောင်ရည်ပြည့် စွမ်းဆောင်နိုင်သော လူသားအရင်းအမြစ် ပြည့်စုံပါက သမ၀ါယမလုပ်ငန်းများက ဖန်းတီးပေးနိုင်းသောစီးပွါးရေးလုပ်ငန်းများမှာ ကြီးမားကျယ်ပြန်သောအတိုင်း အတာကြီးသထက်ကြီး လာမည်ဖြစ်ပြီး ထွက်ပေါ်လာသည့် အကျိုးခံစားခွင့် အရပ်ရပ်သည်လည်း မိသားစု တစ်စု လူနည်းစုတစုအတွက်မဟုတ်ဘဲအသင်းသား( ပြည်သူအားလုံးနီး ) ခွဲဝေခံစားရမည်ဖြစ်သည်။ အနာဂါတ်သမ၀ါယမမျိုးဆက်အသစ်အတွက် ပါ အုတ်မြစ်ကောင်းကို ပေးအပ်နိုင်ပေမည်။
                       အချုပ်ဆိုရသော် ခေတ်စနစ်များ၏ပြောင်းလည်းသက်ရောက်မှုအမျိုးမျိုးကြောင့် ၁၉၀၅ ခုနှစ်မှစတင်ခဲ့မြန်မာနိုင်ငံသမ၀ါယမ လောကသည် နှစ်ပေါင်း ၁၁၀ ကြာမြင့် သည့်တိုင် မြန်မာမြေပေါ်တွင် မျိုးဆက်အသီးသီးသို့ လက်ဆင့်ကမ်းပေးနိုင်ခဲ့သဖြင့် ယနေ့အထိရပ်တည်နေပါသည်။ အမျိုးမျိုးသော လော ကဓံအကြောင်းတရားများကြောင့် နိမ့်တုန်မြင့်တုန်ဘ၀ကိုလည်းဖြတ်သန်းခဲ့ကြရပါသည်။သို့သော် ယနေ အထိ ရှေ့ရှေ့ကအကောင်အထည်ဖေါ်ဆောင်ရွက်ခဲကြသူ သမ၀ါယမ ဘက်တော်သားကြီးများ ကစုဆောင်းသိုမှီထားသည်များကို ယနေ့ သမ၀ါယမလောကသားများ အသင်းသားများ အကျိုးခံစားနေကြ ရပေသည်။ အနာဂါတ် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွါးရေးစနစ်အတွင်း စီးပွါးရေးပြိုင်ဆိုင်မှုများအကြား အခြေခံလူတန်းစားနှင့် လူလတ်တန်စားလူတန်းစားများအနေဖြင့် စီးပွါးရေးအကျိုးကျေးဇူးများ အားလက်ဝါး ကြီးအုပ် လူတစုစီးပွါးရေးအင်အားစုကြီးများက ရယူခံစားကြ သည့်အခါ စီးပွါးရေးလူမှုရေးလိုအပ်ချက်များ ဘ၀ အတွက် လိုအပ်ချက်များပိုမိုနက်ရှိုင်းမသွားစေဖို့ကိုစုပေါင်း ဖွဲ့စည်းခုခံကာ ဘ၀တူလူတန်စားများ အတွက် အကျိုးကျေးဇူးရယူပေးသည့် စွမ်ဆောင်ရည်ပြည့် ၀သည့် လူမှုစီးပွါးရေးအဖွဲ့အစည်းကြီးအဖြစ် အသင်းသား(ပြည်သူပြည်သား)အားဖြင့် ဆန်းသစ်တီထွင်ပြောင်းလည်းသောသမ၀ါယမအဖြစ်ပေါ် ထွက် လာသင့်ပြီးဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

ခေတ်သစ်စီးပွါးရေးစနစ်အတွင်းမှသမ၀ါယမ



                   ၂၀ရာစုမှ၂၁ရာစုအကူးအပြောင်းကာလတွင် Globalization ကမ္ဘာမှုဖြစ်စဉ်၏ရိုက်
ခတ်လာမှုကြောင့်နိုင်ငံအတော်များများ၏မှုလချမှတ်လုပ်ဆောင်နေသောစီးပွါးရေးစနစ်များအတွင်း Macroeconomic အမြင်များနှင့် Microeconomic အမြင်များ အကြီးအကျယ်ပြောင်လဲ လာကာ ခေတ်သစ်စီးပွါးရေးအမြင်များဖြင့် နိုင်ငံတို့၏စီးပွါးရေးအခြေခံမှုများ၊ လုပ်ငန်းတစ်ခုခြင်းအလိုက် ကဏ္ဍတစ်ခုခြင်းအလိုက် စီးပွါးရေးရည်မှန်ချက်များပြောင်လဲလာခြင်းဖြင့် ဈေးကွက်ကိုအခြေခံ သော ဈေးကွက်စီးပွါးစနစ် တရပ်အား နိုင်ငံ အများစုမှ လက်ခံကျင့်သုံး လာကြပြီး   ဗဟို  ချုပ်ကိုင်
သော စီပွါးရေးစနစ်များမှသွေဖယ်လာကြပါသည်။

ဗဟိုချုပ်ကိုင်စီးပွါရေးနှင့်ဈေးကွက်စီးပွါးရေး

                       ဈေးကွက်စီးပွါးရေးစနစ်တွင် ဈေးနူန်း Price ကို ရောင်းလိုအား supply နှင့် ၀ယ်လိုအား demand တို့ ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့်အခြေအနေအလိုက်သာ ဆုံးဖြတ် သတ်မှတ်သောသဘောရှိ၍မည်သူမှဆုံးဖြတ်နိုင်စွမ်းမရှိသည်အခြေအနေဟုဆိုရပေမည်။ဗဟိုချုပ်ကိုင်မှုစ
နစ်ဖြစ်သောစီမံကိန်းစီးပွါးရေးစနစ်များတွင်ထုတ်လုပ်မှု၊ကုန်သွယ်မှုများဝန်ဆောင်မှုများကိုဗဟိုအစိုးရများမှ
ဆုံးဖြတ်လေ့ရှိကာပြည်သူပိုင်စီးပွါးရေးလုပ်ငန်းများသမ၀ါယမပိုင်စီးပွါးရေးလုပ်ငန်းများအဖြစ်ထူထောင်

လုပ်ဆောင်ကြသဖြင့်ရောင်းလိုအားရှိသလောက်ဝယ်ယူစားသုံးလိုမှုမရှိတတ်သလိုဝယ်ယူစားသုံးလို
သလောက်(၀ယ်လိုအားရှိသလောက်)ထုတ်လုပ်ပေးနိုင်ခြင်းမရှိသောအခြေအနေအားဈေးကွက်စီးပွါး
စနစ်ကဲသို့သွက်လက်စွာချိန်ညိုနိုင်မှုမရှိဘဲကုန်စည်များရှာပါးခြင်းအသုံးမလိုအရည်အသွေးမပြည့်ဝသော
ကုန်စည်များများပြာနေခြင်းစသည့်အကျိုးဆက်များဖြစ်ပေါ်လေ့ရှိ


ပြီးအရှုံးပေါ်လေ့ရှိတတ်ပါသည်။ဆုံးရှုံးမှုများအတွက်အစိုးရပိုင်ဟုဆိုနိုင်သောပြည်သူဘဏ္ဍာငွေများ၊သမ၀ါယမအ သင်းသားများ၏ ရှယ်ယာထည့်ဝင်ငွေများ ဆုံးရှုံးကြ ရလေသည်။စားသုံးသူ၏အလို ဆန္ဒကိုအခြေပြုသောစနစ်မဟုတ်သည့်အတွက်ကုန်စည်ရှားပါးပြတ်လတ်သောအနေအထားမျိုး တွင်စားသုံးသူမှရွေးချယ်ခွင့်မရှိသည့် ရောင်းသူ၏ဈေးကွက်ဖြစ်နေသဖြင့် နိုင်ငံပိုင်နှင့်သမ၀ါယမပိုင် လုပ်ငန်းများအနေဖြင့် အဆင်ပြေချောမွေ့သည့်အနေအထားဖြစ်ပေါ်နေသည်ဟုအထင်ရောက်စရာ ရှိသော်လည်းကာလ ကြာရှည်လာသည့်အခါ ပြည်သူ့အခွန်ဘဏ္ဍာ မှပံပိုးမှုများနှင့်ကျားကန်မှုများ ဖြင့်ရပ်တည်ခဲ့ရသောအချိန်ကာလများရှိခဲ့ရပေသည်။စီးပွါးရေးဆိုင်ရာလုပ်ငန်းများ
သည်လည်းပြိုင်ဆိုင်မှုပြုရခြင်းမရှိဘဲစီမံကိန်း သတ်မှတ်ချက်အတိုင်းသာ ဆောင်ရွက်ကြရသည် ဖြစ်သဖြင့်ရည် အသွေးအပိုင်းမှာတဖြည်ဖြည်ကျဆင်းသထက်ကျဆင်းလာပြီစားသုံးသူများ လက်ခံမှုကျဆင်းလာ လျှက် ဗဟိုချုပ်ကိုင်မှုစီးပွါးရေးစနစ်အား နိုင်ငံများပြည်သူများမှလက်ခံလိုခြင်းမရှိတော့ဘဲ စီးပွါးရေး အခြေခံမှုများကိုပြောင်လဲကျင့်သုံးလာကြလေတော့သည်။ဗဟိုချုပ်ကိုင်မှုစီမံကိန်းစီးပွါးရေးစနစ်မှ ဈေးကွက် စီးပွါးရေးစနစ်အဖြစ် နိုင်ငံပိုင် သမ၀ါယမပိုင်ကဏ္ဍများကိုလျှော့ချကာ ပုဂ္ဂလိကပိုင်ကဏ္ဍ များတိုးချဲ့လာရေးအတွက်လမ်းဖွင့်ပေးလာသည့်အခါဈေးကွက်အတွင်းအပြည့်ပြိုင်ဆိုင်မှုကိုအားပေး လာသည့်အပြင်နိုင်ငံတကာရင်းနှီးပြုပ်နှံမှုကိုပါဖွင့်လှစ်ပေးလာသည့်အတွက်းကုန်စည်များ၊၀န်
ဆောင်မှုများသည်ပေါများလာကာခေတ်သစ်စီးပွါးရေးစနစ်တရပ်ဖြစ်သည့်ဈေးကွက်စီးပွါးရေးစနစ် အသက်ဝင်လှုပ်ရှားနေပြီဟုဆိုရပေမည်။

စားသုံးသူသာရှင်ဘုရင်

             ဈေးကွက်စီးပွါးစနစ်သည်Customer is always right ဆိုသည်အတိုင်း စားသုံးသူက
သာအမြဲမှန်သည်ဆိုသည့်မှုကိုလက်ကိုင်ထား၍ကုန်စည်နှင့်ဝန်ဆောင်မှုများကိုထုတ်လုပ်သူများ၊
ကုန်သွယ်မှုပြုသူများသည်စားသုံးသူအကြိုက်နှင့်လိုအပ်ချက်များကိုအစွမ်းကုန်ဖြည့်ဆည်းရန်နှင့်
ဝန်ဆောင်မှုပေးရန်၊အရည်အသွေးအရည်အတွက်ကိုမြှင့်တင်နိုင်ရန်နည်းလမ်းပေါင်းစုံဖြင့်တီထွင်
ကြံဆလျှက်ဈေးကွက်အတွင်းရှင်သန်တိုးတက်စေရန်အပြိုင်အဆိုင်ဆောင်ရွက်နေသောစနစ်ဖြစ်
သည်။ဈေးကွက်စီးပွါးရေးစနစ်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာလေနိုင်ငံပိုင်ကဏ္ဍနှင့်သမ၀ါယမပိုင်
ကဏ္ဍများအနေဖြင့်လည်းပုဂ္ဂလိကကဏ္ဍများဖြင့်ပြိုင်ဆိုင်လုပ်ကိုင်နိုင်မှသာရည်ရှည်တည်တန့်
နိုင်တော့မည်ဖြစ်သည်။နိုင်ငံပိုင်ကော်ပိုရေးရှင်ကြိးများအနေဖြင့်နိုင်ငံအတွက်အဓိကလိုအပ်သောအခြေခံ
အဆောက်အအုံမျာအတွက်ဆောင်ရွက်သော်လည်းသမ၀ါယမဏ္ဍအနေနှင့်ကုန်သွယ်မှု၊
ထုတ်လုပ်မှုဝန်ဆောင်မှုမျာကိုပုဂ္ဂလိကကုမ္ပဏီများလုပ်ငန်းများဖြင့် ပြိုင်ဆိုင်ရမှု မြင့်မားပြင်ထန်လာ မည်ဖြစ်သည်။သမ၀ါယမစီးပွါးရေးလုပ်ငန်းများသည်လည်းဈေးကွက်စီ်းပွါးရေးစနစ်နှင့်အညီပြောင်း
လွယ်ပြင်လွယ်လပ်စွာစီမံခန့်ခွဲနိုင်ရန်လိုအပ်သလိုအရည်အသွေးမြင့်သောစီမံခန့်ခွဲမှုအပြင်ဈေးကွက်စီးပွါးရေး
စနစ်နှင့်အညီဖွဲ့စည်းမှုလည်းလိုအပ်မည်ဖြစ်သည်။သမါယမကဏ္ဍသည်လူမှုစီးပွါးရေးကို အဓိကထားလုပ်ဆောင်သည်ဖြစ်သဖြင့် Social capital လူမှုစီးပွါးရေးလုပ်ငန်းများဖြစ်သည့် ပညာရေးကျန်မာရေးကဏ္ဍမျာအပြင်နေထိုင်ရေးလိုအပ်ချက်ဖြစ်သည့်စုပေါင်းအိမ်ယာစနစ်များ သက်ကြီးနိုင်ငံသားမျာနှင့်အလုပ်သမားများသက်သာချောင်ချီရေးစသည့်လုပ်ငန်းများတွင် စည်းရုံး
ရင်နှီးမြှပ်နှံမှုပြု ခြင်းများပိုမိုလုပ်ဆောင်သွားရန်သင့်လျှော်ပေသည်။

တစ်ဦးချင်းပုဂ္ဂလိကပေါင်းစပ်မှုက သမ၀ါယမ

            စီးပွါးရေးစနစ်တခုအတွင်းအရင်းရှင်လူတစ်စု၊မိသားစုတစ်စု စသည်းပုဂ္ဂလိက ချမ်းသာသူ
များကသာစီးပွါးရေးလုပ်ငန်းကြီးများပိုင်ဆိုင်ခံစားသည့်အရင်းရှင်စီးပွါးရေးစနစ်ပုံစံအတွင်မှာပင် ပြိုင်
ဆိုင်မှုကြီးမာလာကာဈေးကွက်ချဲ့ထွင်လာကြသည့်အခါချမ်းသာသူမိသားစုများဖြင့်သာမကအလယ်
အလတ်လူတန်းစားများ၏ရင်းနှီးမြှပ်နှံမှုကိုပါပါဝင်လာစေရေးအတွက်အများပိုင်ကုမ္ပစီများကိုတည်ထောင်
လုပ်ဆောင်လာသည့်နည်းတူဆင်းရဲနွမ်းပါးသူအလုပ်သမားလယ်သမားများကုန်သည်ငယ်များ၊ ဆန္ဒတူရာများကလည်းသမ၀ါယမအသင်းများကိုတဦးချင်းပုဂ္ဂလိကများပေါင်းစပ်ကာဖွဲ့
စည်းပြီးမိမိအသင်းအကျိုးစီးပွါးကိုအရင်းရှင်ကုမ္ပဏီးများကဲသို့အပြိုင်လုပ်ဆောင်ရန်ဘ၀တူလူတန်း
စားအကျိုးကိုဖြည့်ဆည်းကြခြင်းဖြစ်သည်။အလုပ်သမားလယ်သမားများနှင့်သာမာန်စားသုံးသူများသည်
လည်းသက်ဆိုင်ရာလူတန်းစားအကျိုးစီးပွါးအတွက်သမ၀ါယမအသင်းများဖွဲ့စည်းကာခေတ်အ
လိုက်ပေါ်ပေါက်နေသောစီးပွါးရေးစနစ်နဲ့အညီဈေးကွက်အတွင်းပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ကုမ္ပဏီများထက်စာလျှင်သမ၀ါယမများသည်အခြေခံလူတန်းစားအထိပါဝင်နိုင်သဖြင့် လူထု(သို့)
စားသုံးသူနှင့်အနီးစပ်ဆုံးဖြစ်ကာကိုယ်တိုင်လည်းတဖက်ကပိုင်ရှင်ဖြစ်နေသည့်အတွက်အကျိုးအ
မြတ်များကိုယ်တိုင်ရရှိစေသောစီးပွါးရေးအဖွဲ့အစည်းဖြစ်သည်ဟုနားလည်းသဘောပေါက်စေပါက
 ဈေးကွှက်စီးပွါးရေးစနစ်အတွင်း မည်သည်ပြိုင်ဆိုင်မှုကိုမှစိုးရိမ်ဖွယ်ရာမရှိပေ။

သဘောတရားနှင့်လက်တွေ့

                အထက်ပါအမြင်များမှာသဘောတရားဆန်သည်ဟုဆိုမည်ဆိုကဆိုနိုင်ပါါသည်။လက် တွေ့အခြေအနေတွင်
သမ၀ါယမကဏ္ဍ၏အရေးပါမှုမှာမေးခွန်ထုတ်ခံနေရသောအနေအထားမှာပင်ရှိနေပါသေးသည်။အတိတ်ကာလ
စီးပွါးရေးစနစ်များနှင့်အညီမှုလသမ၀ါယမစည်းမျဉ်းစည်းကမ်း
များမှသွေဖယ်ဆောင်၇ွက်မှုများကြာင့်ကျဆုံးသွားသည့် စီးပွါးရေးစနစ်ဟောင်နဲ့အတူ ဆုတ်ယုတ်မှု များနှင့်ကြုံတွေကြရကာ ယနေ့တိုင် ဒဏ်ရာမပျောက်ကင်းသေးပဲမှုလသမ၀ါယမတရားကိုယ်
သဘောအတိုင်းကျင့်ကြံဆောင်ရွက်နိုင်ရေးအတွက်အခြေခံမှုဝါဒမျာကိုတည်ဆောက်နေရဆဲဟုနားလည်မိပါသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးကဲသို့သောလုပ်ငန်းများ
တွင်အောင်မြင်မှုအရှိန်ရရှိလာမှုအပေါ်တွင်အခြေတည်ကာသမ၀ါယမသဘောတရားအားပြည်သူအတွင်းပြန့်နှံစေပြီး
ကုန်သွယ်မှုဝန်ဆောင်မှုထုတ်လုပ်မှုများကိုပါဈေးကွက်လိုအပ်ချက်နှင့်အညီတ နည်းအားဖြင့်စာသုံးသူလိုအပ်ချက်ဟုခေါ်သောအသင်းသားများလိုအပ်ချက်ကိုဖြည့်စည်းပေးနိုင်
သည့်ခေတ်သစ်သမ၀ါယမကဏ္ဍတရပ်အားတက်လှမ်းဆောင်ရွက်ခြင်းဖြင့်ဖွံဖြိုးရေးလမ်းကြောင်းပေါ်တက်လှမ်းနိုင်မည်
ဟုယုံကြည်ပါသည်။ဆိုရှယ်လစ်စီးပွါးရေးစနစ်အတွင်းတိုင်ပြည်စိးပွါးရေး၏ဒုတိယမဏ္ဍိုင်အဖြစ်ဆောင်ရွက်ခဲ့ချိန်အတွင်းမှာပင်အားနည်းချက်များရှိခဲ့မှုများအားသင်္ခန်စာအဖြစ်ရယူကာနိုင်ငံစီးပွါးရေးအတွင်းဒုတိယအရေးပါဆုံးလုပ်ငန်းများအဖြစ်ပြုပြင်ပြောင်လဲကာဆောင်ရွက်နိုင်ရန်ကြိုးစားကြလျှက်ရှိပါသည်။
အလျှင်အမြန်တုန့်ပြန်မှုယန္တယားလိုအပ်

             ဈေးကွက်စီးပွါးရေးတွင်အရေးပါသောအချက်မှာဈေးကွက်သတင်း market
Informationပင်ဖြစ်ရာInformation အပေါ်အလျှင်အမြန်တုံ့ပြန်နိုင်မှုယန္တယားသည် ဈေးကွက်ဝေ
စုကိုဆုံးဖြတ်ပေမည်။နောက်အရေးပါသောအချက်တစ်ခုမှာန်ဆောင်မှုserviceသည်။စားသုံးသူ(သို့) ဖေါက်သည်(သို့) အသင်းသားသည် အရှင်သခင် ဘုရင်ဖြစ်သည်ဆိုသော အချက်ကို ရင်းထဲအတွေးထဲတွင်ပါစွဲမြဲထားရေးဖြစ်သည်။စာသုံးသူလိုအပ်ချက်ဖြည့်ဆည်းရန်အတွက်တုန့်
ဆိုင်းနေစေသောအချက်မျာကိုကျော်လွှားဆောင်၇ွက်ကာလျှင်မြန်သောဝန်ဆောင်မှုကိုတည်ထွင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။ဗျူရိုကရေစီလုပ်နည်းလုပ်ဟန်များလျှော့ကာတာဝန်ယူမှုတာဝန်ခံမှုစနစ်ကိုအပြည့်အဝ
အသုံးချရန်လိုအပ်ပေသည်။အောက်ခြေအရောင်းဝန်ထမ်းအထိလွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်အထိလျှော့
ချဆောင်ရွက်ကြရန်လိုအပ်သည်။သမ၀ါယမများအနေဖြင့်ခေတ်သစ်စီးပွါးရေးစနစ်အတွင်းပြည်တွင်းပုဂ္ဂလိကများအပြင်နိုင်
ငံတကာရင်းနီုးမြှပ်နှံသည့်အဖွဲအစည်း
များနှင့်တဖြည်ဖြည်ယှဉ်ပြိုင်မှုများပြားလာတော့မည်ဖြစ်သည်။ယခုလောလောဆယ်လယ်ယာကဏ္ဍအတွင်းစိုက်းပျိုးရေးချေးငွေနှင့်
လယ်ယာသုံးစက်ကရိယာများရောင်းချပေးသည့်အတွက်တောင်သူလယ်သမားများ အဆင်ပြေ ချောမွေ့နေသည့်အပြင် လယ်ယာကုန်ထုတ်သမ၀ါယမကြီးအတွင်း hole sale marketများအထိထူထောင်ရန်ကျိုးပန်းမှုများသည်သမ၀ါယမဖွံဖြိုးရေးအတွက်အရေး
ပါသလိုလယ်ယာကုန်ထုတ်သမ၀ါမအသင်းသူအသင်းသားများ၏လယ်ယာမြေအမျိုးအစားနှင့်စိုက်ပျိုးသင့်သည့်သီနုံ
အမျိုးအစားပိုးသတ်ဆေးသုံးစွဲမှုများအတွက်စမ်းသတ်ဓါတ်ခွဲပေးနိုင်ရန်သုတေသနစင်တာများ(Agro-research center)များထူထောင်ကာဆောင်ရွက်ပေးနိုင်ပါကသမ၀ါယမလယ်
ယာကဏ္ဍသည်ပိုမိုတိုးတက်လာမည်ဖြစ်သည်။
                ဈေးကွက်စီးပွါးရေးစနစ်ကို နိုင်ငံတော်၏စီးပွါးရေးစနစ်အဖြစ်ကျင့်သုံးမည်ဟုချမျတ်
ထားသည့် အတွက် ဈေးကွက်စီးပွါးရေးစနစ်သည်တဖြည်ဖြည်ပိပြင်စွာပေါ်ပေါက်လာနေသည်
ဖြစ်ရာပြည်သူလူထုအားသမ၀ါယမအသိပညာများတိုးပွါးလာရေးအတွက်စည်းရုံးပညာပေးကာဖွဲ့
စည်းပေလျှက်ပြည်သူလိုအပ်ချက်များဖြစ်သော socio-economic အဖြစ်ပုဂ္ဂလိက စီးပွါးရေး
လုပ်ငန်းများ မလုပ်လိုသော လုပ်ရန် ဆန္ဒနည်းပါးသည့ှ် social capital ကိုရင်နှီးမျြပ်နှံမှုမှတဆင့် စီးပွါးရေးဈေးကွက်အတွင်းပြည်သူအများကိုယ်တိုင်ပါဝင်သည့်သမ၀ါယမစီးပွါးရေးတစ်ရပ်စီးပွါးရေး
လုပ်ငန်းနယ်ပယ်အတွင်းထွန်းလင်းထောက်ပလာရေးအတွက်အလေးထားရေးသားလိုက်ရပါသည်