သမိုင်းသက်သေ
ကမ္ဘာလူသားများရဲ့ လူနေမှုဘ၀တိုးတက်မြင့်မားရေး
အထူးသဖြင့်အခြေခံလူတန်းစား
အများစု
ကြီးဘ၀တိုးတက်မြင့်မားရေးကို စွမ်းစွမ်းတမန် ဆောင်ရွက်ကြသူတွေထဲမှာ သမ၀ါယမ
အတွေးအခေါ်ပညာရှင်များဟာလည်းရှေ့တန်းမှပါဝင်ခဲကြသူများဖြစ်တယ်။၁၄၉၈ခုနှစ်Aberdeem မှာပေါ်ထွက်ခဲ့တဲ့The
Shore Porters Society များဖြစ်ကြတဲ့ Private partnership
အဖွဲ့အစည်းများကိုအခြေခံပြီး
၁၉ ရာစုလောက်မှာ ဗြိတိန်နဲ့ ပြင်သစ် စတဲ့ဥရောပ နိုင် ငံတွေမှာ
သမ၀ါယမအသင်းအဖွဲ့တွေပေါ်ပေါက်လာတယ်။စက်မှုတော်လှန်ရေးကြောင့်အလုပ်သမားများနဲ့ အခြေခံလူတန်စာတွေမှာအလုပ်အကိုင်အခွင့်အလမ်းးနဲ့စီးပွါးရေးပုံသဏ္ဍန်ပြောင်းလဲမှုကြောင့် ၀င်ငွေအပြောင်း အလဲတွေကိုခံနိုင်ရေးအတွက် Social movement ပုံစံမျိုးဖြင့်
သမ၀ါယမအသင်း
အဖွဲများထူထောင်လာကြပါတယ်။ပထမဆုံးစားသုံးသူသမ၀ါယမအသင်းThefirstconsumer Cooperative
Society ကို Fenwick ,East Ayrshiner မှာတည်ထောင်ခဲ့ပါတယ်။အဒီနောက်
Fenwick weaver’s Society စသည်ဖြင့်သမ၀ါယမအသင်းများစွာပေါ်ထွက်လာခဲ့ပါတယ်။၁၈၄၄ခုနှစ်မှာတော့
ရော့ခ်ဒေမှုများ Rochdale principale ဆိုတာနှင့် အတူ Rochdale Society of Equitable Pioneers ရော့ခ်ဒေးရှေ့ဆောင်သာတူညီမျှ
အသင်းများ၊ franz Hermann schulze-Delizsch (1852, urban) နှင့်
Friedrich Wilhelm Raiffeisen (1864)တို့ကလည်း ဂျာမနီနိုင် ငံတွင် ငွေစုငွေချေးအသင်း
များ Credit Union ထူထောင်ကြသလို ရောဘတ်အိုဝင် Robert Owen နှင့်ဒေါက်တာ ၀ီလျှံကင်း
Dr william Kingတို့သည်လည်း ထင်းရှားသောသမ၀ါမရှေ့ဆောင်သူများဖြစ်ကြပါတယ်။ကမ္ဘာ့သမိုင်းတလျှောက်
ကမ္ဘာ့စီးပွါးရေး အကျပ်အတည်း တွေ့ကြုံလာတိုင်း အများစုပေါင်းလုပ်ဆောင်တဲ့ စနစ်ဖြစ်တဲ့သမသါယမ
နည်းလမ်းများဖြင့်ကျော်လွှာနိုင်ခဲ့တာတွေကိုအရှေ့အနောက်နိုင်များစွာမှာ သမိုင်းအထင်းအရှားရှိနေပါတယ်။
ခေတ်သစ်ကမ္ဘာ
ဒုတိယကမ္ဘာစစ်ပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားဟာတိုင်ပြည်တည်ဆောက်ရေး
လုပ်ကြ သည့်နေရာမှာ သမ၀ါယမ နည်းလမ်းများကိုအသုံးပြုခဲ့ကြသည်ကို အမြောက်အများတွေ့ရှိရပါ
တယ်။
ကမ္ဘာပေါ်ရှိလူဦးရေ၏ ထက်ဝက်ဖြစ်သော လူဦးရေသန်း၃၀၀၀ လောက်ကိုသမ၀ါယမကဏ္ဍက စီးပွါးရေးနှင့်လူမှုဘ၀မြင့်မားရေးအတွက်
ဖြည့်ဆည်းဆောင်ရွက် ပေးနေပါတယ်။ ၁၈၉၅
ခုနှစ်
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့တွင်တည်ထောင်ထားသော နိုင်တကာသမ၀ါယမအဖွဲ့ချူပ်(
International Co-operaative Alliance )တွင် ယခုအချိန်တွင်နိုင်ငံပေါင်း ၉၈ နိုင်ငံမှ
ပြည်ထောင်စုအဆင့်
National Federation၂၇၅ သင်းအသင်းသားပေါင်းသန်၁၀၀၀ ခန့်ပါဝင်ဆောင်ရွက် လျှက်ရှိပါတယ်။ ICA သည်ကမ္ဘာပေါ်တွင်အလွန်ကြီးမားကျယ်ပြန့်သောအစိုးရမဟုတ်သောNGOအဖွဲ့အစည်းကြီးအဖြစ်သန်းပေါင်းများစွာသော
ပြည်သူများကိုအထောက်အကူပြုလျှက်ရှိပေသည်။မြန်မာနိုင်ငံသည်
ဗဟိုသမ၀ါယမအသင်းသည်လည်း
အဖွဲ့ဝင်အသင်းတစ်သင်းအဖြစ်ပါဝင်ပြီးနိုင်ငံပေါင်း၂၅
နိုင်ငံမှ အမျိုးသားအဆင့် အသင်းပေါင်း၈၀ ဖြင့် ၁၉၆၀
ပြည့်နှစ်က ဒေလီ မြို့တွင် ဖွင်လှစ်သည်း
အာရှပစီဖိတ် ရုံးခွဲ ICA –Asia &
Pacific Officeတွင်မြန်မာနိုင်ငံ
သားဦးညီညီမှRegional Directorအဖြစ်၁၉၆၀မှ၁၉၆၂အထိ တာဝန်ယူဆောင်၇ွက်ခဲ့သည်အထိ မြန်မာ့
သမ၀ါယမ
သမိုင်းထွန်းပြောင်းခဲ့ ပါတယ်။
လူမှုစီးပွါးရေးတာဝန်
လူသမိုင်းလိုအပ်ချက်အရ ပေါ်ထွက်လာသော
သမ၀ါယမအတွေးအခေါ်များသည် စီးပွါး ရေးသက်သက် နိုင်ငံရေးသက်သက်ကို ဦးတည်စဉ်းစားပေါ်ထွက်လာခြင်းမဟုတ်ဘဲPolitical
Economic နိုင်ငံရေးဘောဂဗေဒ အခြေခံအတွင်း Socio-Economic Responsibility လူမှုစီးပွါး
ရေး
တာဝန်ရှိမှုနှင့်တာဝန်ယူမှုအတွက် ပေါ်ထွက်လာသော စနစ်တစ်ရပ်ဖြစ်ရာ အာဏာနိုင်ငံရေး
Power Politic ရည်ရွယ်များနှင့်ခြားနားပြီးရိုးရှင်းလှပေသည်။ အထူးသဖြင့် လူမှုရေးစီးပွါးရေးမိသားစုဝင်ငွေတိုးရေး
စသည့်အခြေခံလူတန်းစားများ၏လိုအပ်ချက်ကိုချမ်းသာကြွယ်ဝသူစီးပွါးရေးအဖွဲ့ အစည်းများကအရင်း
အနှီးအရချယ်လှယ်အမြတ်ထုတ်လက်ဝါးကြီးအုပ်မှုမှသက်သာရာရစေခြင်းအတွက်ဘ၀တူလူတန်းစားများစု
စည်းကာအရင်းအနှီးစုဆောင်လျှက်နေ့စဉ်ဘ၀လိုအပ်ချက်ကုန်ပစ္စည်းများဝန်ဆောင်မှုများ ကိုဖြည့်ဆည်း
ခြင်းမှတဆင့်လူမှုရေးတာဝန်များ Social performent Task Force ကိုပါ ဆောင်းရွက်နေ
သည်မှာသမ၀ါယမအဖွဲ့အစည်းမျာ၏တာဝန်ယူမှုပင်ဖြစ်သည်။ကောင်းမြတ်၍ရိုးရှင်းလှသောသမ၀ါယမစနစ်တစ်ရပ်
ဟုဆိုသော်လည်းပါဝင်ဆောင်ရွက်ကြသူ
လူတို့၏ စရိုက်နှင့် စိတ်နေသဘောထားများ နိုင် ငံတို့အတွင်းကျင့်
သုံးကြသည့် နိုင်ငံရည်မှန်ချက်အယူဝါဒများ၏စွတ်ဖက်မှုများကြောင့်သမ၀ါယမလောကသည် လောကဓမ္မာတာ
အရ နိမ့်တုံ
မြင့်တုံးဖြတ်သန်းနေရင်း ယနေ့အထိကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။ကမ္ဘာလုံးနှင့်ခြုံ
ကြည်ပါက
၂၁ ရာစုတွင် အောင်မြင်မှု သိသိသာသာရှိလာသည်ဟုဆိုနိုင်ပေသည်။ ICA သည် ကုလသမဂ္ဂ လူမှုရေးနှင့်ပညာရေးကောင်စီ
အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ကာ သမ၀ါယမ လုပ်ငန်းများဖြင့်ပို၍ကောင်းမွန်သောကမ္ဘာကိုတည်ဆောက်ကြပါစို့ဟုသောဆောင်ပုဒ်ဖြင့်၂၀၁၂ခုနှစ်ကိုသမ၀ါယမနှစ်
အဖြစ် အသိအမှတ်ပြုလှုက် သမ၀ါယမလုပ်ငန်းများ တိုးတက်စေရေးအတွက် ဆော်သြဆောင်ရွက်ခဲ့ပေသည်။
နယ်ပယ်စုံလုပ်ငန်းစုံမှာပါဝင်
ကမ္ဘာလူဦးရေး၏ထက်ဝက်ဖြစ်သော သန်း၃၀၀၀
အတွက်လိုအပ်ခက်များကို သမ၀ါယမ ကဏ္ဍမှဖြည့်ပေးနေသည်ကိုသည်ကို မြန်မာနိုင်ငံအတွင်းရှိ သမ၀ါယမအကြောင်း
ဂဃ ဏန မသိကြ
သူများကတော့ယုံကြည်မည်မထင်ပါ အမှန်တကယ်တွင် ကမ္ဘာပေါ်တွင်သမ၀ါယမအသင်းသားပေါင်း
တစ်ဘီလျှံခန့်ရှိပြီးအာရှပစိဖိတ်ဒေသတွင်းသန်းပေါင်း၅၀၀ရှိပါသည်။အမေရီကန်ပြည်ထောင်စုတွင်သမ၀ါယမ
အသင်းပေါင်း
၃၀၀၀၀ ခန့်တွင်အသင်းသားပေါင်း ၂၅၇ သန်း ဖြင့် အများဆုံးရှိနေပြီး ဒုတိယအများဆုံးမှာ
အာရှဒေသမှ အိန္ဒြိယ နိုင်ငံတွင် ၉၃ သန်း တတိယအဖြစ် ဂျပန်နိုင် ငံတွင် ၇၇ သန်းဖြစ်သည်။မြန်မာနိုင်ငံ
တွင်၁.၀၈သန်း၊မလေးရှာတွင်၅သန်းအင်ဒိုနီးရှားတွင်၃သန်း၊ဖိလစ်ပိုင်တွင်၂ သန်း ၊စင်္ကကာပူတွင်၁.၄သန်း
၊အီရန်တွင် ၃၆.၉သန်းနှင့် တရုတ်တွင်
၃၁သန်း စသည်ဖြင့်ရှိနေသည်မှာ သမ၀ါယမလုပ်ငန်းများသည် အများထင်မြင်ယူဆနေသလိုပြည်သူလူထုအားအကျိုးမပြုဆိုသောအချက်သည်မမှန်ကန်ကြောင်းပြသလျှက်ရှိပါသည်။
နိုင်ငံအများအပြားတွင်တိုင်းသူပြည်သားများသည်မိမိတို့အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်
ငန်းနယ်ပယ်ပယ်အသီးသီးနှင့်သက်ဆိုင် သော လုပ်းငန်းအမျိုးအစားအမျိုးမျိုးရှိသည့်သမ၀ါယမအ
သင်းများတွင်အသင်းသာများအဖြစ်ပါဝင်လုပ်ဆောင်ကြသည်။စီးပွါးရေးကဏ္ဍအသီးသီးဖြစ်သော
လယ်ယာစိုက်မျိုးရေး၊ဘဏ်လုပ်ငန်း၊ငါးဖမ်းလုပ်ငန်းကျန်မာရေးလုပ်ငန်း၊အိမ်ယာ လုပ်ငန်း၊အာမခံ
လုပ်ငန်း၊ခရီးသွားလုပ်ငန်း၊စားသုံးသူကုန်စုံဆိုင်လုပ်ငန်း
နှင့် အလုပ်သမား သမ၀ါယမများအဖြစ် နယ်ပယ်စုံ
အလွှာစုံတွင်ထုတ်လုပ်မှု ၀န်ဆောင်မှု နှင့်ကုန်သွယ်မှုလုပ်ငန်းများကို
ဆောင်ရွက်လျှက်
ရှိပါသည်။ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်
လည်းMicrofinance လုပ်ငန်းနှင့်ငွေစုငွေချေးလုပ်
ငန်းများကိုလည်းပိုမိုကျယ်ပြန်စွာဆောင်ရွက်လာနေပါသည်။
အမြတ်ရှာအဖွဲ့အစည်းမဟုတ်
ဘ၀တူအသင်းသားများစုပေါင်းပိုင်ဆိုပြီးအသင်းသားများကိုသာပြန်လည်ဖြန့်ဝေဆောင်
ရွက်မှုစာသုံးမှုပြုစေသောစနစ်ဖြစ်သည့်သမ၀ါယမလုပ်ငန်းများသည်အမြတ်ကိုအဓိကထား ဆောင်ရွက်သော
အဖွဲ့အစည်းများမဟုတ်ပေ။Non–profitOrganizations ဖြစ်သည့်အလျှောက် ဆောင်ရွက်မှုစရိတ်ထက်ပိုသောဝင်ငွေများ အားအသင်းသား
များသို့အချိုးချခွဲဝေပေးလေ့ရှိပါသည်။လုပ်ငန်းတိုးချဲ့ရန်ရန်ပုံငွေစုဆောင်းထားသည့်မှအပအမြတ်များကိုအသင်းသား
များသို့ခွဲဝေ ပေးခြင်း လူမှုရေး ၊ကျန်မာရေးပညာရေး
စသည့် လူမှုရေးတာဝန်များအတွက် အသုံးပြုပေးလျှက်
ရှိရာ
ပုဂ္ဂလိက လုပ်ငန်းများကဲသို့ တစ်ဦးတစ်ဖွဲ့တည်းမှအကျိုးခံစား ခြင်းမဟုတ်သည့်အတွက် ထူခြားသော
လူမှုစီးပွါးရေး ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ပေသည်။ဤ ကဲသို့ကောင်းမြတ်
သော
ရည်ရွယ်ချက် စနစ်များရှိနေသော သမ၀ါယမ စနစ်ဖြစ်သော်လည်း မ်ြန်မာနိုင်ငံ၏ လူဦးရေ သန်း
၆၀ အနက်သမ၀ါယမအသင်းသား၁.၀၈ သန်းသည်(၂၀၁၃) စင်္ကာပူနိုင်ငံလူဦးရေး ဖြင့် သမ၀ါယမအသင်းသား
၁.၄သန်းကို နိုင်းယှဉ် ကြည့်ပါက လွန်စွာနည်းပါးနေသေးကြောင်း တွေ့ ရပါသည်။
မည်သည့်အတွက်ကြောင့်
သမ၀ါယမ ကဏ္ဍဖွံဖြိုးမှု နည်းပါနေ ရသည်ကိုမှန်မှန်ကန်ကန်
လေ့လာသုံးသပ်
ကြရ မည်ဖြစ်သည်။အသင်းသားများ၏အကျိုးစီးပွါးကို လက်တွေ့ထိထိရောက် ရောက် စွမ်း ရည်ပြည့်ဖေါ်ဆောင်
ပေးလာပါက သမ၀ါယမအသင်းများသို့ အခြေခံလူတန်စာများ အားကိုးအားထာပြု
လာမည်ဖြစ်ပြီး အသင်များကြီးထွားကျယ်ပြန်လာာမည်မှာ
အမှန်ဖြစ်သည်။ မိမိဆန္ဒ အလျှောက် ယုံကြည်
မှုရှိ၇ှိဖြင့် သမ၀ါယမအသင်းသားများ အဖြစ်ခံယူ
လာစေရေး အတွက်
ရှေ့ဆောင်လမ်းပြ အသင်း
များ၏အောင်မြင်မှုများအသင်းသားများ၏ အကျိုးခံစားရမှုများကိုကျယ်ကျယ်ပြန့်သိရှိနေရေးအတွက်
အသိပညာပေးအစီအစဉ်များအထူလိုအပ်ပြီးလက်တွေကျ
ဖို့
လည်းလိုအပ်ပါသည်။လက်တွေ့ဘ၀နှင့်ကင်းကွာသောဝါဒဖြန့်
ချီယုံသက်သက် ဆောင်ရွက် ချက်များသည်
ဖွံဖြိုးမှုကိုတည်ငြိမ်စေမည်မဟုတ်ဘဲ တန်ပြန်အကျိုးသက်ရောက် မှုအဖြစ် သက်ဝင် ယုံကြည်မှု
ပျောက်ဆုံးခြင်းကိုပါ ရရှိစေမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ သမ၀ါယမစနစ်သည် လူသားတို့အတွက်
အထူးသဖြင့်ချမ်းသာကြွယ်ဝသူမဟုတ်သည်သာမာန်လူတန်းစားများအတွက်စုပေါင်းစီးပွါးလုပ်ဆောင်ခံ
စားသောစနစ်ဖြစ်သည်ကို
ကမ္ဘာသမ၀ါယမကဏ္ဍ ကြီးကပြသနေသည့်အတွက်မြန်မာသမ၀ါယမဏ္ဍ
ပါဖွံဖြိုးရန်လည်းတည်ဆောက်ကြရမည်ဖြစ်သည်။အနာဂါတ်သမ၀ါယမဖွံဖျြိုးရေးအတွက်
ပညာပေးကဏ္ဍ
တိုးချဲရန်အထူးလိုအပ်ပေသည်။ အသင်းဝန်ထမ်းနှင့်အမှုဆောင်များကိုသာမကအသင်းသားများနှင့်အသင်း
သားဖြစ်လာမည့်ပြည်သူများကိုပါသမ၀ါယမ
အသိပညာ
ပေးအစီအစဉ်များ လက်တွေကျ ကျ
လွယ်လွယ်ကူကူဆောင်ရွက်ပေးနိုင်ရေးသည် အဓိက အကြောင် တရား
တစ်ရပ်လည်းဖြစ်ပေသည်။
တာဝန်ယူတတ်သောသမ၀ါယမ
သမ၀ါယမစနစ်ကိုစတင်ထူထောင်ခဲသည့်ပုဂ္ဂိုလ်ကြီးများသည်
မည်သည့်ပုဂ္ဂိုလ်မည်
သည့်အဖွဲ့အစည်းကမျှတိုက်တွန်းစေဆော်ခဲ့ခြင်း
မဟုတ်ပဲ မိမိတို့၏ အခြေခံလူအဖွဲ့အစည်း အ
Community
Basic သိုင်းအ၀ိုင်းအတွင်း စီးပွါးရေးအရအဆင်မပြေမှုများ၊ အခက်အခဲများ၊
လိုအပ်ချက်များကိုစုပေါင်းလုပ်ဆောင် ဖြေရှင်းခြင်း ထိုမှတဖန် လူမှုရေးလိုအပ်ချက်များ
ပညာ ရေးလိုအပ်ချက်များ
ကျမန်မာရေးလိုအပ်ချက်များကို လောကကိုအကျိုးပြုလိုစိတ် အခက်အခဲများ
ကိုခေါင်းဆောင်ကျော်လွှာကျော်လွှာလိုစိတ်များဖြင့်
စီးပွါးးရေးဘေးဒုက္ခကြီး များကို တာဝန်ယူ
ရင်ဆိုင်းဖြေရှင်းဖို့ကြိုးပမ်းဆောင်ရွက်ခဲ့
ကြသည် ဟုဆိုကြရမည်ဖြစ်သည်။
ဤ အစဉ်အလာဤ စနစ် သည် နှစ်ပေါင်း ၂၀၀ ကျော်သည့်တိုင် အခက်အခဲ
ပေါင်းများစွာ ကိုကျော်
ဖြတ်က ပြုပြင်မွန်း မံဖြည့်စွတ်လျှက် ကမ္ဘာလူသားအားလုံးအတွက်
အကျိုးပြုရပ်တည်လျှက်ရှိနေပါသည်။ တနည်းဆိုသော်
သမ၀ါယမစနစ်သည် မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တည်းလိုသူများက
ဘ၀တူဆန္ဒတူလူ
အများစုပေါင်းကာ
မိမိတို့တာဝန်ကိုမိမိတို့သိရှိပြီး မိမိတို့တာဝန်ကိုမိမိတို့ယူကြ သော တာဝန်သိ တာဝန်ယူတတ်သောသမ၀ါယမ ဟု ၉၂ နှစ် မြောက် နိုင်ငံ တကာသမ၀ါယမနေ့ ကို
ဂုဏ်ပြုသော
အားဖြင့်ရေးသားလိုက်ရပါသည်။