ဆင်းရဲနွမ်းပါမှုလျှော့ချရေး အတွက်
လုပ်ဆောင်းသောလုပ်ငန်းများထဲတွင် Microfinance ဆို သော မိသားစုဝင်ငွေတိုးမြင့်ရန်စီးပွါးရေးလုပ်ငန်းငယ်လေးမျာလုပ်ကိုင်နိုင်ရေး
၊ပညာရေး လူမှုရေး ကျန်မာရေး
လိုအပ်ချက်မျာ အတွက်အသေးစားချေးငွေ
ပံပိုးပေးခြင်း လုပ်ငန်းသည် အရေးပါသော ကဏ္ဍာတစ်ရပ်မှပါဝင်နေ
ပါသည်။ဆင်းရဲနွမ်းပါးသူများကိုငွေထုတ်ချေးပေးရာ
၌ အချို့ဝေဖန်ထောက်ပြကြသူများကလည်း အတိုးနူန်းကြီး
သည်ဟုသောအတိုးနူန်းနှင့်ပါသတ်သော
အမျိုးမျိုး ဝေဖန်မှုပြုလျှက်ရှိနေသည် မှာလည်းနိုင်ငံ
အတော်များများ
တွင် ကြံတွေ့နေရသာစိန်ခေါ်ချက်များလည်းဖြစ်ပေသည်။
ကှုသို့ ဆွေးနွေးငြင်းခုံကြမှုများသည် Microfinance သဘောသဘာဝနှင့် Microcredit သဘောသဘာဝအား
ရောထွေရှု့မြင်နေကြခြင်းဟု စာရေးသူ အနေဖြင့်သုံး သပ် မိပါသည်။ Microcredit ငွေစုငွေချေးလုပ်ငန်းသည်
အမြတ်မျှော်ကိုးသည့်လုပ်ငန်းတစ်ခုသဏ္ဍာန် ဆောင်
ရွက် လေ့ ရှိ သော်လည်း
Microfinance သည် အရင်းမအပြောက်ချေးငွေထုတ်ပေးခြင်းဖြစ်ပြီး အမြတ် ကို လူမှုရေးနှင့်
ကျန်မာရေးအတွက် သို့မဟုတ် ရေရှည်ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် မတည်ငွေ ထုထောင်
ခြင်းပြုသည့်
social performance ကို အဓိကထားလုပ်ဆောင်ကြသောအဖွဲ့အစည်းများပင်ဖြစ်သည်။
Microcredit သည် Microfinance လုပ်ငန်းစဉ်ထဲမှ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
Fund
and Seed Money
Microfinance လုပ်ငန်းဖြစ်စေ
Microcredit လုပ်ငန်းဖြစ် စေ ကနဦးစတင် ရန်အတွက် မတည်
ဘဏ္ဍာရန်ပုံငွေ လိုအပ်ပါသည်။
Credit Union များတွင် ထိုငွေအတွက် ရှယ်ယာရှင်များ(share holders) ရင်းနှီးမြှပ်နှံသူများ
ငွေချေးသူများ( investors or Lenders) အဖွဲ့အစည်များက ထည့်ဝင်မတည်လေ့ရှိပြီး သတ်မှတ်
အတိုးနှင့် အကျိုးအမြတ်များကို ခွဲဝေခံစားလေ့ရှိပြီး Microfinance တွင် အကျိုးအမြတ်ရည်ရွယ်ချက်
မထားသော အဖွဲ့အစည်းများ၏ ထည့်ထင်ငွေများ(seed money) ၊ အလှူရှင်အအဖွဲ့အစည်းများမှ အထောက်
အကူပေးငွေများနှင့် ငွေချေးယူသူ ဆင်းရဲနွမ်းပါသူများ၏ အစုရှယ်ယာများ ပါဝင်လေ့ရှိသည်ကို
ေယ်ဘုယ်အား
ဖြင့်တွေ့ရပေသည်။မြန်မာနိုင်ငံတွင်အသင်းအဖွဲ့များ၊အစုစပ်လုပ်ငန်းများ၊NGOများ၊
ကုမ္ပဏီများ ၊သမ၀ါယမများ က Microfinance ခေါင်းစဉ်အောက်တွင် အသေးစားငွေရေးကြေးရေးဥပဒေ
အရ ပါဝင်ဆောင်ရွက်ကြသည်။ လုပ်ငန်းလုပ်ဆောင်ချက်မှာကွဲပြားခြားနားချက်သိသိသာသာမရှိသော်လည်း
အတိုးနှုန်းသတ်မှတ်မှု၊ အကျိုးအ
မြတ် ခွဲဝေ ခံစားမှုများတွင်
တော့ ကွဲပြားခြားနာမှုအချို့ရှိနေပေသည်။ ဤအချက်သည်ကပင် ငွေစုငွေချေးလုပ် ငန်း
credit Union နှင့် Microfinance Institution ရောယှက် နေ ပြီး Microfinane ၏ ရည်ချက်ချက်
ကိုအားနည်းစေမည်ဖြစ်သည်။Microcreditသည် အတိုးနှုန်းပေါ်အလေးဂရှုပြု ကြည့်သည်ဖြစ်ပြီး
Microfinance သည် စရိတ်ကာမှိ ရုံ အတိုး နူန်းကိုသာ ချင့်ချိန်သတ်မှတ်လေ့ရှိပေသည်။
MFI
နှင့် အတိုးနှုန်း
MFI များ၏အတိုးနှုန်းများသည်
Commercial Bank များ၏အတိုးနှုန်းထက်တော့မြင့်မားပါသည်။ ဘဏ္ဍာရေးလုပ်ငန်းဆာင်တာများကိုဆောင်
ရွက် ကြသော ဘဏ္ဍာရေးကြားခံအဖွဲအစည်းများ တွင်၊ဘဏ်မ
ဟုတ်သော ဘဏ္ဍာရေးလုပ်ငန်များ
Financial Intermediary တွင် တရားဝင် ဘဏ္ဍာရေးလုပ်ငန်းမျာနှင့် တရားမ၀င်ဘဏ္ဍာရေးလုပ်ငန်းများ
(Regular Financial Institutions and unregular Institutions) ဟုတည်ရှိနေကြပြီးချေးငွေအတွက် သတ်မှတ်ကြသောအတိုးနှုန်းများ
အမျိုးမျိုးကွဲပြားကြပါသည်။ ဘဏ်များမှ
လွဲ၍
အခြားသော ဘဏ္ဍာရေး ငွေရေးကြေးရေးလုပ်ငန်းများတွင်အတိုးနှုန်း၁၂%မှ
၃၆ % အထိ ရှိနေကြပြီး တရားမ၀င် ချေးငွေလုပ်ငန်းများတွင် ၆၀% နှုန်းမှ ၅၀၀% အထိ ရှိနေပေသည်။Microfinance
Institutions များ
အနေဖြင့်
၁၈% မှ ၃၀% အထိသာ ချေးငွေအတိုး ရယူလျှက် ရှိပါသည်။ကမ္ဘာ အသေးစားချေးငွေလုပ်ငန်းများ၏အတိုနှုန်းများမှာ
အံသြလောက်ဖွယ်ကွဲပြားခြာနားနေကြပြီးပျှမ်းမျှတစ်နှစ်လျှင်
၃၅%ခန့်ရှိပေသည်။ဥဇဘက်ကစ်စတန်(Uzbekistan)တွင်
၈၀%ခန့်ရှိပြီးသီရီလင်္ကာ (sir Landka) နိုင်ငံတွင်
၁၇% ၀န်ကျင်တွင်ရှိပေသည်။အချို့သောသူများးသည် MFI ၏ အတိုးနူန်းသည် မြင့်မားနေသည်ဟု
ထောက်ပြလေ့ရှိပါသည်။ MFI များသည် ချေးငွေ ထုတ်ချေးရာ၌ပမာဏသေးငယ်သောချေးငွေ( tiny
loans) များကိုငွေချေးယူသူ အများအပြားသို့ ထုတ်ချေးပေးရခြင်း ၊ အသေးစိတ်မှတ်တမ်းများရေးသွင်းရခြင်း
(Many transitions ) ရသောကြောင့် ၀န်ထမ်းအင်အား များပြားသည့်အတွက် တယူနစ် ချေးငွေစရိတ်
နှင့် ငွေချေးယူသူတစ်ဦးချင်းအပေါ်အသုံးပြုရသောစရိတ် (Per borrowers cost ) မှာ ဘဏ်လုပ်ငန်းများထက်
မြင့်မားပါသည်။ ထိုအပြင် အာမခံပစ္စည်းအပေါင်မပါ ချေးငွေ ထုတ်ပေးရခြင်းဖြစ်သည့်အတွက်
(Loan Loss Expense )မြင့်မားပါသည်။အများအားဖြင့် MFI အတိုးနှုန်း ကို စဉ်းစားကြရာတွင်
Income from loans =Cost of funds + Loans
Loss Expense + Operating Expense +Profit ဆိုသော မှုပေါ်တွင် အခြေခံ သတ်မှတ်ကြလေ့ရှိသဖြင့်
အချို့ နိုင်ငံများတွင် အလွန်မြင့်မားနေတတ်ပေသည်။ငွေဖေါင်းပွမှုနှုန်း
inflation rate မြင့်မားသောအခြေအနေမျိုးတွင်
real Interest rate ကိုသတ်မှတ်မည်ဆိုပါက
Periodic rate –
inflation rate = real interest rate ပုံစံမျိုးဖြင့်လည်းသတ်မှတ်တွက်ချက်ကြလေ့ လည်းရှိသဖြင့်အတိုးနှုန်းမှာမြင့်မားနေသည်ဟုမဆိုသာပါ။
ထိုအပြင်မက္ကဆီကိုလို နိုင်ငံများနှင့်လူဦးရည်သိပ်သီး
ဆ နည်းသော ကျေးလက်ဒေသများ
တွင် သွားလာရေးစရိတ်နှင့် အရည်အချင်းပြည့် လုပ်သားများစရိတ်မှာမြင်
မားလှသည့်အတွက် လုပ်ငန်းကုန်
ကျ စရိတ်အချိုးမှာမြင့်တက်နေလေ့ရှိပြီးအီသီယိုပီးယားလိုနိုင် ငံနှင့် သီရီလင်္ကာလိုနိုင်ငံများတွင်
နိုင်ငံရေး ပေါ်လစီအရ ဖြစ်သင့်သည့်အတိုးနှုန်းထက်လျှော့ချထားရာဒေသတွင်း
ဝန်ထမ်းများစရိတ်အားဒေသဆိုင်ရာ
အစိုးရအဖွဲ့များက(hiden subsidides or subsidied cost of funs )ကျခံ
ပေးလေ့ရှရှိရာ အတိုးနှုန်းလျှော့ချထားနိုင်သဖြင့်
အခြားအထောက်အပံမရသောနိုင်ငံများအဖွဲ့အစည်းများက
အတိုးနူန်းမြင့်မားနေသလိုဖြစ်နေရပေသည်။။မြန်မာနိုင်ငံ
တွင်အတိုးနှုန်း တလလျှင်၂.၅ % တနှစ်လျှင် ၃၀ % ထက်မများရဟုသတ်မှတ်ထားပြီးအပ်ငွေနှင့်စုဆောင်းငွေအတွက်
တလလျှင် ၁.၂၅% တနှစ်လျှင် ၁၅ % သတ်မှတ်ထား သည် မှာ မျာပြားသည်ဟု မဆိုသာ ပေ။ NGO များကဲသို့
ပြင်ပ အလှုငွေထောက်ပံေ ငွများ
(subsidied) အပေါ် အခြေပြုခြင်းမရှိပဲ
အသင်းသားများ၏စုဆောင်ငွေများအပေါ် အာကိုး အားထားပြု နေရသော Microfinance
co-operatives များအနေဖြင့် Operating Expense နှင့် Loan Loss Expense ကို တောင် ပြည့်မှီအောင်အတိုးဝင်ငွေ
ရရှနိုင်လောက်သော ချေးငွေပမာဏထုတ်ချေးမပေးနိုင်ခြင်း၊ပေးနိုင်လောက်
အောင်မတည်ငွေရင်း(seed
Money)နှင့်share capital တောင့်တင်းခြင်းမရှိသော (အသင်းသားအဖွဲ့ဝင် ၅၀ မှ
၁၅၀ ကြားရှိ) အသင်းအဖွဲ့များအနေဖြင့် အတိုးမှဝင်ငွေဖြင့်
ရည်ရှည်ရပ် တည်နိုင်ရန်ခက်ခဲ မည်ဖြစ်ပေသည်။ ပြည်ပနိုင်ငံတကာချေးငွေများအပေါ် အာထားမှုပြုသော
အဖွဲအစည်းများတွင် Exchange Rate နိုင်ငံခြားငွေလဲ လှယ်နူန်းသည် လည်း Cost
of fun တခုပမာ အတိုးသတ်မှတ်မှုအပေါ်အကျိုးသက်ရောက်မှုရှိ
နေပေသည်။
Effective
rate ၊ Flat rate နှင့် ဆင်ရဲမှုတွင်းနက်
MFI အသိုင်းအ၀ိုင်းနှင့် အခြား Finance
အသိုင်းအ၀ိုင်းအကြား ပြင်းထန်သော ငြင်ခုန်း မှုမှာ effective rate နှင့် Flat rateသတ်မှတ်ချက်ပင်ချက်သည်။
မည် သည့်နည်းလမ်းသည် borrowers များအတွက် အကျိုး
ဖြစ်ထွန်းပြီး မည်သည့်
နည်းလမ်းလမ်းသည် Lenders များအတွက် အကျိုးဖြစ်ထွန်သည်မှာ ဆုံးဖြတ်ရန်ခက်ခဲ
ပါသည်။MFIလုပ်ငန်းတိုင်းကပင်ရည်ရွယ်ချက်ရှင်းလင်းလှသည်မဟုတ်ပဲ
ကွဲပြားခြားနားမှုရှိနေသည်မှာလက်
တွေ့ဘ၀ တွင် အထင်းအရှားဖြစ်နေပေသည်
MFI ကုမ္ပဏီများအနေဖြင့်မည်သို့ပိုင်ဆိုင်တည်ဆောက်ထားပြီးအ
ကျိုးအမြတ် မည်သို့ခွဲဝေခံစားအသုံးပြုကြသည်ကသာ
အဓိက ကြပေသည်။ ဆင်းရဲနွမ်းပါမှုလျှော့ချရန်ထက် ဆင်းရဲနွမ်းပါ သူများထံမှ အကျိုးအမြတ်ကို
နည်းနည်းခြင်းစုဆောင်း ယူပြီး တစ်ဦးတစ်ဖွဲ့လူနည်းစုပိုင် ပြုလုပ် ကြမည်ဆိုပါက MFI
သည် အကျိုးအမြတ်ရှာအဖွဲ့အစည်းအများနှင့်ဘာမှ မခြားနား ပဲသာမာန် Finanicial
Institution များဖြစ်သော ဘဏ်များ၊ငွေစုငွေချေးအဖွဲ့များအသွင်သာဖြစ်လိမ့်မည်ဖြစ်သည်။
MFI သည်ဆင်းရဲ
နွမ်းပါးမှု့ကို အမှန်တကယ်
လျှော့ချရန်အတွက်ဦးတည်လုပ်ဆောင် ကြရမည့် အဖွဲ့အစည်းများအဖြစ်ရပ်တည်
ရန်ငွေစုငွေချေးနှင့်
ဘဏ်လုပ်ငန်းစနစ် များမှခွဲထွက်ကာ ဘဏ်စည်းမျဉ်းများနှင့် ဘဏ္ဍာရေးအစဉ်အလာများကို ခက်ခက်ခဲခဲကျော်လွှာ၍
ဒေါက်တာ မိုဟာမက်ယူနွစ်က တည်းထွင်ကြံဆခဲ့သည့် ဘဏ္ဍာ ရေးနှင့် နှီးနွယ်သော ဘဏ္ဍာရေး လုပ်ငန်းသစ်ဖြစ်ရာ အတိုးနှုန်းအနည်းအများထက် လုပ်ငန်းထူထူထောင်ထောင်ဖြစ်စေရေးအတွက် အတိုးနှုန်းဟုဆိုနိုင်သောစရိတ်ကာမိရုံ ဘဏ္ဍာရေး အခကြေးငွေသတ်မှတ်ချက်နှင့်
လုပ်ငန်ရည်မှန်ချက်ဖြစ်
သော
ဆင်းရဲနွမ်းပါးသူများအားတိုးပွါးလာသော စရိတ်ထက်ပိုလျှံအမြတ်များအား ပြန်လည် မြှပ်နှံထောက်ပံရေး
ကို သာ အဓိက ထားဆောင်ရွက် ကြသည်ဖြစ်ရာ MFI များရေရှည်တည်တန့်ခိုင်မြဲမှသာ ဆင်းရဲနွမ်းပါးမှု
အချိုးလည်းသိသိသာသာ လျှော့ကျသွားမည်ဟု ယုံကြည်ရပေသည်။ သာမရိုးကျဘဏ္ဍာရေးအရာရှိများနှင့် ဘဏ္ဍာရေးပညာရှင်များ၊ဘဏ်များသည်
ငွေကြေးမဆုံးရှုံးစေရေးအာမခံ အပြည့်အ၀ပေးနိုင်သော ချမ်းသာသူ
လုပ်ငန်းရှင် များနှင့်လူလတ်တန်းစားများကိုသာ
ငွေအမြောက်အများထုတ်ချေးပေးလေ့ရှိပြီး အပြိုင်အဆိုင် အတိုးနှုန်းလျှော့ချနိုင်ရေးအတွက်လုပ်အားနည်းနည်းအသုံးပြုနိုင်ရေးအလေးထားကာအကျိုးအမြတ်ရှာဖွေကြ
ခြငဖြစ်ရာ MFI များအနေဖြင့်၎င်းအထူးသဖြင့် MF coop များအနေဖြင့် မည်သည့် ထောက်ပံအလှုငွေ ပံပိုးမှု
မျှ မရှိကြသူများအနေဖြင့် ကျေးလက်နှင့်မြို့ပြဆင်ချေဖုန်းနေလက်လုပ်လက်စားများ အားငွေးကြေးအနည်း
ကို လူဦးရေအမြောက်အများအားထုတ်ချေးပြီး ချေးငွေပြန်လည်ကောက်ခံရခြင်းအတွက် အဖွဲ့အစည်းအသင်း
အဖွဲ့ အရွယ်အစားပမာဏအလိုက် စရိတ် ထက်အနည်းငယ်ပိုသော ၀င်ငွေရှိရန်အတိုးနှုန်း သတ်မှတ်မှုများ
သည် အဖွဲ့အစည်း တည်တန့်နေရေးအတွက် အရေးပါပါသည်။ အများအားဖြင့်ဖွံဖြီုးမှုနိမ့်ကျသော
နိုင်ငံများတွင် အာမခံ အပေါင် ပစ္စည်း တင်ပြနိုင်သူများသည် ဘဏ် မှ များချေးငွေများအားသိမ်းကျုံးရယူပြီး
Informal Money Lender Market အတွင်း MFI ၏အတိုးနှုန်းထက် အဆများများစွာ မြင့်မားသောအတိုးနှုန်းရယူကာ
တရာမ၀င်ငွေကြေး ကြားခံအဖွဲ့အစည်းများ unregular Financial Intermediary သဏ္ဍာန် ပေါ်ပေါက် ထွန်းကာနေခြင်းသည်သာ ဆင်းရဲနွမ်းပါးသူများအတွက်
ပိုမိုဆင်ရဲတွင်းနက်စေမည်ဖြစ်သည်။
အမြတ်ကိုပြန်ပေး
သည့်အဖွဲ့အစည်းများ
အသေးစားငွေရေးကြေးရေးလုပ်ငန်းဟုခေါ်တွင်သော
အသေးစားငွေချေးလုပ်ငန်းကို လုပ်ကိုင်ကြ သည့််အသွင်းသဏ္ဍန်းအမျိုးမျိုးရှိသော
Microfinace လုပ်ဆောင်ချက်သည် အမြတ်ဦးတည်အဖွဲ့အစည်များ
မဟုတ်ပေ သို့သော် Microfinance အမည်ခံအမြတ်
ရှာအဖွဲ့အစည်းများအမြောက်အများသည် လည်း လူမှု စီးပွါးရေးနယ်ပယ် တွင် ပါဝင်လာကြသည်ဖြစ်ရာ
MFI ၏ပုံရိပ်ကို ထိခိုက်စေသည်ဖြစ်သည်။သို့သော်
သမ၀ါယ
မစနစ်အခြေခံမှုပေါ်ပေါ်တွင် တည်ထောင်ထားပြီး
ငွေချေးသူအဖွဲ့ဝင်များ(ဆင်းရဲနွမ်းပါးသူများ
)ကိုယ်တိုင်ပါဝင်
ပိုင်ဆိုင်သည့်
အသေးစားချေးငွေလုပ်ငန်းသမ၀ါယမအသင်းများသည်ကိုယ့်အားကိုယ်ကိုးနည်းဖြင့်ဆင်ရဲနွမ်းပါး
မှုကိုလျှော့ ချ ကြရသည်ဖြစ်သဖြင့် အတိုးရငွေဟုဆိုသော်လည်း အသင်းသားစုဆောင်းငွေများအပေါ်တွင်
လည်း အတိုနှုန်းပြန်လည်သတ်မှတ်ပေးခြင်းနှင့်
စရိတ်ထက်ပိုသော အကျိုးအမြတ်များအားလည်းအသင်းသား
တနည်းအားဖြင့် ငွေချေးသူများကို ပင်
အနည်းဆုံး အမြတ်ငွေ၏ ၃၀% နှုန်းခွဲဝေပေးသည့်အပြင်
ပညာရေး ကျန်မာရေးနှင့် လူမှုရေးလုပ်ငန်းများကို လည်း ထောက်ပံပေးလျှက် ရှိပေသည်။အသင်းသား(သို့)ငွေချေးသူပေး
ရသောအတိုးနှုန်းမှာ ပြန်လည်ခွဲဝေ အမြတ်များ
ရရှိကြသဖြင့် အမှန်တကယ် အတိုးပေးရသည်ဟုပင်ဆိုရန်ခက်
လှပါသည်။ ဤ ကဲသို့သော အသေးစားငွေရေး
ကြေး အဖွဲ့အစည်းများ အတွက်မှု အတိုးနှုန်းဆိုသည် မှာဘဏ္ဍာရေး အဖွဲှ့အစည်းများ ၊ဘဏ္ဍာရေးပညာရှင်များ
သတ်မှတ်သလို borrowers and Lenders ဖြင့် သတ်မှတ်ရုံ ဖြင့်ပြည်စုံလုံလောက်တော့မည်မဟုတ်ကြောင်း
ရေးသားလိုက်ရပါသည်။