“လူတစ်ဦး ကျပ်သုံးသောင်းနှုန်းဖြင့်
လွန်ခဲ့သည့် သုံးနှစ်ကျော်က စတင်ချေးပေးခဲ့သော သမ၀ါယမ၀န်ကြီးဌာန၏ ချေးငွေလုပ်ငန်းက
ကိုဖိုးဌေးအတွက် ရေနစ်သူဝါးကူထိုး ဆိုသကဲ့သို့ပင်။ ယခင်က အကြွေးငွေ ငါးသောင်း၊
တစ်သိန်းဖြင့် လည်ပတ်လုပ်ကိုင်နေခဲ့ရာမှ သမချေးငွေရယူပြီး နှစ်အနည်းငယ်အတွင်း ကိုဖိုးဌေးတင်ရှိနေသော
ကြွေးမြီးပမာဏမှာ ကျပ် ၁၂ သိန်းကျော်အထိ မြင့်တက်လာပြီဖြစ်သည်” ဟုသောစာပိုဒ်အား ၁.၄.၂၀၁၅နေ့ထုတ်ဝေသော7Day Dailyဂျာနယ်မှ ဆာင်ပါးရှင်မောင်တာ၏ “သမချေးငွေအလုပ်ဖြစ်ရဲ့လား”ဆောင်းပါးတွင်ဖတ်ရှုမိသောအခါ
အတော်လေးဦးနှောက်ခြောက်သွားသလိုဖြစ်ရတော့သည်၊ငွေသုံးသောင်းပမာဏသာချေးသည့်ငွေချေးသူတယောက် သုံးနှစ်အတွင်:အဘယ် ကဲသို့သော
ကိစ္စများကြောင့် အကြွေး ၁၂ သိန်းတင်ရှိသည်ကို မိမိဥာဏ်ဖြင့် စဉ်းစားမတတ်အောင်ဖြစ်ရလေ
တော့သည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ
“ကျေးလက်နေပြည်သူများ လုအပ်နေသော ငွေကြေးအရင်းအနှီးကို
ကျေးလက်အထိရောက်ရှိ
အောင်အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု(Microfinance)လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးရမှာဖြစ် ပါတယ်။အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ
စနစ်တကျ ရေရှည် ဆောင်ရွက်သွားနိုင်အောင် ဥပဒေစည်မျဉ်းနှင့်အညီတရားဝင်ဖြစ်အောင်ဆောင်ရွက်ပေးရပါမယ်။ယခုအခါမိမိအစီအစဉ်ဖြင့် ဆောင်
ရွက်နေသည့်ပုဂ္ဂလိကလုပ်ငန်းရှင်များNGOအဖွဲ့အစည်းများအားတူညီသည့်စံနှုန်းများသတ်မှတ်ပေးပြီး
တရားဝင်အဖွဲ့အစည်းများဖြစ်အောင်အဖွဲ့အစည်းတခုကတာန်ယူပြီး
ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”
ဟု
၁၁.၅.၂၀၁၁ ရက်နေ့တွင်ကျင်းပသောကျေးလက်ဒေသဖွံဖြိုးရေးနှင့်အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတော်
သမ္မတက
မိန့်ကြားခဲ့ ပြီး၃၀.၁၁.၂၀၁၁ ရက်နေ့တွင်“အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ”ကို
“ ၂၀၁၁ခုပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်
၁၃” ဖြင့်အတည်ပြုပြထာန်းခဲ့ပြီး
နောက်ပိုင်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းများ (Microfinance Institution) အသေးစားချေးငွေသမ၀ါယမများ
(Microfinance Co-operatives Society Ltd) နှင့် ငွေစုငွေချေးသမ၀ါယမများ (Saving
and Credit Co-operative Society Ltd)များ အသွင်သဏ္ဍန်းအမျိုးမျိုးဖြင့် ဆင်းရဲနွမ်းပါမှုလျှော့ချရေးလုပ်ဆောင်ရန်ဟု
သော
ရည်ရွယ်ချက်များဖြင့် အရှိန်အဟုန်မြင့် ဖွဲ့စည်းလုပ်ဆောင်လာကြသဖြင့် ချေးငွေဈေးကွက်အတွင်း
(Regulated Institutions)တရားဝင်ငွေချေးအဖွဲ့များတနည်းအသေးစားချေးငွေလုပ်ငန်း(သို့)အသေးစားငွေ
ရေးကြေးရေးလုပ်ငန်းများ(
Microfinance ) တိုးးပွားလာခဲ့ပါတယ်။အကျိုးဆက်အနဖြင့်ကတော့ ဆင်းရဲနွမ်းပါးသူလက်လုပ်လက်စားများ
အပေါင်အာမခံပေးစရာမရှိသူများအတွက် လိုအပ်သောချေးငွေများ
အလွယ်တကူချေးယူရရှိလာခြင်းပင်ဖြစ်သည်။အတိုးနူန်းမှာ
ယခင်နေ့ပြန်တိုးငွေချေးသူများထံမှချေးယူရသ
လို တလအတိုးနှုန်း၂၀% - ၃၀% တိုးမဟုတ်ဘဲ ၁.၅% မှ ၂.၅%
အထိရှိသောအတိုးနူန်းဖြစ်သဖြင့် ဆင်းရဲနွမ်းပါးသူချေးငွေ ရယူသူများအတွက် အလွန်ပင်သက်သာလှပါတယ်။
သမ၀ါယမ၀န်ကြီးဌာန အနေဖြင့် လည်းတဖက်မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရည်မှန်ချက် အရ
ဆင်းရဲနွမ်းပါသူ လက်လုပ်လက် စားများအတွက် သမ၀ါယမအသင်းများတည်ထောင်စေကာ အသေးစား ရင်နှီးချေးငွေများထုတ်ချေးပေးခြင်း
ကိုဆောင်ရွက်လျှက်ရှိနေရာတွင် အခြေခံလူတန်းစားများအတွက်အထောက်အကူများစွာဖြစ်ပါသော်လည်း
အထက်ဆောင်ပါး ပါငွေချေးသူလို သုံးသောင်းကျပ်ချေးငွေယူသည်ကစတင်ခဲ့ ခြင်းသည် သုံးနှစ်ကာလတွင်
ကျပ်ငွေ၁၂သိန်းအကြွေးတင်ဝန်ပိနေသည်ဆိုသည်မှာ တစုံတရာမှားယွင်းမှုသာဖြစ် နိုင်သည်ကို
ဆောင်ပါးရှင်အနေဖြင်“သမချေးငွေထုတ်ယူရာတွင်သူတစ်ဦးတည်းအတွက်မဟုတ်ဘဲ ကျေးရွာအတွင်းရှိ နီးစပ်ရာအခြားသူများ၏မှတ်ပုံတင်များငှားရမ်းပြီးခုနစ်ဦး၊ရှစ်ဦးစာအထိ ချေးငွေပမာဏများများထုတ်ယူခဲ့သော ကိုဖိုးဌေးမှာအကြွေးနွံထဲမှရုန်းထွက်နိုင်ရန်ပိုမိုခက်ခဲလာနေသည်။ ချေးငွေများဖြင့် အရောင်းအ၀ယ်လုပ်
ငန်းများတိုးချဲ့လုပ်ကိုင်ပြီးရရှိလာမည့်အမြတ်ငွေဖြင့် ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ခဲ့သော်လည်း
အရောင်းအ၀ယ်လုပ်ငန်းများ
မျှော်မှန်းထားသလောက် အဆင်မပြေသောအခါ ချေးငွေများပြန်ဆပ်ရန် အခက်တွေ့လာရပြီး အတိုးပေါ်
အတိုးဆင့်က ယခုကဲ့သို့အကြွေးဝန်ပိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။” ဟုဆက်လက်ဖေါ်ပြထားသည်ကိုမြင်လိုက်ရပါ
တယ်။
Ghost Members ပြဿနာ
စာရေးသူအနေဖြင့်အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေမပေါ်ပေါက်မိကပင်
ဗဟိုသမ၀ါယမအသင်း ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၀ရ ခုနှစ်ကပင် အသေးစားချေးငွေလုပ်ငန်း
Microfinance Institution ကိုစတင်လုပ်ဆောင်ခဲ့စဉ်ကပင် အမည်ပြ ငွေချေးငှားခြင်း(
Ghost Member) ပြဿနာကိုအလေးထားရှောင်ရှားသလို နောက်ပိုင်းတွင်လည် ဆောင်ပါးများဖြင့်ရေးသားပညာပေးခြင်များ
အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။သက်ဆိုင်ရာ တာဝန်ရှိသူများကလည်းထိထိရောက်ရောက်ကြီးကြပ်ပါသော်
လည်း ယင်းပြဿနာသည်အလွန်ခက်ခဲနက်နဲသိမ်မွေ့သဖြင့် ကင်းကင်းရှင်းရှင်းမဖြစ်သေးပါ။
Ghost Member ပြဿနာသည် Microfinance လုပ်ငန်းများနှင့် ငွေချေးယူသူများအတွက် ဆိုးဝါးသောအကျိုး
ဆက်ကို
ဖြစ်ပေါ်စေသောအရာ တစ်ခုသာဖြစ်ပါတယ်။ Microfinance လုပ်ငန်းသည် အခြားသော Financial
Institutiuon or Financial Intermediary များကဲသို့ မဟုတ်ဘဲ ပျော့ပြောင်းသောဆက်ဆံရေး
Flexible relationship and situation အခြေခံကာ ယုံကြည်မှု(Trust) ကိုတည်ဆောက်လျှက် လူမှုစီးပွါးရေးအကျိုးကျေးဇူး(Social
Business responsibility and Performance) ကိုဖေါ်ဆောင်ရခြင်း
ဖြစ်သည်ကိုအလေးထားကြရခြင်းဖြစ်သည့်အတွက်အချို့ကိစ္စရပ်များတွင်
တင်းကြပ်သောလုပ်ငန်းစဉ်များ
လျှော့ရဲသလို
ဖြစ်ခြင်းမှ Ghost Member ရောဂါဝင်ရောက်တတ်ပါတယ်။ အထက်ဆောင်းပါးရှင် မောင်တာ အနေဖြင့်
ဆင်းရဲမှုလျှော့ချရေးအတွက် Microfinance သဘောတရားကိုအခြေခံကာ သမ၀ါယမ၀န်ကြီးဌာ နမှဆောင်ရွက်ချက်အား
ငွေးချေးပေးနေသည့်အခြားငွေချေးသူများ၊ငွေချေးအဖွဲ့များကဲသို့အထင်ရောက်ကာ
ချေးငွေကြောင့်အကြွေးပိုမိုခြင်းကိုသာအဓိကထားရှုမြင်ခြင်းကြောင့်သာ“သမချေးငွေ အလုပ်ဖြစ်ရဲ့လား?”
ဆိုသည်ကတော့အကောင်းမြင်မှုအားနည်းလှပြီးမြန့်မာလူနေမှုစရိုက်နှင့်အခြေခံလူတန်းစားအတွင်း ဖြစ်ပေါ်နေ
သည့်အကျင့်လက္ခဏာများအားနားမလည်ရာရောက်ပေသည်။ မြန်မာ့လူမှုဘ၀အတွင်းအရင်းအနှီးလိုအပ်နေသူ
အခြေခံလူတန်းစားများတရားမ၀င်ငွေချေးငှားသူများ၏(Informal MoneyLenders)
ချေးငွေဈေးကွက်အတွင်းမှသားကောင်ဖြစ်ကာဘ၀ပျက်သူပျက်ရတသက်မက ပြန်လည်ပေးဆပ်နေရသည့်
အတိုးနှုန်းနှင့်ထပ်ပြန်တိုး၊တိုးရင်းပေါင်းခံစားနေရသည့်ဒုက္ခများကိုမမြင်ရော့သလား?ဟုပင်ဆိုရမလိုဖြစ်ရပါတယ်။
ငွေချေးသူတို့၏လက္ခဏာ
“ အကြွေးရလျှင်ဆင်တောင်သက်စေ့ဝယ်မယ်” “ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မယ်” “ကြွေးထူ
မပူ သန်းထူးမယား” “ယူတော့ပြုံးပြုံး တောင်းလျှင်မုန်း မဆုံးတော့ပေမဲ့  မိတ်ပျက်၏”
စသည့် စကားပုံများ ဆုံးမစာများသည် မြန်မာမှုဘ၀အတွင်း ငွေးချေးခြင်းနှင့်ပတ်သက်၍ဖြစ်ပေါ်လာသောအကြွေးကိစ္စအပေါ်
ထားရှိသည့် စရိုက်လက္ခဏာများ ဟု အများကလက်ခံထားသည်ကိုသတိပြုကြရမည်ဖြစ်တယ်။
အလွယ်တ
ကူချေးငွေများချေးပေးသည်ဆိုလိုက်သည်နှင့်ပင်
ဆင်းရဲနွမ်းပါးသူမဆိုထားနှင့် အချို့လူလတ်တန်းစားများ ကပင်ချေးငွေကိုရယူဖို့ ကြိုးစားကြသည်ကို
ပထမဆုံးရင်ဆိုင်ကြရသည်မှာ MFI နှင့် သမ၀ါယမအသင်းဝန်
ထမ်းများပင်ဖြစ်သည်။
ကျေးလက်ဒေသများတွင် ငွေချေးလိုသူအဖွဲ့ဝင်များသည်မည်သူက ဘယ်လိုဘာ အလုပ်အကိုင်လုပ်သည်ကို
အတွင်းသိ့အချင်းသိ့ဖြစ်ကြသော်လည်း မြို့ပြဆင်ချေးဖုန်းအရပ်ဒေသတွင် ပြည် တွင်းပြောင်းရွေ့နေထိုင်သူများနှင့်
လူနေမှုမတည်ငြိမ်မှုတို့က လူတစ်ဦးမိသားတစ်စုဘ၀ကို အပြည့်အ၀ သိရှိနိုင်မှုအားနည်းချက်အရလည်းကောင်း
အချို့အုပ်ချုပ်ရေးနှင့် ၀ိုင်းကြီးချုပ် အဖွဲ့ဝင်များက လူမှုရေး ထောက်ထားညှာတာမှုအရလည်းကောင်း
ချေးငွေရယူလိုသူ၏ အခြေအနေအမှန်ကို ဖုံးကွယ်ထား သဖြင့် အလုပ်ကောင်းစွာကြိုးစားမလုပ်ဆောင်သောသူများလက်ဝယ်သို့ချေးငွေများရောက်ရှိသွားတတ်ကာချေးငွေ
အဖွဲ့အစည်းနှင့် ငွေချေးယူသူကိုယ်တိုင်ပင်
အဆင်မပြောအခက်အခဲဖြစ်ရသည်များမှာလည်း MFI များကြုံ တွေဖြည့်နေရသောစိန်ခေါ်ချက်တွေပင်ဖြစ်ပါတယ်။MFI
များက ချေးငွေထုတ်ချေးရန်စီစဉ်သောအခါ အဖွဲဝင်အဖြစ်ပါဝင်လိုသူများ ကလည်းအချင်ချင်းဖေးမသလိုဖြင့်
အမည်ခံကာလာရောက်ပြီးငွေချေးယူကာ တစ်ဦးတယောက်ထဲ၏လုပ်ငန်းအတွင်းအသုံးပြုရန်ပုံအပ်လိုက်ခြင်း၊
အချို့မှာအခကြေးငွေရယူကာ ချေးငွေ ထုတ်ပေးခြင်းများစသည့် ပုံမှန်စည်းကမ်းလိုက်နာမှုမရှိသည်များကလည်း
အချိန်ကြာလာသည့်အခါ လုပ် ငန်းလည်ပါတ်မှုမမှန်သည့်အချိန်တွင် အခက်အခဲများနှင့်ရင်ဆိုင်ကြရခြင်းဖြစ်ပေတယ်။အထူးသဖြင့်
အစိုးရ အဖွဲ့အစည်း၊သမ၀ါယမအသင်းအဖွဲ့ နှင့် အစိုးရနှင့်နှီးနွယ်သောအဖွဲ့အစည်း များကချေးငွေပေးအပ်မည့်
အစီအစဉ်များတွင် အတိုးနှုန်းနည်းပါးမှုကိုအကြောင်းခံလျှက် အလွယ်တကူချေးငွေရယူရန်ကြိုးပမ်းမှုများ
သည် အများအပြားဖြစ်လျှက်ရှိကာ တာဝန်ယူဆောင်ရွက်ရသူများ၏
အားနာချက်များနှင့် လုပ်ငန်းကျွမ်း ကျင်မှု အားနည်းချက်များကြောင့်လည်း အများပြည်သူအထင်မြင်မှားစရာများဖြစ်ခဲ့ရသည်မှာ
မငြင်သာပေ သို့သော် မှုဝါဒချမှတ်ပေးသူများ၏ အာနည်းချက်မဟုတ်ဘဲ ချေးငွေရယူလိုသူတို့၏ကိုယ်ကျင့်တရား၊
ရည်မှန်းချက်နှင့် အကောင်အထည်ဖေါ်ဆောင်ရွက်သူတာဝန်ရှိသူတို့၏ စိတ်လက္ခဏာအခြေအနေများက
သာ ရလဒ်ကောင်းဆိုးကိုဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။
သမချေးငွေအလုပ်ဖြစ်ရဲ့လား?
7 Day Daily News ဂျာနယ်၏ဆောင်ပါးရှင်မောင်တာအနေဖြင့်
ဆင်းရဲနွမ်းပါသူများအတွက် ဆင်းရဲနွမ်းပါမှုလျှော့ချရန် ချေးငွေများကို သမ၀ါယမ၀န်ကြီးဌာန
မှစီစဉ်ထုတ်ချေးနေမှုတွင်အနည်း
ငယ် သောအားနည်းချက်များကိုထောက်ပြကာလုပ်ငန်းစဉ်ကြီးတစ်ခုလုံးအတွင်း
အကျိုးဖြစ်ထွန်နေမှုများအား လျှစ်ရှုထားသည်မှာမဖြစ်သင့်ပေ အခြေခံလူတန်းစားများ၏ လိုအပ်လျှက်ရှိသော
ချေးငွေဈေးကွက်အတွင်း ပုဂ္ဂလိက တရားမ၀င်ငွေတိုးချစားနေမှုများ နေရာတွင် အနည်းငယ်သောအတိုးနူန်းဖြင့်
ချေးငွေထုတ်ပေးနေ သည့်အတွက် အခြေခံလက်လုပ်လက်စားများအနေဖြင့် လူမှုဘ၀ တဖြည်းဖြည်းတိုးမြင်လာသူ
အိမ်ထောင် စုများအများအပြာ ရှိနေပါတယ်။ သမ၀ါယမအသင်းများအနေဖြင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး
စုပေါင်းပါ ၀င်လုပ်ဆောင်သူမှန်သမျှ ညီမျှသောအကျိုးခံစားခွင့်ရရှိနေသလို မည်သည့်နိုင်ငံရေးအဖွဲ့အစည်း
၏သြဇာခံမဟုတ်သည့်အတွက်မည်သူမဆိုပါဝင်နိုင်ပါတယ်။သို့သော်သမ၀ါယမအသင်းတစ်သင်း ဖြစ်ပေါ်
လာရေးမှာအစိုးရအပေါ်တွင်သာအားထားခြင်းမပြုဘဲပါဝင်လိုသူများကိုယ်တိုင်မှရင်းနှီးမတည် ငွေအစုရှယ်ယာ
ထည်ဝင်ကြမှသာဖြစ်မည်ကိုတော့နားလည်းထားကြရမည်ဖြစ်ပေတယ်။ချေးငွေသာရယူလိုပြီးအစုရှယ်ယာ
အားထည့်ဝင်ရန်ပင်ယုံကြည်စိတ်မရှိသူများအား ချေးငွေထုတ်ချေးပြီးမှ ယင်းငွေကြေးဖြင့် ပင်အစုရှယ်
ယာပြန်လည်ထည့်ဝင်စေသည့်အထိစိတ်ရှည်စွာစည်းရုံးလုပ်ဆောင်ပေးနေသောသမ၀ါယမ၀န်ကြီးဌာနနှင့်
သမ၀ါယမအသင်းအဆင့်ဆင့်၏စေတနာကိုတော့နားလည်သိရှိစေလိုပါတယ်။စိတ်သ ဘောထားမှန်ကန်ပြီး
သမ၀ါယမသဘောတရားကိုယုံကြည်သူအခြေခံလူတန်းစားအနေဖြင့် ချေးငွေများ ရယူခြင်းစုဆောင်းငွေများ
စုဆောင်းခြင်း လုပ်ငန်းလိုအပ်ချက်အရ
လုပ်ငန်းအလိုက်ချေးငွေများတိုးမြင့်ချေး ယူခြင်းစသည်တို့ မှာ ပုံမှန်လည်ပတ်လျှက်၇ှိပြီး
ချေးငွေ ၆၀၀၀၀ကျပ်မှလုပ်ငန်းအလိုက်ဆယ်သိန်းကျပ်အထိ ချေးယူ နေကြသူများ ရှိနေသည်ကိုလည်းသိစေလိုပါတယ်။မိမိဘ၀တိုးတက်ရန်အတွက်သမ၀ါယမ ချေးငွေများကိုချည်းကပ်ရယူကာ
သမ၀ါယမအသင်းသားကောင်းအဖြစ်ယုံကြည်စွာလုပ်ဆောင်ကြသူ
အခြေခံလူတန်းစားများမှာ လူနေမှုဘ၀ တဆင့်ပြီးတဆင့် တိုးမြင့်လာနေကြသည်ဖြစ်သော်လည်း သမ၀ါယမ
အသင်းအပေါ် ယုံကြည်ချက်မရှိ စည်းကမ်းမလိုက်နာအခွင့်အရေးရတုန်းယူလိုက်မည်ဆိုကာအလုပ်ကျိုးးစားလုပ်ကိုင်လိုခြင်းမရှိလုပ်ကိုင်သောစီးပွါးရေး
လုပ်ငန်းအားလည်းကျွမ်းကျင်မှုမရှိသည့်အပြင်အခြေအနေအရစီးပွါးရေးလုပ်ငန်းအတွင်းအခက်အခဲများဖြစ်ပေါ်လာပါ
ကအသင်းတာဝန်ရှိသူများဖြင့် ညှိ နှိုင်းတိုင်ပင် အကြံဥာဏ်ရယူခြင်းမရှိဘဲ
မရိုးမသားဖြင့် ချေးငွေရ
သလောက်Ghost Member ဖန်တီးကာ တလွှဲလုပ်ဆောင်ပါက အခက်အခဲဖြစ်ရသည်မှာမဆန်ပေ။
သို့ဖြစ်သည့်
အတွက် သမချေးငွေအလုပ်ဖြစ်ရဲ့ လား?ဆိုသည့်အမေးစကားအား
သမချေးငွေသာမဟုတ် မည်သည့်ချေးငွေမဆို သုံးတတ်လျှင်ဆေး
မသုံးတတ် လျှင်ဘေး ဟုသာဆိုလိုက်ပါရစေ။