နောက်ကြောင်းကို ပြန်ကြည့်လိုက်သော်
ခရီးတစ်ခုကို မြန်မြန် သွားသည်ဖြစ်စေနှေးနှးသွားသည်ဖြစ်စေ
ကြမ်းတမ်းခက်ခဲ သောခလုပ်က
သင်းများ၊မုန်တိုင်းထန်ထန်လှိုင်းကြီးသောပင်လယ်ပြင်နှင့်
သာယာ လေပြေလေညှင်းများ ကတော့ခရီးတာ
အကွာအဝေးအလိုက်အလွှဲ
မသွေဖြတ် သန်းကြရမည် ဖြစ်ပြီး ကာလတစ်ခုတွင်းမှာတော့ အကွာအဝေးတစ်
ခုကို ရောက်ကြရမည်။
လက်ရှိကိုယ်ရောက်နေသောနေရာမှ ဖြတ်သန်းခဲ့သောခရီး တထောက်အား သမင်
လယ်ပြန်ပင်အားမရ လို့
တည်တည် ပင် ခြေစုံခေတ္တ ရပ်ကာ နောက်ကြောင်းကိုပြန်ကြည့်လိုက် သော်……
စာနာမှုနဲ့ကူထောက်တာလား?
ဆင်ရဲမှုကိုလျှော့တာလား?
၆ နှစ်ဆိုသောအချိန်ကာလသည် သမိုင်းနှစ်နှင့်ယှဉ်လျှင်
မကြာမှိကဟုဆိုလောက်သော်လည်း အစိုးရတစ်ရပ်၏ သက်တမ်းတစ်ခုထက်တော့ရှည်ကြာပါသည်။ဗဟိုသမ၀ါယမအသင်းနှင့်မိမိတို့သည်
စာနာ
စိတ် ကူညီပံပိုးလိုစိတ်တစ်ခုကိုအရင်းခံကာ
ဆင်းရဲနွမ်းပါးလျှော့ချရေး တိုက်ဖျက်ရေး ခရီးလမ်းကို မြွေမ
ကြောက်ကင်းမကြောက် အေးမည်ပူမည်
မုန်တိုင်းထန်မည်မသိ ဂရှုမထား ဆင်းရဲသားနင်းပြားများ အကွယ်
အကာမဲ့များအတွက် ဘ၀ကိုပုံအော
အန္တရာယ်ကိုရင်ဝယ်ပိုက်လျှက် ယုံကြည်ချက်တူ သူ စိတ်ဓါတ်တူသူ
များရှောက်လှမ်းခဲ့သည့်
၆နှစ်ကျော်ခရီးကို နောက်ပြန်လှည့်ကြည့်လိုက်သော် အောင်မြင်မှုတွေဆုံးရှုံးမှုတွေ ကြည်နှုးမှုတွေ
စိတ်ညစ်ပင်ပန်းရ မှုတွေ နှင့်အတူ လူတစ်ယောက် မိသားစုတစ်စုထက်မက ဆင်းရဲရာဘဝ
လမ်းမှလွှတ် မြောက်သွာခဲ့ကြသည်ဟုသော
အကျိုးအတွက်ရရှိလိုက် ရသောကြည်နှုစိတ်ကပင်ကျန်ရှိနေ သော ခရီးလမ်းအတွက် အားအင်တွေဖြစ်ခဲ့ရပြီဖြစ်သည်။
ခရီးအစ
မိမိနေထိုင်ရာဒေသက လူဦးရေ ၄၀၀၀၀ခန့်နေထိုင်ရာရပ်ကွက်
ယခုဆိုလျှင် ၇၀၀၀၀ ခန့်ဖြစ်လာ ပြီး ၁၅%ကသာအိမ်ပိုင်ယာပိုင် နေကြတာက တိုက်ခန်းပေါင်း၁၁၀၀၀ကျော်မှာ
အငြိမ်းစားဝန်ကြီးမှအစ လက်
လုပ်လက်စားဈေးသည်များဆိုက္ကားသမားများပျံကျလုပ်သားအထိအလွှာစုံနေထိုင်သောရန်ကုန်မြီု့ရှိအိမ်ယာ
ကြီးဆိုသော်လည်းသွားလာဆက်သွယ်မှုအခက်အခဲကြောင့်၁၀စုနှစ်တစ်ခုစာလောက်
တိုက်ခန်းပိုင်ရှင်များ
ကလာ မနေတာကများတယ် အငှားချထားတာသာရှိတော့
၈၅%နုန်းက ဧည့်စာရင်းသာတိုင်နေရတဲ့သူတွေ
တစ်မြိုနယ်လုံးမှသမ၀ါယမအသင်းကတစ်သင်းသာရှိတဲ့မြို့နယ်အမှုဆောင်တွေကလည်းအပြောင်းအေ၇ွှ့
များ အသင်းပိုင် အဆောက်အဦးဆိုတာလည်းမရှိနဲ့
နေတဲ့နေရာ သမ၀ါယမအလုပ်ဆိုတာ ရယကရုံးမှာတင်
ထားတဲ့ဆိုင်းဘုတ်ပဲရှိ
တာ။ တိုတိုဆိုရရင် CCS နဲဆက်မိတော့ Microfinance ဆိုတာပါမောက္ခယူနွတ်နို
ဗလ်ဆုရခဲ့တဲ့ငွေချေးစနစ်ဆိုတာလောက်တော့သိထားတယ်
။ငွေချေးပေးမယ်ဆိုပြီး ငွေချေးလိုသူများကို
လိုက်စည်းရုံးတော့ တစ်ချို့ကလည်းငွေ
၃၀၀၀၀ ကျပ်လောက်ကိုနည်းတယ်လို့မြင်ပြီး ဒီငွေလောက်နဲလက်
မှတ်ထိုးရ ဘာလုပ်ရညာလုပ်ရနဲ့မလုပ်ခြင်းဘူး
သမ၀ါယမဆိုတာအရစ်ရှည်တယ် မချေးတော့ဘူပြောသလို
တစ်ချို့ကလည်းအပေါင်မပါငွေချေးပေးမှာကိုမယုံကြည်ဘူးတစ်ချို့ကလည်းချေးတော့ချေးလိုတယ်
တစ်ခြား
သူတွေကိုအာမ မခံခြင်းပြန်ဘူး
၅ ဦးဝိုင်းကြီးချုပ်အဖြစ်မိးသာစုလိုက်သာ ဖွဲ့ခြင်တယ်ဆိုကြတယ်။ နောက်
ဆုံးဝိုင်းကြီးချုပ်
၁၄ ဖွဲလောက်ရတော့ ၁၀ဖွဲ့ကိုငွေစချေးမယ်ဆိုတဲပအစီအစဉ်နဲ့စချေးတော့ မှဘဲ ပြဿနာ
က စတော့တာပါဘဲ။
အမြဲတမ်းနေထိုင်သူ
အချေချနေထိုင်သူ
ရပ်ကွက်ကျေးရွာအတွင်းအမြဲတမ်းအခြေချနေထိုင်သူ
ဆိုသောအချက်သည် အိမ်ယာပိုင်ဆိုင်မှုမ ရှိလို့သန်းခေါင်စာရင်စာရင်းမရှိ ဧည့်စာရင်း (သို့)
ယာယီအိမ်ထောင်စုစာရင်းသာရှိသော ဆင်းရဲသားလက်
လုပ်လက်စား
ပျံကျလုပ်သားများအပြားရှိသောရပ်ကွက်ကြီးတွင်ဝိုင်းကြီးချူပ်ဖွဲ့ရသည်မှာ အသေးအမွှား
ပြဿနာဆိုသော်လည်း
အထက်အဖွဲ့စည်းမှချမှတ်ထားသောစည်းကမ်းကို အခြေအနေအရ ရဲဝန့်စွာ
ကျော်လွှာလိုက်ရတော့
သည်။ အခြေချနေထိုင်သူဆိုတာကို မည်သို့လက်ခံသတ်မျတ်ကြသည်က တစ်ခါ
တစ်ရံနားလည်မှုလွဲကာ
ဆင်းရဲသားအချို့ ချေးငွေရပိုင်ခွင့်ရှိသောအခွင့်အရေးအားလက်လွတ် ရမလိုဖြစ်
တတ်သည်ကို
ဤ ကဲသို့အလားတူကိစ္စကလေးများကပင် ဆင်းရဲနွမ်းပါးမှုလျှော့ရေး လုပ်ဆောင်ချက်များ
အမှန်တကယ်
လိုအပ်နေသည့် နေရာသို့မရောက်ပဲ ခုတ်ရာတခြားရှ ရှာတစ်ခြား မဖြစ်စေရန် စွန့်စားဆုံး
ဖြတ်
ခဲ့ရသည်။သမ၀ါယမ နည်းလမ်းဖြင့် Microfinance
ကိုလုပ်ဆောင်ရာတွင် လုပ်ထုံးလုပ်နည်းဆိုတာ
များသည်
လက်ရှိ အရှိတရားအခြေအနေများနှင့်တိုးတိုက်မှုဖြစ်ရလေ့ရှိသည်။ တိုင်းပြည်အတွင်း၂၆% ဆို
သော ဆင်းရဲနွမ်းပါးသူများတွင် မြို့ပြဆင်ခြေဖုံနေဆင်းရဲသာများမှာ အထက်ကဆိုခဲ့သော အခြေအနေဖြင့်
နေ ထိုင်ကြရပြီး မြေယာကွက်လပ်များတွင် အသင့်အတင့်သောအခကြေးငွေဖြင့် တဲအိမ်များဆောက်လုပ်
နေထိုင်ကြသူများဖြစ်ရာ
အုပ်ချုပ်ရေးအမြင်ဖြင့်မဟုတ်ဘဲ ဆင်းရဲနွမ်းပါမှုလျှော့ချရေးကို ဦးတည်သော MFI အမြင်များဖြင့်စွန့်စားဆောင်ရွက်ခဲ့ကြရသည်။တရားဝင်သန်းခေါင်းစာရင်းမရှိအိမ်ပိုင်ယာပိုင်မရှိရပ်ကွက်တွင်၃နှစ်မှ၁၀နှစ်ကျော်အထိနေလာသူများသူဆင်ရဲနွမ်းပါးသူအိမ်ထောင်စုများကိုစုစည်းကာ
ဒေသလူနေမှုနှင့်
အကျင့်လက္ခဏာကိုကျွမ်ကျင်နှံစပ်စွာပေါင်းစပ်ပေးနိုင်ခြင်းကြောင့်ချးငွေပြန်မဆပ်သောပျက်ကွက်မှုမှာ
မရှိ
သလောက်ဖြစ်ပြီးရာနှုန်း
ပြည့်အောင်မြင်ပါသည်ဆိုသည် ကိုကြားရသူများ ယုံကြည်ရန်ခက်ခဲလိမ့်မည်ဖြစ်
သော်လည်း
အမှန်တရားတစ်ခုဖြစ် ကြောင်းသက်သေပြုနိုင်ပါသည်။
သမ၀ါယမစနစ်နှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်း
စတင်ဆောင်ရွက်စဉ်က အသေးစားငွေချေးလုပ်ငန်းကို
သမ၀ါယမအသင်းကြီးလက်အောက်တွင် ဆောင်ရွက်ရသည်ဖြစ်သဖြင့် Microcredit အဖြစ်လုပ်ဆောင်နေသည်ထင်ရသော်လည်း
ရည်ရွက် နှင့် အကောင်အထည်ဖေါ်မှုသည် လူမှုစီးပွါးရေးနှင့် ကျန်မာရေးပညာရေးအတွက်ငွေကြေးဝန်ဆောင်မှုများပါ
လုပ်ဆောင်နေသည်မှာ
Microfinance အလုပ်ကိုလက်တွေ့လုပ်ဆောင်သည့်သဘောပိုမိုထင်ရှားလာပေ
သည်။သမ၀ါယမလှုပ်ရှားမှုဖြင့်
အသေးစားငွေရေးကြေးရေးလုပ်ငန်း Microfinance ဆောင်ရွက်သည်မှာ
အသင့်အလျှော်ဆုံးဖြစ်သော်လည်း
လက်ရှိသမ၀ါယမလုပ်နည်းလုပ်ဟန်များဖြင့်တော့အံဝင်ဂွင် ကျဖြစ်ရန်
လိုအပ်ချက်များစွာရှိနေသေးပါသည်။သို့သော်အတိတ်ကာလ
သမ၀ါယမ ၏ပျက်ယွင်းခဲ့သောပုံရိပ်ကြောင့်
လူမှုအဖွဲ့အစည်း
တစ်ရပ်အဖြစ် သမ၀ါယမအသင်းများဖွဲ့ စည်းရန်အတွက် သာမာန်အရပ်သူအရပ်သားများ
အနေဖြင့်
ယုံကြည်မှုအပြည့်အ၀ မပေးနိုင်ပဲ တာဝန်ယူတာဝန်ခံစိတ်နည်းပါးနေခြင်းအား ပြေပြောက်နှစ်
သက်လာရေးအတွက်
အကျိုးရလဒ် နှင့် အခွင်အလမ်းသစ်များကို လက်တွေ့ဖေါ်ဆောင်ပေးလာသည်နှင့်
အမျှ
ချေးငွေပြန်ဆပ်မှုပျက်ကွက်ခြင်း အချိန်ကျော်လွန်ခြင်း နှင့်အသင်းကချမှတ်ထားသောစီးကမ်းကို
မ
လိုက်နာမှုများ
မှာ တစတစ လျှော့နည်းသွားကာ အသင်းအဖွဲ့ပျက်စီးမှာကိုပင်စိုးရိမ်လာသည့်အထိ အသင်း
သားအဖွဲ့ဝင်များအနေဖြင့်ပူးပေါင်းဝင်လာလျှက်ရှိပါသည်။ကျောသားရင်သားမခွဲခြားပဲလူမှုရေးအာမခံစိတ်ရှိသူဆင်းရဲနွမ်းပါးသူမှန်သမျှ
သမ၀ါယမလှုပ်ရှားမှုအတွင်းယုံယုံကြည်ကြည်ပါဝင်လာနိုင်ရေးအတွက် saving & credit အစား credit & saving အလုပ်ကိုအစုငွေထည့်ဝင်ခြင်းကိုပါကင်းလွတ်စေ၍
အထက်အသင်းကြီး
မှ
Seed Money ကိုရယူလုပ်ဆောင်ပြကာ အမြတ်အဖြစ်စုဆောင်းမိသောဘဏ္ဍာငွေဖြင့်သမ၀ါယမအသင်း
အဖြစ်ဖွဲ့စည်းပြီး
သတ်မှတ်အစုအား Microfinance နည်းစနစ်အရ
တစ်ဖြည်ဖြည်ခြင်း အလီလီထည့်ဝင်မှုပြု
ခြင်းဖြင့်
စည်းရုံးအသင်းဖွဲ့ကာ သမ၀ါယမစနစ် အပေါ် ယုံကြည်
မှုအားနည်းနေခြင်းအား လက်တွေ့ပြသခဲ့သ
ဖြင့်
သမ၀ါယမ ပုံရိပ်သည်ပြန်လည်နိုးထလာခဲ့သည်။ အမှန်မှုလကျင့်သုံးနေ သော
Saving &
Credit ငွေစုငွချေးစနစ်သည်လက်တွေ့လောလောဆယ်
လူထု၏စိတ်ပိုင်းဆိုင်ရာခံစားချက်နှင့် အထပ်မကျ သည့်အနေ
အထားတွင်ရှိသဖြင့်
Credit & Saving စနစ်ကို စတင်
စွန့်စားလုပ်ကိုင်ခဲ့ကြရာမှ
ယနေ့အနေအထားတွင်
အောင်မြင်သော
ကိုယ်အားကိုယ်ကိုးနိုင်သော Microfinance Co-operativies
ပေါ်ထွက်လာနေသည်ကိုမျက်ဝါးထင်ထင်တွေ့ကြရမည်ဖြစ်သည်။
ဒဏ်ရာအနာတရ Microfinance များ
အားလုံးကောင်းပါသည်ခင်ဗျာ ဆိုသည်မှာ
လုံခြုံရေးအရ နာရီမလပ်စောင့်ကြည့်ရသော
သူတို့၏ သတင်းပေးချက်သာဖြစ်နိုင်ပြီး
လူမှုအဖွဲ့အစည်းများအတွင်မှာတော့
ချွင်းချက်များစွာရှိနိုင်ပါသည်။ဒါမှလည်း
သဘာဝ
ကျမည်။ လူမှုရေးလိုအပ်ချက်ကိုဦးစားပေးကာ ဘဏ္ဍာရေးဖြင့်ဝန်ဆောင်မှုပေးရသော
MFI or
MFCop များသည် Risk စွန့်စားမှုအလွန်ကြီးသော
ဘဏ္ဍာရေး လုပ်ငန်းအမျိုးအစားဖြစ်သည်။လူတိုင်းမလုပ်
နိုင်အထူးသဖြင့်ငွေကြေးအမြတ်မက်မောသူတို့စိတ်ကူးမရဲသောလုပ်ငန်းဖြစ်သလိုငွေကြေးဆုံးရှုံးမှာကြောက်
သူတို့
လုပ်ဆောင်ရန်မ၀န့်ရဲသောလုပ်ငန်းဖြစ်သည်။ တနည်းအားဖြင့် လူမှုရေးအာမခံချက်ကိုမယုံကြည်သူ
များ၊လူမှုရေးရိုင်းပင်စိတ်ကို
မယုံကြည်သူများအနေဖြင့် စွန့်စားလုပ်ဆောင်လိုစိတ်မရှိသော
ဘဏ္ဍာရေး လုပ်ငန်းဖြစ်သည်။လူသည်မိမိအပေါ်အဖက်ဖက်မှကောင်းနေ
သူအပေါ်
အကျိုးပြုနေသူ့အပေါ် ကျေးဖူးကန်းရမှာ
အကျိုးပျက်စီးအောင်လုပ်ရမှာ
လူ၁၀၀လျှင်တစ်ယောက်စနှစ်ယောက်စသာရှိမည် ၅၀%တော့မဖြစ်နိုင်
အလားတူပင်
အဖွဲ့ဝင်များ၏ လူမှုဘ၀လိုအပ်ချက်များအား အစွမ်းကုန်ဖြည့်ဆည်းပေးနေသော
MFI ၏
ဘဏ္ဍာငွေကြေး (သို့) အထောက်အကူပေးချေးငွေများအား ပြန်မပေးဆပ်ကြဘူးဆိုသည်မှာ
အလွန်နည်းပါးပါလိမ့်မည်
၁၀% ထက်ပိုမိုနေသည်ဆိုပါက
တစ်ခုခုတော့လွဲချော်နေသည်ဟုသာဆိုခြင်ပါသည်။ ဘ၀အခြေ
အနေအရ
ဒုက္ခပင်လယ်ဝေကာ စားရာမဲ့သောက်ရာမဲ့လက်သတ်ကိုယ်ကြွတ်ဖြစ်သွားသူများ အနေဖြင့်
ချေးငွေပြန်လည်ပေးဆပ်ရန်
အခက်အခဲကြံတွေ့သူများကိုလည်း တွေ့ဘူးပါသည် အလွန်တရာ မှနည်းပါး
လှပြီး
အခက်အခဲများအားစုပေါင်းဖြေရှင်းပေးသဖြင့် တည်ငြိမ်သွားကြလေ့ရှိပါသည် အုပ်စုလိုက်အမြောက်
အများချေးငွေပျက်ကွက်ကြသည်ဆိုသည်မှာ
အသင်းအဖွဲ့ အဖွဲ့အစည်းအပေါ်ယုံကြည်မှုပျက်ပြားသော အ ကြောင်းရင်းများကြောင့် မမြင်ရသော
လူမှုဆက်ဆံရေးအမှား များကြောင့်သာဖြစ်လေ့ရှိပါသည်။
ဤ ကဲသို့ သော ကြုံတွေရသည်းMFI များသည်
စိတ်ရှည်ရှည်ဇွဲရှိရှိဖြင့် မိမိဒဏ်ရာအား
အဖွဲ့ဝင်များဖြင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းကို
ပိပိပြင်ပြင်အလျှင်အမြန်ပြန်လည်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်တိုး
တက်
လာ ကြသည်ကိုလည်း တွေ့ခဲကြပြီးဖြစ်သလို ယုံကြည်မှုပြန်လည်ရရှိရန်
မဖြစ်နိုင်လောက်အောင်
အဖွဲ့ဝင်များ၏
အကျိုးကိုဖျက်ဆီးခံလိုက်ရသော ဒဏ်ရာအနာတရကြိးမားသည်အဖွဲ့များကိုလည်းတွေ့မြင်
ရပြီး ခရီးတစ်လျှောက်တွင် လမ်တစ်ဝက်ကထားခဲ့ရဘူးပါသည်။ ဆုံးရှုံးချီ့နဲ့သွားရသော
MFI
များတွင် စနစ်အမှား နှင့်လူအမှား ရှိရာတွင် လူအမှားက အဓိက
အကြောင်းတရားပင်ဖြစ်သည်။
ရိုးသားဖြောင့်မတ်
ခြင်း
မရှိသူများ ကိုင်တွယ်မောင်းနှင်းခြင်းကြောင့်တိမ်မောက်ရမှုများ ဖြစ်ရခြင်းသာဖြစ်သည်။
ချွတ်ခြုံကျခြင်း၏နောက်ဆက်တွဲ
ဆင်းရဲနွမ်းပါးခြင်း၊ဆင်းရဲခြင်းတို့ထက်ဆိုးသောအရာသည်ချွတ်ခြုံ
ကျခြင်းပင်ဖြစ်လိမ့်မည်။
ချွတ်ခြုံကျနေသောအရာအားပြင်ဆင်ရသည်မှာလက်ဝင်လှသည်
ခက်ခဲလှသည် တစ်ခါတစ်ရံ
စွန့်ပြစ်လိုက်ရသည်
အထိပင်
ချွတ်ခြုံကျခြင်းကဆိုးလှသည်။အသိပညာ ၊စာရိတ္တစဉ်းစားတွေခေါ်နိုင်စွမ်းမရှိတော့သော်၎င်း၊
ရှိခဲ့ပါသော်လည်း
တစ်စုံတစ်ရာရိုက်ခတ်မှုကြောင့်ပျက်စီးသွားခဲ့သော်၎င်းဆင်းရဲတွင်းလမ်းပေါ်သို့
ရောက်သွားရလေသည်။ကာလရှည်ကြာဆင်းရဲနွမ်းပါးမှု
ဒဏ်ခံစားနေရသူများအနေဖြင့်စာဝတ်နေရေးအတွက်နည်း
လမ်းပေါင်းစုံဖြင့်ရုံးကန်ရင်ဆိုင်လာကြ
ရာ၌ စာရိတ္တ ကိုပါတိုက်စားခံလာကြရသည်။ ပညာအခြေခံနည်းပါ
သူများအဖို့
စဉ်းစားတွေခေါ်မှုမရှိတော့ဘဲ ယနေ့လောလောဆယ် ၀မ်းဗိုက်ဖြည့်ရေးနှင့်လူဘ၀ တစ်နေ့တစ်
ရက်ရှင်သန်ရေး
လောက်ကို ပင်တွေးဆကာ ချေးငွေအလွယ်တကူရရှိနိုင်သော MFI များဆိသို့ အလုံးအ
ရင်းနှင်ရောက်ရှိလာကြသည်ကများပါသည်။ငွေချေးလို့ရမည်နေရာမှန်သမျှ
လိုက်လံငွေချေး နေကြသည့်အ
ကြွေးဖြင့်လည်ပါတ်နေသည့်ဘ၀များကိုပိုင်ဆိုင်ထားသူများဟုဆိုရမလိုဖြစ်နေသည်။အတိုးမည်မျှများသည်
နည်းသည်ကိုမျှမမှုကြ
စဉ်းစားနိုင်လောက်သည့် အင်းအားမရှိဟိုအကြွေးကို ဒီအကြွေးဖြင့် ဖြေရှင်းရင်းတစ်
နေ့တာအေးချမ်းသွားရေးအတွက်စိတ်စောနေသူများပင်ဖြစ်ရာMFI
အနေဖြင့်အကန့်အသတ်နည်းစွာဖြင့် ပါ
ဝင်ခွင့်ပြုကာကိုယ်ချင်းစာနာစိတ်ဖြင့်စနစ်တစ်ကျသိမ်းသွင်းစည်ရှုံးပြီး၎င်းတို့၏အခက်အခဲများအားစီစစ်မေး
မြန်း၍
ဝိုင်းကူဖြေရျင်းပေးခြင်း၊ နားချသင်ကြားပေးခြင်းနည်းလမ်းကြံဆ
ပေးခြင်းပြုကြရပါမည်။ထိုသို့မပြုပါ
က ၄င်းတို့၏ဘ၀အခြေအနေမတိုးတက်
ရုံမက မထူးစိတ်မွေးကာစည်းကမ်းများကိုတစတစ ချိုးဖေါက်ခြင်း
ဖြင့်လူအဖွဲ့အစည်းအတွင်းဆင်းရဲနွမ်းပါးမှုလျှော့ကျခြင်းမရျိရုံမကပိုမိုဆင်းရဲတွင်းနက်ကာ
အနုတ်လက္ခာ
ဘက်သို့ပင်ညွန်ပြလာနိုင်ပါသည်။လူမှုအဖွဲ့အစည်းအတွင်းမှာပင်စိုးရိမ်ဖွယ်အန္တာရာယ်အသွင်များပါတိုးပွားလာနိုင်ပေသည်။
တနည်းအားဖြင့် ဆင်ရဲနွမ်းပါးသူများသည် ဘ၀ကြမ်းစိတ်ကြမ်းအချေအနေတွင်ကြ
ရောက်နေကြပြီး
စိတ်ပိုင်းဆိုင်ရာ ဥစ္စာပစ္စည်းဆိုင်ရာအားနည်းချွတ်ခြုံကျလျှက်ရှိနေသူအများစုဖြစ်သဖြင့်
အမြန်ဆုံးတည်ငြိမ်သောလူနေမှု
ဘ၀ကိုရရှိအောင်လုပ်ဆောင်ပေးနိုင်ကြမှ သာလျှင် အောင်မြင်သော
MFI များအဖြစ်ရေရှည်တည်တန့်နိုင်သလို ဆင်ရဲနွမ်းပါးမှုလည်းလျှော့ကျလာသည်ဟု
ဆိုနိုင်ပေမည်။
၆ နှစ်ကျော်ကာလအတွင်း MFI မှသည်
MFcop သို့ပြောင်လဲလာသည်အထိ ထိစပ်နှီးနွယ်ရ
သော
ဆင်းရနွမ်းပါသူများ၏ ဘ၀အခြေအနေနှင့်စရိုက် လက္ခဏာများအားနာလည်သိရှိသဘောပေါက်ကာ
စာနာစိတ်ကိုအရင်းခံထားလျှက်
အဖွဲ့ဝင်များ၏ လူနေမှုအဆင့်အတန်းတစတစတိုးတက်လာရေးအတွက်
တဆင့်ပြီးတဆင့်
လိုအပ်ချက်များဖြစ်သည့်
နေစဉ်ဝင်ငွေတိုးမြင့်လာရေး၊ကျန်မာရေး ၊ကလေးငယ်များပညာ
သင်ကြားနိုင်ရေး
စာဝတ်နေရေးးလူမှုရေးလိုအပ်ချက်များကို
မျက်ချေမပြတ် ကြည့်ရှုကာဖြည့်ဆည်းရေး ပေး နိုင်လာသည်နှင့်အမျှ
အဖွဲဝင်များအတွင်း
စည်းလုံးခြင်း ကူညီရှိုင်းပင်းလိုစိတ်ဖြစ်ပေါ်လာခြင်းစည်းကမ်း
လိုက်နာလာခြင်း
တာဝန်ရှိစိတ်တာဝန်သိစိတ်များပိုမိုအားကောင်းလာကာ အသင်းအဖွဲ့
အပေါ်အားကိုးယုံကြည်စိတ်ပိုမိုခိုင်မြဲလာလျှက်
သမ၀ါယမလှုပ်ရှားမှုနှင့်
Microfinance ၏ကောင်းကျိုးများကိုလက်တွေ့ခံစား နေကြသော အသင်းသာများကို
မြင်တွေ့နေရပြီ လည်း ဖြစ်ပေသည်။
ခရီးတစ်ခုကို ဦးတည်းချက်တစ်ရပ်အဖြစ်မိမိတို့သွားခဲ့ကြပြီးဖြစ်သည်
။မောလည်းမောပန်းခဲ့၏
နွမ်းလည်းနွမ်းလျှခဲ့၏။လျှောက်ခဲ့သောလမ်းတစ်လျှောက်လည်းပန်းများကိုလည်းပွင့်စေခဲ့၏။နောက်ကြောင်း
ကိုပြန်ကြည့်မိ့သောအခါ
အတိုင်းမသိလည်းကြည်နူးမိ၏။
