စိုက်ပျိုးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရေး
=================================
မြန်မာနိုင်အတွင်း၇၀%ခန့်ရှိသောကျေးလက်နေပြည်သူမစိုက်ပျိုး မွေးမြူရေးကဏ္ဍ အပေါ်အဓိကအခြေပြုနေကြသူများဖြစ်ကြလျှက်အထူးသဖြင့်အများစုမှာတောင်သူလယ်သမားများဖြစ်ကြပါသည်။တောင်သူလယ်သမားအများစုမှာဆင်းရဲနွမ်းပါးသူများအဖြစ်ယနေ့ထက်တိုင်ရှိနေကြရကာထိုတောင်သူလယ်သမားများ၏၀င်ငွေတိုးတက်လာမှသာတိုင်းပြည်သည်လည်းဆင်းရဲချမ်းသာကွာဟမူကျဉ်းမြောင်းစေပြီးဖွံဖြိုးတိုးတက်မူမြင့်မားလာမည်ဖြစ်ပါသည်။တောင်သူလယ်သမားများ၀င်ငွေတိုးမြင့်လာစေရေးအတွက်အဓိကအဟန့်အတားများကိုသိရှိမှသာထိုအဟန့်အတားများကိုကျော်လွှားနိုင်ရေအတွက်ဆောင်ရွက်နိုင်မည်ဖြစ်ရာတောင်းသူလယ်သမားများကြုံတွေ့နေရသည့်အခက်အခဲမျာကိုအစီအမံကောင်များရချမှတ်ဖြေရှင်းပေးနိုင်ရေးအတွက်သမဝါယမကဏ္ဍအနေဖြင့်ဆောင်ရွက်ပါကပိုမိုထိရောက်မည်ဟုယူဆသဖြင့်တင်ပြရခြင်းဖြစ်သည်။
လက်ရှိတောင်သူလယ်သမားများအခြေအနေကဘာလဲ?
( က ) စိုက်ပျိုးစရိတ်စိတ်ချေးငွေများ
( ခ ) ရိတ်သိမ်းသိုလှောင်ထိမ်းသိမ်းစနစ်
(ဂ)စျေးကွက်ဖေါ်ဆောင်ရေးများသည်အဓိကအခက်အခဲများပင်ဖြစ်သည်။ထိုအခက် အခဲများသည်တခုနှင့်တခုဆက်စပ်နေပတ်သက်နေသောအကြောင်းများဖြစ်သလိုတောင်သူလယ်သမားများဆင်းရဲနေရသော အကြောင်းအချက်ကြီးများပင်ဖြစ်သည်။
(က ) စိုက်ပျိုးစရိတ်ချေးငွေ
စိုက်ပျိုးစရိတ်ချေးငွေဟုဆိုရာတွင်လယ်ယာစိုက်ပျိုးရေးဘဏ်အပြင်သမဝါယအသင်း များ၊အသေးစားချေးငွေလုပ်ငန်းများကုမ္ပဏီအသင်းအဖွဲ့များနှင့်ပြင်ပငွေတိုးစပါးတိုးပေးသူများအထိပါ၀င်ပါသည်။သမိုင်းစဉ်တလျှောက်အကြောင်းအမျိုးမျိုးကြောင့်လယ်ပိုင်ရှင်ကြီးများမှလွဲ၍
လုပ်ကွက်ငယ်လယ်သမားများမှာအမတော်ကြေးဟုလူသိများသောဘဏ်ချေးငွေတနည်းအစိုးရစိုက်ပျိုးစရိတ်ချေးငွေများဖြင့်မလုံလောက်သောကြောင့်စပါးပေး(ရာသီတခုလျှင်စပါးတတတင်းဖို့ပေါက်စျေးကိုတခွဲစျေးတန်ဖိုးထုတ်ချေးကာတတင်းပြန်ပေးရသောစနစ်၄လအတွင်းအတိုး၅၀%တိုးပေးသောစနစ်)ချေးငွေများဖြင့်ကြွေးနွံနစ်လာရာ၁၉၇၀ခုလောက်ကစကာအစိုးရစိုက်စရိတ်ချေးငွေများသည်အမှန်တကယ်လယ်ယာသွင်းအားစုအတွင်းသို့ရောက်ရှိကြသည်မှာ၅၀%သည်အများဆုံးဟုဆိုရပေမည်။သို့အတွက်ပြင်ပကဏ္ဍများအထူးသဖြင့်ပုဂ္ဂလိကငွေတိုးချေးသူနှင့်စပါးပေးသူတို့ထံကြီးမားသောအတိုးနှုန့်ဖြင်းချေးယူကာကြွေးတင်ကြရပေသည်။လယ်ယာသွင်းအားစုအပြည့်အ၀မထည့်နှိုင်ခြင်းမျိုးကောင်မျိုးသန့်မသုံးစွဲနှိုင်ခြင်းစသည့်အကြောင်းတရားများကြောင့်ကုန်ထွက်များနည်းပါးကာအကြွေးအပြေအကြေမဆပ်နိုင်ဖြစ်လာပြီးထပ်ပြန်တိုးများဖြင့်အကြွေးနွံနစ်နေကြသည်မှာယနေ့အထိဖြစ်ပေသည်။သမဝါယမများအခြားအဖွဲ့အစည်းများမှ၂၀၁၁ခုနှစ်နောက်ပိုင်းလယ်သမားများအတွက်ပံပိုးချေးငွေများထုတ်ချေးပေးသော်လည်းဘဏ်တိုးနှုန်းထက်မြင့်မားနေသလိုကြွေဟောင်းဆပ်ခြင်းတွင်သံသရာလည်ကာထုတ်ချေးငွေမှာလည်းအပြည့်အ၀မပေးနိုင်ကြသဖြင့်လယ်သမားအများအနေဖြင့်စိုက်စပျိုးစရိတ်ချေးငွေများအတိုးနည်းနည်းဖြင့်ရရှိရေးရရှိချေးငွေများအားစနစ်တကျသွင်းအားစုများအဖြစ်အသုံးချနိုင်ရေးအတွက်ပညာပေးခြင်းနှင်စီမံကြီးကြပ်ပေးရန်အစီအစဉ်မျာလိုအပ်ပါသည်။
( ခ) ရိတ်သိမ်းသိုလှောင်ထိမ်းသိမ်းစနစ်
တောင်သူလယ်သမားအနေဖြင့်ယခင်ကာလများအတွင်းရိတ်သိမ်းသိုလှောင်ထိမ်းခြင်း
အတွက်သိပ်အခက်အခဲမရှိလှသော်လည်းလွန်ခဲ့သောအနှစ်၂၀ကျော်ခန်ကတည်းကဖြည်း
ဖြည်းသဘာ၀ရာသီဥပြောင်းလဲလသဖြင့်လည်းခြင်းနှင့်လယ်ယာလုပ်သားရှားပါးမူများအရ
ရိတ်သိမ်းချိန်တွင်အထူသဖြင့်မိုးနောင်ကာလအတွင်း၀င်ရောက်တိုက်ခတ်သောလာသောမုန်တိုင်းမိုးများကြောင့််သီနှံများအလေအလွင်းဖြစ်ရပြီမိုးမိစပါးများကြောင့်ဆန်အရည်အသွေးနိမ့်ပါးသွားရပြီးသဖြင့်စျေးကောင်းမရဖြစ်ကာပြီးယခုအခါဒေသများအတော်များတွင်ရိပ်သိမ်းချွေလှေ့
စက်များဖြင်ရိတ်သိမ်းနေကြသော်လည်းနေရောင်မရသည့်အတွက်စားပါးများကိုရောင်းချရာတွင်အစိုးဓါတ်အဖြစ်ဖြတ်တောက်မူများအလွန်းများကြရာလယ်သမားများနစ်နာစေရသည်။စပါးအခြောက်ခံစက်များအလျှင်းအမြန်အခြောက်ခံနိုင်မည်းဆိုပါကသိုလှောင်သိမ်းဆည်ကာစျေးကောင်းရမည်ဖြစ်ပေသည်။စပါးများကိုလည်းခေတ်မီသောသိုလှောင်ရုံများနှင့်ထိမ်းသိမ်းထားမည်ဆိုကအရည်အသွေးပြည့်ဆန်များပြည်ပသို့ ဈေးနှုန်းကောင်စွာရောင်းချနိုင်မည်ဖြစ်သဖြင့်
လယ်သမားများ၀င်ငွေတိုးစေမည်ဖြစ်ပေသည်။ထိုအတူလယ်ယာသုံးစက်ကရိယာများနှင်သိုလှောင်ရုံများကိုတဦးတည်ဖြင့်ထူထောင်နိုင်ရန်မှာအခက်အခဲရှိကြမည်ဖြစ်သဖြင့်သမဝါယမအသင်းများဖွဲ့စည်းပေးကာအစုအဖွဲပိုင်တည်ထောင်နိုင်ရန်ဆောင်ရွက်ပြီးသမဝါယမမှထိမ်းကြောင်းပေးခြင်းဖြင့်ဆောင်ရွက်ပေးလျှင်အသင့်တော်ဆုံးဖြစ်ပေသည်။
( ဂ )စျေးကွက်အခက်အခဲ
အထက်ပါအခက်အခဲနှစ်ခုအပြင်စျေးကွက်အခက်အခဲဖြင့်ပါပေါင်းစပ်လိုက်ပါက တောင်သူလယ်သမားများ ထုတ်လုပ်စရိတ်အရင်းကြေ၀င်ငွေကိုမရရှိယုံသာမကအကြွေးတင်ကျွန် ဖြစ်သည့်ဘ၀အခြေအနေသို့ကျဆင်းကြရတော့သည့်ဦးရေမှာတိုးပွါးစေပါသည်။ဆိုရှယ်လစ်စီး ပွါးရေးစနစ်အောက်တွင်မြို့နေလူတန်းစားများနှင့်အလုပ်သမားလူတန်းစားများစားနပ်ရိက္ခာကိုပံပိုးနိုင်ရေး အတွက်လယ်ယာထွက်ဆန်စပါးအားကန့်သတ်စျေးဖြင့်နိုင်ငံတော်မှ၀ယ်ယူခဲ့ရာလယ်လုပ်သူတောင်လယ်သမားများအနေဖြင့်စျေးကွက်ပေါက်စျေးကိုမရတော့ဘဲတဖြည်းဖြည်းဆင်းရဲလာသည့်အနေအထားသိုရောက်ရှိခဲ့ရသည်လက်ရှိအနေအထားတွင်လည်းလွတ်လပ်စွာရောင်း၀ယ်ခွင်ရှိပြီဟုဆိုနိုင်သော်လည်းစျေးကွက်မာယာအောက်တွင်ကုန်သည်ပွဲစားတို့၏စျေးကွက်ကစားမူကိုခံစားနေရပြီးစာသုံးသူသို့တိုက်ရှိက်သို့မဟုတ်နောက်ဆုံးပို့ကုန်တင်ပို့သူအားတိုက်ရိုက်ရောင်းချနိုင်သောစနစ်အားနည်းချက်ကြောင့်အဆင့်ဆင့်သောကုန်သည်ပွဲစားတို့၏ကြားတွင်စျေးနှုန်အကုန်မရဘဲစျေးနိမ်ခံရသလိုဖြစ်နေရသည်။စျေးကွက်အတွင်းထုိအချက်များပေါင်းဆုံကာစျေးနှုန်အမှန်မရှိသောအကြောင်းအချက်တွင်တောင်သူလယ်သမားများချေးယူအသုံးပြုထားသောစိတ်ပျိုးစရိတ်များကိုသီးနှံပေါ်ချိန်ကာလတွင်ပြန်လည်ပေးဆပ်ရန်အတွက်အချိန်စေ့ရောက်နေလေ့ရှိပြီး ချေး ငွေအဖွဲအစည်းများကအတင်းအကြပ်ပြန်လည်ကောက်ခံကြခြင်းဖြစ်ရာ ကုန်သည်များမှလည်း အကုန်၀ယ်ယူရန်ငွေကြေးအခက်အခဲသော်ကြောင့်လည်း ကောင်းအခြားအကြောင်းအချက်များအရလည်းကောင်းအ၀ယ်ရပ်ဆိုင်းလုနီးပါး ရပ်တန့်နေလေ့ရှိကြသည်ကို အတွေ့အကြုံများအရတွေ့ ခဲ့ ရပြီးချေးငွေများပေးဆပ်နိုင်ရန်အတွက်ရရာစျေးဖြင့်(၀ယ်သူစျေးကွက်သဘောတရား အရပ်အ ခေါ်ဗိုက်နာစျေး)ဖြင့် ထိုးရောင်းကြရင်းမှစျေးနှုန်ကျဆင်းခြင်းဒဏ်ကိုခံစားကြရပေတော့သည်။ ထိုကွက်လပ်အား စုပေါင်းဖြည်ရှင်းနိုင်ရေးအတွက်သမဝါယမနည်းအသင်းများဖွဲစည်းကာနည်း စနစ်ကျကျ လေလံစျေးများနှင့်ဖွင့်စီမံပေးပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
သီးနှံသိုလှောင်ရုံအာမခံလက်မှတ်အပေါင်ထားငွေချေးစနစ်
=====================≠==============
Grain Warehouse Certificated Collateral
===≠==============================
တောင်သူလယ်သမားများအနေဖြင့်သီးနှံပေါ်ချိန်စိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်ရန်ထွက်ကုန်ကိုမဖြစ်မနေ ပြန်လည်ရောင်းရသည့်အတွက်ကုန်သည်ပွဲစားများအနေဖြင့်ထိုအခြေအနေဖြစ်ပေါ်နေမူအပေါ်အခွင့်အရေးတရပ်အနေဖြင့်အသုံးချနေမူအာဘဏ်များနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ကြောထောက်နောက်ခံပေးကာကာလတို ၂လမှ၆လအတွင်းကာလာလတိုချေးငွေအဖြစ်သီနှံသိုလှောင်ရုံအသိအမှတ်ပြု့လက်မှတ်ထုတ်ပေးကာအာမခံအဖြစ်တင်သွင်းလာသည့်အပေါ်ချေး
ငွေထုတ်ချေးသောဘဏ္ဍာရေးအထောက်အကူပြုစနစ်သမဝါယမအသင်းများဖြင့်လုပ်ဆောင်ရန်ဖြစ်ပါသည်။ကျေးရွာသမဝါယမအသင်းများကကျေးရွာတရွာသိုလှောင်ရုံတခုတည်ဆောက်ကာအသင်းသားများ၏သီးနှံကိုထိမ်းသိမ်းပေးလျှက်သီုလှောင်ရုံအာမခံလက်မှတ်ထုတ်ပေးပြီးထိုလက်မှတ်အားအပေါင်အထောက်အထားအဖြစ်ရယူလျှက်သီးနှံကာလပေါက်စျေးတန်ဖိုး၏ ၅၀%အားသမဝါယမအသင်းချေးငွေကော်မတီ၏ဆုံးဖြတ်ချက်ဖြင့်ထုတ်ချေးပေးရန်ဖြစ်ပါသည် (သို့မဟုတ်)ဘဏ်များ ဘဏ္ဍာရေးအဖွဲ့အစည်းများမှထုတ်ချေးပေးရန်ဖြစ်သည်။သို့သော်သမဝါယမအသင်းများတွင်းဘဏ္ဍာရေးအရသိုလှောင်ရုံတည်ဆောက်ရန်နှင့်
ချေးငွေထုတ်ချေးရန်ဘဏ္ဍာငွေအာနည်းချက်ရှိသည်အပေါ်ဘဏ်များအစိုးရအသိအမှတ်ပြုအဖွဲ့အစည်းများမှသီးနှံအာမခံလက်မှတ်များအားအာမခံအဖြစ်ထိမ်းသိမ်းကာချေးငွေများစီမံချက်ဖြင့်အထောက်အကူပြုရန်ဖြစ်ပါသည်။သိုလှောင်ရုံများအားမိရိုးဖလာထက်ခေတ်မှိသိုလှောင်ရုံ
များဒေသရာသီဥတုနှင့်ညီညွတ်သောအနေအထားကိုကျွမ်းကျင်သူများနှင့်တွက်ချက်ကာတည်ဆောက်ရန်ဖြစ်ပြီးတောင်သူလူသမားများ၏အလျှင်အမြန်ရိတ်သိမ်းခံရသော စပါးများကိုလည်း ၀န်ဆောင်ခရယူကာသီးနှံအခြောက်ခံစက်များပါတွဲဖက်တပ်ဆင်သိုလှောင်ပေးခြင်းအားဖြင်အရည်အသွေးမြင့် ဆန်စပါးများကိုထုတ်ကုန်အဖြစ်ထုတ်လုပ်လာနိုင်မည်ဖြစ်ပါသည်။
ထုတ်ချေးငွေရပြန်လည်ကောက်ခံခြင်းနှင့်ရောင်ချရန်စျေး
ကွက်ဖေါ်ဆောင်ရေး
သိးနှံပေါ်ချိန်တွင်မဖြစ်မနေပေးဆပ်ရမည့်စိုက်ပျိုးစရိတ်ချေးငွေအဖွဲ့အစည်းအသီးသို့ပေးဆပ်ချိန်စေ့ရောက်သည့်ကိစ္စများအတွက်သိလှောင်ရုံအာမခံစနစ်အရထုတ်ချေးထားသော ချေးငွေဖြင့်သီးနှံစိတ်ကြိုက်စျေးမရခင်ပေးဆပ်ထားခြင်းဖြင့်ချေးငွေမပေးဆမ်နိုင်သောအခြေအနေအခက်အခဲများကိုကျော်လွှာနိုင်မည်ဖြစ်ပါသည်။သိုလှောင်ရုံချေးငွေအတွက်ပြန်ဆပ်ရန်နှင့် သီးနှံစျေးနှုန်းအမှန်ရရှိစေရန်လည်းသမဝါယမအသင်းများအနေဖြင့်စုပေါင်းရောင်းချစေ သောWholesale Marketကိုအသင်းအလိုက်ဖြစ်စေအုပ်စုအတွင်းကျေးရွာကြီးအသင်းကြီးများ မှာဖြစ်စေတည်ထောင်
ဖွင့်လှစ်ကာသီးနှံနမူနာများသိုလှောင်ရုံအာမခံလက်မှတ်များကိုတင်ပြကာမှတ်ပုံတင်ထားသောကုန်သည်ပွဲစားစားသုံးသူများကိုဖီတ်ခေါ်လျှက်မျိုးတူရာစုစည်းကာလေလံ Optionဆွဲစနစ်အဖြစ်အရေးအတွက်များများကိုစျေးကွက် ပေါက်စျေးနှင့်အညီရောင်းချသောစနစ်ကိုအစပျိုးပေးခြင်းဖြင်တောင်သူလယ်သမားများအတွက်စျေးကွက်အတွင်းနစ်နာချက်ကိုဖြေရှင်းနိုင်မည်ဖြစ်သည်။သမဝါယမအသင်းမှာလေလံစျေးကွက်တွင်ဖြစ်စေအခြားသီးခြားရောင်းချထားပြီးသည့်အခါဖြစ်စေချေးငွေများပြန်လည်ပေးဆပ်ပြီးကြောင်အထောက်အထားဖြင့်သိုလှောင်ရုံမှပစ္စည်းများကိုပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ချေငွေထုတ်ပေးသည်အဖွဲအစည်းအနေဖြင့်လည်းချေးငွေဆုံးရှုံးရန်အခွင့်အရေးအလွန်နည်းပါးမည်ဖြစ်ပါသည်။
မှတ်ချက်။ ။မိမိစိတ်ကူးအရသာ ရေးသားထားခြင်း ဖြစ်သည်
No comments:
Post a Comment