Thursday, December 22, 2016

ပြည်သူဘ၀နှင့် ငွေစုငွေချေးကဏ္ဍ



ပြည်သူဘ၀နှင့် ငွေစုငွေချေးကဏ္ဍ
        ငွေကြေးကဏ္ဍအကြောင်းစဉ်းစားကြရာတွင်ပညာတတ်အသိုင်းအ၀ိုင်းလုပ်ငန်ရှင်များက တော့ ဘဏ်လုပ်ငန်းများကိုသာမှတ်မှတ်ထင်ပြေးမြင်ကြလေ့ရှိသလိုအခြေခံလူတန်းစားများကတော့မိဘ ဆွေမျိုး မိတ်ဆွေသူငယ်ချင်းများ၊အပေါင်ဆိုင်များနှင့်အရပ်ထဲငွေတိုးချစားသူများကိုသာမြင်ကြလေသည်။ အစိုးရ၀န်ထမ်းအဖွဲအစည်းများတော့ ၀န်ထမ်းပေါင်းစုံငွေစုငွေချေးလုပ်ငန်းများ ကိုမှိခိုအားထားမှုများ ပြုကြ သည်ကိုတွေ့ရပေသည်။တောင်သူလယ်သမားများကအမတော်ကြေးလို့ခေါ်သည့်ကျေးလက်စိုက် ပျိုးရေး ဘဏ်လိုအဖွဲ့အစည်များကိုမျှော်လင့်ကြရသည်ဟုဆိုရမည်သည်ဖြစ်သည်။သို့သော်ကျယ်ပြန့်သောငွေစုငွေ
 ချေးလုပ် ငန်းများအနေဖြင့် ၁၉၈၈ခုနှစ်မှ ၂၀၀၇အထိ မရှိသလောက်ဖြစ်ခဲ့ကြရသည်။
ချေးငွေတွေဘယ်ကရ
                   ပြည်သူဟုဆိုသောအိမ်ထောင်စုများစွာသည် ငွေကြေးလိုအပ်ချက်ရှိလာတိုင်းချေးငွေများ လိုလာကြသည့်အတွက်တနည်းမဟုတ်တနည်းဘဏ်မှဖြစ်ဖြစ်အခြားငွေကြေးအဖွဲ့အစည်းများမှဖြစ်ဖြစ် ချေးငွေ များရယူရန်ဆန္ဒရှိကြသော်လည်းလူတိုင်းထိုနေရာများမှချေးငွေရယူရန်မှာအလွန်ခက်ခဲပေသည်။ ၀န်ထမ်းဆိုသူများသည်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအဖွဲ့များတွင်အသင့်အတင့်ချေးယူရပြီး တောင်းသူလယ် သများသည်လည်း စိုက်ပျိုးရန်အတွက်အကန့်အသတ်နှင့်ထုတ်ချေးသော စိုက်ပျိုးရေးဘဏ်များတွင်ချေးယူ ရရှိကြပေသည်။သို့သော်ကျန်အခြေခံလူတန်းစာမှတော့ အရပ်ထဲအပေါင်ဆိုင်နှင့်ဆွေမျိုးမိတ်ဆွေများငွေတိုး ချေးပေးသများထံမှသာဘဏ်တိုးနှုန်းငွေစုငွေချေးအဖွဲ့များထက်များ
စွာသောအတိုးနှုန်းဖြင့်ချေးယူကြရသည်။ငွေစုငွေချေးအဖွဲ့များ(Saving & Credit Unions or Co-operatives) များမှာလည်းကျယ်ကျယ်ပြန့်ပြန်မရှိ သေးခြင်းသည်လည်းတပိုင်းပါဝင်ပါသည်။
၂၀၁၁ခုနှစ်နောက်ပိုင်းတွင်တိုင်းပြည်အတွင်းဆင်းရဲနွမ်းပါးမှု လျှော့ချရန်အတွက်ငွေစုငွေချေးနှင့်အသေးစားချေးငွေလုပ်ငန်း
များထူထောင်လာကြစေရန်အတွက် ၂၀၁၁ခုနှစ်အသေးစားငွေရေးကြေးရေးဥပဒေပြဌာန်းကာ အားပေးတည်ထောင်လာကြသည်ဟုဆိုရမည်ဖြစ်ပါ သည်။သို့သော်ငွေစုငွေချေးလုပ်ငန်းများအဖြစ်မဟုတ်ပဲလက်လုပ်လက်စားသမ၀ါယမများအဖြစ်၎င်းအသေး စားချေးငွေလုပ်ငန်းသမ၀ါယမများ၊အသေးစားချေးငွေပုဂ္ဂလိကများအဖြင်၎င်းပေါ်ထွက်လာခြင်းဖြစ်ရာအခြေခံသဘောတရား
မှာငွေစုငွေချေးသဘောသက်ရောက်သော်လည်းလုပ်ငန်းအခြေပြုမှုများမှဆန့်ကျင်ဘက်သဘော တ ရားဖြစ်လျှက်ရှိပေသည်။ငွေစုငွေချေးလုပ်ငန်းအဖွဲ့အစည်းများသည်စုဆောင်ငွေကိုအလေးပေး သောလုပ် နည်းလုပ်ဟန်ဖြစ်ပြီးအသေးစားချေးငွေလုပ်ငန်များသည်ချေးငွေအလေးထားသောလုပ်နည်းလုပ် ဟန်ဖြင့်အစတည်လေ့ရှိသည်။စုဆောင်ငွေများကိုနောက်ပိုင်းမှအားပြုလာခြင်းဖြစ်သဖြင့်နောက်ခံထောက်ပံမှုအဖွဲ့အစည်း
များပေါ်တွင်အားထာလျှက်ရှိသည်ဟုဆိုရပါမည်။တနည်းဆိုသော်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ရမည်ဆိုသည့်ရည်ရွယ်ချက်အားမကောင်းပါကနောက်ခံအဖွဲ့အစည်းများ၏ထောက်ပံမှုရပ်ဆိုင်ချိန် တွင်ပြို ကွဲနိုင်ချေများပေသည်။


အပြန်အလှန်ယုံကြည်မှုအားကောင်းရေး
           ငွေရေးကြေးရေးလုပ်ငန်းများသည်အပြန်အလှန်ယုံကြည်မှု( Mutual Trust ) အပေါ်အခြေ ခံတည် ဆောက်ကြသောလုပ်ငန်းများဖြင်ကြရာဘဏ္ဍာရေးကြာခံအဖွဲ့အစည်းများ(Financial Intermediatory ) ဖြစ်သော ငွေစုငွေချေးနှင့် အသေးစားချေးငွေလုပ်ငန်းများသည် အပြန်အလှန်ယုံကြည်မှုအားကောင်းမှသာ ဖွံဖြိုးတိုးတက်ကြမည်ဖြစ်ပေသည်။ငွေစုပြီးမှငွေချေးသော ငွေစုငွေချေးဖြစ်စေ၊ ငွေချေးပြီးမှငွေစုဆောင်းစေ သော
အသေးစားချေးငွေလုပ်ငန်းများဖြစ်စေ အဖွဲ့အစည်းနှင့်အဖွဲ့ဝင်များ(တနည်းဖောက်သည်)များအကြား အပြန်အလှန်ယုံကြည်မှုစေသော စာရိတ္တရှိရေးသည်အလွန်ပင်အရေးကြီးလှပါသည်။ငွေစုငွေချေးများအဖြစ် စတင်တည်ထောင်သော လုပ်ငန်းများတွင်အသင်းဝင်အဖွဲ့ဝင်များ အနေဖြင့်ဝင်ငွေအတွင်းမှတစိတ်တပိုင်း သောငွေကြေးအချို့ကို စုဆောင်းစေပြီသတ်မှတ်သော အနည်းဆုံးစုဆောင်ငွေပမာဏအထိ ရောက်မှစတင် ချေးယူခွင့်ရရှိကြသည်ဖြစ်ရာအများစုသောအဖွဲဝင်များသည်
ထိုသို့ပြုလုပ်ရသည်ကိုမနှစ်သက်ကြချေ အချို့ သောသူများသည်သူတို့၏ငွေကြေးများ အတွက်အဖွဲ့အစည်းများအပေါ်ယုံကြည်မှုအားနည်းသည့်လက္ခဏာ များမြင်တွေ့ရပြီးထိုငွေဖြင့်အဖွဲ့အစည်းများကအမြတ်ထုတ်နေသည်ဟုပင်အယူအဆများရှိကာအတော်   ပင် စည်းရုံးသိမ်းသွင်းရသည့်အနေအထားတွင်ရှိပါသည်။ချေးငွေများထုတ်ချေးပေးပြီးချေးငွေအဆင့်အလိုက်စု ဆောင်းငွေကိုစုဆောင်းစေသော အသေးစားချေးငွေလုပ်ငန်းများတွင်လည်း စုဆောင်ငွေအသင့်အတင့်များ ပြားလာသည်နှင့်ပြန်လည်ထုတ်ယူလိုလာကြပြီးအဖွဲ့အစည်းများတွင် ရေရှည်ထားလိုခြင်းမရှိကြောင်းအများ အပြားတွေမြင်နေကြရာကိုယ့်အားကိုယ်ကိုးငွေစုငွေချေးသမ၀ါယမအသင်းများ  အသေးစားချေးငွေလုပ်ငန်း သမ၀ါယမအသင်းများအနေဖြင့် အခက်အခဲဖြစ်လာလျှက်ရှိနေသည်မှာအပြန်အလှန်ယုံမှုအားနည်းခြင်းများ ကြောင့်ပင်ဖြစ်သည်။အမှန်တကယ်အားဖြင့် အသေးစားချေးငွေလုပ်ငန်းများ ငွေစုငွေချေးလုပ်ငန်းများမှ ထုတ်ချေးပေးငွေများသည် အသေးငယ်ဆုံးစီးပွါးရေးလုပ်ငန်းတခုအတွက်ပင်အလွန်နည်းပါးနေသေးသည့် အချက်မှာလည်းအကြောင်းအခြင်းအရာတခုပင်ဖြစ်ပေသည်။
                          ချေးငွေအဖွဲ့အစည်းများမှလည်းချေးငွေမဆုံးရှုံးစေရေးအလေးထားသည်အနေဖြင့် နေစဉ်လစဉ်ပြန်ဆပ်စေပြီးချေးငွေ
တရပ်ပြေကြေမှ ချေးငွေအသစ်ပြန်လည်ထုတ်ပေးခြင်းကိုစီမံရမည့် အစား ချေးငွေကာလ ၃လ ၆လ တနှစ်ကာလများတွင်အလုံးအရင်းဖြင့်ပေးဆပ်စေခြင်းသည် တည်ထောင် လည် ပတ်နေသော စီးပွးရေးလုပ်ငန်အတွင်းမှ ရင်းနှီးမြှပ်နှံမှုအား ရာနှုန်းပြည့်နည်းပါး ဆွဲထုတ်ပြန်လည်ပေး ဆပ်ရခြင်းဖြင့်လုပ်ငန်းများအရှိန်ရပ်တန့်စေပြီး အခက်အခဲမျာစွာရင်ဆိုင်စေရသလို လုပ်ငန်းဂွင်းဆက်များ ပြတ်တောက်စေပါသည်။ထိုသို့အဖြစ်မခံနိုင်ပါက ပြင်းပငွေတိုးကြီးချေးငှားသူများထံ ချေးငှားပေးဆပ် ရသ  ဖြင့်တရားမ၀င်ငွေတိုးချလုပ်ငန်းများကိုလျှော့ချနိုင်ခြင်မရှိသည့်အပြင် ပိုမိုအားပေးရာရောက်စေ သော သဘောသက်ရောက်မူများများစွာဖြစ်ပေါ်နေရာမူလမျှော်မှန်းသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အ ဟန့်အတားဖြစ်စေသလိုအဖွဲ့ဝင်အသင်းဝင်များအနေဖြင့်ယုံကြည်မှု ပျောက်ဆုံးလာစေသောအချက် များပင် ဖြစ်ပေသည်။အများအားဖြင့်ပြည်သူအများပါဝင်မှုကိုစည်းရှုံးလုပ်ဆောင်ရသော ငွေစုငွေချေးလုပ်ငန်းသမ၀ါ ယမများနှင့် အသေးစားချေးငွေလုပ်ငန်းသမ၀ါယမများ၊လက်လုပ်လက်စားသမ၀ါယမများ မွေးမြူးရေးစိုက် ပျိုးရေးသမ၀ါယမများအနေဖြင့် ငွေလုံးငွေရင်ပြန်လည်သိမ်းဆည်း ပြန်လည်ပေးဆပ်ကြရသောအခါများ တွင် ပြည်သူများအနေဖြင့် အခက်အခဲအကြပ်အတည်းများကိုနည်းမျိုးစုံဖြင့်ဖြေရှင်နေကြရသဖြင့် အသင်း သားများနှင့် အသင်းအကြားအပြန်အလှန်ယုံကြည်မှု သည်မေးခွန်ထုတ်စရာများဖြစ်လာပြီး အသင်းသား အ ဖြစ်မှနှတ်ထွက်ခြင်းများများပြားလာသလိုရေရှည်တည်တန့်ရေးအတွက် ကောင်းမွန်မှန်ကန်သောနည်းလမ်း လိုအပ်နေပြီဖြစ်ပေသည်။
ပုဂ္ဂလိက အသေးစားချေးငွေလုပ်ငန်းများနှင့် ယှဉ်ပြိုင်နှိုင်ရေး
                 သန်းပေါင်များစွာသောအိမ်ထောင်စုထဲမှ ဘဏ်ချေးငွေများဖြင့်လက်လှမ်းမမှိသူများ အဖို့ပြင်ပ ငွေတိုးကြီးချေးငှားသူများနှင့် အသေးစားချေးငွေလုပ်ငန်းများ ငွေစုငွေချေးသမ၀ါယမများသို့ ချဉ်းကပ် ချေးငွေရယူကြရာ အထူးသဖြင့်သမ၀ါယမများတွင်အသင်းဝင်များအဖြစ် ပါဝင်ချေးငှားရယူလျှက် စီးပွါးရေး ငန်းငယ်များထူထောင်ခြင်းနှင့်အခြားပညာရေး ကျန်မာရေးအသုံးစရိတ်များကိုဖြေရှင်းကြရပေသည်။သမ၀ါ ယမများသည်လုံလောက်သောချေးငွေများပေးရန်ဘဏ္ဍာရေးအခြေအနေအရအကန့်အသတ်ရှိနေသလို စုဆောင်းငွေများလည်းအခြားချေးငွေအဖွဲ့အစည်းများထက်ပိုမိုစုဆောင်စေမှုများလည်းရှိနေလေ့ရှိသည့်အ နေ
အထားများဖြစ်နေသည့်အတွက် ပြည်သူလူထုကြားပြန့်နှံမှုအားနည်းနေသည်ဟုထင်ရပေသည်။ နိုင်ငံတ ကာ NGO ကြောထောက်နောက်ခံပြုအသေးစားချေးငွေလုပ်ငန်းများအပြင် ပြည်တွင် ပြည်ပဘဏ်လုပ်ငန်း နှင့်ေ
ငွရေးကြေးရေးအဖွဲ့အစည်းများကြောထောက်နောက်ခံပြု အသေးစားချေးငွေကုမ္ပဏီများ ၊ ပြည်တွင်ငွေ ရေးကြေးရေးကုမ္ပဏီများ ၏အသေးစားချေးငွေလုပ်ငန်းများဖြင့်ယှဉ်ပြိုင်လုပ်ဆောင်ရာတွင် ချေးငွေပမာဏ Loan Size or Loan Ceiling သတ်မှတ်ချက်တွင်များစွာနည်းပါခြင်းအတွက် သမ၀ါယမအသင်းများအပေါ် စိတ်ဝင်စားမှုလျှော့ကျလာခြင်းကိုတွေ့ပေသည်။ပြည်ပမှအတိုးနှုန်းနည်းနည်းဖြင့် မတည်ငွေသယ်ဆောင်လာ ကြသူများနှင့်ပြည်တွင်းသမ၀ါယမအသင်းများသည် စုဆောင်ငွေများနှင့်အထက်အဖွဲ့အစည်းများထံသို့ မ တည်ငွေများအတွက်တနှစ်အတိုးငွေ ၁၂ % မှ ၁၅% အထိပေးကာ ချေးယူပြီးမှချေးငှားကြရသည့်အတွက် နှစ် စဉ် အကျိုးအမြတ်ရန်ပုံငွေစုဆောင်နိုင်မှုအားနည်းကာ ယှဉ်ပြိုင်းနိုင်စွမ်းမရှိဖြစ်ကြရပေသည်။ထိုအတွက် အသင်းသားများလိုအပ်ချက်ပြည့်မှီစေရန် ချေးငွေပမာဏတိုးမြင့်ရေး အပြင် ဆုံးရှုံးနိုင်ချေအတွက်စွန့်စား လုပ်ဆောင်ရန် ချေးငွေအသစ်လုပ်ငန်အသစ်များဖန်တည်းရန် ခက်ခဲနေလျှက်ရှိပါသည်။ပုဂ္ဂလိက အသေး စားချေးငွေလုပ်ငန်းများနှင့်ယှဉ်ပြိုင်နိုင်မည့် အရင်းအနှီး၊အတိုးနှုန်းသတ်မှတ်မှု နှင့် ချေးငွေအစီအစဉ်များ ချေးငွေပေးဆပ်မှုနှင့် ချေးငွေပမာဏ ကိုပြန်လည်သုံးသပ်ကြရန်လိုအပ်ပါသည်။

ငွေစုငွေချေး၊အသေးစားချေးငွေနှင့် အခြေခံလူတန်းစား
                   အခြေခံပြည်သူများသည် ချေးငွေများလိုအပ်လာပါက အတိုးပေးစားသူများနေပြန်တိုးပေးသူ များထံချဉ်ကပ်လျှက်ချေးငွေများယခင်ကာလကအဓိကထားရယူကြသော်လည်း၂၀၁၁ခုနှစ် အသေးစားငွေ ရေးကြေးရေးလုပ်ငန်းဥပဒေပေါ်ပေါက်ပြီးနောက်ပိုင်တွင် အသေးစားချေးငွေလုပ်ငန်းများ ငွေစုငွေချေးသမ၀ါ ယမအသင်းများသို့ ချဉ်းကပ်ကာချေးငွေများရယူကြမှုများပြားလာပါသည်။ ထိုချေးယူသူများသည်အထူးသ ဖြင့်ဝိုင်ကြီးချုပ်ပုံစံဖြင့် ၅ ဦးတစ်စု ၁၀ ဦးတစ်စုဝိုင်းကြီးချုပ်ဖွဲ့ကာရယူကြရသည်။ တစ်ဦးကပေးဆပ်ခြင်းမ ပြုပါက ကျန်အဖွဲ့ဝင်များကအချိုးကျပေးဆပ်ပါမည်ဟုသောလူမှုရေးအာမခံ Social Collateral ဖြင့်ချေးငှား ရခြင်းဖြစ်ရာ အစပထမတွင်စုပေါင်းအာမခံကြသော်လည်းအချို့မှာပျက်ကွက်မှုရှိလာသည့် အခါ ၂ ဦး ၃ ဦးဖြင့်သာ ၀ိုင်းကြီးချုပ်သဘောလုပ်ခြင်လာကြသလို အချို့ပုဂ္ဂလိက MFI ကလည်းလိုက်လျှောလာကြသည် ကိုတွေ့ကြရသည်။သမ၀ါယမများအနေဖြင့်ထိုသို့ခွင့်မပြုသည့်အခါ အမျိုးအဆွေများ၊ အိမ်ထောင်ခွဲမိသားစု ၀င်များဖြင့်ပြောင်းလဲဖွဲ့စည်းလာကြသည်ကိုတွေ့ရပေသည်။ထိုအတူချေးငွေပေးသောအဖွဲ့အစည်းများတွင်တ ခုမကပါဝင်နေကြခြင်းများပြုလုပ်ကာချေးငွေများရယူလာကြပေသည်။ထိုသူများသည်ပြန်လည်ပေး ဆပ်နိုင် သည့်ဝင်ငွေထက်ချေးငွေများပိုမိုရယူထားလာမိသည့်အခါများတွင်စုဆောင်ငွေများပြန်လည်ထုတ်ယူလို ခြင်း နှင့်
အခြာချေးငွေအဖွဲ့မှချေးငွေများရယူကာလောလောလတ်လတ်ပြန်လည်ပေးဆပ်ရမည့်ချေးငွေအဖွဲ့အ စည်း သို့ပြန်လည်ပေးဆပ်နေချင်းအထိဖြစ်ပေါ် လာမှုသည်ပိုမိုများပြားလာပါသည်။ထိုကဲသို့သောကိစ္စရပ် များမပေါ်ပေါက်စေရန်အတွက် ချေးငွေအဖွဲ့အစည်းများအနေဖြင့်ချေးငွေပြန်လည်ပေးဆပ်ရန်ခက်ခဲနေ သည့်အသင်းဝင်အဖွဲ့ဝင်များ၏နေစဉ်လူနေမှုဘ၀ကိုစောင့်ကြည့်လေ့လာခြင်းအခက်အခဲများကို မေးမြန်ကာ
 ချေးငွေကာလတိုးချဲ့ပေးခြင်းနှင့် အခြားသောလူမှုဘ၀လိုအပ်ချက်များကိုတနည်းတလမ်းဖြင့်ဖြည့်စည်းခြင်း အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေလမ်းညွှန်ခြင်း၊ပြန်လည်ရှင်သန်ရန်အတွက်လုပ်ငန်းစတင်တည်ထောင်နိုင်ရန် နည်းပညာ အရင်းနှီး ထပ်မံဖြည့်တင်းပေးခြင်း၊အခြားလိုအပ်ချက်မှန်သမျှ ဆွေးနွေးဖြည့်ဆည်းကာ ပေးနိုင်သမျှဖြည့်ဆည်းပေးကာ တည်မတ်ပေးရန်လိုအပ်နေပြီဖြစ်သည်။
                 အထက်ဖေါ်ပြပါအချက်များသည်အခြေခံပြည်သူလူထုဘ၀ထဲတွင် ဖြစ်ပေါ်နေသောလူမှုစီးပွါး ရေးအခြအနေ၏
တစိတ်တပိုင်းပင်ဖြစ်ပြီးလူမှုစီးပွးရေးဘ၀တိုးတက်ရေးအတွက် ဘဏ်မဟုတ်သော ဘဏ္ဍာ ရေးအဖွဲ့အစည်းများဖြစ်သည့် အသေးစားချေးငွေလုပ်ငန်းများ ၊ငွေစုငွေချေးလုပ်ငန်းသမ၀ါယမအသင်းများ ကဆောင်ရွက်ရာတွင်တွေ့ကြုံနေရသောပကတိအခြေအနေများဖြစ်ရာ ယနေ့ဆောင်ရွက်နေသော အနေ အထားများထက် သာလွန်ကောင်းမွန်သောနည်းလမ်းများ၊အစီအမံများဖြင့် အခြခံပြည်သူလူထု၏ လူနေမှု အဆင်ပြေတိုးတက်ခိုင်မာလာစေရန်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။် အထူးသဖြင့် ငွေစုငွေချေးသမ၀ါယမ အသင်းများအသေးစားချေးငွေသမ၀ါမအသင်းများနှင့်အတူသမ၀ါယအသင်းများအားလုံးသာမက အသင်း သားများမှပါ တည်ရှိနေသည့်ငွေကြေးအရင်းအမြစ်များနှင့် ပင်မိမိတို့ဘ၀အခြေအနေတိုးတက်ရန် မိမိတို့၏ ငွေကြေးအရင်းအမြစ်များတိုးပွားစေရန်အတွက် ၀င်ငွေရလုပ်ငန်းများတွင်ရင်းနှီးခြင်း၊စုဆောင်းခြင်းများကို အချိုးညီစွာကြိုးစားလုပ်ဆောင်နိုင်ကြပါစေကြောင်းတို့က်တွန်းရေးသားလိုက်ရပါသည်။

                                                     

No comments:

Post a Comment