Tuesday, July 29, 2014

အသေးစားချေးငွေလုပ်ငန်းများတည်ငြိမ်ခိုင်မာရေး



            နိုင်ငံ၏ ပြုပြင်ပြောင်းလည်းရေးကိုဆောင်ရွက်နေသော လုပ်ငန်းများတွင် ကျေးလက်ဒေသဖွံ့
ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ကျရေးသည် ပထမဦးစားပေးဆောင်ရွက်နေသောလုပ်ငန်းပင်ဖြစ်သည်။
ကျေးလက်နေပြည်သူများ လိုအပ်နေသော ငွေကြေးအရင်းအနှီးကို ကျေးလက် အထိ ရောက်ရှိအောင်
အသေးစားငွေကြေးဝန်ဆောင်မှု(Microfinance)များဖြင့်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများစနစ်တကျရေရှည်ဆောင်ရွက်သွားနိုင်င်အောင် ဥပဒေစည်းမျဉ်များနှင့်အညီတရားဝင်ဖြစ်အောင်ဖွဲ့စည်းဆောင်ရွက်ပေးရပါမယ်”ဟုကျေးလက်ဒေသဖွံဖြိုး
နှင့် ဆင်းရဲနွမ်းပါမှု လျော့ကျရေးအလုပ်ရုံဆွေးနွေးပွဲတွင်နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မိန်ကြားခဲ့ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းများပိုမို တိုးမြင့်ဆောင်ရွက်လာနိုင်ခဲ့သည်။အသေးစားငွေရေး
ကြေးရေးလုပ်ငန်းဥပဒေကိုလည်း၂၀၁၁ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၁၃ဖြင့်၃၀.၁၁.၂၀၁၁နေ့တွင်
အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

အရေးပါသောလုပ်ငန်း
           ကျေးလက်ဒေသဖွံဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ကျရေးအတွက်ဆောင်ရွက်ရာတွင် Microfinance ခေါ်အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း တနည်းအသေးစားချေးငွေလုပ်ငန်းများ သည် အရေးပါသောအခန်းကဏ္ဍာမှပါရှိနေပါသည်။ကျေးလက်နေပြည်သူများနှင့်မြို့ပြဆင်းခြေဖုံဒေသနေပြည်သူ အများစုသည်ဆင်းရဲနွမ်းပါ ကြသူများဖြစ်သည့်အလျှောက်၎င်း သာမရိုးကျဘဏ်းလုပ်ငန်းများနှင့်လက်လှမ်း မမှိကြသည့်အလျှောက်၎င်း လိုအပ်သောအရင်းအနှီးချေးငွေမျာကို အလွယ်တကူရရှိခြင်းမရှိကြပဲ ဒေသ
တွင်းရှိအတိုးနှုန်းမြင့်ငွေချေးကြသူများinformal money lendersထံမှချေးငှားရယူကြရပြီးဆင်းရဲစွာ ဘ၀ကို
ဖြတ်သန်းနေကြရာမှဥပဒေအရအတိုးနှုန်းမျှတ၍ခိုင်မာသောငွေချေးသည့်ဘဏ္ဍာရေးကြားခံအဖွဲ့ အစည်းများ Formal Financial Intermediaryဖြစ်သည့်Microfinance Institution and Microfinance Co-operative များပေါ်ပေါက်လာခြင်းသည်အရင်းအနှီးလိုအပ်နေသူဆင်းရဲနွမ်းပါသူများအတွက်ကြီးမားသော လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ခြင်းပင်ဖြစ်သည်။MFI များသည် ဆင်းရဲနွမ်းပါသူအခြေခံလူတန်းစားများ
သာမရိုးကျဘဏ္ဍာရေးလုပ်ငန်းများဖြင့်လက်လှမ်းမှီသူများအတွက်  အထောက်အကူ အလွန်ရသောလုပ်ငန်း
များဖြစ်ပါသည်။မြန်မာနိုင်ငံအတွင်း လူဦးရေ၏ ၂၆ %သည် ဆန်ရဲနွမ်းပါးသောအခြေအနေအတွင်း နေကြ
ရသည်ဟုခန့် မှန်း ထားကြရာ ဦးအားဖြင့် ၁၅.၂၆ သန်းခန့် အိမ်ထောင်စု အားဖြင့် ၃ သန်းကျော်ခန့်သည် ဘဏ္ဍာရေးအရ အထောက်အပံလူအပ်နေသူများဟုယူဆကြမည်ဖြစ်ပေသည်။ တနိုင်းငံလုံးအတိုင်းအတာ
ဖြင့် MFI များ သည် ဆင်းရဲနွမ်းပါးသူ လူဦးရေ မည်းမျှသို့ မိသားစုဝင်ငွေတိုးမြှင့်ရေး အသေးစားစီးပွါးရေး
လုပ်ငန် အရင်းအနှီးချေးငွေများ မည်မျှထုတ်ချေးပေးနိုင်သည်ဆိုသည့်အချက်သည် ဆင်းရဲနွမ်းပါးမှုလျှော့
ချရေးအတွက် အရေးပါလှသောအချက်လည်းဖြစ်ပေသည်။

Microfinance လား? Microcredit လား?

           ဘဏ္ဍာရေးလောကအတွင်း Saving & Credit Association ငွေစုငွေချေးလုပ်ငန်းများစွာ ရာစုနှစ် များစွာကပင်ပေါ်ပေါက်တည်ရှိနေပြီးစုဆောင်မှုကိုအခြေပြုပြီးချေးယူခြင်းကိုလုပ်ဆောင်စေသော လုပ်ငန်း
စဉ်များဖြစ်ကြရာ ဆင်းရဲချမ်းသားမရွေးပါဝင်နိုင်ခြင်းရှိပြီး စုဆောင်နိုင်သည့်ပမာဏအလိုက် ချေးယူနိုင်သည့် 
စနစ်ပင်ဖြစ်ရာစုဆောင်းငွေသည်အဓိကျသောငွေချေးယူခွင့်အခွင့်အလမ်းပင်ဖြစ်နေသည်။ ဆင်းရဲနွမ်းပါး သူ
များအနေဖြင့်စတင်စုဆောင်ရန်မဆိုထားနှင့်စားဝတ်နေရေးအတွက် ပင်ရုံးကန်လှုပ်ရှာနေကြ ရရာ စုဆောင်
ငွေမတည်ငွေထည့်ဝင်ရမည်ဆိုပါကထိုသူတို့အတွက်ကြီးမားသောအခက်အခဲပင်ဖြစ်နေလေ့ရှိသည်။ Microfinaneဆိုသည်မှာဆင်းရဲနွမ်းပါးသူများအားအသေးဆုံးစီးပွါးရေးလုပ်ငန်းများမှစတင်လုပ်ကိုင် လာ နိုင်စေရန်အတွက်လုပ်ငန်းထုထောင်မှုချေးငွေတနည်းလုပ်ငန်းမတည်အရင်းအနှီးချေးငွေ ထုတ်ချေးပေး
သောလုပ်ငန်းသဘာဝအပြင် ဆင်းရဲနွမ်းပါးသူသက်သက်မျှသာဦးတည်လျှက် စီးပွးရေးအပြင်ကျန်မာရေး လူမှုရေးလိုအပ်ချက်များကိုပါလုပ်ဆောင်ပေးသောလုပ်ငန်းပင်ဖြစ်သည့်ချေးငွေတစ်ခုတည်း ငွေချေးခြင်း
လုပ်ငန်းတစ်ခုတည်ဆောင်ရွက်သောလုပ်ငန်းမဟုတ်ပေ။တဖြည်းဖြည်းခြင်းအရင်းနှီးချေးငွေရယူသူ ဆင်းရဲနွမးပါးသူများဝင်ငွေတိုးမြင့်လာမှသာ စုဆောင်သော အလေ့အကျင့်ဖြစ်စေရန်အချိုးကျစုဆောင်းစေ
သောစနစ်ဖြစ်သဖြင့် Credit & Saving ဆိုရမလိုဖြစ်ပေသည်။ မြန်မာနိုင်ငံတွင်ငွေစုငွေချေးလုပ်ငန်းများ
(Saving & Credit )လုပ်ငန်းများရှေ့ယခင်ကထွန်းကားကောင်းထွန်ကားခဲ့သော်လည်း ၁၉၈၈ နောက်ပိုင်း ၀န်ထမ်းပေါင်းစုံ ငွေစုငွေချေး သမ၀ါယမ အသင်းများသာလျှင် အနည်းငယ် ကျန်ရှိတော့ပြီး လက်လုပ်လက် စားနှင်ကျေးလက်နေသာမာန်လူတန်းစားများအတွက်ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ပေးနိုင်ခြင်းမရှိပဲ ပြည်သူ
လူထုအတွင်း အရင်းအနှီးမတည်ငွေ ရှားပါးခြင်းကြောင့် ခေါင်းရွက်ဗျတ်ထိုးဈေးသည် မှအစ အသေးစားနှင့်အလတ်စား စီးပွါးရေးလုပ်ငန်း ငယ်များဖွံဖြိုးတိုးတက်ခြင်းမရှိဘဲ စီးပွါးရေး အရ တိုးတက် မရှိ ဖြစ်ရာမှအထွေထွေဆင်းရဲနွမ်းပါးခြင်းဘ၀သို့ကျ ရာက်နေရတော့သည်။ နိုင်ငံတကာ အကူအညီပေးရေး NGOအဖွဲ့အစည်းအချို့ကအသေးစားချေးငွေလုပ်ငန်းများကိုဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသ အလယ်ပိုင်းအပူ
ပိုင်းဒေသ နှင့် ရှမ်းပြည်နယ်တို့တွင် ဆင်းရဲမှုလျှော့ချရေးစီမံဆောင်ရွက် ကြသော်လည်း ကျယ် ကျယ်ပြန့်ပြန့် မရှိလှချေ ၂၀၀၇ ခုနှစ် ဗဟိုသမ ၀ါယမအသင်းမှ စတင်ပြီး Microfinance Institutions များထူထောင် လုပ်ဆောင်လာသည့်အချီန်မှသာကျယ်ပြန့်လာခဲ့ပြီး၂၀၁၁ခုနှစ်တွင်အသေားငွေရေးကြေးရေးဥပဒေ ပေါ်ထွက်
လာခဲ့ပြီးNGOများကုမ္ပဏီများသမ၀ါယမများအပါအ၀င်အသင်းအဖွဲ့များကပါ ပိုမိုပါဝင် ဆောင်ရွက်လာကြ
ပေသည်။သို့သော်အိမ်ထောင်စု၃ သန်းခန့်ရှိသော နိုင် ငံအတွင်းဆင်းရဲနွမ်းပါးသူ အိမ်ထောင်စုများအတွက် စီးပွါးရေးမတည် ချေးငွေများ လုံလောက်စွာရရှိရေးမှာ အလှမ်းဝေးနေဆဲပင်ဖြစ်ပါသည်။ Microfinance Institutionများအနေဖြင့်ကလည်းကနဦးမတည် ငွေရင်းများ မပျောက်ပျက်ရေးနှင့် ရန်ပုံငွေ အခြေအနေအရ သာလုပ်ကိုင်ဆောင်ရွက်နေရသည့်အတွက်စိတ်သွားတိုင်ကိုယ်မပါဖြစ်နေရမည်ဖြစ်ပါသည်။ နိုင်ငံတကာချေးငွေ အထောက်အပံငွေအလှုငွေများအပေါ်မှုတည်ဆောင်ရွက်ရခြင်းများလည်းရှိသဖြင့်ကျယ်ပြန့်မှုမှာအားရဖွယ်မရှိဖြစ်နေ
ရသည်။ ချေးငွေမဆုံးရှုံး ရေးဆိုသော စိုးရိမ်စိတ်အမြင်များအလွှမ်းမိုးခံထားရသဖြင့် အလုပ်အကိုင်အတည်
တကျမရှိသေးသူ နေထိုင်ရာအတည်တကျ နေထိုင်နိုင်မှုမရှိသေးသူ ပြည်တွင်းရွှေ့ပြောင် နေထိုင်းကြရသူအလွန်ဆင်းရဲနွမ်းပါး
သူများအတွက် အထောက်အကူပေး နိုင်ရေးခက်ခဲလျှက်ရှိပြီး Microfinance ငန်းဆိုတာထက် Saving & Credit ငွေစုငွေချေးပုံသဏ္ဍန်သာလွမ်း မိုးလျှက်ရှိပါသည်။

အသိပညာပြန်ပွါးရေးအဓိက
              ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်သော လုပ်ငန်းလည်းဖြစ်သည်ပညာရေး ကျန်မာရေး လမ်းပမ်းဆက်သွယ်ရေး လျှပ်စစ်ဓါတ်အားရရှိရေးစသည့် အခြေခံအဆောက်အအုံများကို အစိုးရစီမံခန့်ခွဲသူများ အနေဖြင့်စီမံကိန်းမှုဘောင်များအတွင်း အစီအစဉ်အ
လိုက်ဆောင်ရွက် ကြရသည်ဖြစ်ရာ Risk များလှသည်မဟုတ်ပေ ။ အိမ်ထောင်စုတစ်စုခြင်းဝင်ငွေတိုးပွါးရေး
ရေးမှန်ချက်ဖြင့်စိုက်ပျိုးမွေးမြူရေး မှအစတပိုင်တနိုင် ကိုယ်ပိုင်းစီးပွါးရေးလုပ်လို သူအရင်းအနှီးမဲ့ သို့မဟုတ်
အရင်းအနှီးမပြည့်စုံသူများအတွက် အရင်းနှီးအထောက်အကူပေးရ သည့် ဘဏ္ဍရေး အဖွဲအစည်းများ တနည်း MFI အနေဖြင့် ဆုံးရှုံးနိုင် ချေ Risk မှာအလွန်ကြီးမားသော လုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြသော အရာရှိများ ဒါရိုက်တာအဖွဲ့ဝင်များ ၀န်ထမ်းများမှအစ ချေးငွေ ရယူသူ ပြည်သူ
များအထိ အခြေခံဘဏ္ဍာရေး ငွေရေးကြေးရေး ပညာများ၊ကျင့်ဝတ်များ၊ အသိပညာများ ပြည်ဝနေရေးသည် အရေးကြီးသောအချက်တရပ်ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုကိုလျှော့ကျအောင် လုပ်ဆောင်သော MFI လုပ်ငန်း
များအနေဖြင့်အပြန်အလှန်ယုံကြည်မှု(Mutual trust )မြင့်မားနေမှသာလုပ်ငန်းရည်ရွယ်ချက်အောင်မြင်မည်
ဖြစ်သည်။ အရင်းအနှီမတည် ချေးငွေရယူသူများသည် ၀င်ငွေရလုပ်ငန်းကို မှန်မှန် ကန်ကန်လုပ်ဆောင်ခြင်း
ဖြင့်သတ်မှတ်ချေးငွေများကိုအချိန်မှန်ပြန်လည်ပေးဆပ်င်ပြီးချေးငွေပျက်ကွက်ခြင်း မှရှောင်ရှားနိုင်မည် ဖြစ်သည်MFIများကလည်းချေးငွေကိုတဆင့်ပြီးတစ်ဆင့်တိုးမြှင့်ခြင်းနှင့်အဖွဲဝင်များ၏စု
ဆောင်းငွေများကိုမှန်မှန်ကန်ကန်ထုတ်ပေးနိုင်ကြမှသာအပြန်အလှန်ယုံကြည်မှုတိုးပွါးလာကြမည်ဖြစ်သည်။
MFIအဖွဲ့တစ်ခု၏ဘဏ္ဍာရေးတောင်တင်းခိုင်မာမှသာဆင်းရဲနွမ်းပါသူများသို့အရေအတွက်များများတိုးမြှင့်
အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့်ဘဏ္ဍာရေးတောင်တင်းနေရေးသည်လည်းအရေးပါလှသည်။ ကိုယ်အားကိုယ်ကိုးအစုအဖွဲ့များSHG အပေါ်အခြေခံထားသောMFI များ၏ ဘဏ္ဍာငွေလိုအပ်ချက်သည် အဖွဲ့ဝင်များ၏စုဆောင်ငွေနှင့် အတိုးရငွေ (interest earning)အပေါ်များစွာမှုတည်လေရာMFI များနှင့် အဖွဲ့ဝင်များအကြား အပြန် အလှန် ယုံကြည်မှုတည်မြဲစေ သော အကြောင်းအချင်းအရာပင်ဖြစ်သည်။ စုဆောင်းငွေများစုဆောင်းတတ်ခြင်းကြောင့်မိမိရရှိလာမည်အကျိုးတရားနှင်မိမိကဲသို့ဘ၀တူအဖွဲ့ဝင်များသို့တိုးမြင့်
အကူအညီပေးနိုင်ခြင်းအကျိုးကျေးဇူးမျာကိုနာလည်သဘောပေါက်စေရန်လက်တွေ့ပြသစည်းရုံးအသိပညာ
ပေါ်နိုင်ရေးသည်လည်းလွန်စွာမှအရေးပါလေသည်။ဆင်းရဲနွမ်းပါး၍အလုပ်လုပ်ခြင်စိတ်ရှိပြီး အရင်းအနှီးလိုအပ်နေသူများ၊ချေးငွေရယူ၍အလုပ်အကိုင်အဆင်မပြေဖြစ်ကာလဲကျနေသူများအားဝိုင်းဝန်ဖေမလိုစိတ်နှင့် 
လက်တွဲခေါ်ဆောင်ကာဝင်ငွေရအသက်မွေးမှုလုပ်ငန်းများအတွက်အလုပ်အကိုင်ဖန်တီးပေးခြင်း ကူညီလမ်းပြပေး ခြင်းစသည့် ဆွေးနွေးပွဲသင်းတန်းများဖြင့် အရည်အသွေးတိုးမြှင့်လာသည့် MFIများဖြစ်
လာရန်လည်းကျိုးစားဖေါ်ဆောင်ပေးရန်လိုအပ်ပါသည်။

MFIများ၏ အတိုးနူန်းအကျိုးသက်ရောက်မှု  

           မြန်မာနိုင်ငံ၏ ချေးငွေ လောက၏ အတိုးနှုန်များမှာ ဘဏ်များမှလွဲ၍ အခြားသော ဘဏ္ဍာရေးငွေရေးကြေးရေးလုပ်ငန်းများတွင်အတိုးနှုန်း၁၂%မှ၃၆%အထိရှိနေကြပြီး တရားမ၀င် ချေးငွေ
လုပ်ငန်းများတွင် ၆၀% နှုန်းမှ ၅၀၀% အထိ ရှိနေပေသည်။Microfinance Institutions များ အဖြေင့် ၁၈% မှ ၃၀% အထိသာ ချေးငွေအတိုး ရယူလျှက် ရှိပါသည်။သို့သော် အချို့သော  သူများးသည် MFI ၏ အတိုးနူန်းသည် မြင့်မားနေသည်ဟု ထောက်ပြလေ့ရှိပါသည်။ ကမ္ဘာ အသေးစားချေးငွေလုပ်ငန်းများ၏
အတိုနှုန်းများမှာအံသြလောက်ဖွယ်ကွဲပြားခြာနားနေကြပြီးပျှမ်းမျှတစ်နှစ်လျှင်၃၅%ခန့်ရှိပေသည်။ဥဇဘက်ကစ်စတန်
(Uzbekistan)တွင်၈၀%ခန့်ရှိပြီးသီရီလင်္ကာ(sirLandka)  နိုင်ငံတွင် ၁၇% ၀န်ကျင်တွင်ရှိပေသည်။
သေးငယ်သောချေးငွေအရွယ်အစားများကိုလူဦးရေ အမြောက် အများသို့ ထုတ်ချေးပေးရခြင်းဖြစ်သဖြင့်
များစွာသောလုပ်ငန်းလုပ်ဆောင်မှုများအတွက် ၀န်ထမ်းစရိတ် များနှင့်လုပ်ငန်းလုပ်ဆောင်မှုစရိတ် 
(per borrower cost ) မြင့်တက်ရသည့်အပြင် အာမခံပစ္စည်းအပေါင်မပါ ချေးငွေ ထုတ်ပေး
ရခြင်းဖြစ်သည့်အတွက် (Loan Loss Expense )မြင့်မားပါသည်။အများအားဖြင့် MFI အတိုးနှုန်း ကို စဉ်းစားကြရာတွင် Income from loans =Cost of funds + Loans Loss Expense + Operating Expense+Profitဆိုသောမှုပေါ်တွင်အခြေခံသတ်မှတ်ကြလေ့ရှိသဖြင့်အချို့နိုင်င်ငံများတွင်အလွန်မြင့်မားနေ
တတ်ပေသည်။မက္ကဆီကိုလို နိုင်ငံများတွင် လူဦးရည်သိပ်သီးဆ နည်းသော ကျေးလက်ဒေသများ တွင် သွား
လာရေးစရိတ်နှင့် အရည်အချင်းပြည့် လုပ်သားများစရိတ်မှာမြင်မားလှသည့်အတွက် လုပ်ငန်းကုန် ကျ စရိတ်
အချိုးမှာမြင့်တက်နေလေ့ရှိပြီးအီသီယိုပီးယားလိုနိုင်ငံနှင့်သီရီလင်္ကာလိုနိုင်ငံများတွင် နိုင်ငံရေး ပေါ်လစီအရ ဖြစ်သင့်သည့်အတိုး
နှုန်းထက်လျှော့ချထားရာ ဒေသတွင် ၀န်ထမ်းများစရိတ်အားဒေသဆိုင်ရာ အစိုးရ အဖွဲ့များက(hiden subsidides or subsidied cost of funs )ကျခံပေးလေ့ရှိသဖြင့် အတိုးနှုန်းလျှော့ချ နိုင်ခဲ့ကြပေသည်။မြန်
မာနိုင်ငံ တွင်အတိုးနှုန်း တလလျှင် ၂.၅ % တနှစ်လျှင် ၃၀ % ထက်မများရဟုသတ်မှတ်ထားပြီးအပ်ငွေနှင့်
စုဆောင်းငွေအတွက် တလလျှင် ၁.၂၅% တနှစ်လျှင် ၁၅ % သတ်မှတ်ထား သည် မှာ မျာပြားသည်ဟု
မဆိုသာ ပေ။ NGO များကဲသို့ ပြင်ပ အလှုငွေ ထောက်ပံေ ငွများအပေါ် အခြေပြု ခြင်းမရှိပဲ အသင်းသား
များ၏စုဆောင်ငွေများအပေါ် အာကိုး အားထားပြု နေရသော Microfinance co-operatives များအနေဖြင့် Operating Expense နှင့် Loan Loss Expense ကို တောင် ပြည့်မှီအောင် ချေးငွေပမာဏထုတ်ချေး
မပေးနိုင်ခြင်း၊ပေးနိုင်လောက်အောင်မတည်ငွေရင်း(seed Money)နှင့်share capital တောင့်တင်းခြင်းမရှိ
သော အသင်းသားအဖွဲ့ဝင် ၅၀ မှ ၁၅၀ ကြားရှိ အသင်းအဖွဲ့များအနေဖြင့် အတိုးမှဝင်ငွေ ဖြင့် ရည်ရှည်ရပ် တည်နိုင်ရန်ခက်ခဲမည်ဖြစ်ပေသည်။
                   အသေးစားချေးငွေလုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် ရှေ့တန်းမှ ပါဝင်
ဆောင်ရွက် နေသည့်အဖွဲအစည်းများဖြစ်သည့်အလျှောက် ဆင်ရဲနွမ်းပါးသူများလုံလောက်သောအရင်းအနှီး ရရှိရေးအတွက်ပြင်ပငွေပင်ငွေရင်းအထောက်အကူများအပြင်မိမိဆင်းရဲနွမ်းပါသူအခြင်းခြင်း အလှည့်ကျ
 ချေးငွေများရယူနိုင်ရေးအတွက်စုဆောင်းငွများစုဆောင်ခြင်းချေးငွေများကာလတိုအတွင်း ခွဲဝေ ပေးဆပ် ခြင်းဖြင့်ငွေလှည့်ပါတ်အကြိမ်ရည်များပြားရန်ထိမ်းညှိ့ဆောင်ရွက်သောနည်းလမ်းများကိုကျင်
သုံးခြင်း၊ အတိုးဝင်ငွေသည် အနည်းဆုံးလုပ်ငန်းလုပ်ဆောင်မှုစရိတ်ထက် ပိုမိုနေမှ သာ အဖွဲ့အစည်း၏ ဘဏ္ဍာရေး တိုးမြင့် လာသည်နှင့် အမျှ အဖွဲ့အစည်းကို တည်ငြိမ် တိုးတက်အောင် ထိမ်သိမ်းနိုင်မည်ဖြစ်ပြီး ဆင်ရဲနွမ်းပါးသူ များကိုလည်းမိမိအဖွဲ့အစည်း ကိုယ်ပိုင် ဘဏ္ဍာ ငွေကြေးဖြင့် အလျှင် အမြန်လူဦးရေတိုးချဲ့ အထောက်အကူပေးနိုင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

              

No comments:

Post a Comment