ဆင်းရဲနွမ်းပါမှု့ဘယ်လောက်ရှိ
“အကိုကြီးတို့ အမကြီးတို့…ဦးလေးတို့..ဒေါ်ဒေါ်တို့ခင်ဗျာ
..သားကိုသနားရင်ဘီယာဘူးခွံများ ပုလင်းခွံများ ပလစတိတ်အိပ်များဘူးခွံများ ..ရှိရင်အောက်ကိုပြစ်ချလိုက်ပါခင်ဗျာ…”
ဆိုသောအသံသည် လူဦးရေ ၅၀၀၀၀ ခန်နေထိုင်သော မြို့စွန်မြို့သစ် အိမ်ယာကြီးတစ်ခု ၏ နောက်ဖက်လမ်းကြားမှာ
မနက်တိုင်းကြားနေရသောစိတ်မချမ်းမြေ့စရာ ၇နှစ်မှ ၁၃နှစ်အထိခလေးငယ်များ၏ အသံပင်ဖြစ်သည်။
တစ်ခါတစ်ရံ တစ်ဦးတည်း တစ်ခါတစ်ရံ ၃ဦးမှ
၅ ဦးအထိ ၇ှိသည် ။လမ်းခွဲဝင်၍ နေ့စဉ် ၀မ်း ရေးအတွက်
ဝင်ငွေရအောင်ပလပစတစ်အမှိုက်များဘူးခွံပုလင်းခွံများသူတို့အခေါ်ပလုံဆိုသောပြန်ရောင်းလို့
ရသော
အမှိုက်များကို ကောက်သည့် ကလေးများပင်ဖြစ်သည်။
အချို့လူကြီးများကလည်း ပလပ်စတိတ်ပုံးများဖြင့်
အထပ်မြင့်တိုက်များပေါ်မှပြစ်ချထားသောထမင်းကျန်
နှင့်အသီးအရွက်ကျန်များကိုကောက်လှက်ပုံးအတွင်း
ထည့်နေသည်ကိုတွေ့ရ၍ ဘာလုပ်မလဲဟုမေး
ကြည့်သောအခါ ၀က်စားအဖြစ်ပြန်ရောင်းရသည်ဟုဆိုကြ
သည်။သူတို့သည် အဆိုပါအိမ်ယာ ကြီး ၏ဘေးပါတ်ဝန်ကျင်တွင်
နေထိုင်ကြသော မိသားစုများမှ ကလေး
များဖြစ်ပြီးမိဘများသည် ကျုံရာ ကျ ပန်းလုပ်ကိုင်စားသောက်နေထိုင်ကြသူများဖြစ်ရာ
သားသမီးများအား
ကျောင်းထားနိုင်ခြင်မရှိဘဲ အခုလို အမှိုက်ကောက်စေခြင်း၊
စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်များတွင်
အလုပ်လုပ်စေခြင်းဖြင့်မိသားစုဝင်ငွေ
ရှာဖွေရာတွင်ခိုင်စေလျှက်ရှိသည်မှာ နိုင်ငံအနှံတွင်တွေမြင်ရမည်ဖြစ်
သည်။ဤ လက္ခဏာသည် ဒေသတစ်ခု နိုင်ငံတစ်ခုအတွင်း
ဆင်းရဲနိမ်းပါးမှုမည်မျှရှိနေသည်ကို ဖေါ် ပြသော အညွှန်းကိန်းတစ်ခုဆိုလျှင်မှားမည်မထင်ပါ။
ဆင်းရဲနွမ်းပါမှုကိုလျှော့ချမည်
ယခုအခါတွင်နိုင်ငံတော်သမ္မတကြီးအနေဖြင့်ဆင်းရဲနိမ်းပါးမှုလျှော့ချရေးအတွက်
မှုဝါဒများချမှတ်
ကာကော်မတီအသီးသီးဖွဲကစည်းဆောင်ရွက်စေခြင်းဖြင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကဏ္ဍအသီး
သီးမှဆောင်ရွက်နေသည်ကိုလည်းတွေ့မြင်နေရပါသည်။သို့သော်ဆင်းရဲနွမ်းပါးမှုသည်
မည်မျှလျှော့ကြ
သွားပြီးဟုတော့ပြောရန်မှာစော
နေသေးသည်ဟုထင်မြင်ပါသည်။ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဦး
တည်ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေးလုပ်ငန်းများ
တနည်း အသေးစားငွေချေးလုပ်ငန်း
များ Microfinance
Institution အနေဖြင် ဆင်းရဲနွမ်းပါးသူများအားအထောက်အကူ ပြုမှုမှာ အကန့်
အသတ်ဖြင့်သာဖြည့်ဆည်းနိုင်သေးပြီး
ပျံကျ နေထိုင်သူများနှင့် အခြေမဲ့အနေမဲ့ အလွန်းအမင်းဆင်း
ရဲသူများအတွက် မျှော်လင့်ချက်မှာမဲ့နေဆဲပင်ဖြစ်နေပါသေးသည်။
အစိုးရအနေဖြင့်ဆင်ရဲမှုလျှော့ချရေး အတွက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ
လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ သောက်သုံးရေနှင့်စိုက်ပျိုးရေ
ရရှိရေးအတွက် ဆည်မြောင်းရေတွင်းရေကန်များ
အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများစသည့် အခြေခံအဆောက်အအုံများကိုကဏ္ဍအလိုက် တိုးတက်လုပ်ဆောင်ရန်
အတွက်စီမံဆောင်၇ွက်ပေးလျှက်ရှိပေသည်။
တဖက်မှလည်းအသင်းအဖွဲ့များ၊ INGO များသမ၀ါယမအ
သင်းများကလည်း အသေးစားချေးငွေလုပ်ငန်းများဖြင့်
လက်လုပ်လက်စားမှအစ ခေါင်ရွက်ဗျတ်ထိုးဈေး
သည်များ ၊အသေးစားလုပ်ငန်းငယ်များအတွက်အရင်းအနှီးလိုအပ်ချက်အားအတိုးနည်းချေးငွေ
များဖြင့်ဖြည့်
ဆည်းပေးလျှက်ရှိပါသည်။ပမာဏမှာဆင်းရဲနွမ်းပါးသူဦရေနှင့်နိုင်းစာပါက
အလွန်နည်းပါးလှပါသည်။ ပြည်ပ
အထောက်အကူပြုချေးငွေများမှာလည်း
လိုအပ်ချက်များစွာရှိနေပါသည်။အမျိုးမျိုးသောလူမှုအထောက်
အကူပြုအဖွဲအစည်းအသင်းအဖွဲ့များ(Civil
Societies)၏လုပ်ဆောင်မှုများမှာလည်းရန်ပုံငွေအလှုငွေများအ
ပေါ်တွင်အခြေပြုလုပ်ဆောင်နေကြရသည့်
အတွက်သိသာထိရောက်မှုအားနည်းလျှက်ရှိနေပေသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
ဆင်းရဲနွမ်းပါမှုလျှော့ချရေးအတွက် စီမံကိန်းများစီမံချက်များချမှတ်လုပ်ဆောင်
လျှက်ရှိရာတွင်ဘဏ္ဍာရေးအရ
ဘတ်ဂျက်ခွင့်ပြုချက်အတွင်းလုပ်ဆောင်ကြသည်ဖြစ်ရာ ဒီနေရာတွင် ဆွေး
နွေးရန်အကြောင်းအထူးမရှိသော်လည်း
လူမှုရေးအခြေပြု အဖွဲ့အစည်းများ
(Cvil Societies Organization-C S O)နှင် သမ၀ါယမများသည်
လွတ်လပ်စွာဖြင့်
ရန်ပုံငွေစုဆောင်းခြင်း အစုထည့်ဝင်ငွေများ အကျိုးတူ မတည်ရင်းနှီးငွေများ
ဖိတ်ခေါ်စုစည်းခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှောံချရေးကို အခြေခံလူထုအဖွဲ့အစည်းအ
တွင်းပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ပါသည်။
သုံးလည်းသုံး
မကုန်စေသော ဘဏ္ဍာရေး ရေကန်
ရေကန်တစ်ခုအတွင်းရှိရေ ကိုနည်းနည်းခြင်းယူသုံးသည့်တိုင်
ပြန်လည် ဖြည့်ဆည်းခြင်းမပြုပါက မကြာ မှီအချိန်မှာပင်ကုန်ခန်းသွားပါမည်။သို့သော် နည်းနည်းခြင်းပြန်လည်ဖြည့်ဆည်းမည်
သို့မဟုတ် အလို
အလျှောက် စမ်းတွင်းကဲသို့
ရေ၀င်လမ်းကြောင်းအရင်းအမြစ်ကိုဖန်တီးထားပြီး စနစ်တကျသုံးစွဲပါက တစ်
သက်လုံးသာစဉ်မြေးဆက်သုံးစွဲနိုင်မည်ဖြစ်သည်။ဆင်းရဲနွမ်းပါမှုလျှော့ချရေးလုပ်ငန်းစဉ်တွင်လည်း
အထက်
ပါသုံးမကုန်သောရေကန်လို
ဘဏ္ဍာရေး ရေကန် (Financial pool) ကိုတည်ဆောက်ထားပါက ဆင်းရဲနွမ်း
ပါးသူများ ခပ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။
ဤ နေရာတွင် ဘဏ္ဍာရေးရေကန်အားမည်သို့တည်ဆောက်မည်ကို
မပြောမှိ လူတို့၏စိတ်နေသဘောထားနှင်အမှု
အကျင့်အချို့ကို ဆွေးနွေးလိုပါသည်။ အထူးသဖြင့်မြန်မာလူ
မျိုးတို့သည်အလှူအတန်းအပေးအကန်းမှာစေတနာသဒ္ဒါတရားထက်သန်ကြပြီး
လှူဒါန်းပေးကန်းမှုရက်ရော
သောလူမျိုးများဖြစ်ကြပါသည်ဆင်းရဲဒုက္ခရောက်သူများသဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့်
အစာရေစာငတ်မွတ်နေသူများ
အတွက်၎င်း
ဘာသာရေးအဆောက်အဦးများ ဘာသာရေးအလှူအတန်းများအတွက်
၎င်းရက်ရောစွာပေးကမ်းလှူဒါန်းလေ့ရှိသောလူမျိုးလည်းဖြစ်သည်။သို့သော်
အဖွဲ့အစည်းတစ်ရပ်
အတွင်းလှူဒါန်းရရှိသောငွေများအားတိုးပွါး
များပြား
လာရန် ဖန်တီးလုပ်ဆောင်၍ နောင်အလားတူကူညီထောက်ပံရ
မည် ကိစ္စများအတွက် ဘဏ္ဍာရေးစီမံခန်ခွဲနိုင်မှုမှာ
အားနည်းလှသည်မှာ မြန်မာနိုင်ငံတွင်မဟုတ် ကမ္ဘာလူ ဖွဲ့စည်းတော်တော်များများမှာပါတွေ့ရှိနေရပေသည်။
လူသားတို့အတွင်းဆင်းရဲနွမ်းပါမှု နှင့်ဆက်နွယ်သော အခြေခံလိုအပ်ချက်များအတွက် တစ်ဦးခြင်းအလှူရှင်များ၊
အလှူရှင်အဖွဲ့အစည်းများ နိုင်ငံများအပေါ်တွင်မှိ
ခိုအားထားနေရမှုသည် မရေရာသော
စိတ်အားငယ်ဖွယ်မျှော်ကိုးချက်ပင်ဖြစ်နေသည်ကို မျှော်လင့်မနေ သင့်တော့ပေ။ လတ်တလော ကျရောက်လာသည့်ဘေးဒုက္ခများမှလွဲ၍
ကာလရှည် ဆင်းရဲနွမ်းပါးမှု ဘ၀ဖြစ်စဉ် အတွင်းကျရောက်နေသူများအနေ ဖြင့် အကူအညီအထောက်အပံများရယူပြီးပါ
က မိမိလိုအ
လားတူဘ၀တူဆင်းရဲနွမ်းပါသူများအတွက်
တစိတ်တပိုင်းပါဝင်တာဝန်ယူလိုစိတ် တာဝန်ယူစေလိုသော ပူး
ပေါင်းဆောင်ရွက်မှုအစီအမံများကို
ချမှတ်ပေးခြင်း စည်းရှုံးဆောင်ရွက်ခြင်းကိုပြုနိုင်ပါက ဆင်းရဲနွမ်းပါးမှုကို
အလွယ်တစ်ကူတိုက်ဖျက်နိုင်စေပါမည်။(လွန်ခဲသော
၇ နှစ်ခန့်က INGO တစ်ခုက ဆင်းရဲသားများအတွက်
ဝက်မွေးဘက်ပေးအစီအစဉ်တစ်ခုဆွေးနွေးရာ
စာရေးသူက ဆင်းရဲသားတစ်ဦးအား ၀က်တစ်ကောင်ပေးပြီး
ပါက ၁၀ လ သို့မဟုတ်
၎င်းကောင်းဝက် မှသားပေါက်သောအခါ အလားတူဝက်တစ် ကောင်ပြန်ပေးစေ၍ ၀က်မရရှိသူ နောက်အိမ်ထောင်စုတစ်စုသို့ပေးသင့်ကြောင်း
အကြံပြုပေးခဲ့ဘူးပါသည်။ စကားချပ်)
ဘဏ္ဍာရေးစုစည်းမှု
သာမန်အခြေခံလူမှုအဖွဲ့အစည်းအတွင်းဘဏ္ဍာရေးအရင်းအမြစ်
ရရှိရေးအတွက်အစိုးရ နှင့် နိုင်ငံ
တကာအထောက်အပံများအပေါ်
မှိခိုရခြင်းသည်ထင်သလောက်မလွယ်ကူခြေ ယင်းအစား စနစ်တကျနှင့် စိတ်ဓါတ် အားကောင်းမည် ဆိုပါက
အခြေခံလူမှုအဖွဲ့အတွင်းအရင်းအမြစ်များနှင့်ပင် အတော်အသင့် စတင်အကောင်အထည်ဖေါ်နိုင်ပါသည်။ အလှူအတန်းရက်ရော၍
ကူညီမှုပြုလိုသော ယဉ်ကျေးမှုထွန်ကား
သော လူ့အသိုင်းအ၀ိုင်တွင်းပိုမိုလွယ်ကူစေပါသည်။ဆင်ရဲနွမ်းပါးသူများ
ဘ၀အဆင်မပြေဒုက္ခ ကျရောက်နေ
သူများအား ပေးကမ်းစွန့်ကြဲလှူဒါန်းမှုများ
သည်
တစ်ကြိမ်သုံးစွဲကုန်းခန်းသွားပြီးအစဉ်အဆက်အကြိမ်ကြိမ် နောက်ထပ်
ကူညီပေးကန်ရန်မှာ အခက်အခဲဖြစ်စေရုံမက
ရယူခံစားရသူမှာလည်းအနာဂါတ်အတွက် လုံ
လောက်မှု အပြည့် အ၀ရရှိနိုင်ချေမရှိပါ။
ဓနဥစ္စာပိုလျှံနေသူများ အများအကျိုးအတွက်လှူဒါန်းလိုစိတ်ရှိ
သူများအားနားချရှင်ပြစည်းရှုံးခြင်းဖြင့်Microfinance
Institution ကဲသို့သော ဆင်ရဲမှုတိုက်ဖျက်နေသည့်
အဖွဲအစည်းများသို့လှူဒါန်းငွေအချို့အား
မတည်ထည့်ဝင်စေခြင်းဖြင့်၎င်းတို့၏မတည်ထည့်ဝင်ငွေများနှင့်
သင့်တင့် သောပိုလျှံငွေများအားအချိန်ကာလတစ်ခုတွင်ပြန်လည်
ပေးကမ်းခြင်းဖြင့်အခြားနောက်ထပ်လှူ
ဒါန်းမှုများစဉ်ဆက်မပြတ်လုပ်နိုင်ခြင်း
ဂုဏ်သတင်းကြီးမြတ်သူများအဖြစ် ၄င်းတို့မတည်ထူထောင်သောအဖွဲ့
အစည်းတည်နေသမျှ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ်ရှိနေနိုင်သော
အကျိုးများ ကိုအာမခံနိုင်သော အခြေ အနေမျိုးစီမံ၍ မတည်ငွေဖြည့်ဆည်းနိုင်သည့်အပြင်
အကူအညီအထောက်အပံလိုအပ်သူများကိုယ်တိုင်းမှ
လည်း မိမိ၏လက်ရှိအခြေအနေမှအသက်ရှုချောင်လာသည့်အခါ
အနည်းငယ်သောမတည်အစုငွေများ ထည့်ဝင်ခြင်း နှင့် ပုဂ္ဂလိကရင်းနှီးမြုတ်နှံလိုသူများအားဖိတ်ခေါ်
ခြင်းဖြင့် စတင်မတည် ကာဆင်းရဲနွမ်းပါမှု
လျှော့ချ ရေး ကို အလွယ်အကူဆုံး
အထိအရောက်ဆုံးဖြစ်သည့် MFI ကိုစတင်နိုင်ပါသည်။ တည်ငြိမ်ရင့်
ကျက်အတွေ့အကြုံပြည်ဝ
လာပါက အစိုးရနှင့် နိုင်ငံတကာအထောက်အပံများအပြင် ပြင်တွင်းပုဂ္ဂလိက နှင့် အဖွဲ့အစည်းများမှဘဏ္ဍာရေးအထောက်အပံများဖြင့်
ဘဏ္ဍာငွေတိုးချဲ့တိုးမြှင့် လာမည်ဖြစ်ပေသည်။
ဘဏ္ဍာရေး
ကန်ဘယ်လိုဖြည့်မယ်
မတည်ငွေအသင်အတင့်ဖြင့်ဘဏ္ဍာရေးကန်အားတည်ဆောက်ပြီးပါက
အမှန်တကယ်ဆင်ရဲနွမ်း
ပါပြီး အလုပ်အကိုင်ဝင်ငွေ
ရှာလိုသူများ ၊ အလုပ်ကိုကျိုးစားလုပ်ပါလျှက် အရင်းအနှီးနည်းပါးသဖြင့်ဝင်ငွေ
နိမ့်ပါး ဆင်းရဲနေသူများအား
ကိုယ်ပိုင်အလုပ်အကိုင်ဖန်တီးမှုဖြင့်မိမိသားစုဝင်ငွေ တိုးပွါးစေရန် လုပ်ဆောင်
ရန်စိတ်အားထက်သန် သူများအားဝိုင်းကြီးစနစ်ဖြင့်ဘဏ္ဍာရေကန်မှအရင်းအနှီးထုတ်ပေးထောက်ပံခြင်းပြု
ကာနေ့စဉ်လစဉ်တိုးပွါးလာသောဝင်ငွေအား
အစိတ်တစ်ပိုင်းအနည်းငယ်ကိုအထောက်အကူယူထားသော
ငွေကြေးအပြင်ငွေကြေးစီမံခန့်ခွဲရေးစရိတ်နှင့်သင့်တင့်သောအချိုးအစားကိုကိုယ်ပိုင်စုငွေအဖြစ်မိမိခပ်ယူခဲ့
သောဘဏ္ဍာရေကန်အတွင်းပြန်လည်ဖြည့်ဆည်းလျှင်
မိမိလိုအပ်သည်အခါခပ်ယူသုံးစွဲနိုင်ယုံပင်မက အ
ခြားဘ၀တူများကိုပါတစ်ဖြည်းဖြည်းဘဏ္ဍာရေကန်မှရေကို
သောက်သုံးခွင့်ပြုနိုင်လာကြ ခြင်းဖြင့် ဆင်းရဲနွမ်း
ပါးသူများအတွက်ဘဏ္ဍာရေးအိုအေစစ်များပေါ်ထွန်လာမည်ဖြစ်သည်။ဤနေရာတွင်ဆင်းရဲနွမ်းပါသူများကို တိုင်ကဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရန်စိတ်ဆန္ဒပြင်းပြရန်လိုအပ်ပြီး ၊၄င်းဆန္ဒများနိုးကြားတက်ကြွနေစေရန် မှာဆင်းရဲနွမ်းပါးမှုကိုတကယ်တိုက်ထုတ်လိုသူ
ခေါင်းဆောင်များ၏စည်းရှုံးသိမ်းသွင်းလမ်းပြဦးဆောင်နိုင်မှု အပေါ်မှာများစွာမှုတည်နေပါသည်။
ကိုယ့်အားကိုယ်ကိုး
ယခုအခါတွင်ဆင်းရဲနွမ်းပါမှုလျှော့ ချရေးရည်မှန်းချက်
အတွက် အသေးစားငွေရေးကြေးရေးလုပ်
ငန်းဥပဒေ(၂၀၁၁)ကိုပြဌာန်း၍
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများဖွဲ့စည်းဆောင်ရွက်နိုင်ရေး လမ်း
ဖွင့်ပေးခဲ့သည့်အတွက်
NGO များ၊အသင်းအဖွဲ့များ ၊သမ၀ါယမများ ၊ပုဂ္ဂလိကုမ္မဏီများပါ လုပ်ကိုင်ဆောင်
ရွက်နေပါသည်။NGO များအနေဖြင့်
ပြည်ပအကူအညီအထောက်အပံများဖြင့်မတည်ရပ်တည်ဆောင်ရွက်
နေသော်လည်း ပြည်တွင်းအသင်းအဖွဲ့မျာ၏
ဆောင်ရွက်မှုတွင် ထင်ထင်ရှားရှားအနေဖြင့် သမ၀ါယမအ
သင်းများသာ တွေ့ရပြီး
အခြားအသင်းအဖွဲ့များမှာကျယ်ပြန့်စွာလုပ်ဆောင်နိုင်မှုအာနည်းပါသည်။ ကုမ္မဏီ
များအနေဖြင့်လုပ်ကိုင်ဆောင်ရွက်မှုအသင့်အတင့်ရှိသော်လည်း
Credit Union ပုံသဏ္ဍန်ဘက် တိမ်းညွတ်မှု များကာ လူမှုရေးဝန်ဆောင်မှုပါဝင်သော Microfinance
လက္ခဏာ မတွေ့ရ သလောက်ဖြစ်ပါသည်။ ပိုလျှံအ ကျိုးအမြတ် အတွက် အဖွဲ့ဝင်ဆင်းရဲနီမ်းပါးသူများခံစားနိုင်ချေ
မရေရာမှုရှိနေပါသည်။ အစိုးရ(သို့) သမ၀ါ ယမအသင်းးအဆင့်ဆင့်မှ
စတင်
မတည်ငွေ အနည်ငယ်ဖြင့်ဖွဲ့စည်းထူထောင်ကာ တဖြည်ဖြည်ဆင်းရဲနွမ်းပါး
သူများ ကိုယ်တိုင် အစုရှယ်ယာထည့်ဝင်ပိုင်ခွင့်ဖြင့်ကြီးထွားလာသော
MFI or MFco-op များသည် တဖြည် ဖြည်ဖြင့််
ကိုယ်အားကိုယ်ကိုး လာနိုင်ကာ ဆင်းရဲသားများပိုင်းဆိုင်သောငွေကြေးအဖွဲ့အစည်းများအဖြစ်ရပ်
တည်လာခြင်းသည် အကောင်းဆုံးသောဆင်းရဲနွမ်းပါမှုလျှော့ချ
ရေးဖြစ်စဉ်ဖြစ်ပါလိမ့်မည်။
ဆင်းရဲနွမ်းပါမှုသည်လူ့အဖွဲ့အစည်းအတွင်းမညီ
မျှမှုနှင့်ကံကြမ္မာဆိုးများကြောင့် ကမ္ဘာလူသား
ထုအတွင်းကျရောက်နေသော
ရောဂါဆိုးကြီးဖြစ်ရာ လူသာများကိုယ်တိုင်မှ တာဝန်သိသိဖြင့်ညီညာ ညာ တိုက် ဖျက်ကြရန်တာဝန်ရှိနေပါသည်။
ကံကြမ္မာကောင်းနှင့် အကျိုးထူးခံစားနေကြသူများမှ စိတ်အားထက်
သန်စွာပါဝင်တိုက်ဖျက်လျှင်
လျှော့ကျ ပပျောက်သွားနိုင်သော
အရာလည်းဖြစ်သလို မည်သူမျှမျှော်ကိုးတမ်း
တနေစရာမလိုပဲ ဆင်ရနွမ်းပါသူများကိုယ်တိုင် ကိုယ့်အားကိုယ်
ကိုးစိတ်ဓါတ် ကိန်းဝပ်လာစေရေးအတွက် လူအဖွဲ့အစည်းအတွင်း ကောင်ကျိုး
ချမ်းသာကို ယူဆောင်ဖြန်ဝေ
ပေးလိုသူဦးဆောင် စေတနာရှင်ပုဂ္ဂိုလ်များ
ခေါင်ဆောင်များမှစနစ်တကျခေါ်ဆောင်ကြရန်တိုက်တွန်းရေးသားလိုက်ပါသည်။
လှမိုး
( အောင်နိုင်တိုး)
၆.၁၁.၁၃

No comments:
Post a Comment