“အကြွေး”ဟုသောဝေါဟာရသည် လူဘောင်အဖွဲ့အစည်းအတွင်အလွန်ကျိုးသက်ရောက်မှု
ကြီးမားလှသည်ကိုအမှုမဲ့နေခဲ့သော်လည်း“အကြွေးတင်ရှင်ဘုရင်ဆပ်လိမ့်မည်”“အကြွေးသာရမယ်ဆိုရင်
ဆင်တောင်သက်စေ့ယူမယ်”“ကြွေးယူပြံးပြံး..တောင်းလျှင်မုန်းမဆုံးသော်လည်းမိတ်ပျက်သည်”
“ကြွေးထူမပူ.သန်းထူးမယား”“ယနေ့အကြွေးမရောင်းပါ” စသည့် စကားအသုံးအနှုန်းများသည် အကြွှးနှင့်
ပါတ်သက်၍မြန်မာလူအဖွဲ့အစည်းအတွင်းစိတ်နေသဘောထားနှင့်ခံယူချက်တစ်ချို့ကို
လှစ်ဟဖေါ်ပြနေသ
လိုဖြစ်နေသည်ကိုတွေ့ရပေသည်။တဖက်မှလည်းအကြွေးကိုသံသရာအထိယူမသွားသင့်ကြောင်းနှင့်ဒီဘဝ
အကြွေးမကြေက နောင်ဘ၀တွင်
အကြွေးရှင်အိမ်၌ နွားဖြစ်၍အကြွေးဆပ်ရကြောင်းပုံပြင်လိုလို ဘာသာရေး အဆုံးအမ မျာကလည်းရှိနေပေသည်။မည်သို့ပင်ဆိုစေ
အကြွေးဆိုသည်မှာ လူတစ်ဦးယောက်(သို့) အဖွဲ့အစည်းတစ်ခုကအခြားတစ်ဦး(သို့)အဖွဲ့အစည်းတစ်ခုအားပေးရန်တာဝန်ဝတ္တရားရှိသည့်စုစုပေါင်းငွေ
ကြေး(သို့)ဥစ္စာပစ္စည်းပင်ဖြစ်သည်။ဤနေရာတွင်အကြွေးဟုသည်မှာပေးရန်တာဝန်ဝတ္တရားရှိသည့်အရာဟုဆိုသော်
လည်းငွေချေးခြင်း(အကြွေးပေးခြင်း)နှင့်အကြွေးတောင်းခြင်ကိစ္စများနှင့်ထိတွေ့မိသောအခါအကြွေး၏
သဘောသဘာဝများကိုအလေးထားမိတော့သည်။အကြွေးသည်နိုင်ငံအလိုက်၊အဖွဲ့အစည်းအလိုက်သော်၎င်းလူတစ်ဦးချင်
အလိုက်သော်၎င်းမကင်းသောအရာတစ်ခုဖြစ်ပြီးလူသားတို့၏စီးပွါးရေးလုပ်ဆောင်မှုများမှအရေးပါသော
လုပ်ဆောင်ချက်
တစ်ရပ်လည်းဖြစ်သည်။အကြွေးနှင်ပါတ်သက်၍လူမှုဘ၀များတိုးတက်မှုမျာ
ရှိသလိုအမှုအခင်းများ၊စီးပွါးရေးပျက်ရုံမကဘ၀ပျက်ရမှုများအချို့ဆိုလျှင်လူသေသည့်အထိရာဇ၀တ်ပြစ်မှုများပါကျုးလွန်
သည်အထိဆိုးကျိုးရောကောင်ကျိုးပါဖြစ်ပေါ်စေခဲ့သည်။နိုင်ငံနှင့်ချီ၍၄င်း
စီးပွါးရေးကော်ပိုရေးရှင်
များ ကုမ္မဏီများနှင့်သူဌေးသူကြွယ်များ၏အကြွေးကိစ္စသည်ကျယ်ပြန်လှသဖြင့်လက်လှမ်းမမှိလှသော်လည်း
အခြေခံလူတန်းစားများအကြားဖြစ်ပေါ်နေသည့်အကြွေးနှင့်ပါတ်သက်သောအမြင်များခံယူချက်များနှင့်လက်တွေ့ဖြစ်ပေါ်နေ
မှုများသည်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက်အရေးပါသောအရာတစ်ခုဟုမြင်မိပေသည်။
ဆင်းရဲနွမ်းပါမှုလျှော့ချရေး
ကမ္ဘာနိုင်ငံအသီးသီးတွင်ဆင်ရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ကြရာ၌
အသေးစားငွေကြေးဝန်
ဆောင်မှုလုပ်ငန်းများ၊အသေစားချေးငွေလုပ်ငန်းများသည်အခြားကဏ္ဍများထက်ပိုမိုတွင်ကျယ်လာခဲ့သည်။အချို့နိုင်ငံများ
တွင်အောင်မြင်မှုရရှိသလိုအချို့နိုင်ငံများတွင်လူမှုရေးဆိုးကျိုးအဖြစ်အကြွေးများအဆမတန်
တင်ရှိ ကြကာ စိတ်ဖိစီးမှုများကြုံတွေလျှက်
မိမိကိုယ်ကိုယ်အဆုံးစီရင်မှုများအထိဖြစ်ပေါ်ခဲ့သောသာဓကများ
လည်းရှိခဲ့ကြပေသည်။အထူသဖြင့်အိန္ဒိယနိုင်ငံ၌
credit union မြောက်များစွာက ချေးငွေများအပြိုင်အဆိုင် အလွယ်တစ်ကူထုတ်ပေးခြင်းမှချေးငွေထုတ်ပေးရာနေရာ၂နေရာ၃နေရာကချေးငွေများအမျိုးမျိုးထုတ်ယူကြ
ခြင်း ဖြင့်အကြွေးများများပြာစွာတင်ရှိကြပြီး
ချေးငွေပြန်ဆပ်ရန် လူမှုရေးဖိအားပေးမှုများအပါအ၀င် ခြိမ်းခြောက် အကျပ်ကိုင်မှုမျာကြောင့်
လူ့ဂုဏ်သိက္ခာထိခိုက်ကြရပြီး မမှန်မကန်ထွက်ပေါက်ရှာကြသော အကြွေး၏ဆိုကျိုးများဖြစ်ပေါ်ခဲ့ရပေသည်။မြန်မာနိုင်ငံ၌အသေးစားချေးငွေလုပ်ငန်းများ
၂၀၀ရခုနှစ်လောက်
ကစ၍တဖြည်ဖြည်လုထုအကြားတိုးဝင်လာရာမှ၂၀၁၁ခုနှစ်အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပေါ်
ပေါက်လာပြီးနောက်ပိုင်းတွင်
ကုမ္မဏီများ ၊အသင်းအဖွဲ့များ၊သမ၀ါယမများ၊အသင်းအဖွဲ့များ နှင့် NGOများ
INGOများကလည်းအရှိန်အဟုန်ဖြင့်အသေးစားချေးငွေများထုတ်ချေးလုပ်ဆောင်လာသလို
အချို့ကလည်း
လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။အသေးစာချေးငွေလုပ်ငန်းများ
မျာပြားလာခြင်မှာ ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးအတွက် ကောင်းမွန်သည်ဆိုသော်လည်း
နယ်မြေဒေသတစ်ခုအတွင်း အဖွဲ့အစည်းလေးငါးဖွဲ့မှ
ချေးငွေများထုတ်ချေးပေးနေခြင်းမှာ
လူတစ်ဦးအိမ်ထောင်စုတစ်စုကို ချေးငွေအမြောက်အများချေးပေးနေ
သည်နှင့်တူပြီးအကြွေးဝန်ပိစေသောအကြောင်းတစ်ရကိုဖြစ်ပေါ်စေပါသည်။အသေးစားချေးငွေတစ်ဖွဲ့မှငွေ
ထုတ်ချေးသူများမိသာစုဝင်များအခြားတစ်နေရာတွင်ချေးငွေထုတ်မချေးရန်ဆောင်ရွက်ရမည့်အလုပ်
ကလည်းပြောသလောက်မလွယ်ကူချေအိမ်ထောင်စုစာရင်းမှအစအထောက်အထားအခက်အခဲနှင့်အသေး
စားချေးငွေလုပ်ငန်းများအခြင်းခြင်းအပြန်အလှန်သတင်းဖလှယ်ချင်း၊အခြားရပ်ကွက်ကျေးရွာအဖွဲ့အစည်း
များမှပူးပေါင်းဆောင်ရွက်ခြင်းများမှာအခက်အခဲ့များဖြစ်လျှက်ပင်ရှိသည်။ချေးငွေလိုအပ်သူဆင်းရဲနွမ်းပါး
သူအများစုသည်ပြင်ပအတိုးထက်
နည်းပါနေသောချေးငွေများကိုလိုအပ်သည်ထက်ပိုမိုရယူလိုသောဆန္ဒ
မှာမြင့်မားနေလျှက်ရှိတတ်ပြီး
အချို့ပညာတတ်ငွေကြေးသုံးစွဲနိုင်သူများသည်လျှင်ပင်ဝင်ရောက်ချေးယူ
ရန်ကြိုးစားလျှက် တဆင့်ပြန်
ငွေတိုးချေးစားတတ်သည်အထိအဖြစ်များလည်းရှိပေသည်။
ချေးငွေဓလေ့
မြန်မာလူမျိုးအများစုသည်လုပ်ငန်းအရင်းအနှီးအတွက်ဘဏ်များနှင့်ဆက်သွယ်
ငွေအပ်ခြင်းငွေ
ချေးခြင်းအလေ့အထမှာ
၁၉၈၀ ပြည့်လွန်နှစ်များအထိ တိုင်ပြည်လူဦးရေ နှင့်စာလျှင်အလွန်နည်းပါးလှ
ပါသည်။ကျေးလက်နေတောသူတောင်သားများမှာ
စိုက်ပျိုးချေးငွေဆိုတာသာသိရှိပြီးဘဏ်ချေးငွေဟုနား
လည်ထားသူမှာအနည်းငယ်သာရှိပါသည်။အမှန်တစ်ကယ်စိုက်ပျိုးရေးအတွက်လိုအပ်သောငွေကြေးနှင့်
ကျန်မာရေးသာရေးနာရေး လူမှုရေးအတွက်ငွေကြေးလိုအပ်သောအခါ ကြေးရေတက်ငွေတိုးချေးစာသူများ
နှင့်စပါးပေးပေးသူများထံသို့သာသွားရောက်ချေးငှားကြသည်မှာအစဉ်အလာတစ်ခုလိုဖြစ်နေကြပေသည်။
မြို့ပြဆင်ချေးဖုန်းနေလက်လုပ်လက်စားနှင့်ခေါင်၇ွက်ဗျတ်ထိုးဈေးသည်များမှာ
ဘဏ်သည်သူတို့မဆိုင်သ
လောက်သဘောထားပြီးငွေကြေးချမ်းသားသူများနှင့်စက်ရုံပိုင်ရှင်များသာဝင်ထွက်ဆံရာနေရာလိုဖြစ်ခဲ့ကြရ
သည်။ခေတ်သစ်ဘဏ်စနစ်များပေါ်ပေါက်လာသော်လည်းငွေလွှဲငွေပို့နှင့်လုပ်ငန်ရှင်းကြီးများ၊အလတ်စား
ရောင်ဝယ်ဖေါက်ကားသူများသာအများဆုံးအသုံးပြုနိုင်သည်ကိုတွေ့မြင်နေရပေသည်။
ဤသို့သောငွေရေးကြေးရေးဘဏ္ဍာရေးအခင်းအကျင်းတွင်မြန်မာပြည်၏လူဦးရေ
ရ၅%ခန့်ရှိ
သောကျေးလက် နှင့်မြို့ပြဆင်ချေဖုးံနေတောင်သူလယ်သမားများနှင့်အသေးစားရောင်းဝယ်ဖေါက်ကားလက်
လီဆိုင်များ၊ အိမ်တွင်းတစ်နိုင်တစ်ပိုင်
မိသားစုများလုပ်ငန်းငယ်များသည် လုပ်ငန်းအရင်အနှီးလိုအပ်ငွေများ ဖြည့်ဆည်းနိုင်ရန်အတွက်
စီးပွါးရေးပညာကျောင်းတော်ကြီးများမှသင်ကြားမပေးသောနည်းမျိုးစုံကျင့်သုံး
သည့် ငွေချေးငှားချင်းအတိုးယူခြင်းစနစ်များဖြင့်လည်ပါတ်နေသောငွေကြေးဈေးကွက်ကြီးကိုသာအားကိုး
အားထားပြုလျှက် လူနေမှုဘ၀ကြီးကိုရှုံးကန်လှုပ်ရှားနေရတော့သည်။တောင်သူလယ်သမားများသည်
အစိုး ရအထာက်အကူပြုသည့်စိုက်ပျိုးစရိတ် အချနိန်မှိမရရှိသောအခါ၎င်း မလုံလာက်သာအခါ ၄င်း
ပြင်ပငွေတိုး ချေးသူမျာထံမှချေးယူခြင်း၊စပါးပေးပေးသူများထံသီးနှံကိုပေါက်ဈေးတ၀က်ဖြင့်ကြိုတင်ငွေကြေးရယူရခြင်း
များရှိလာပေသည်အခြားအိမ်သုံးစရိတ်ကျန်မာရေး၊ပညာရေးစရိတ်များအတွက်လိုအပ်သည့်အခါယင်းနည်းအတိုင်ပင်ဖြေ
ရှင်းနေကြသည်မှာအစဉ်အလာလိုဖြစ်နေခဲ့သည်။မြိုပေါ်နေလက်လုပ်လက်စားများနှင့်
အခြေခံ
လူတန်းစားများသည်အရင်းအနှီးဖြစ်စေ၊လူနေမှုအသုံးစရိတ်များအတွက်လိုအပ်ငွေများကို
ပြင်ပငွေတိုးချေး သူများထံမှသာအဓိကချေးယူကြခဲ့ရပါသည်။ ၂၀၀ရ နောက်ပိုင်းမှသာ သမ၀ါယမအသေးစားချေးငွေလုပ်
ငန်းမျာမှအသင့်အတင့်ချေးယူရရှိခဲ့လာသည်ကိုတွေ့ရပါသည်။တောင်သူလယ်သမားများနှင်းအခြေခံဆင်းရဲနွမ်းပါးသူများသည်
တစ်နည်းမဟုတ်တစ်နည်းချေးငွေများကိုအဆင်ပြေရာနေရာများမှယူကြပြီး အကြွးသည်
ဖွါးဖက်တော်အလားသံသရာလည်၍နေကြရပေသည်။ အတိုးနှုန်းများကိုလည်းနည်းများသည်ကိုရွေးချယ်
ရွေးချယ်နိုင်စွမ်းရွေးနိုင်ခြင်းမရှိတော့ဘဲငွေကြေးလိုအပ်ချက်ကိုပြေလည်ရေးသာအဓိကအဖြစ်ချေးငွေများရရှိ
ရေး ကိုသာ ချဉ်ကပ်ချေးငှားကြလေသည်။ချေးယူငွေ
တစ်နည်းအားဖြင့်အကြွေးသည် ချေးယူသူများ
က အခြားတစ်စုံတစ်ဦး(သို့)တစ်ဖွဲ့သို့ပေရန်ဝတ္တရားရှိသည့်ငွေကြေး(သို့)ပစ္စည်းဥစ္စာများဖြစ်ရကာအတိုးနှင့်
အရင်း ပေါင်းပေးဆပ်ရမည်တာဝန်များကို
တောင်သူလယ်သမားအနေဖြင့်ရာသီဥတုဖေါက်ပြန်သောအခါ ၊သီးနှံများပျက်စီးသောအခါ၊ဈေးနှုန်းများကျဆင်းသောအခါ၊လက်လုပ်လက်စားဈေးရောင်းဈေးဝယ်လုပ်ငန်းသမားများ
အနေဖြင့်လည်းလုပ်ငန်းအဆင်မပြေဖြစ်သောအခါမျိုးတွင်အကြွေးဆပ်ရန်အခက်အခဲဖြစ်ကြကာ
အကြွေး၏ဖိစီးမှုကိုခံစားရလေ့ရှိပေသည်။
အကြွေးအပေါ်သဘောထား
တောင်သူလယ်သမားများနှင့်ဆင်ရဲနွမ်းပါးသူလက်လုပ်လက်စားများမှာ
၎င်းတို့အပေါ်တင်ရှိနေ
သည့်အကြွေးများအတွက်ပေးဆပ်ရမည့်တာဝန်များကိုအများအားဖြင့်ကျေပြွန်စွာထမ်းဆောင်လေ့ရှိသည်
သို့သော် အထက်ကဆိုခဲ့သလို စီးပွးရေးလုပ်ငန်များအဆင်မပြေသည့်အခါနှင့် စားဝတ်နေရေးအတွက်
အကျပ် အတည်းကြုံတွေလာရပါက အကြွေးများအကြေအလည်းပေးဆပ်ရန်မစွမ်ဆောင်နှိင်တော့သည်ကို တွေ့ရပေသည်။ခေတ်အဆက်ဆက်
အကြွေးများနှင့်လည်ပါတ်နေရသူများသည် ပုဂ္ဂလိများထံမှအတိုးနှုန်း အဆမတန်းပေးချေးငှားကာအစိုးရနှင့်အဖွဲ့အစည်းများ၏ချေးငွေအားပေးဆပ်၊
တဖန်အစိုးရနှင့်အဖွဲ့အစည်း
များထံမှချေးငွေများရယူပုဂ္ဂလိကအကြွေးများကိုပေးဆပ်စသည့်အကြွေးသံသရာလည်နေသည်မှာ
နှစ်ပေါင်း များစွာကပင်ဖြစ်ပေါ်နေခဲ့သည်။စီးပွါးရေးအရပုံမှန် လည်ပါတ်နေချိန်တွင်အခက်အခဲမရှိလှသော်လည်း
အ ခြေအနေ အကြောင်းတစ်ရပ်( ရာသီတုဥဖါက်ပြန်ခြင်း၊လုပ်ငန်းများဈေးကွက်ပျက်ခြင်း)ပေါ်ပေါက်လာပါက
အကြွေးနှင့်အတိုးသည် ၀န်ထုတ်ဝန်ပိုကြီးဖြစ်လာကာဒုက္ခများနှင့်ရင်ဆိုင်ကြရပေသည်။မြန်မာပြည်၏
ဘဏ်စနစ်အရ ယခင်က နှစ်ခြင်းဆပ်ချေးငွေများသာ များခဲ့သဖြင့်ဘဏ်ချေးငွေရရှိသူများသည် တစ်နှစ်ပြည့်သည်အခါ
အတိုးအရင်းပြန်လည်ပေးဆပ်ရသဖြင့် အချို့သည်ချးငွေများပြန်လည်ပေးဆပ်ရန် လိုအပ်ငွေ တစ်စိတ်တပိုင်းအားပြင်းပငွေကြေးဈေးကွက်မှ
မြင့်မားသောအတိုးနှုန်းဖြင့် ရှာဖွေပေးဆပ်ကြရ သည်များကိုလည်းကြားသိနေခဲ့ပါသည်။တဖန်ငွေစုငွေချေးအဖွဲများတွင်လည်းမှုလချေးငွေအရင်းပေးဆပ်ရန်ကျန်ရှိနေသောကြွေးကျန်အစိတ်အပိုင်းအားပြန်လည်ပေးဆပ်ရန်
ခက်ခဲလာသည့်အခါ နောက်ထပ်ချေးငွေ အသစ်ကို ရယူ၍ ယခင်ကြွေးအားခုနှိမ်ပးချေးကြသည်ကိုတွေ့ရပြီး(ဖြတ်ဆပ် စနစ်)အကြွေးပမာဏတိုးတိုး
လာကြ
သည်မှာလူနေမှုဘ၀ဖွံဖြိုးလာသည်ဟုသုံးသပ်ရန်ခက်ခဲလှပေသည်။အကြွေးသည်စာသုံးမှုတိုးတက်
လာစေပြီးထိုမှတစ်ဆင့်ထုတ်လုပ်မှုများကိုတိုးမြှင့်စေလျှက်စီးပွါးရေးဖွံဖြိုးမှုအတွက်တွန်းအားတစ်ရပ်ဖြစ်စေ
သည်မှာမှန်သော်လည်းထုတ်လုပ်မှုတိုးတက်လာခြင်းသည်မျှော်မှန်းထားသလောက် မတိုးတက်ခဲ့ပါက အ ကြွေးသည်လူမှုရေးအနုတ်လက္ခဏာအဖြစ်အန္တရာယ်တစ်ရပ်ဖြစ်လာတတ်သည်ကို
သတိပြုကြရပေမည်။ ယခုအခါတွင်ဘဏ်များ၊အသေးစားငွေရေးကြေးရေးအဖွဲ့အစည်များ၊ကုမ္မဏီများ၊သမ၀ါယမအသင်းများ
INGO NGO များသည် အသေးစားချေးငွေလုပ်ငန်းများသဘောလုပ်ဆောင်နေကြသည်မျာကျယ်ကျယ်ပြန့်
ပြန့်တွေ့လာရပြီးအခြေခံလူတန်းစားများအနေဖြင့်ချေးငွေများရယူရန်အတွက်
ယခင်ကာလများထက်လွယ်
ကူလာကြရာကုန်ထုတ်လုပ်ငန်းနှင့်ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းတွင်အသုံးပြုခြင်းဖြင့်မိသားစုဝင်ငွေတိုး
ပွါးရေးဆောင်ရွက်မည်ဆိုပါကကောင်းမွန်လှသော်လည်း
တစ်နေရာမှအကြွေးကိုတစ်နေရာမှချေးငွေဖြင့်
ပြန်လည်ပေးဆပ်နေကြသည်ဆိုပါလျှင်အကြွေးသံသရာစက်ဝိုင်းသည်ကြီးသထက်ကြီးလာကာနောင်တစ်
ချိန်တွင်အခြေခံလူတန်းစားများအကြားကြွေးပြဿနာတစ်ရပ်သည်လူမှုရေး
နိုင်ငံရေးသဘောသက်ရောက်
လာနိုင်သည်ကိုဆင်ခြင်ကြရန်လိုအပ်ပါသည်။နယ်မြေတစ်ခုအတွင်း
ဘဏ္ဍာရေးငွေရေးကြေးရေးနှင့်သက်
ဆိုသော ချေးငွေထုတ်ပေးရာအဖွဲ့အစည်းများအနေဖြင့်
တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညှိ့နိုင်းခြင်း သတင်းဖလှယ်ခြင်း အပြန်အလှန်းစည်းကမ်းစောင့်ထိမ်းမပြုကြဘဲအဖွဲ့ပေါင်းစုံကအကျိုးအမြတ်တစ်ခုတည်းအတွက်(
အတိုးရ
ငွေ) ဆောင်ရွက်နေကြမည်ဆိုလျှင်
ဆင်းရဲနွမ်းပါး၍ ငွေရေးကြေးရေးအသိပညာဗဟုသုတ အားနည်းလျှက် ရှိသော အခြေခံလူတန်းစားများသည်
ရသလောက်ချေးငှားကာအကြွေးများပိလျှက် အကြွေးတင်ရှင်ဘုရင်
ဆပ်လိမ့်မည်ဆိုသော တစ်လွဲအယူအဆများပေါ်ပေါက်လာပြီးမထူးဇတ်ခင်းကြမည်ကို
အလေးထားကြဖို့လို
ပေမည်။စိုးရိမ်စိတ်ကြီး၍ရေးသားနေသည်ဟုမထင်စေလိုပါလက်တွေ့ငွေရေးကြေးရေးကဏ္ဍတွင်အခြေခံ
လူတန်းစားမျာအတွင်းဖြစ်ပေါ်နေသော
ငွေရေးကြေးရေးလုပ်ဆောင်ချက်များတွင် တရားဝင်ချေးငွေအဖွဲ့အ
စည်းများအပြင် တရားမ၀င်ငွေချေးငှားမှုပုံသဏ္ဍန်များနှင့်အရပ်ဖက်တူရာတူရာများစုဆောင်းလုပ်ဆောင်နေ
သော သူတို့အခေါ်မဲစနစ်ငွေစုထည့်မဲနှိက်ယူအစီအစဉ်များကလည်း
ဝင်ငွေနှင့် ပိုင်ဆိုင်အရင်းအနှီးပမာဏ အပေါ် စနစ်တစ်ကျအခြေခံခြင်းမရှိဘဲ အလွန်အမင်းစုဆောင်းချေးငှား
မှုများ၏ပမာဏသည် စနစ်တစ်ကျ ချေးငှားလုပ်ကိုင်းပေးသည် အသေးစာချေးငွေလုပ်ငန်းပမာဏထက်အဆများစွာပိုမိုသည်ဟုခန့်မှန်းရပါ
သည်။ ချေးငွေအချိန်မှန်ပေးသွင်းရန်ပျက်ကွက်သူအများစုသည်
ချေးငွေတစ်နေရာထက်မက ရယူထားကြ သူများနှင့် ဈေးအတွင်းအရပ်အတွင်းလုပ်ငန်းခါင်များအတွင်းရှိ
စုမဲစနစ်များနှင့်ပါတ်သက်နေသူများဖြစ်
ကြောင်းလေ့လာတွေရှိပြီးဖြစ်ပေသည်။
လူသားတစ်ဦးဖြစ်ပေါ်လာပြီးနောက်
လူမှုတာဝန်ဝတ္တရားများကိုထမ်းဆောင်ရချိန်တွင် အကြွေးဆိုသော အရာမှာရှောင်လွှဲမရ တနည်းမဟုတ်တစ်နည်းပါတ်သက်လာရပေသည်။အကြွေးသည်လူ
မှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်မရှိမဖြစ်လိုအပ်သောအရာလည်းဖြစ်သည်။စနစ်စကျ ကိုင်တွယ်အသုံးပြုနိုင်
ပါက လူတစ်ဦး၊အဖွဲ့အစည်းတစ်ရပ်၊နိုင် ငံတစ်နိုင်ငံမှုလရှိရင်းစွဲစွမ်းဆောင်ရည်ထက်များစွာသာလွန်သော
စွမ်းရည်ကိုအချိန်တိုးအတွင်းရရှိနိုင်သည့်တန်ခိုးသတ္တိ အရည်းအသွေးရှိ သောအရာဖြစ်သလို
လွှဲမှားစွာ အသုံးပြုမိခြင်း၊ မိမိခွန်အားစွမ်းအားနှင့်ချင့်ချိန်အသုံးမပြုခြင်း၊ မှန်မှန်ကန်ကန်စီမံခန့်ခွဲနိုင်ခြင်းမရှိခြင်းနှင့်
မမျှော်မှန်နိုင်သောအဖြစ်အပျက်အပျက်များအတွက်ကြိုတင်အကာကွယ်မရှိ ဆောင်ရွက်ခဲ့မည်ဆိုပါ
က လူမဘ၀ဖွံဖြိုးမှုကိုကြီးမားသောအဟန်အတားဖြစ်စေသလို လူတစ်ဦးခြင်းအရလည်း ပြင်းထမ်းသောစိတ်ဖိ
စီးမှုနှင့် စိတ်ဓါတ်ပျက်ပြားစေခြင်း စာရိတ္တပျက်ပြားစေခြင်းများအပြင် မိသားစုလူမှုဘ၀များပျက်စီးစေပြီး
လွဲမှားသောထွက်ပေါက်များကို ဆင်ခြင်ဥာဏ်မဲ့ပြုလုပ်တတ်သည်အထိ အဖျက်စွမ်းအားကြီးမားကြောင်းကို
ငွေရေးကြေးရေးလုပ်ငန်းများဖြစ်သည့်အသေးစားချေးငွေလုပ်ငန်များကို
တာဝန်ခံ ဆောင်ရွက်အကောင်အ
ထည်ဖေါ်နေကြသူများနေဖြင့် အကြွေးစီခန့်ခွဲခြင်း(Debt Mangment)ကို အလေးထား ဆောင်ရွက်သင့်
ကြောင်းရေးသာလိုက်ရပါသည်။
No comments:
Post a Comment