Saturday, June 8, 2013

သမ၀ါယမဆိုတာ




             သမါယမဆိုသောဝေါဟာရသည်မစိမ်းလှပါ ငယ်စဉ်မှာနေစဉ်ကရွာလူကြီးများသည်ေ၇ွှဝါဆပ်ပြာ၊
သပြေညိုဆပ်ပြာ၊စီပီယာအထည်စ၊ပုဆိုး၊သွားတိုက်ဆေး၊ဒူယားစီကရက်၊ပက်ဆိုးဒင့်သွားတိုက်ဆေး စသည့် လူသုံးကုန်ပစ္စည်းများကိုမဲဖေါက်ကာ မိမိတို့အိမ်ရှေ့ကွက်လပ်တွင်ရောင်းချပေးနေသည်ကစ၍ ရင်းနီးလာခဲ့ရာသမ၀ါယမများသည်ကျေးလက်နေပြည်သူတွေ၏အားထားရာနေရာတစ်ခုဖြစ်ခဲ့သည်ဟုမှတ်သားမိသော်လည်း
၁၉၈၀မှ၂၀၀၄ခုနှစ်လောက်အထိကာလတွင်သမ၀ါယမဆိုသည်မှာသာမာန် ပြည်သူများအရပ်သူအရပ်သာများကြားတွင်တဖြည်းဖြည်း ကင်းကွာလာသလောက်ဖြစ်ခဲ့ကာ ၁၉၀၅ ခုနှစ်တွင်မြန်မာပြည်၌သမ၀ါယမလုပ်ငန်းစတင်လုပ်ဆောင်နေပြီဟုဆိုသည်ကိုအသက်၅၀အရွယ်ရောက်မှသာသိခဲ့ရသည်
ဒါတောင်မှသမ၀ါယမလှုပ်ရှားမှုကိုထဲထဲဝင်ဝင်၅နှစ်ခန့်ပါဝင်လာသူတစ်ယောက်အဖြစ်ပါဝင်ခဲ့၍သာဖြစ်သည်။သမ၀ါယမဆိုတာဘာလဲ?
ဘယ်လိုစနစ်လဲ?ဘယ်လိုလှုပ်ရှားဆောင်ရွက်သလဲ?ဘယ်လို
ရည်ရွယ်ချက်များရှိသလဲ?ဆိုသည်ကိုပြည်သူအများအထူသဖြင့်အခြေခံအရပ်သူအရပ်သားများသိရှိရန်ပိုမိုလိုအပ်သည်ဟုယူဆပါသည်။

သမ၀ါယမဆိုတာဘယ်ကစ
              သမ၀ါယမ သည် ပါဌိသက်စကားမွေးစားဝေါဟာရဖြစ်ပြီး (သမ )မျှတခြင်းနှင့် (၀ါယမ) လုံလစိုက်ထုတ်ခြင်းဆိုသောအဓိပ္မါယ်ရကာ အင်္ဂလိပ်ဟောဟာရ Co-operative ကိုမြန်မာမှုပြုထားခြင်း
ဖြစ်သည်။ Oxford Dictionary မှာတော့ a farm, business, or other organization which is
owned and run jointly by its members, who share the profits or benefits. အမြတ်နှင့်
အကျိုးရလဒ်များကိုမျှဝေပါဝင်ခံစားသောအဖွဲ့ဝင်များကိုယ်တိုင်ပိုင်ဆိုင်လုပ်ကိုင်သည့်လုပ်ငန်း၊စီးပွါးရေးအဖွဲ့အစည်းတစ်ခုဟုဖွင့်ဆိုထားပါသည်။
၁၉ရာစုတွင် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့တွင်သမ၀ါယမ
လှုပ်ရှားမှုများစတင်ခဲ့သည် ၁၄၉၈ ခှုနှစ်တွင်ကမ္ဘာ့ပထမဦးဆုံး သမ၀ါယမအသင်းမျာအဖြစ် ဆိပ်ကမ်းလုပ်သားများအသင်း The Shore poters Society ကိုဖွဲစည်းနိုင်ခဲ့သည်။စက်မှုတော်
လှန်ရေးကြောင့်စက်ရိယာများဖွံဖြိုးတိုးတက်လာခြင်းသည်များစွာသောအလုပ်သမားများ၏လူမှုနေဘ၀နှင့်စီးပွါးရေးကိုအပြောင်းအလဲဖြစ်ပေါ်စေ
ရာမှအခြေအနေနှင့်အညီသမ၀ါယမလှုပ်ရှားမှုများ
ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။အထောက်အထားများအရပထမဆုံးစားသုံးသူသမ၀ါမအသင်းကိုလက်ယက်ထည်များထုတ်လုပ်သူများက ၁၇၆၉ ခုနှစ်တွင်Fenwick,Weavers’ Societyကိုထူ
ထောင်နှိင်ခဲ့သည်။နောက်ပိုင်းဆယ်စုနှစ်ကာလအတွင်းသမ၀ါယမအသင်းမျာစွာပေါ်ထွက်လာခဲ့ပြီး
၁၈၄၄ ခုနှစ်အရောက်တွင် Rochdale Society of Equitable Pioneers အသင်းမျာကို Rochdale principles ရော့ကဒေးလ် အခြေခံမှုများချမှတ်ကာ ခေတ်မှိစနစ်များဖြင့်ထူထောင်နိုင်ခဲ့ပေသည်။
သတိပြုရမည်မှာ သမ၀ါမဆိုသည့်လုပ်ငန်းစတင်ပေါ်ပေါက်လာခဲ့သည်မှစ၍ နှစ်ပေါင်း ၃၅၀ နီးပါးကာလရောက်ရှိမှသာ စနစ်တစ်ကျ စည်းမျဉ်းစည်းကမ်းများဖြင့်လုပ်ကိုင်သောအဖွဲ့အစည်းများ အဖြစ်ပေါ်ထွက်လာသည်ကို တွေ့ကြရမည်ဖြစ်သည်။၁၉ရာစုအလယ် ၁၈၅၂ခုနှစ်တွင် ဂျာမနီနိုင်ငံမြို့
ပြဒေသ၌Franz Hermann Schulze-Delitzsch (1852, urban) က ငွေစုငွေချေးအဖွဲ့များ(Credit Unions)ကိုတည်ထောင်ခဲ့ပြီး ၁၈၆၂ ခုနှစ်တွင်  Friedrich Wilhelm Raiffeisen (1864, rural)က ကျေးလက်ဒေသများအထိပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခဲ့သည်။


အလားတူဗြိတိန်တွင်  friendly society, building society, and mutual savings bank များကို လည်းထူထောင်လာခဲ့ကြပေသည်။Robert Owen (1771–1858)နှင့် Dr William King (1786–1865) တို့သမ၀ါယမအတွေးအခေါ်များကိုပိုမိုပြည့်စုံစွာဖေါ်ဆောင်၍တိုးတက်လာစေသည်မှာထင်
ရှားကြပါသည်။မြန်မာနိုင်ငံတွင်လည်း ၁၉၀၅ ခုနှစ်လောက်ကပင်မြင်းမှု ငွေစုငွေချေးသမ၀ါယမအ
သင်းကိုစတင်ထူထောင်လုပ်ကိုင်ခဲ့သော်လည်းသမ၀ါယမသဘောကိုနားလည်သိရှိသူမှာနည်းပါလှ
ကြောင်းသတိထားမိပါသည်။ နိုင်ငံတကာသမားဝါယမအဖွဲ့အစည်း ICA အနေဖြင့်သမ၀ါယမ ကို
အဓိပ္မါယ်ဖွင့်ဆိုရာ၌ A co-operative is an autonomous association of persons united voluntarily to meet their common economic, social, and cultural needs and aspirations through a jointly-owned and democratically-controlled enterprise. သမ၀ါယမအသင်းတစ်သင်းဆိုသည်မှာ
စီးပွါးရေး၊ လူမှုရေး ယဉ်ကျေးမှုအရအကျိုးစီးပွါးခြင်တူရာဆန္ဒတူရာ လိုအပ်ချက်များအတွက် စုပေါင်းပိုင်ဆိုင်
၍ဆန္ဒအလျှောက်ပါဝင်သူများကအများဆုံးဖြတ်ချက်အရ(ဒီမိုကရက်တစ်နည်းလမ်းအရ)တည်ထောင်သည့်
ကိုယ်ကြမ္မာကိုယ်ဖန်တည်းပိုင်ခွင့်ရှိသည့်စီးပွါးရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သည်ဟုဖွင့်ဆိုထားပါသည်။
ILO အနေဖြင့်အသင်းအဖွဲ့တစ်ခု၊အဖွဲအစည်းတစ်ခုအားထောက်ခံချက်များနှင့်အကြံချက်များပြုမှုပြုရာ၌
မှတ်ကျောက်အဖြစ်“an association of persons who have voluntarily joined together to achieve a common end through the formation of a democratically controlled organization, making equitable contributions to the capital required and accepting a fair share of the risks and benefits of the undertaking in which the members actively participate”. ဒိမိုကရက်တစ်နည်အရ
လုံးဝထိမ်းကြောင်းသောဘုံအကျိုးစီးပွါးကိုအောင်မြင်စေရန်အတူတကွဆန္ဒအလျှောက်ပါဝင်သူများ၏
အဖွဲ့အစည်းတစ်ခုသည်အရင်းအနှီး၊အကျိုးအမြတ်နှင့်စရိတ်များအားမျှတစွာပါဝင်စေရန်၊နှင့်ခံစားခွင့်ရရှိစေရန်အတွက်
အဖွဲ့ဝင်များတက်ကြွစွာပါဝင်လာရန်လုပ်ဆောင်ခြင်းဟုသောအချက်များဖြင့်မှတ်ကျောက်တင်လေ့ရှိပါသည်။
(International Labour Organisation (1966). Recommendation No. 127. Recommendation Concerning the Role of Cooperatives in the Economic and Social Development of Developing Countries. ILO, Geneva.)

သမ၀ါယမဆိုတာဘာလဲ?
                      လူတော်တော်များများကမေးကြသလိုတစ်ချို့ကတော့မမေးသော်လည်းသိရှိလိုပုံ
တော့ရသည်။သမ၀ါယမသည်နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သလို အစိုးရအဖွဲ့အစည်းလည်းမဟုတ်
ပေ လူမှုရေးအဖွဲ့အစည်းဟု၍လည်းပြောမဖြစ်ပြန် အမှန်တကယ် သမ၀ါယမအဖွဲ့အစည်းဆိုသည် မှာ လူမှုစီးပွါးရေးအဖွဲ့အစည်း(socio-economics organization)သက်သက်သာဖြစ်ပြီးဆန္ဒတူ
အကျိုးစီးပွါးတူရာလူများအချိုးကျအရင်းအနှီးထည့်ဝင်လျှက်စီးပွါးရေးအပါအ၀င်မိမိတို့လူမှုဘ၀တွင်လိုအပ်ချက်
များအားစုပေါင်းလုပ်ဆောင်ဖြည့်ဆည်းနေသည့်အဖွဲ့အစည်းများသာဖြစ်ပါသည်။ယင်းသို့လုပ်ဆောင်ရာ၌အများ
ဆန္ဒသဘောထားမျာအရထိမ်းကြောင်းလုပ်ဆောင်နေသည့်ဒီမိုကရေစီအဖွဲ့အစည်းဟုပင်ပြောလို့ရပေသည်။
ဒီမိုကရက်တစ်နည်းအရထိမ်ကြောင်းခြင်းစနစ်သည်သမ၀ါယမ၏အဓိကအနှစ်သာရတစ်ခုဖြစ်ပေသည်။ သို့သော်လည်းနိုင်ငံရေးရာသီဥတုအမျိုးမျိုးကိုဖြတ်ကျော်ခဲ့ ရသောမြန်မာနိုင်ငံအနေဖြင့်ပြည်သူများအကြားဒီမိုကရေစီအလေ့အကျင့်နဲခဲ့သလိုအသိပညာအားနည်းခဲ့ရ
ပြီးသမ၀ါယမအခန့်းဏ္ဍအနေဖြင့် လည်း အတိတ်ကာလက လူထုအကြား ၌အုပ်ချုပ်သူအစိုးရများ၏
သဘောကျစီမံခန့်ခွဲသော အလုပ်ဟုသာထင်မြင်ခဲ့ကြပြီးတက်ကြွစွာပူးပေါင်းပါဝင်မှုအားနည်းခဲ့ရပေသည်။
ကိုယ်တိုင်ပါဝင်၍ ကိုယ်တိုင်စီမံခန့်ခွဲမှုများအပေါ် အုပ်ချုပ်သူများ၏အဆုံးအဖြတ်သာအဓိကကြခဲ့ရကာ (autonomy and Independence organization)ကိုယ့်ကြမ္မာကိုယ်ဖန်တီးနှိင်ခွင့်နှင့်လွတ်လပ်သော
အဖွဲ့အစည်းများ၏မှုဘောင်ပျောက်ကွယ်ကာမိမိအဖွဲ့ဝင်များ၏ပကတိအကျိုးကိုဖေါ်ဆောင်ပေးနိုင်မှုသည်
လက်တွေ့ဘ၀နှင့်ကင်းကွာခဲ့ရသဖြင့်ပြည်သူများအားထားမှုလျှော့ကျခဲ့ရပေသည်။ယခုအခါတွင်သမ၀ါယမများ ရှင်သန်ဖွံဖြိုးရေးအတွက်ခေတ်နှင့်အညီပြောင်းလည်းလုပ်ဆောင်ရန်ကျိုးပမ်းမှုများအများအပြားတွေ့မြင့်
လာရသည့်အတွက်အားရမိပါသည်။ဖွဲ့စည်းဖြစ်ပေါ်ရေးနှင့်တပြိုင်းနက်ပြည်သူများအကြားသမ၀ါယမအသိ
ပညာပြန့်ပွါးရေးသည် အရေးကြီးသောအရာတစ်ခုအဖြစ်မဖြစ်မနေလုပ်ဆောင်ကြမှာသာ ပြည်သူများ၏မှန်
ကန်သောပူးပေါင်ဆောင်ရွက်မှုကိုရရှိ၍ရေရှည်တည်တန့်ရန်အတွက်အထောက်အကူများစွာဖြစ်ပေမည်။သမ၀ါယမအသင်းများသည် အသင်းသူအသင်းသားများ၏နေ့စဉ် စားဝတ်နေရေးလိုအပ်ချက်များအပြင်
ကျန်မာရေး၊ပညာရေး၊လူမှုရေးလိုအပ်ချက်များသက်ကြီးရွယ်အိုများအိုမင်းမစွမ်းဖြစ်ပေါ်သည့်အထိအ
ထောက်အကူပြုနိုင်ရေးအတွက် လူမှုဖူလုံရေးနှင့်အာမခံစနစ်များဖြင့်ပါ လုပ်ဆောင်ပေးနေသည်မှာ နိုင်ငံတကာရှိသမ၀ါယမအဖွဲ့ အစည်းများတွင်တွေ့မြင်နေရပေသည်။သမ၀ါမအဖွဲ့အစည်းများသည် စီးပွါရေးကိုအခြေခံသောလူမှုရေးအဖွဲ့ပဲဆိုဆိုလူမှုရေးကိုအခြေခံသောစီးပွါးရေးအဖွဲ့အစည်းဆိုဆို စီးပွါးရေးနှင့်လူမှုရေးတွဲစပ်နေသောဝိသေသလဏ္ခာရှိသည့်သီးခြားအဖွဲ့အစည်းပင်ဖြစ်သည်။သမ၀ါယမအဖွဲ့အစည်သည်ဘာသာလူမျိုးကျား မ ခွဲခြားမှုမရှိဘဲမည်သူမဆိုဆန္ဒအလျှောက်ပါဝင်ခွင့်ရှိသည့်အဖွဲ့အစည်း
(voluntary and open membershiporganization)အဖွဲ့အစည်းဖြစ်သည်။အဖွဲ့ဝင်များကထိမ်ကြောင်း
ဆောင်ရွက်သော(democratic member control organization)ဖြစ်ပြီးလုပ်ငန်းလုပ်ဆောင်ရန်အတွက်
အဖွဲ့ဝင်များအချိုးကျ မတည်အရင်းအနှီး ထည်ဝင်၍ အချိုးကျအကျိုးခံစားခွင့်(member economic participation organization)ရှိသည့်အဖွဲ့အစည်းဖြစ်ပေသည်။
 
အတိတ်အခြေအနေ
                ၁၉၀၅ ခုနှစ် မြင်းမှုငွေစုငွေချေးသမ၀ါယမအသင်းမှစတင်၍ မြန်မာ့မြေပေါ်၌သမ၀ါယမလုပ်
ငန်းများတဖြည်ဖြည်ပေါ်လာ ကာ တောင်သူလယ်သမားများနှင့်မြန်မာအမျိုးသားကုန်ရောင်းကုန်ဝယ်လုပ်
သူများအကျိုးဖြစ်ထွန်းလာခဲ့ပြီး ငွေစုငွေချေးသမ၀ါမအသင်းများလည်းတိုးပွါးလာခဲ့သည်။၁၉၆၂ခုနှစ်တွင်
ပြည်သူဆိုင်များ(ပပက)ဆိုင်များပေါ်ပေါက်လာခဲ့ရာမှတဖြည်ဖြည်သမ၀ါယမအသင်းဆိုင်းလုပ်ငန်းများလည်း
နှိင်ငံနေရာအနှံပေါ်ထွန်လာခဲ့ပြီးဆိုရှယ်လစ်စီးပွါးရေး၏ဒုတိယမဏ္ဍိုန်အဖြစ်သမ၀ါယမကဏ္ဍသည်အရှိန်
အ၀ါကောင်းခဲ့သည်။လူနှင့်စနစ်၏အမှားများကြောင့် သာတူညီမျှခြင်း သဘောကင်းကွာလာပြီး အတ္တတရား ဘက်လိုက်မှုနှင့် ကိုယ်ကျိုးရှားသူလူတစ်စု၏အသုံးချရာနေရာအဖြစ်သို့ ရောက်မှန်မသိရောက်လာရာမှ
အသင်းသားများ ပြည်သူများ၏ ယုံကြည်မှုကင်းကွာလာရာ ၁၉၈၈ အထွေထွေမကျေနပ်မှုအရေးအခင်း
များကြောင့်၎င်း၊ဈေးကွက်စီးပွါးရေးစနစ်အရအထူးအခွင့်အရေးပေးစီးပွါးရေးအထောက်အကူပြု့များမရှိတော့၍၄င်း တဖြည်းဖြည်းဖြင့် သမ၀ါယမလှုပ်ရှာမှုများ အကျိုးစီးပွါးများမှာ တပြည်လုံးအတိုင်းအတာနှင့်ကြည်ပါ
ကလျှော့ကျခဲ့ရပြီး အခြေခံသမ၀ါယမအသင်းအများစုသည် အမည်ခံသာရှိတော့သောအခြေအနေသို့
ရောက်ရှိခဲ့ရသည်။
 
 
 
ယနေ့သမ၀ါယမ
                သမ၀ါယမဏ္ဍ မှေးမှိန်လာမှုအပေါ် သမ၀ါယမ၀န်ကြီးဌာနနှင့် ဗဟိုသမ၀ါယမ အသင်းတို့
သည်သမ၀ါယမလုပ်ငန်းများရှင်သန်တိုးတက်ရေးအတွက်အစဉ်ကျိုးစားဆောင်ရွက်နေသောလုပ်ငန်းစဉ်
တစ်ခုအဖြစ် ဆင်းရဲသားအခြေခံလူတန်းစားများအရင်းနှီးငွေကြေးအနည်ငယ်ဖြင့် ဘ၀ရပ်တည်၍မိသားစု
ဝင်ငွေတိုးပွါးသော အလုပ်အကိုင်များလုပ်ဆောင်နိုင်ရေးအတွက်အသေးစားချေးငွေလုပ်ငန်း(Microfinance
Institution)များကို ၂၀၀ရခုနှစ်မှစတင်၍ ကျေးလက်နှင့်မြို့ပြဆင်ချေဖုံးဒေသများတွင် လုပ်ကိုင်လာခဲ့ရာ လုပ်ငန်းအောင်မြင်၍အတွေ့အကြုံ ၂နှစ်ရှိသော ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သောအဖွဲ့များအား
အသေးစားချေးငွေလုပ်ငန်းသမ၀ါယမအသင်းများအဖြစ်ဖွဲ့စည်းခဲ့ပြီးလုပ်ငန်းဆက်လက်ဆောင်ရွက်စေရာ အခြေခံလူတန်းစားလက်လုပ်လက်စားများနှင့်တစ်ပိုင်တနိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူများ
မှာလက်တွေ့အကျိုးခံစားနေရပြီဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲမှပေါ်ပေါက်လာသော နိုင်ငံတော်
အစိုးရသစ်၏နိုင်ငံတော်သမ္မတကြီးမှလည်းဆင်းရဲနွမ်းပါးမှုလျှောချရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးအတွက် မှုဝါဒများချမှတ်လုပ်ဆောင်ရာတွင်သမ၀ါယမကဏ္ဍဖွံဖြိုးတိုးတက်ရန်ဆောင်ရွက်ခြင်းဖြင့်ဆင်းရဲနွမ်းပါမှုကို
လျှော့ချနိုင်မည်ဟုသောရည်မှန်းချက်အဖြစ်သမ၀ါယမအသင်းများတိုးချဲ့ဖွဲ့စည်းလုပ်ဆောင်နေကြပြီဖြစ်ပေ သည်။သမ၀ါယမများသည်ကျေးလက်နှင့်မြို့ပြဆင်ခြေဖုံနေ အရင်းအနှီးနည်းပါသူ အခြေခံလူတန်စားများ မိမိတို့၏စားဝတ်နေရေးနှင့်ကျန်မာရေး၊ပညာရေး ၊လူမှုရေးလိုအပ်ချက်များကို ဆန္ဒတူသူများဝိုင်းဝန်ပါဝင်
လုပ်ဆောင်ခြင်းအားဖြင့် ဖြည့်ဆည်းပေးနှိင်လာမည်ဖြစ်သည်။
                 သမ၀ါယမလုပ်ငန်းသည်ကျေးလက်နှင့်မြို့ပြအကြားဆင်းရဲချမ်းသာကွာဟမှုအား
ကျဉ်မြောင်းစေရန်ဆောင်ရွက်နိုင်သလိုလူတို့၏နေ့စဉ်လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်နိုင်ရေး
အတွက်ဘ၀တူလူအများ စုပေါင်းအရင်းအနှီးထည့်ဝင်၊ စုပေါင်းလုပ်ဆောင်ဖြေရှင်းအကျိုးခံစားသော
စုပေါင်း၍ဒီမိုကရက်တစ်နည်လမ်းအရ လုပ်ငန်းဆောင်သောစနစ်ဖြစ်သဖြင့်ဦးဆောင် ဆောင်ရွက်သူများ၏
ရိုးသားမှု၊မျှတမှု၊ုကိုယ်ကျိုးမဖက်မှုများအပြင်  အရှည်တည်တန့်ရေးအတွက် စီးပွါးရေးအရသင့်တင့်သော
အကျိုး အမြတ်ရရှိရေးကို ဆောင်ရွက်နိုင်မှသာ ပါဝင်သူများ၏ဘ၀မြင်မားရေးအတွက်ရည်ရှည်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။
 

No comments:

Post a Comment