ဆင်းရဲနွမ်းပါးမှု့ လျှော့ချရေး (သို့)
ဆင်းရဲနွမ်းပါး အဆုံးသတ် ရေးရည်မှန်းချက် များဖြင့်
Microfinance လုပ်ငန်းများအား နိုင်ငံ အတော်များများ
ကလုပ်ကိုင် ဆောင်ရွက်နေကြ ပေသည်။
မြန်မာနိုင်ငံအနေ ဖြင့်လည်း အသေးစားငွေရေးကြေးရေးလုပ်ငန်း
ဥပဒေကိုပြဌာန်းကာ ကျေးလက်
ဒေသဖွံ့ဖြီုးရေးနှင့်ဆင်ရဲနွမ်းပါးမှု လျော့ချရေးအတွက် တိုးမြင့်လုပ်ဆောင်နေရာ ၂၀၁၅ ခုနှစ်တွင်
ဆင်ရဲနွမ်းပါးမှု ၁၆%သို့ လျှော့ချနိုင်ရေးသို့ရည်မျန်းချက်ချမှတ်ထားပါသည်။
ဆင်းရဲနွမ်းပါးမှု့အချေအနေ
မြန်မာနိုင်ငံတွင်ဆင်ရဲနွမ်းပါးမှု့အနေအထားမှာ ၂၀၁၀ခုနှစ်လောက်အထိလူဦးရေ၏၃၃%ခန့်
သည်ဆင်းရဲနွမ်းပါးမှု့မျဥ်းအောက်တွင်ရှိနေရာမှ
၂၀၁၁-၁၂တွင် ၂၆%နုန်းအထိကျဆင်းသွားသည်
ဟုအစီရင်ခံစာအချို့ကဖေါ်ပြမှုအားမှတ်သားမိပါသည်။ဆင်းရဲနွမ်းပါးမှုအားတိုင်းတာဖေါ်ပြရာ၌အ
ကြောင်းတရားများစွာပေါ်အခြေခံတွက်ချက်ကြသော်လည်း အစားအစာ၊
နေထိုင်သောအိမ်ယာ၊
အ၀တ်အထည်၊ပညာသင်ကြားနိုင်မှုနှင့်ကျန်းမာရေးအတွက် ဆေးကုသနိုင်မှု အခြေအနေများသည်
အဓိကကျသောလိုအပ်ချက်များဖြစ်ပေသည်။ဤလူတစ်ဦးစီ၏အသက်ရှင်ရပ်တည်ရေးအခြေခံလို
အပ်ချက်များပြည်ဝစွာမရရှိသူများသည်ဆင်းရဲနွမ်းပါးသူများဟုမှတ်ယူရမည်ဖြစ်ပေသည်။လူတစ်ဦး
ချင်း၏၀င်ငွေသည်၁.၂၅ဒေါ်လာအောက်ကျဆင်းသူများအားဆင်းရဲနွမ်းပါသူများဟုယေဘူယျသတ်
မှတ်ထားသော်လည်းလူနေမှုစရိတ်ကြီးမြင့်သောအခြေအနေနှင့်ငွေဖေါင်းပွမှုမြင့်မားသောဒေသများ
တွင်
တစ်ဦးကျဝင်ငွေသည်ပိုမိုလိုအပ်ချက်ရှိမည်ဖြစ်သည်။ ထိုအခြေအနေများအား Microfinance
Institutions
အနေဖြင့် လက်တွေ့မည်သည့်အတိုင်း အတာအထိဆောင်ရွက်နိုင်ခဲ့ သည်ကိုလေ့လာ
ဆန်းစစ်ကာ
ရှိရင်းစွဲအခြေအနေကို ထိမ်းသိမ်း၍၄င်း၊လိုအပ်ချက်တစ်ခုချင်းအလိုက်၎င်းထပ်မံဖြည့်
ဆည်းရန်နှင့်
မှုဝါဒ လုပ်ငန်းစဉ် များပြု့ပြင်တိုးချဲ့ဆောင်ရွက်နိုင်မှသာဆင်းရဲနွမ်းပါးမှုလျှော့ချရေး
ရည်မှန်ချက်သည်ပိုမိုထိရောက်မည်ဖြစ်ပေသည်။
ချေးငွေထုတ်ချေးခြင်း
MFIများထံမှငွေကြေးလိုအပ်ချက်ရှိသူတိုင်း
အလွယ်တကူချေးငွေ ထုတ်လို့ရသည် ဟုအမြင်
ရောက်စေနိုင်သည့်ချေးငွေထုတ်ချေးပေးမှုမျိုးသည်
အန္တရယ် အလွန်းကြီးသော၊ ဆင်းရဲနွမ်းပါးသူများ
ကိုအသိ့အမြင်မှားစေသော ချေးငွေထုတ်ချေးမှုများဖြစ်ယုံမက ဆင်းရဲနွမ်းပါးမှုနွံအတွင်း
ပိုမိုနက်ရိုင်း
စွာတွန်းပို့မှု မျိုးဖြစ်ပေသည်။
လက်တွေ့အားဖြင့် MFI သည်ချေးငွေ များများ ထုတ်ချေးနိုင်ရေးနှင့်စ
ရိတ်ကာမိရုံမကရန်ပုံငွေ(သို့)
အတိုးဝင်ငွေများများရရှိ ရေးဆောင်ရွက်မှုများသို့သာ အလေးကဲနေမှု
သည်ဆင်ရဲနွမ်းပါးမှုလျှော့ရေးဦးတည်ချက်လမ်းကြောင်းမှသွေဖယ်သွားနိုင်သည်ကိုဆန်းစစ်ရန်လို
အပ်နေပေသည်။အခြေခံအဖွဲ့အစည်းများအနေဖြင့်
မိမိဒေသမိမိကျေးရွာအတွင်း အမှန်တကယ်ဆင်း
ရဲနွမ်းပါးလျှက်
ငွေကြေးအကူအညီရယူ၍လုပ်ငန်းတည်ထောင်လိုသူများ
လုပ်ငန်းတိုးချဲ့လို သူများ
လက်ဝယ်သို့ချေးငွေများရောက်ရှိစေရေး၊ချေးငွေများအားအပိုဝင်ငွေရစီးပွါးရေး
လုပ်ငန်းများ အတွင်းအသုံးပြုစေရေး အတွက်အလေးထား ထုတ်ချေးပေးမှသာ ဆင်းရဲနွမ်းပါး သူများအတွက်
အကျိုးသက်ရောက်မှုရှိပေမည်။
ကျေးလက်ဒေသနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဦးတည်လျှက်၎င်း အခြားအထောက်အကူပြုလုပ်ငန်းစဉ်များအရ၄င်းလယ်ယာစိုက်ပျိုးရေးဘဏ်၊စိုက်ပျိုးရေးအထူးပြု
ကုမ္ပဏီများအသင်းအဖွဲ့များ၊NGOများ၊သမ၀ါယမများ၊စည်ပင်သာယာအဖွဲအစည်းများ၊ပါတီများစ
သည်ချေးငွေ
ထုတ်ချေးရာနေရာများမှ Micro loans များနှင့် စိုက်ပျိုးစရိတ်ချေးငွေ ၊မွေးမြူရေး
ချေးငွေ၊လုပ်ငန်းအသီးသီးအတွက်ချေးငွေများထုတ်ချေးလျှက်ရှိရာအိမ်ထောင်စုတစ်စုတွင်အခြား
အဖွဲ့များထံမှမည်မျှချေးယူထားသည်ကိုအမှန်တကယ်သိရှိ၍ အိမ်ထောင်စုတစ်စုချင်းစီ၏ ပျမ်မျှ
ဝင်ငွေနှင့်အသုံးစရိတ်၊ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း(repayment
ability)စသည်တို့အပေါ်
အခြေခံလျှက်ချေးငွေထုတ်ချေးနိုင်မှသာ
ချေးငွေရယူသူဆင်းရဲနွမ်းပါးသူများလည်အကြွေးနွံနစ်
သည့်ဘ၀မှကင်းလွတ်လျှက်ချေးငွေအဖွဲ့အစည်းများမှာလည်းကြွေးကျန်များများပြားမှုနှင့်ကြွေး
ဆိုးများနည်းပါးသွားမည်ဖြစ်ပေသည်။ဤ
သို့စနစ်တကျလေ့လာထုတ်ချေးခြင်းမရှိပါ ကဆင်းရဲ
နွမ်းပါးသူများအလွယ်ကူကြွေးတင်မှုများအရေအတွက်တိုးပွါးလာကာကြွေးပြန်ဆပ်ရန်ဖိအားပေးမှု
များပိုမိုခံစားလာရလျှက်၊အချို့နည်းလမ်းတကျမဟုတ်သောဖိအားများကြောင့်ဆင်းရဲနွမ်းပါးသူများ
ပိုမိုဒုက္ခဖြစ်မည်ကိုလည်းသတိပြုလျှက်ချေးငွေများထုတ်ချေးဖို့လိုအပ်ပေသည်။
လုပ်ဆောင်ပေးရန်လိုအပ်
Microloans ချေးငွေရယူသူ(borrowers)များသည်အခြေခံလက်လုပ်လက်
စားများဖြစ်သည့်အလျှောက်တည်ငြိမ်သောလုပ်ငန်းငယ်လေးများကိုယ်တိုင်ထူထောင်နိုင်ရန်အတွက်
တွန်းအားပေးသည့်အနေဖြင့်သာMFI
များကချေးငွေထုတ်ချေးခြင်းဖြစ်ကြောင်းရည်ရွယ်ချက်ကို Microfinance လုပ်ငန်းလုပ်ဆောင်သူများနှင့်အဖွဲဝင်များကျယ်ကျယ်ပြန့်ပြန့်သိရှိရန်လုပ်ဆောင်နိုင်မှ
သာဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည်ပိုမိုထိရောက်ပေမည်။တဖန်ဆင်းရဲနွမ်းပါးသူများအတွက်လုပ်
ငန်းတည်ထောင်းထောင်ရန်ချေးငွေအပြင်ကျန်မာရေး၊ပညာရေးလူမှုရေးကိစ္စရပ်များအတွက်အ
ထောက်အကူဖြစ်စေသောအစီအမံများပါစီမံပေးနိုင်မှသာလျှင်စီးပွါးရေးလုပ်ငန်းအတွက်သုံးစွဲရမည့်
ငွေကြေးအားအပြည့်အ၀အရင်းအနှီးပျြုနိုင်မည်ဖြစ်ပြီး
မိသားစုဝင်ငွေနှင့်ချေးငွေပေးဆပ်ရန်
ဝင်ငွေ ကိုပိုမိုဖန်တည်းနိုင်မည်ဖြစ်သည်။အထူးသဖြင့်ဆင်းရဲနွမ်းပါးသူများသည်
နေပြန်တိုးများ၊
အတိုးကြီးချေးငွေများ
နှင့်အကြွေးပင်လယ်ဝေနေသူများအများစုဖြစ်ရာMFI များမှစီးပွါးရေးလုပ်ငန်း
ငယ်မတည်ချေးငွေများမှာအကြွေးထိုးဆပ်ရသောဘ၀သို့ရောက်နေကြသည်ကိုမကြာခဏကြားသိ
နေရသဖြင့်စိတ်မသက်မသာဖြစ်ရပေသည်။သမင်းမွေးရင်းကျားစားရင်းဖြစ်နေသည်ကိုMFI
များ
သည်ဘာမှတတ်နိုင်ပုံမရပါ။ဆင်းရဲနွမ်းပါးနေခြင်းအကြောင်းရင်းများစွာရှိသည်အနက်
၎င်း အချက်
သည်လည်းပါဝင်နေရာ
ဆင်းရဲနွမ်းပါးနေသူများအပေါ်အဆင်အခြင်မဲ့၊ဥပဒေမဲ့ငွေချေး၍အမြတ်ထုတ်
နေမှုများနှင့်ဆင်းရဲနွမ်းပါးသူများ၏အကြွေးဝန်ထုတ်ဝန်ပိုးကိုလျှော့ချကာစီးပွါးရေးလုပ်ငန်အသေးစား
(ဈေးရောင်းခြင်း၊လက်မှုလုပ်ငန်းများလုပ်ခြင်း၊ငါးဖမ်းခြင်း၊ဆိုက္ကားနင်းခြင်းစသည့်)လုပ်ငန်းများဖြောင့်
ဖြူးစွာလုပ်ကိုင်နိုင်ရေးအတွက်အကူအညီပေးရေးနည်းလမ်းများလည်းလိုအပ်ပါသည်။
Mirofinance လုပ်ငန်းသည်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရည်ရွယ်ချက်အရ
၎င်း(သို့)လူအဖွဲအစည်းများအတွင်း
အသေးစားငွေရေးကြေးရေး ကိစ္စမှ စ၍ လူမှုရေး၊ပညာရေး
ကျန်မာရေးနှင့်တည်ငြိမ်းအေးချမ်းသောပါတ်ဝန်းကျင်ဖြစ်ပေါ်ရေးအတွက်မရှိမဖြစ်လိုအပ်သောအရာ
ဖြစ်သည်ကိုငြင်ပယ်၍ရမည်မဟုတ်ပေ။သို့သော်ဖွဲ့စည်းမှုတည်ဆောက်မှုများသည်လက်ရှိလူမှုစရိုက်
လက္ခဏာများ၊အမှုအကျင့်များနှင်အံဝင်ခွင်ကြသောစီမံခန့်ခွဲမှုစနစ်မျိုးဖြစ်ရန်လိုအပ်ပါသည်။တရား
သေ(သို့)လုပ်ကိုင်ပုံစနစ်တမျိုးတည်ဖြင့်ဆောင်ရွက်မည်ဆိုပါကကိုက်ညီနှိင်မှုမရှိသည်အပြင်ဆိုးကျိုး
တရားများပါတွဲဖက်ပါလာတတ်သည့်နှစ်ဖက်သွားဓားဖြစ်သည်ကိုလည်းသိမြင်ထားရန်လိုအပ်ပါ
သည်။တူညီရာတူညီရာများဖြင့်စုပေါင်း
ထူထောင်သော ဒီမိုကရက်တစ်လက္ခဏာများအပြင်အများ
အကျိုးသယ်ပိုလိုမှု
အနစ်နာခံလိုစိတ်၊ လုပ်ငန်းကျွမ်းကျင်မှု၊သစ္စာရှိမှု၊ အပြန်အလှန် ကူညီစိတ်ရှိမှုစ
သည်စိတ်ပိုင်းဆိုင်ရာမော်ဒယ်လ်များအပေါ်းတွင်အဓိကအခြေပြုထားသောလုပ်ငန်းဖြစ်သည်ကို
အလေးအနက်ထား ဖွဲ့စည်းတည်ဆောက်ရန်လိုအပ်ပါသည်။ဗျူရိုကရေစီဆန်သော၊ဆန်းသစ်
တည်ထွင်မှုညှို့နှိုင်းအဖြေရှာမှုအားနည်း၍ကန့်သတ်ချက်များပြားသောလုပ်နည်းစနစ်များသည်
MFI များဖွံဖြိုးရေးနှင့်ရည်ရှည်တည်တန့်ရေး၏စိန်ခေါ်ချက်များပင်ဖြစ်ကာ
ဆင်းရဲနွမ်းပါးမှု
လျှော့ချရေး လက်တွေ့ဆောင်းရွက်ချက်များသင့်တင့်သောလွတ်လပ်မှုမရှိသွက်လက်သင့်
သလောက်မသွက်လက်ပဲနှောင်ကြိုးတင်ခံရသလိုဖြစ်သွားမည်ကိုလည်းသတိပြုကြရပေမည်။
အဖြေရှာကြည့်သင့်
Microfinance လုပ်ငန်းများကိုUNDP
နှင့် INGO အချို့က မြစ်ဝကျွန်ပေါ်ဒေသ၊ရှမ်း
ပြည်နယ်နှင့် အပူပိုင်ဒေသများတွင
်၁၉၉၇ ခုနှစ်မျစတင်လုပ်ဆောင်ခဲ့ သည်ဟုသိရသော်လည်း
အောင်မြင်မှု အတိုင်းအတာကို
သိရှိသူအလွန်နည်းပါသည်။ တနိုင်ငံလုံး တနည်းဆိုသော်
ဒေသ
တစ်ခုလုံးအတိုင်းအတာဖြင့်ကြည့်ပါကသိသိသာသာ
ထိရောက်မှု အားရလောက်ဖွယ်မရှိကြောင်း
တွေ့ရပေသည်။ ပြည်သူများအထူးသဖြင့်
ပညာတတ် ဗဟုသုတအတော်အသင့်ရှိသူများ တောင်မှ
Microfinance ၏သဘောတရားနှင့်လုပ်ဆောင်ချက်များကိုဝေေ၀၀ါးဝါးဖြစ်လျှက်ရှိပါသည်။အပြန်
အလှန်ယုံကြည်မှု(mutual
trust)နှင့် မျှော်လင့်ချက်ပေးနိုင်မှု(incentive )အပေါ်တွင်အခြေတည်
ဆောင်ရွက်ရသည်လုပ်ငန်းဖြစ်သဖြင့်ဆင်းရဲနွမ်းပါးသူအဖွဲဝင်များအတွက်လူနေမှုဘ၀လိုအပ်ချက်
များကိုအစွမ်းကုန်ဖြည့်ဆည်းပေးနှိင်သည့်အဖွဲအစည်းများဖြစ်ကြောင်းပြသရန်လိုပါသည်။သို့ဖြစ်၍်
MFI များသည်မိမိတို့
အထောက်အကူပြုနေသောအဖွဲ့ဝင်များ၏ စုဆောင်ငွေတိုးပွါးလာနေမှုအပေါ်
ကျေနပ်နှစ်သိမ့်နေရုံမက
ဆင်းရဲနွမ်းပါးမှုလျှော့ကျခြင်းလက္ခဏာဖြစ်သောအောက်ပါအချက်များဖြင့်
အဖြေရှာကြည်သင့်ပေသည်။
(၁) သန့်ရှင်သောသောက်သုံးရေ(ရေပိုက်လိုင်းဖြင့်သွယ်တန်းထားသောရေ၊မြေအောက်ရေ
ကန်ရေဖြစ်ကပိုးပွါးကင်စင်ရန်ဆေးပြားခပ်ခြင်း၊ရေကိုကြိုချက်သောက်ခြင်း)သုံးစွဲနိုင်ရန်စီမံ
ပေနိုင်မှု။
(၂) လုံခြုံခြောက်သွေ့သောအိမ်ယာ၊အိပ်ယာများဖြင့်မိသားစုဝင်တိုင်းနေထိုင်နိုင်မှု၊အဖွဲ့ဝင်အိမ်
တိုင်း သွပ်အမိုးကဲသို့အမိုးအကာပြည့်စုံစွာရှိမှု။(အိမ်ယာအတည်တကျပိုင်ဆိုင်မှု)
(၃) ကျောင်းနေအရွယ်ကလေးတိုင်းအြေဲခခံပညာပြီးစီးသည်အထိကျောင်းတက်ရောက်ပညာ
သင်ကြားနှိင်မှု၊
(၄) အခြေခံစီးပွါးရေးလုပ်ငန်များလုပ်ကိုင်ရန်အတွက်အရစ်ကျပြန်လည်ပေးဆပ်ရသောအနည်း
ဆုံး တပါတ်လျှင်ချေးငွေ၁၀၀၀၀ ကျပ်ထိချေးယူရရှိနှိင်မှု။
(၅) သန်ရှင်းသောယင်လုံရေလောင်းအိမ်သာသုံးစွဲနျိင်မှု။
(၆) ရာသီဥတုနှင့်လိုက်၍နွေးထွး၍လုံခြုံမှုပေးနှိုင်သောအနွေးထည်၊စောင်နှင့်ဆေးစိမ်ခြင်ထောင်
သုံးစွဲနှိုင်မှု။
(၇) အဖွဲဝင်တစ်ဦးလျှင်စုဆောင်းငွေအနည်ဆုံး ကျပ်၃၀၀၀၀ အထက်ရှိမှု။
(၈) မိသားစုဝင်ငွေကိုအထောက်အကူဖြစ်စေရန်အတွက်ဟင်းသီးဟင်ရွက်စိုက်ခင်း၊သစ်သီး
ဝလန်အပင်များစိုက်ပျိုးထားမှု။
(၉)
အဖွဲ့ဝင်အိမ်ထောင်စုဝင်တိုင်းဆာလောင်ငတ်မွတ်မှုကင်စွာတစ်နေ့သုးံကြိမ်အဟာရပြည်
ဝ
သောအစားအစာကို အခက်အခဲမရှိစားသုံးနှိုင်မှု ။
(၁၀)အဖွဲ့ဝင်မိသားစုတိုင်းအခြေခံကျန်မာရေးစောင့်ရှောက်မှု
အပြည့်အ၀ခံစားနှိုင်မှု စသည်ဖြင့်
အခြေခံလိုအပ်ချက်များပြည်စုံအောင် MFI အနေဖြင့်မိမိတို့ နယ်ျြေမများအတွင်ြး ကှိုးစားတည်
ဆောက်ပေးနှိုင်ရမည်ဖြစ်ပေသည်။
အမြတ်ဦးမတည်
MFI များသည်အမြတ်ကို
အဓိကဦးတည်သော အဖွဲ့အစည်းများမဖြစ်သင့်ပေ။ ငွေရေး
ကြေးရေးအဖွဲ့အစည်းများဖြစ်သော်လည်းလူမှုစီးပွါးရေးကိုအထောက်အကူပြုရမည်ဖြစ်သောကြောင့်
ရရှိသောဝင်ငွေများဖြင့်လူမူရေး၊ပညာရေး၊ကျန်မာရေးလုပ်ငန်းများတွင်၎င်း
အဖွဲ့ဖွံဖြိုးရေး၊ရည်ရှည်
တည်တန့်ရေးအတွက်ရန်ပုံငွေများခွဲဝေဆောင်ရွက်ရပေသည်။အထူးသဖြင့်ချေးငွေရယူသူများမှ
အတိုးအဖြစ်ကျခံပေးမှုများအားအဖွဲဝင်များ၏လိုအပ်ချက်များကိုပြန်လည်ဖြည့်ဆည်းပေးနေမှုသည်
Microfinance
Institution များနှင့် အခြား ဘဏ္ဍာရေးလုပ်ငန်းများ၏ခြားနားချက်ပင်ဖြစ်ပေသည်။
သို့သော်အသေးစားငွေရေးကြေးရေး
ဥပဒေအရ ပေါ်ပေါက်လာမည်ဖြစ်သောMicrofinanceလုပ်ငန်း
များသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
နှင့် Microfinance ၏ သဘောတရားများဖြင့်ကင်ကွာမှုမရှိစေ
ရန်လိုအပ်ပါသည်။ ချေးငွေများများချေး၍ အတိုးများများရသော
အမြတ်ဦးးတည်သည်ငွေတိုးချစား
သည့်အဖွဲ့များအဖြစ်အများပြည်သူက
အထင်အမြင်မရောက်စေဘဲ အရင်းနှီးမဲ့၊ပိုင်းဆိုင်မှုမဲ့သော
ဆင်းရဲနွမ်းပါးသူများအတွက်အားကိုးအားထားရာများအဖြစ်ယုံကြည်မှုရှိလာစေရန်လုပ်ဆောင်ပြသ
ရန်အချိန်ဖြစ်ကြောင်းရေးသာလိုက်ရပါသည်။
No comments:
Post a Comment